MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

VBulletin 3.7.2 & VBadvanced CMPS v3.0.1 ကို ဘယ်လို ချိတ်ရမလဲ ခင်ဗျာ...

မင်္ဂလာပါ ခင်ဗျာ ..

VBulletin 3.7.2 & VBadvanced CMPS v3.0.1 ကို ဘယ်လို ချိတ်ရမလဲ။ ကျွန်တော် VBadvanced CMPS v3.0.1 ကနေ VBulletin 3.7.2 ထဲကို သွားထည့်ရမယ့် admincp , clientscript , cpstyles , images , includes , modules ထဲက ဖိုင်တွေ အကုန်တော့ ထည့်ပြီးသွားပြီဗျ။ ကျန်တာ Readme ထဲ ကြည့်ပြီး ဆက်လုပ်တာ အဆင်မပြေလို့ပါ။ ဘာတွေ ထည့်ဖို့ လိုနေသေးတာလဲ မသိဘူး။ ကူညီပေးပါဦး။

ခင်မင်စွာဖြင့်

မနောသား

မှတ်ချက်များ

• edited May 2009 Administrators
သွင်းရတာလွယ်ပါတယ်... အကုန်လုံးကို upload တင် forum ကို forum folder ထဲဖြစ်ဖြစ်ထည့်ထားပေါ့..

ဥပမာ အရင်က forum က

localhost/myforum/
ထဲမှာ ဆိုရင်

localhost/myforum/fourm/

လို့ပြောင်းပြီး VBCMPS ရဲ့ index.php ကို

localhost/myforum/index.php

ဖြစ်သွားမယ်။ index.php မှာလားမသိဘူး ပတ်လမ်းကြောင်း config လုပ်ရင်ရပါပြီ
• edited July 2009 Registered Users
အကို.. ဘယ်လိုမှ ကို အဆင်မပြေပါဘူးဗျာ.. ပတ်လမ်းကြောင်းပြောင်းလဲ မတတ်လာဘူး..။ အကုန်လုံးတော့ ထည့်ပြီးပြီ... အဲ့ဒီ vBadvanced စာမျက်နှာကို မပေါ်နေဘူး..
localhost/domain/forum မှာထည့်တာပဲ.. သူ့ရဲ့ VBCMPS ကိုလည်း အဲ့ဒီနေရာမှာပဲထည့်တာပါ။

အဆင်မပြေဘူး.. နည်းလမ်းလေးပေးပါဦးခင်ဗျာ...:77::77:
• edited July 2009 Administrators
cmps_index.php ထဲမှာ
$forumpath = dirname(__FILE__)."/forum";

လို့ပေးလိုက်လေ... ပြီးရင် cmps_index.php ကို index.php လို့ ပြင်လိုက်
• edited July 2009 Registered Users
ကျေးဇူးအများကြီးတင်ပါတယ်.. အဆင်ပြေသွားပါပြီခင်ဗျာ.. ဒါပေမယ့်.. တစ်ခု ပဲ အဆင်မပြေတော့တာ..
www.domain.com ကိုနှိပ်ရင် VBadvanced ကို ရောက်ပါတယ်.. အယ်.. ဒါပေမယ့်.. အခု ဒီဆိုဒ်အတိုင်း Mystery Zillion ဆိုတဲ့ ထိပ်မှာရှိတဲ့ လိုဂိုကို ပြန်နှိပ်ရင်တော့.. ဖိုရမ်စာမျက်နှာပဲပေါ်နေတယ်အကို.. Vbadvanced ကို ပြန်မရောက်တော့ပါဘူး။ www.domin.com/forum/index.php ကိုပဲရောက်ပါတယ်...
ဘယ်လမ်းကြောင်းပြင်ရအုံးမလဲ အကို..

:77:
• edited July 2009 Registered Users
အက်ထမင် ပန်နယ်ထဲက style manager ထဲက current template ကိုရှာပါ။ အဲဒီက header ထဲမှာ
[php]Home Page
[/php] ကိုရှာပြီး
$vboptions[homeurl]

နေရာမှာ အကို့ ထည့်ချင်တဲ့ လင့်လေးကို ထည့်လိုက်ပါ။ ဥပမာ
[php]Home Page
[/php]
ကျွန်တော် နားလည်သလို အသုံးပြုချင်းဖြစ်ပါတယ်။ standard တော့ မဟုတ်ပါဘူးးး :D
• edited July 2009 Registered Users
ကျေးဇူးတင်ပါတယ်.. ဒါပေမယ့်.. အဆင်မပြေဘူး.. အယ်ရာပေါ်လာပါတယ်အကို.. :((:((
• edited July 2009 Registered Users
ဆောရီး ကိုpole1star1 ရေ...
ကျွန်တော် အပြင်သွားခါနီး လောလော လောလောနဲ့ ရေးမိလို့...
ခုနကကုတ်က ရှိချင်မှတောင် ရှိမှာ... မှားရေးမိတာပါ...

အမှန်က
[php][/php]
ပါ...
သုံးနေတဲ့ theme ပေါ်မူတည်ပြီး နည်းနည်းတော့ ကွာပြားမှာ ရှိပါလိမ့်မယ်..
အနီရောင်နဲ့ရေးထားတဲ့နေရာမှာ link ထည့်ပေးရမှာပါ...
ဥပမာ...
[php][/php]

အခုတော့နည်းကတော့ တကယ်အဆင်ပြေပါတယ်။ :D
• edited July 2009 Registered Users
အိုကေမှာ စိုပြေသွားပြီဗျာ.. အရမ်းအရမး်ကို ကျေးဇူးနော်...
:6::6::6::6::77::77::77::77::77:

ကျေးဇူးတင်လွာမှာ ထည့်ရေးဖို့ မမေ့ပါဘူးဗျာ.. အခုလိုကူညီပေးတာ ကျေးဇူးနော်..
နောက်ပိုင်းလည်း လိုအပ်တာရှိရင် ကူညီပါဦး..

အခုမှ ပြည်နယ်ကိုယ်စားပြု ဆိုဒ်ထောင်နေတာ တစ်ယောက်ထဲမို့လို့... လိုအပ်ရင် အကူအညီပေးပါဦးနော်...

ကျေးဇူး ထပ်တစ်ကြိမ်တင်လိုက်ပါတယ်။
:77:
Sign In or Register to comment.