MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Members control လေးထားစေချင်ပါတယ်

edited May 2009 in About Forum
MZ မှာဝင်ထားတဲ့ Member အရေအတွက်ကတော်တော်လေးများနေပေ့မယ်တကယ်သုံးတဲ့ members ကလေးပုံတစ်ပုံလောက်ဘဲရှိပါတယ်၊အဲဒိအနေအထားနဲ့တွက်မယ်ဆိုရင်မဆိုးဘူးလိုပြောလို့
ရပေမယ့်နောက်ထပ်များလာရင်အရေအတွက်များလာတာဘဲရှိပြီးတကယ်သုံးတဲ့ Members ကနည်းနည်းနေရင်ကောင်းမှာမဟုတ်တဲ့အတွက် Members control လေးထားစေချင်ပါတယ်ခင်ဗျာ
ကျွန်တော်အကြံပေးတာပါခင်ဗျာ:103::103:

မှတ်ချက်များ

  • edited May 2009 Registered Users
    bluerays wrote: »
    MZ မှာဝင်ထားတဲ့ Member အရေအတွက်ကတော်တော်လေးများနေပေ့မယ်တကယ်သုံးတဲ့ members ကလေးပုံတစ်ပုံလောက်ဘဲရှိပါတယ်၊အဲဒိအနေအထားနဲ့တွက်မယ်ဆိုရင်မဆိုးဘူးလိုပြောလို့
    ရပေမယ့်နောက်ထပ်များလာရင်အရေအတွက်များလာတာဘဲရှိပြီးတကယ်သုံးတဲ့ Members ကနည်းနည်းနေရင်ကောင်းမှာမဟုတ်တဲ့အတွက် Members control လေးထားစေချင်ပါတယ်ခင်ဗျာ
    ကျွန်တော်အကြံပေးတာပါခင်ဗျာ:103::103:


    ကျွန်တော် ကို စောင်းပြောတာလား ကို bluerays ရယ်......ကျွန်တော် မှာ internet သုံးဖို့ပိုက်ဆံရှိပေမယ့်(ကြွားတာမဟုတ်ပါ) အချိန်မအားလို့မသုံးဖြစ်တာပါဗျာ..:77::77::77:
  • edited May 2009 Registered Users
    အပြုသဘောနဲ့ပြောရရင် ကျွန်တောကတောမကြိုက်ဘူး စိတ်၀င်စားတဲ့သူကတောအမြဲတမ်းရှိနေမှာပဲ
    MZ က သောက်ရေအိုးကြီးပဲ ရေဆာနေတယ်သူ၊ရေငတ်နေတဲ့သူတွေက သောက်မယ် ၊ ရေမဆာတဲ့ သူကတောမသောက်ဘူးပေါ့။ နောက်ပြီး ဒီရေအိုးမှာ ရေလိုနေရင် ရေဖြည့်ပေးမယ်လူတွေရှိကြတာပဲ ။

    နောက်ပြီး MZ မှာ Admin တွေရှိနေတာပဲ သူတိုတွေလည်းစည်းကမ်းထိန်းနေကျတာပဲ ကျွန်တော်ကတော မလိုဘူးလိုပဲထင်တယ်။
  • edited May 2009 Administrators
    Bro Blueray အကြံပေးတာကိုကျေးဇူးတင်ပါတယ်။

    ဒါပေမဲ့ ကျနော်လဲ ဆန့်ကျင်ပါတယ်။ Member တွေများနေလို့လဲ MZ က down သွားမှာမဟုတ်ဘူးလေ။ အဲဒီ မင်ဘာတွေ သူတို့ အားတဲ့ အချိန်လေးတွေမှာ လာ၀င်ကြည့်လို့ရတာပဲ။

    Member တွေများလို့ တစ်စုံတစ်ရာ ထိခိုက်မှုရှိရင်တော့ ကျနော်သဘောတူမှာပါ။ အခုတော့ မရှိဘူးလို့ထင်ပါတယ်။ Admin တွေဘယ်လို ဆုံးဖြတ်မလဲတော့ မသိပါဘူး။ မင်ဘာ တစ်ယောက်အနေနဲ့ ကျနော်ကတော့ ဒီတိုင်းကောင်းတယ်လို့ထင်ပါတယ် ..... :67:
  • edited May 2009 Registered Users
    နည်းပညာဆိုင်ရာ Delta District ကိုယ်စားလှယ်များပြောသလိုပါပဲ :P:P သိပ်တော့မလိုပါဘူး 10% လောက်က နေ့စဉ်နီးပါးဝင်ကြည့်တယ်ဆိုရင် ပုံမှန်လို့ပြောလို့ရမယ်ထင်ပါတယ်။ 25% က active ပေါ့။ Inactive user တွေကို flush လုပ်ပြစ်တာထက် notification လေးဘာလေး ပို့ရင်လဲမဆိုးဘူးထင်တယ်။ ပြန်လာကြည့်မိတဲ့လူလဲ ကြည့်မိတာပေါ့။
    Inactive user နည်းအောင်လုပ်နိုင်မဲ့ idea လေးတွေပေးနိုင်ရင်ကောင်းမယ်။ Event လေးတွေရှိရင် member အားလုံးကို email ပို့တာမျိုး၊ register ထားပြီးမေ့မသွားအောင် (နမူနာပြောတာပါ ဘာ event တွေပို့မလဲ မမေးရဘူးနော်) :68::68::68:
    အရှံပေးတာ။ Marketing လုပ်သလိုလဲဖြစ်သွားအုန်းမယ် :67:
  • edited May 2009 Registered Users
    Mz မှာ မင်မင်၊မော်မော်တွေနည်းနည်းလေးဝင်ဆွေးနွေးစေချင်ပါတယ်....
  • edited May 2009 Registered Users
    သြော် .. ဒီလိုလည်း ဘယ်ဟုတ်ပါ့မလဲဗျာ .. ဒီလိုလွတ်လပ်လွတ်လပ် ဆွေးနွေးမယ့် နေရာရှိလို့လည်း .. မင်ဘာတွေ၀င်ကြတာပေါ့ ..:68: အကုန်သိတဲ့လူကြီးဘဲ .. ပါရမယ် .. မသိတဲ့သူမပါရဘူး ဆိုရင် လည်း ဒီလိုနေရာတွေများလာရင် .. နည်းပညာတွေတဖြည်းြ့ဖည်း တိမ်ကော့ သွားတော့မှာပေါ့ .. နောက်ပြီး အွန်လိုင်းမှာ လည်း...တခြားနေရာတွေအများကြီးရှိပါတယ် .. ပညာဆိုတာ များများရှာနိုင်လေ .. ကောင်းလေဘဲပေါ့ .. ဒါပေမဲ့ တစ်ခုရှိတာက .. တစ်ချို့သော .. မင်ဘာတွေပြောတာဆိုတာ တွေ ကို Admin တွေက နည်းနည်း ကြီးကြပ်ထိန်းသိမ်းနိုင်ရင်တော့ ပိုကောင်းတာပေါ့ ..:106: အင်း .. သူတို့လည်း မသိခင်တုန်းမို့ .. ပြောကြဆိုကြတာထင်ပါရဲ့ .. မင်ဘာသက်ရင့်လာတော့လည်း .. တဖြည်းဖြည်း နဲ့ နားလည်သွားကြမှာပါ .. မဟုတ်ရင် .. မင်ဘာတွေကို (ဟိုဟာစစ်..စစ်နေရင်) .. ဘယ်သူလာချင်ကြမှာ လဲ .. ဒီလိုနည်းပညာ ဖိုရမ်တွေဆိုတာ က .. အကုန်ပါဖို့အတွက် :6:လက်တွဲခေါ်မယ်.. မျှေ၀မယ် အဲဒါတွေ အတွက် လုပ်ထားတာ မဟုတ်လား .. ကျွန်တော်ထင်တာပြောပါတယ် .. မှားရင်လဲခွင့်လွတ်ပါ .. တခြားပြောစရာလေးတွေလည်းရှိပါ်တယ် .. ဒါပေမဲ့ထားပါတော့:D
  • edited May 2009 Registered Users
  • edited May 2009 Registered Users
    ဟုတ်ပါတယ် .. ကျွန်တော်လဲ အဲဒီလိုမလုပ်စေချင်ပါဘူး .. member တွေဆိုတာလဲ ၀င်ထားပြီးရင် အကြောင်းအမျိုးမျိုးကြောင့်မ၀င်ဖြစ်တာပါ .. တစ်ချိန်ချိန်တော့ ပြန်၀င်ကြည့်မှာပဲ .. သူတို့လဲဒီ forum လေးကအသုံး၀င်လို့ .. အကူအညီရလို့ ၀င်ထားတာပါ ... သူတို့မှာတကယ်မေးစရာရှိလာလို့ပြန်၀င်လာရင် နောက်ထပ် register ပြန်လုပ်နေရမှာပေါ့ . . မလိုအပ်ဘူးလို့ထင်ပါတယ် .. ပြောတာမှားရင် ခွင့်လွှတ်ပါဗျာ ..:67:
  • edited May 2009 Registered Users
    ကျွန်တော်ဆိုလိုတဲ့သဘောကအကုန်ကျွမ်းကျင်ရမယ်မဆိုလိုပါဘူး..လုံးဝ active မဖြစ်တဲ့ members တွေကိုဆိုလိုတာပါခင်ဗျာ
  • edited May 2009 Registered Users
    အင်း... ဘယ်လိုပြောရမလဲမသိဘူး... ကျွှန်တော် mz မှာ အကောင့် သုံးခုရှိပါတယ်...
    :d
    တခြားသူတော်တော်များများလည်းအဲလိုလုပ်ကြလို့ထင်တယ်... တကယ်ရှိတာကလူနည်းနည်းလေး...
    ဒါပေမယ့် ဒီအတိုင်းပဲကောင်းမယ်ထင်တယ်..နော်... :)
  • edited May 2009 Moderators
    ကျွန်တော်ထင်တယ် လူတွေကလည်းအားတဲ့အချိန်လောက်ကြမှ MZ ပေါ်တက်ဖြစ်တာ အဲဒါကို control လုပ်လိုက်ရင်တော့လူတော်တော်နည်းသွားမယ်ထင်တယ် မကောင်းပါဘူးဗျာ မည်သူမဆို၀င်ရောက်ကြည့်ရှုနိုင်ပါတယ်ဗျာ bot တွေကလွဲရင်ပေါ့ စကားမစပ် MZ မှာတစ်ချို ့ member တွေက bot တွေလိုပဲ မော်မော်မင်မင်တွေစစ်ပေးကြပါခင်ဗျ
  • edited May 2009 Registered Users
    ဟုတ်ပါတယ်ခင်ဗျာ..နံမည်နဲ့တော့တတ်မပြောတော့ပါဘူးခင်ဗျာ Admin / Mod များစစ်ပေးကြပါခင်ဗျာ
  • edited May 2009 Registered Users
    No........ i can't accept it.
    :39::39::39::39::39:
  • edited May 2009 Registered Users
    [QUOTE]
    ကျွန်တော်ဆိုလိုတဲ့သဘောကအကုန်ကျွမ်းကျင်ရမယ်မဆိုလိုပ ါဘူး..လုံးဝ active မဖြစ်တဲ့ members တွေကိုဆိုလိုတာပါခင်ဗျာ [/QUOTE]
    :68::68::68::68::68:
  • edited May 2009
    bluerays wrote: »
    MZ မှာဝင်ထားတဲ့ Member အရေအတွက်ကတော်တော်လေးများနေပေ့မယ်တကယ်သုံးတဲ့ members ကလေးပုံတစ်ပုံလောက်ဘဲရှိပါတယ်၊အဲဒိအနေအထားနဲ့တွက်မယ်ဆိုရင်မဆိုးဘူးလိုပြောလို့
    ရပေမယ့်နောက်ထပ်များလာရင်အရေအတွက်များလာတာဘဲရှိပြီးတကယ်သုံးတဲ့ Members ကနည်းနည်းနေရင်ကောင်းမှာမဟုတ်တဲ့အတွက် Members control လေးထားစေချင်ပါတယ်ခင်ဗျာ
    ကျွန်တော်အကြံပေးတာပါခင်ဗျာ:103::103:

    ဦးလေးက လူ၀င်မှုကြီးကြပ်ရေးက လားဟင် .. ဦးလေးရေးထားတဲ့ Post တွေ ဖတ်ကြည့်တာကတော့ Hacker ဂိုက်ပဲနော် .. :D wannabies hacker အဖွဲ့ကလားဟင် .. :D
  • edited May 2009 Registered Users
    :67::67::67:
    :39::39::39::39:
    :68::68:
    :d
  • edited May 2009 Registered Users
    MZ ကြီး ပိုပြီးတိုးတက်လာဖို့ အကြံပေးတာ ကျေးဇူးတင်ရမှာပါ။ ဒါပေမယ့် ကျွန်တော်ထင်တာကတော့ ဒီအတိုင်းပဲ လွတ်လွတ်လပ်လပ်ထားစေချင်တယ်။ အချိန်မရတဲ့သူ၊ မအားသေးတဲ့သူတွေ မ၀င်ဖြစ်တာပါ။ ကျွန်တော်တို့လုပ်ရမှာက MZ မှာ ဆွေးနွေးချင်တာပေါ်လာရင် အားလုံးက ၀ိုင်းဆွေးနွေးပြီး မေးမြန်းတဲ့သူအတွက် အကောင်းဆုံးနည်းလမ်းကို ခေါ်သွားရမှာ မဟုတ်လား။ အားတဲ့အချိန်မှာ ၀င်မေး၊ ၀င်ဆွေးနွေးပြီး ပါ၀င်လာကြမှာပါ။ လုပ်သင့်တာက အခုထက်ပိုပြီး အကြောင်းအရာတွေစုံအောင်၊ နည်းပညာတွေစုံလင်အောင် ကြိုးစားရမှာပဲ။ ဒါမှလည်း သူလိုကိုယ်လို မသိသေးတဲ့သူတွေက MZ ဆိုတာ ငါတို့သိချင်တာတွေ မေးလို့ရတဲ့နေရာပဲဆိုပြီး သိလာမှာပါ။ ကျောင်းတွေလို ကျောင်းခေါ်ချိန်အပြည့်တက်မှ စာမေးပွဲဖြေရတယ်ဆိုရင် ဘယ်ဟုတ်ပါ့မလဲ။ online learning ရဲ့အားသာချက်ကိုက အချိန်မရွေး နေရာမရွေး (connection မကောင်းတာတော့ ဘယ်တတ်နိုင်ပါ့မလဲ) သင်ကြားနိုင်ခြင်းမဟုတ်လား။ အားလုံးရဲ့ စေတနာကို လေးစားပါတယ်။
  • edited May 2009 Registered Users
    anawrahta wrote: »
    [QUOTE]
    ကျွန်တော်ဆိုလိုတဲ့သဘောကအကုန်ကျွမ်းကျင်ရမယ်မဆိုလိုပ ါဘူး..လုံးဝ active မဖြစ်တဲ့ members တွေကိုဆိုလိုတာပါခင်ဗျာ [/QUOTE]
    :68::68::68::68::68:
    ဟုတ်ပါတယ်...လုံး၀ကို active မဖြစ်တဲ့ မင်ဘာတွေရှိပါတယ်...တကယ်..သုံးချင်လို..နည်ပညာကိုယူချင်လို့..မဟုတ်ပဲနဲ့...မြင်လို့တွေလို့..အကောင့်၀င်ထားလိုက်တယ်...ပြီးတော့..၀င်ဖြစ်တာလည်းမဟုတ်ပါဘူး...ကျွန်တော်ဆိုအယင်က http://www.googlecommunity.com မှာ ၀င်ပါတယ်...သူငယ်ချင်းကြောင့်ဆိုပါတော့....အဲ နောက်ပိုင်းမသုံးဖြစ်တော့ဘူးလေ....အဲဒီတော့ googlecommunity ကဘာလုပ်တယ်မှတ်လဲ..အကောင့်ကို ပိတ်လိုက်တယ်....ဒီလိုဖြစ်စေချင်ပါတယ်...ဥပမာ..ပြောရယင်..မင်ဘာတစ်ယောက်ဟာ..ဒီဖိုရမ်ကို သုံးတာမှန်ယင် အနည်းဆုံး တစ်ပတ်၊နှစ်ပတ်ကို တစ်ကြိမ်တော့ သုံးဖြစ်မှာပါ...အဲဒီလိုမသုံးယင် ဒါဟာ..သံသယ စရင်သွင်းသင့်ပါတယ်...ဥပမာပြောတာပါ...အနည်းဆုံး..မင်ဘာတစ်ယောက်ဟာ...၃ လ ဆက်တိုက်မ၀င်ယင် ..ပထမအကြိမ် သတိပေးသင့်ပါတယ်...နောက်ထက် ၃ လ မ၀င်ယင် ဒုတိယအကြိမ် သတိပေးသင့်ပါတယ်...နောက်ဆုံးနှစ်ကြိမ်သတိပေးလိုမှ မ၀င်ယင်တော့ ဒါအကောင့်ကို ပိတ်မပစ်သေးပဲ...ခဏဆိုင်ငံ့ ထားသင့်ပါတယ်....အကောင့်ပိုင်ရှင်က ဆက်သွယ်ယင်တော့ ပြန်ဖွင့်ပေးသင့်ပါတယ်...ဒီလိုဆိုင်ငံ့ထားလိုမှ ၃ လ ပြည့်လို့ အကောင့်ပိုင်ရှင်က မဆက်သွယ်ယင်တော့ ဒီအကောင့်ကို ပိတ်ပြစ်သင့်ပါတ်ယ....ဒါက ကျွန်တော် အမြင်ပါ....ကျွန်တော်က ဒီဖိုရမ်မှာ ဘယ်သူနဲမှ မသိပါဘူး...တစ်ယောက်စ နှစ်ယောက်စ လောက်ပဲသိတာပါ...ကျွန်တော်ပေးသော အကြံက ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မရည်ရွှယ်ပါဘူး...တိုက်ဆိုင်မှူ့ ရှိယင်တော့ ခွင့်လွတ်စေလိုပါတယ်...အားလုံးသော မော်မော် ၊ မင်မင် များကိုလေးစားလျှက်...:)
Sign In or Register to comment.