MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Network Control

edited June 2009 in Other
တစ်ခုလောက်သိချင်လို့ပါ
ကျွန်တော်က အင်တာနက်ဆိုင်မှာ အလုပ်လုပ်တာပါ ၊ သိချင်တာက စက်တွေအကုန်လုံးကို စက်တစ်လုံးတည်းက ထိုင်ကြည့်နေပြီး ဘယ်သူတွေဘာတွေဖွင့်နေတယ် ၊ ဒေါင်းလုပ်လုပ်နေတယ် ဆိုတာကို ကြည့်လို့ရ ၊ မကြည့်စေချင်တာကို ပိတ်ပစ်လို့ရတဲ့ ဆော့်၀ဲလ်လေးများ
မရှိဘူးလားခင်ဗျာ ။ ရည်ရွယ်ချက်က သူများဟာတွေကြည့်ဖို့မဟုတ်ပါဘူး ကွန်နက်ရှင်
တစ်အားကျနေတဲ့ အချိန်မျိုးမှာ ဆိုက်ဒ်တွေ တစ်အားဖွင့်ထားတာ ၊ တစ်အား ဒေါင်းနေတာကိုလျော့ချချင်လို့ပါ ။ ဆော့၀ဲလ်လေးများ ရှိရင် မစကြပါဦးခင်ဗျာ ....
ကျေးဇူးတင်ပါသည်။

မှတ်ချက်များ

  • edited June 2009 Registered Users
    kaunglay wrote: »

    MZ download center မှာ anyplace control ဆိုတာလေးရှိပါတယ်...ကြည့်လို့လဲရတယ် ဝင်လုပ်ချင်လဲရတယ် :D:D:D လူမှုရေးအရ မလုပ်သင့်တာတော့ရှောင်ပေါ့နော် :D:D:D ဒေါင်းမရတော့ ဘူးဆိုင်ရင်တော့ ထပ်ရှာပေးပါ့မယ်... အစဉ်ပြေပါစေဗျား....
  • edited June 2009 Registered Users
    ကိုကြည့်ချင်တဲ့စက်တိုင်း မှာ anyplace control ကို server တစ်မျိုးပဲတင်ပါ ခင်ဗျာ.. ပြီးတော့ start up မှာအော်တိုမစ်တစ် run နေအောင် start up လုပ်ထားပါခင်ဗျာ... ကြည့်ချင်တဲ့စက်မှာတော့ server ရော client ရော နှစ်မျိုးလုံးထားချင်ထား မထားချင် client ပဲထားပေါ့ ဒါဆိုရင်ကြည့်လို့ရပါပြီ LAN ထဲက စက်တွေကို အစဉ်ပြေပါစေဗျား..
  • edited June 2009 Registered Users
    ကျွန်တော် သိပြီး၊ သုံးဖူးတဲ့ Network Control software တစ်ခုက

    Net Monitor for Employees Professional ဆိုတဲ့ software ဗျ။

    ဒီ software က ကိုယ် Control ထိုင်လုပ်မယ့် Computer မှာပဲ Install လုပ်ဖို့ လိုတာဗျ။

    www.networklookout.com မှာ Download ယူလို့ရတယ်။ စမ်းသပ်ပြီးသုံးကြည့်ပေါ့။

    အဆင်ပြေ၊ မပြေ သိချင်တယ်ဗျ။

    azure :)
Sign In or Register to comment.