MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Wireless & Thunder

edited June 2009 in Other
ဒီပို့စ်မှာ ရေးချင်တယ်ဆိုတာထက် မေးချင်တာပါ။ ဘယ်မှာတင်ရမှန်းမသိလို့ Other Thread မှာ တင်လိုက်ပါတယ်။

မိုးရွာနေတဲ့ အချိန်မှာ ဖုန်းပြောနေရင်ဖြစ်ဖြစ်၊ ဖုန်းကို ဖွင့်ထားရင်ဖြစ်ဖြစ် အန္တရယ်များလှတယ်လို့ စာအုပ်စာစောင်တွေမှာ အများအပြားဖတ်ရပါတယ်။ တစ်ခြားသူတွေဆီကလည်း ကြားသိရပါတယ်။
မိုးရွာနေစဉ် :100:ဖုန်းပြောနေတုန်း ဓါတ်လိုက်ခံရသလို ကျဉ်သွားတာတို့ ဘာတို့ပေါ့။

အဲဒီမှာ ကျွန်တော်တစ်ခုစဉ်းစားမိတယ်ဗျ။ ဖုန်းတင်ပဲလားပေါ့။ ရေဒီယိုလိုင်းတွေနဲ့ အလုပ်လုပ်တဲ့ Wireless ပါတဲ့ ကွန်ပျုတာတွေနဲ့ Router တွေမှာရော မဖြစ်နိုင်ဘူးလားပေါ့။ ကျွန်တော်ကတော့ ကြောက်တတ်လွန်းလို့လား မသိဘူး မိုးရွာလာတာနဲ့ ကျွန်တော့် ကွန်ပျူတာက Wireless ကို ပိတ်လိုက်တယ် :D

Wireless လိုင်းတွေနဲ့ ပတ်သက်ပြီးတော့ မိုးကြိုးပစ်တတ်တဲ့ မြန်မာပြည်မှာ(မကောင်းတဲ့သူတွေကို ပစ်မှာနော် :63: ) ဘယ်လို လုပ်ရရင်ကောင်းမယ်ဆိုတာတွေကို ဆွေးနွေးပေးကြပါခင်ဗျာ။
၀င်ရောက်ဆွေးနွေးကြမယ်လို့လည်း မျှော်လင့်မိပါတယ်။
ဒါမှလည်း ရှောင်ရန်၊ ဆောင်ရန်တွေကို ကြိုတင်ပြင်ဆင်နိုင်မှာမို့ပါ။

မှတ်ချက်များ

  • edited June 2009 Registered Users
    wireless လိုင်းတွေနဲ့ ပတ်သက်ပြီးတော့ မိုးကြိုးပစ်တတ်တဲ့ မြန်မာပြည်မှာ(မကောင်းတဲ့သူတွေကို ပစ်မှာနော် :63: ) ဘယ်လို လုပ်ရရင်ကောင်းမယ်ဆိုတာတွေကို ဆွေးနွေးပေးကြပါခင်ဗျာ။
    ၀င်ရောက်ဆွေးနွေးကြမယ်လို့လည်း မျှော်လင့်မိပါတယ်။
    ဒါမှလည်း ရှောင်ရန်၊ ဆောင်ရန်တွေကို ကြိုတင်ပြင်ဆင်နိုင်မှာမို့ပါ။
    ဆွေးနွေးပေးပါ့မယ်.....

    -ရှောင်ရန်ကတော့
    ၁။အနန္တော အနန္တ ငါးပါးဂိုဏ်း၀င် တွေကို မပစ်မှားပါနဲ့......
    ၂။ဆံပင်ကို ဂျယ်သုံးပြီးမထောင်ထားပါနဲ့.... (ကြိုသိနိုင်အောင်လို့ပါ......)

    -ဆောင်ရန်ကတော့
    ၁။ဘာသာရေးကိုင်းရှိုင်းပါ...
    ၂။တတ်နိုင်ရင် ဦးခေါင်းထက်မှာ မိုးကြိုးလွှဲလေး ချိတ်ထားပါ...

    :d:d:d:d:d
  • edited June 2009 Registered Users
    ဒီပို့စ်မှာ ရေးချင်တယ်ဆိုတာထက် မေးချင်တာပါ။ ဘယ်မှာတင်ရမှန်းမသိလို့ Other Thread မှာ တင်လိုက်ပါတယ်။

    မိုးရွာနေတဲ့ အချိန်မှာ ဖုန်းပြောနေရင်ဖြစ်ဖြစ်၊ ဖုန်းကို ဖွင့်ထားရင်ဖြစ်ဖြစ် အန္တရယ်များလှတယ်လို့ စာအုပ်စာစောင်တွေမှာ အများအပြားဖတ်ရပါတယ်။ တစ်ခြားသူတွေဆီကလည်း ကြားသိရပါတယ်။
    မိုးရွာနေစဉ် :100:ဖုန်းပြောနေတုန်း ဓါတ်လိုက်ခံရသလို ကျဉ်သွားတာတို့ ဘာတို့ပေါ့။

    အဲဒီမှာ ကျွန်တော်တစ်ခုစဉ်းစားမိတယ်ဗျ။ ဖုန်းတင်ပဲလားပေါ့။ ရေဒီယိုလိုင်းတွေနဲ့ အလုပ်လုပ်တဲ့ Wireless ပါတဲ့ ကွန်ပျုတာတွေနဲ့ Router တွေမှာရော မဖြစ်နိုင်ဘူးလားပေါ့။ ကျွန်တော်ကတော့ ကြောက်တတ်လွန်းလို့လား မသိဘူး မိုးရွာလာတာနဲ့ ကျွန်တော့် ကွန်ပျူတာက Wireless ကို ပိတ်လိုက်တယ် :D

    Wireless လိုင်းတွေနဲ့ ပတ်သက်ပြီးတော့ မိုးကြိုးပစ်တတ်တဲ့ မြန်မာပြည်မှာ(မကောင်းတဲ့သူတွေကို ပစ်မှာနော် :63: ) ဘယ်လို လုပ်ရရင်ကောင်းမယ်ဆိုတာတွေကို ဆွေးနွေးပေးကြပါခင်ဗျာ။
    ၀င်ရောက်ဆွေးနွေးကြမယ်လို့လည်း မျှော်လင့်မိပါတယ်။
    ဒါမှလည်း ရှောင်ရန်၊ ဆောင်ရန်တွေကို ကြိုတင်ပြင်ဆင်နိုင်မှာမို့ပါ။

    မိုးကြိုးပစ်မခံရဖို့ မိုးကြိုးပစ်ချင်စရာ ကောင်းမနေဖို့လိုပါတယ်။

    ဖုန်းတိုင် ထောင်ထောင်ဟာ မြေပြင်က လျှပ်စစ်တွေအတွက် လျှပ်ငုတ်လို ဖြစ်နေတဲ့အတွက် မိုးကြိုးပစ်ခံရဖို့ နီးစပ်လှပါတယ်။ ပစ်တဲ့ မိုးကြိုး လျှပ်စစ်ဟာ ကြိုးကနေပြီး ဖုန်းကို ၀င်လာတတ်တဲ့အတွက် ဖုန်းပျက်သွားတတ်ပါတယ်။ တကယ်လို့ ဖုန်းကိုပဲ စုပြုံစီးတာဆိုရင် ကိုင်ထားတဲ့ လူပါ ဓာတ်လိုက်နိုင်ပါတယ်။ (များသောအားဖြင့် ဓာတ်တိုင်က သတ္တုတိုင်ဆိုရင် မြေကြီးထဲကို ၀င်သွားပါတယ်။ ဖုန်းလိုင်းအများကို ဖြန့်စီးတဲ့အတွက် သေလောက်တဲ့အထိတော့ မဖြစ်ပါဘူး။) ဖုန်းပျက်မှာ ကြောက်ရင် surge protector ပါတဲ့ ups ကို သုံးပြီး ဖုန်းကို ups ကနေတဆင့် သွယ်ထားပါ။

    Wireless device တွေက မိုးကြိုးပစ်ခံရဖို့ အခွင့်အလမ်း နည်းလှပါတယ်။ ထိုးထိုးထောင်ထောင်နဲ့ ထိပ်မှာ ချွန်နေသော ပစ္စည်းတွေတော့ မသိ။
  • edited June 2009 Administrators
    wireless device တွေကတော့ မိုးကြိုးပစ်ခံထိတာ အရမ်းနည်းပါတယ်.. နောက်ပြီး wimax တွေကလည်း မိုးကြိုးလွှဲပါ တစ်ခါတည်း တပ်ပေးတဲ့အတွက် မိုးကြိုးပစ်ချခြင်း ဘေးကတော့ ကင်းစေမယ်ထင်တယ်...
  • edited June 2009 Registered Users
    ကျွန်မသိသလောက်တော့ မိုးကြိုးက မကောင်းတဲ့သူတွေကိုပဲ ပစ်တာမဟုတ်ပါဘူး။ သဘာဝအရ ပစ်တာပါ။ အဲလိုဆို ကံမကောင်းလို့ အပစ်ခံရတဲ့သူတွေ သနားစရာ...:P
    နေထက်၃ဆပူတဲ့အပူရှိတဲ့ electrons စီးကြောင်း (ခေါ်) မိုးကြိုးဟာ electronic deviceတွေကို ပစ်နိုင်ပေမဲ့ များသောအားဖြင့် ထိုးထိုးထောင်ထောင်ပစ္စည်းတွေကို ပိုပစ်တတ်ပါတယ်။
    broadband and WIMAX wireless deviceတွေက surge protector တွေပါလို့ မိုးကြိုးပစ်ခဲ့ရင်တောင် unitကိုမထိပါဘူး။ အဲဒီ surge protector ကိုပဲထိပြီး wireless deviceကတော့ မပျက်ပါဘူး။
Sign In or Register to comment.