MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

What about Office 2007 ???

edited January 2010 in DTP
office 2003 နဲ့ 2007 ဘာတွေများကွာပါလဲ။ အားသာချက် / အားနည်းချက် နဲ့ office 2007 မှာရိုက်ထားတဲ့စာကို office 2003 နဲ့ဖွင့်မရတာဘာကြောင့်ပါလဲ။ ဖွင့်ရအောင်လုပ်နည်းလေးရော သိချင်ပါတယ်။

(အမေးအမြန်းထူတာကိုခွင့်လွှတ်ပါ။) :)

မှတ်ချက်များ

  • edited June 2009 Registered Users
  • edited June 2009 Registered Users
    အဆင်ပြေပါတယ် ... ကျေးဇူးတင်ပါတယ်။
  • ackack
    edited June 2009 Registered Users
    File format မတူလို့ပါ

    ဥပမာ Microsoft Word ဆိုပါစို့...

    2003 မှာက File format က doc ပါ။
    2007 မှာကျတော့ File format က docx ဖြစ်သွားပါတယ်။

    ဒါကြောင့်ဖွင့်မရတာပါ။
    :)
  • edited June 2009 Registered Users
    ack wrote: »
    File format မတူလို့ပါ

    ဥပမာ Microsoft Word ဆိုပါစို့...

    2003 မှာက File format က doc ပါ။
    2007 မှာကျတော့ File format က docx ဖြစ်သွားပါတယ်။

    ဒါကြောင့်ဖွင့်မရတာပါ။
    :)

    ဟုတ်ပါတယ်။ အဲ့အကြောင်းနဲ့ ပတ်သက်လို့ ကွန်ပြူတာဂျာနယ်မှာ ဖြေထားတာ တွေ့ဖူးပါတယ်။ .docx ကို x ဖြုတ်လိုက်ရင် 2003 နဲ့ဖွင့်လို့ရတယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် စမ်းကြည့်တာတော့ အဆင်မပြေဘူးခင်ဗျ။ ဖွင့်လို့မရဘူး :D :D :D
  • edited June 2009 Registered Users
    2007 က save တုန်းက doc အနေနဲ့ Save ပေးလိုက်ရင်ရပါတယ်။
    Default file type ကိုပြောင်းထားရင်လဲရတယ်။ Microsoft word option ထဲက Save မှာရှိပါတယ်။
    တစ်ချို့ macro တွေ format တွေ compatible မဖြစ်ရင် ပါမလာတာတို့ ဘာတို့တော့ရှိတယ်
  • Ice_Cream wrote: »
    office 2003 နဲ့ 2007 ဘာတွေများကွာပါလဲ။ အားသာချက် / အားနည်းချက် နဲ့ office 2007 မှာရိုက်ထားတဲ့စာကို office 2003 နဲ့ဖွင့်မရတာဘာကြောင့်ပါလဲ။ ဖွင့်ရအောင်လုပ်နည်းလေးရော သိချင်ပါတယ်။

    (အမေးအမြန်းထူတာကိုခွင့်လွှတ်ပါ။) :)
    သိပြီးသားဆိုရင် ခွင့်လွှတ်ပါဗျာ.....
    ဖွင့်လိုရအောင်လုပ် တဲ့ နညး်က 2007 မှာ save as ထဲမှာ word 97-2003 Document ဆိုတာလေးနဲ့ပြောင်း ပြီး save လိုက်ရင် ရပါတယ်ခင်ဗျာ..
    mglukyaw wrote: »
    ဟုတ်ပါတယ်။ အဲ့အကြောင်းနဲ့ ပတ်သက်လို့ ကွန်ပြူတာဂျာနယ်မှာ ဖြေထားတာ တွေ့ဖူးပါတယ်။ .docx ကို x ဖြုတ်လိုက်ရင် 2003 နဲ့ဖွင့်လို့ရတယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် စမ်းကြည့်တာတော့ အဆင်မပြေဘူးခင်ဗျ။ ဖွင့်လို့မရဘူး :D :D :D
    ဖွင့်လို့ရပါတယ်ခင်ဗျာ..
    အဲလိုပြောင်းမယ်ဆိုရင် folder options ထဲက View ထဲကိုသွားပြီး Hide extensions for known file types ဆိုတာလေးကို အမှန်ခြစ်လေးဖြုတ်ပေးလိုက်ပါ.. ဒါဆိုရင်ပြောင်းလို့ရ သွားပါလိမ့်မယ်ဗျာ..:77::77::77:
  • edited July 2009 Moderators
    office 2007 ကပိုလေးတယ်နော် ဘာတွေကောင်းလဲတော့မသိဘူး
  • edited January 2010 Registered Users
    microsoft word 2007 မှာ text effect ပါပါသလား။အဲဒါလေးသိချင်လို.ပါ။word 2003 မှာတုန်းကပါပါတယ်။ရှာကြည့်တာမတွေ.လို.ပါ။ပြောပြပေးပါနော်။[IMG]file:///C:/DOCUME%7E1/C_Star/LOCALS%7E1/Temp/moz-screenshot.jpg[/IMG]
    [IMG]file:///C:/DOCUME%7E1/C_Star/LOCALS%7E1/Temp/moz-screenshot-1.jpg[/IMG]
  • edited January 2010 Registered Users
    Office (word 2007) မှာစာရိုက်ပြီး save ရင် office (word)2003 မှာဖတ်လို့ ရဘို့အတွက်..
    Word ရဲ့အပေါ်ဆုံး Standard Bar ဘယ်ဘက်ထိပ်ဘေး က Office icon လေးကို နှိပ်ရင် save as ဆိုတာကို တွေ့ပါမယ်..
    အဲဒီထဲမှာ Word 97-2003 Document ဆိုတာလေးကို ရွေးချယ်ပြီး save ပေးရမှာပါ..
    ဒါမှ 2003 ရှိတဲ့ စက်မှာ ဖတ်လို့ရသွားပါမယ်..အဲလို အမြဲရွေးချယ်ပေးမနေရဘဲ.. အော်တိုရွေးချယ်ပေးပြီးသား..
    ဖြစ်နေစေချင်ရင်တော့..Word ရဲ့အပေါ်ဆုံး Standard Bar ဘယ်ဘက်ထိပ်ဘေး က Office icon လေးကို နှိပ်ပါ..
    word Option ကို၀င်ပါ..save ကို ထပ်နှိပ်ပါ...ဘေးမှာ save file in this format ဆိုတဲ့အထဲမှာ...
    Word 97-2003 Document ကိုေ ရွးချယ်ပေးထားလိုက်ပါ..
    ဒါဆိုအမြဲတမ်း 2003 နဲ့ ဖတ်နိုင်ပါပြီ..
Sign In or Register to comment.