MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Counter Strike တိုက်တဲ့ shotcut လေးတွေသိချင်လို့

edited October 2009 in Other
ကောင်တာ တိုက်တဲ့ Shotcut လေးတွေကိုသိချင်ပါတယ် နောက်ပြီး အဲဒိ့ Game ရဲ့ ကစားတဲ့ ပုံစံကို သိချင်ပါတယ် :77:

မှတ်ချက်များ

  • edited July 2009 Registered Users
    counter strike မှာသုံးလို့ရတဲ့ commend တွေကိုပြောပြပေးကြပါခင်ဗျာ အရမ်းသိချင်နေပါတယ် ဘယ်သူမှ လညး်မပြောပြဘူး :(( :(( :((
  • edited July 2009 Registered Users
    နောက်တာလား ဘာလားတော့ သိဘူး။ သိသလောက်တော့ ပြောပါ့မယ်ခင်ဗျာ။ :D

    ရှေ့နောက်တောင်မြောက်ရွှေ့ဖို့ ADSW ကို သုံးရပါတယ်။

    A -> ဘယ်ဘက်
    S -> အနောက်ဘက်
    D -> ညာဘက်
    W -> ရှေ့ဘက်

    အဲ့ဒီ ခလုပ်တွေနဲ့ Ctrl တို့ Shift တို့ကို တွဲနှိပ်နိုင်ပါတယ်။
    Ctrl ကို ဖိထားရင် ထိုင်ပါတယ်။
    Shift ကို ဖိထားရင် ခြေသံတိတ်လမ်းလျှောက်ပါတယ်။
    Space ဆိုရင် ခုန်ပါတယ်။

    Q ကတော့ လက်နက်လဲတာပါ။
    1 ... 2... 3 ... ကနေလည်း လက်နက်တွေကို ခေါ်လို့ရပါတယ်။

    Mouse နဲ့ ပစ်ခတ်ရပါတယ်။
    Left Click က သေနတ်ပစ်တာပါ။ ဓါးဆိုရင် ခုတ်ပါမယ်။ လက်ပစ်ဗုံးဆိုရင် ပစ်ပါမယ်။
    Right Click က စနိုက်ပါဆိုရင် zoom လုပ်ပါမယ်။ M4A1 ဆိုရင် silencer တပ်ပါမယ်။

    ကျန်တာကတော့ အင်တာနက်ကနေ ဆက်လက်ရှာဖွေ ဖတ်ရှုပါ။
  • edited July 2009 Administrators
    နောက်တာလားဟင်.... counter strick command လို့ google မှာ ရိုက်ရှာရင်တောင် တွေ့တာကို... နောက်ပြီး ဒီမှာက game နဲ့ဆိုင်တဲ့ site မဟုတ်ဘူးလေ... နည်းပညာ site တစ်ခုပါ.. google မှာ counter strick command လို့သာ ရိုက်လိုက် ထိပ်ဆုံးက command list တွေရှိတဲ့ site ပေါ်လာမယ်...
  • edited July 2009 Registered Users
    ကောင်တာကို online ပေါ်မှာတက်ဆော့ချင်တယ်... ခက်တာက server မတွေ့တော့တာပဲ... ကျွန်တော်ကလည်း ၁.၅ ပဲဆော့ချင်တာ... သိတဲ့သူ ကူပါဦး
  • edited July 2009 Registered Users
    saturngod wrote: »
    နောက်တာလားဟင်.... counter strick command လို့ google မှာ ရိုက်ရှာရင်တောင် တွေ့တာကို... နောက်ပြီး ဒီမှာက game နဲ့ဆိုင်တဲ့ site မဟုတ်ဘူးလေ... နည်းပညာ site တစ်ခုပါ.. google မှာ counter strick command လို့သာ ရိုက်လိုက် ထိပ်ဆုံးက command list တွေရှိတဲ့ site ပေါ်လာမယ်...
    နောက်တာမဟုတ် ပါဘူးခင်ဗျာ တစ်ကယ်မသိလို့မေးတာပါ ကျွန်တော်ဆိုလိုတဲ့သဘောက သေနတ်ပစ်ရင် သူများတွေလိုမဟုတ်ပဲ မီးပွားကျသွားအောင်လုပ် လို့ရပါတယ် ဒါပေမယ့် ကျွန်တော်မလုပ်တက်ပါဘူး ကျွန်တော်ဆိုလို တာအဲလိုမျိုး သူများမရတာကို ရအောင် လုပ်တဲ့နည်းလေးတွေပါခင်ဗျာ။ နောက်တဲ့သဘောနဲ့ မေးမြန်းခြင်းလုံး၀မပါ ပါဘူးခင်ဗျာ
    MZ က နညး်ပညာဖိုရမ်ဆိုတာကို သိပါတယ်ခင်ဗျာ အခု ကျွန်တော်သိချင်တာလေး က Mz နဲ့မဆိုင်ဘူး ဆိုရင် လညး် ကျွန်တော့် Topic ကို ဖျက်ပြစ်နိုင်ပါတယ်ခင်ဗျာ
    ကျွန်တော့် အားဖြေကြားပေးတဲ့ မန်ဘာ၀င်အားလုံးကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ
  • edited October 2009 Registered Users
    counter strike game down load ရချင်လို့
    အနော်က dubai ကပါ....
    game ခွေ မ၀ယ်နိုင်ဘူး.......ရှိရင်ပေးပါအုံး
    BamaO wrote: »
    ကောင်တာ တိုက်တဲ့ Shotcut လေးတွေကိုသိချင်ပါတယ် နောက်ပြီး အဲဒိ့ Game ရဲ့ ကစားတဲ့ ပုံစံကို သိချင်ပါတယ် :77:
Sign In or Register to comment.