MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

C++ အကြောင်းဆွေးနွေးမယ်

edited November 2009 in C++
ကျွန်တော် C++ ကိုကောင်းကောင်းမတတ်ပါ.. သို့သော်.. သင်နေရပါသည်.. 1st Year တွင်လည်း စာမေးပွဲတွင်လည်း.. ဖြေရအုံးမည်ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော် မသိသည်များကို ကူညီ ရှင်းလင်းပေးကြပါရန် လေးစားစွာဖြင့်..
«13

မှတ်ချက်များ

  • edited May 2007 Registered Users
    ဘာရယ်တော့ မဟုတ်ပါဘူး.. နိုင်ငံခြားက ဖိုရမ်တွေဆိုများ ဘာရှာရှာ.. အကုန်ရတယ်.. ဥပမာ Software တွေရဲ့ Crack တွေဘာတွေပေါ့ .. Program တစ်ခုရဲ့အကြောင်း အကုန်တက်တက်စင်အောင် လေ့လာအုံးမလား.. ရတယ်.. Mysteryzillion ကိုလဲအဲလိုဖြစ်စေချင်တယ်.. ကျွန်တော်လည်း C++ ကိုမတတ်ပါ.. သို့သော် Computer နဲ့ပက်သက်လျှင် စွယ်စုံ ဖိုရမ်လေးဖြစ်စေချင်လို့ C++ ကိုဘယ်လိုစတယ်ဆိုတာကစ တင်လိုက်ပါတယ်.. အကျိုးယုတ်မယ်မထင်ပါဘူး.. ကျွန်တော့်ကိုလည်း ကူညီပြီး ကျွန်တော် မတတ်တာတွေကို သင်ပြပေးစေချင်ပါတယ်..

    အခုစပါမယ်.. C++ မှာအရိုးရှင်းဆုံး Program လေးပေါ့.. စလေ့လာမဲ့သူတွေအတွက်ကို ရယ်ရွယ်ပါတယ်..

    #include<iostream.h>
    int main()
    {
    cout<<"Hello World";
    } //end main

    အခု ဒီပရိုဂမ်ကို run မယ်ဆိုရင် Hello World လို့ Screen အမည်းကြီးမှာ စာလုံးအဖြူရောင် လေးတွေနဲ့ပေါ်ပါမယ်..
    #include<iostream.h> ဆိုတာကတော့ header ပါ.. သူက
    cin>> ---; တို့ cout<<"----"; တို့အတွက်ကြေငြာရပါတယ်...
    cin>> ဆိုတာ keyboard ကရိုက်ထည့်စရာလိုရင် သုံးပါတယ်..
    cout<<"ကိုယ်ပေါ်ချင်တဲ့စာသား"; monitor မှာပေါ်မဲ့စာသား output စာလုံးအတွက် သုံးပါတယ်..

    ကျွန်တော်အားရင် ဆက်ပါမယ်... :4:
  • edited May 2007 Registered Users
    အင်း ကောင်းတယ် အစ်ကို ဆက်ပြောပါဦး
    ကျွန်တော်လည်း C++ သင်နေရတာ။
    ဒါနဲ ့iostream.h နဲ ့ iosteam နဲ ့ ဘယ်ဟာကို လူသုံးပိုများလဲ။
    iostream.h က တော့ old system လို ့ပြောတာဘဲ
  • edited May 2007
    ကောင်းတယ်ဗျို့။ အားပေးနေတယ်။ ဆက်ရေးပါ။ :6:

    ခင်မင်လျှက်
    PZi
  • edited June 2007 Registered Users
    သူတို့ အားပေးကျလို့ထင်တယ်.. ဟိုဆရာက ဆက်မရေးတော့ဘူး..ဟီဟိ...:d
  • edited June 2007 Registered Users
    Hanson wrote: »
    သူတို့ အားပေးကျလို့ထင်တယ်.. ဟိုဆရာက ဆက်မရေးတော့ဘူး..ဟီဟိ...:d
    ဟုတ်ပါဘူးဗျာ :2:

    C++ အတွက် တကယ့်ကိုမအားတာပါ :2: သူ့ကို ပြန်ကြည့်ရအုံးမယ်ဗျ
    နောက် ကိုယ်တိုင် သိပ်နားမလည်သေးဘူး..
    နားမလည်ဘူးဆိုတာထက် အခေါ်အေ၀ါ်မှာ ပိုပြီး မသိတာပါ.. ပြန်ရှင်းပြဖို့ခက်နေတယ်..
    အခုနောက်ပိုင်း သင်နေရတဲ့ Class အခန်းတွေကတော့ ပိုပြီး ဆိုးတာပေါ့ ရောနေတယ်..
    အဲ့ဒါကြောင့် ရပ်ထားတာ..
    1st Year စာမေးပွဲ ပြီးရင် အဆုံးထိရေးမယ်လို့ ဆုံးဖြတ်ထားပါတယ်.. :D
    ခွင့်လွတ်ကြပါ..။
  • edited June 2007 Registered Users
    တကယ့်ကို sorry ပါ.. ဘလော့ကော ဖိုရမ်ကော ခဏနားမယ်လို့ ကြံခါမှ တောင်းဆိုသူပေါ်လာတော့လည်း ကျွန်တော် တတ်နိုင်သလောက် ဆက်ပါ့မယ်..

    :D ဒီ အပေါင်း တစ်ပုဒ်ကို ကြည့်ပါ..။

    ထုံးစံအတိုင်း header ကိုကြေငြာလိုက်ပါပြီ..။
    (မှတ်ချက် ။ ။ " // " အနောက်စာတွေကို program က ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ.. )

    #include<iostream.h>
    int main()
    {
    int a,b,c;
    cout<<"Enter first number";
    cin>>a;
    cout<<"Enter second number";
    cin> b;
    c=a+b;
    cout<<"Answer = "<<c;
    return 0;
    }
    //
    line 4: //a, b နဲ့ c ဟာ int (integer) ဖြစ်ကြောင်းကို coma "," ခံပြီး ကြေငြာ လိုက်တာပါ
    line 5: // Enter first number ဆိုပြီးတော့ monitor မှာပြပါမယ်
    line 6: // a ဆိုတဲ့ variable တန်းဖိုးကို တောင်းပါမယ်။ အမြဲ ပြောင်းလဲနေနိုင်လို့ variable လို့ပြောတာပါ။
    line 7: နဲ့ line 8: ကလည်း 5 နဲ့ 6 အတိုင်း အလုပ်လုပ်သွားပါမယ်..။
    line 9: // a ဆိုတဲ့ variable ရယ် b ဆိုတဲ့ variable ရယ်ကိုပေါင်းပြီး c ဆိုတဲ့ variable ထဲကို ထည့်ပေးလိုက်ပါတယ်။
    line 10: // cout နဲ့ရေးထားတော့ monitor မှာ Answer လို့ပေါ်စေပြီး <<c အတွက်ကတော့ ခုနက a ရယ် b ရယ်ပေါင်းလိုက်တဲ့ c ရဲ့တန်ဖိုးကို ပြပါတယ်။
  • edited June 2007
    ဆက်ရေးပါဗျာ။ အစောကြီးကတည်းက အားပေးနေတာပါဗျာ။

    PZi
  • edited June 2007 Registered Users
    #include<iostream.h>
    int main()
    {
    int a,b,c;
    cout<<"Enter first number";
    cin>>a;
    cout<<"Enter second number";
    cin> b;
    c=a+b;
    cout<<"Answer = "<<c;
    return 0;
    }
    ဒါဆိုရင် ဒီပုစ္ဆလေးအပြီးမှာ သိထားရမဲ့ဟာတွေကို ရှင်းပြစရာ အများကြီးကျန်ခဲ့ပါတယ်..
    အဟဲ ဒါမျိုးပေါ့.. လောလောဆယ် OOP စာအုပ် အရှေ့မှာ မရှိတော့ နည်းနည်းပဲ ရေးထားပါ့မယ် အကြမ်းဖျင့်ပေါ့... အကုန်က ကျွန်တော်လည်း မသိလို့ပါ :D အသုံးများတာလည်း ဒါတွေပါပဲ

    int a, b,c; // ဒါဆိုရင် အထက်မှာပြောခဲ့တဲ့အတိုင်းပါပဲ a ရယ် b ရယ် c ရယ်ဟာ Interger ဖြစ်ကြောင်းကို ကြေညာခဲ့တာပါ

    int (integer - ကိန်းပြည့်တွေဆိုရင်)
    float (ဒသမကိန်းဆိုရင် float လို့ကြေညာပါမယ်)
    double (ဒသမကိန်းတွေ သိပ်များသွားတယ်ဆိုရင် double နဲ့ကြေငြာပါတယ်)
    unsigned int (အပါင်းကိန်းပြည့်တွေပဲ ဖြစ်မယ်ဆိုရင် unsigned int နဲ့ကြေငြာပါတယ်)
  • edited July 2007 Registered Users
    ကျွန်တော် ဆန္ဒပြုချင်တာတစ်ခုရှိပါတယ်ခင်များ။
    ဘယ် Programming Language ပဲဖြစ်ဖြစ်ပေါ့။ စဉ်းစားပုံချင်းကတော့ အတူတူပါပဲ။ ဒီတော့ ကျွန်တော့်အနေနဲ့ C++ ကို တခြား Programming Language နဲ့ နှိုင်းယှဉ်ပြီးလေ့လာစေချင်ပါတယ်။
    ဘာဖြစ်လို့လဲဆိုတာ Programming Language တစ်ခုနဲ့တစ်ခုဟာ ဆက်စပ်မှုရှိနေတာကြောင့် ဖြစ်ပါတယ်။ ဥပမာဗျာ-

    C++ ကိုလေ့လာနေတဲ့ အချိန်မှာ Pascal လိုမျိုး အခြေခံအကျဆုံး Programming Language လေးနဲ့ နှိုင်းယှဉ်လေ့လာစေချင်ပါတယ်။
    ပုစ္ဆာ တစ်ခုကို Programming Language နှစ်ခုနဲ့ ရေးကြည့်တဲ့သဘောပါပဲ။ Pascal နဲ့ ရေးသားအောင်မြင်သွားတဲ့ Programming ကို C++ နဲ့ ပြန်ရေးသားဖို့ သိပ်မခက်ခဲလောက်ပါဘူး။
    ဒီတော့ C++ ကို တော်တော်လေး သိသွားသာနဲ့ အမျှ တခြား ပူးတွဲလေ့လာတဲံ Programming Language ကိုလဲ လေ့လာပြီသားဖြစ်သွားတာပေါ့။ အချိန်ကုန်လည်းသက်သာတာပေါ့။
    ကျွန်တော် ဖြစ်ချင်တဲ့ ဆန္ဒလေပါ။ တင်ပြကြည့်တာပါ။ တချို့ကတော့ Only One Way ပဲပြေးတဲ့သူတွေရှိပါတယ်။ ဒါလဲကောင်းတာပါပဲ။ မိမိစိတ်ကြိုက်ပေါ့နော။ ကျွန်တော်ကတော့ ကျွန်တော်ကြိုက်တဲ့ နည်းလေးကို တင်ပြကြည့်တာပါ။

    ကျေးဇူူးတင်ပါသည်။

    မင်းနန္ဒာ
  • edited July 2007 Registered Users
    ကျွန်တော်တို့ C++ ကို စလေ့လာစက မကြိုက်ပါဘူး... မကြိုက်ရတဲ့ အကြောင်းရင်းက Desktop App
    တွေ ရေးတဲ့ နေရာမှာ အသုံးမ၀င်လို့ ဖြစ်ပါတယ်... အဲဒါနဲ့ပဲ VB ကို အဓိကလေ့လာဖြစ်သွားပါတယ်...

    Desktop App တွေ ရေးလို့အဆင်မပြေဘူးဆိုတာက GUI အတွက် လုပ်ရခက်လို့ပါတယ်... C++ ရိုးရိုး
    (VC++ မဟုတ်) နဲ့ GUI လုပ်လို့မရဘူးလို့ ထင်ခဲ့မိလို့ပါ...

    VB ကို စလေ့လာမိရင် ဖြစ်နိုင်တဲ့ Disadvantage တွေကို ကျွန်တော့် Blog မှာ ရေးဖြစ်ပါတယ်...
    http://eimg.wordpress.com/2007/06/11/why-beginner-should-not-learn-vb-first/

    C++ သမားတွေ အတွက် အားပေးချင်တယ်... ကောင်းတယ် ဆက်လုပ်ပါလို့... GUI အတွက်က
    အရင်တုန်းက ကျွန်တော်ထင်ထားသလို မခက်ပါဘူး... အသင့်သုံးလို့ရမယ့် Opensource Library
    တွေ တစ်ပြုံကြီး ရှိပါတယ်... Tk, GTK, QT စသဖြင့် GUI Library တွေ မနဲပါဘူး... Linux ပေါ်မှာတော့
    အားလုံး Ok ပဲ... Windows ပေါ်မှာတော့ မသုံးဖူးဘူး... စမ်းကြည့်သင့်တယ်လို့ ထင်ပါတယ်...

    ဘာပဲပြောပြော C++(ရိုးရိုး) နဲ့ GUI တွေကို လွယ်လွယ်ကူကူ လုပ်လို့ ရနိုင်တယ်ဆိုတာကို သိစေချင်လို့ပါ...

    [ stup!x ]
  • edited July 2007 Registered Users
    ပရိုဂရမ်မင်းကို တလုံးမှနားမလည်ပါဘူး။
    ခုအားနေလို့၀င်ဖတ်ကြည့်တာ။
    ရေးလိုက်ပါ run လိုက်ပါတွေ ပြောပြောနေတာ ဘယ်နားမှာရေးပြီး ဘယ်လို run ရတာလဲဗျ။
    ခင်ဗျားတို့ရေးပြထားတာကို copy ကူးပြီး အပျော် ကစားကြည့်မလို့ပါ။ ဘာရယ် ဟုတ်ပါဘူး။
  • edited December 2007 Registered Users
    khunmk wrote: »
    ဒါဆိုရင် ဒီပုစ္ဆလေးအပြီးမှာ သိထားရမဲ့ဟာတွေကို ရှင်းပြစရာ အများကြီးကျန်ခဲ့ပါတယ်..
    အဟဲ ဒါမျိုးပေါ့.. လောလောဆယ် OOP စာအုပ် အရှေ့မှာ မရှိတော့ နည်းနည်းပဲ ရေးထားပါ့မယ် အကြမ်းဖျင့်ပေါ့... အကုန်က ကျွန်တော်လည်း မသိလို့ပါ :D အသုံးများတာလည်း ဒါတွေပါပဲ

    int a, b,c; // ဒါဆိုရင် အထက်မှာပြောခဲ့တဲ့အတိုင်းပါပဲ a ရယ် b ရယ် c ရယ်ဟာ Interger ဖြစ်ကြောင်းကို ကြေညာခဲ့တာပါ

    int (integer - ကိန်းပြည့်တွေဆိုရင်)
    float (ဒသမကိန်းဆိုရင် float လို့ကြေညာပါမယ်)
    double (ဒသမကိန်းတွေ သိပ်များသွားတယ်ဆိုရင် double နဲ့ကြေငြာပါတယ်)
    unsigned int (အပါင်းကိန်းပြည့်တွေပဲ ဖြစ်မယ်ဆိုရင် unsigned int နဲ့ကြေငြာပါတယ်)

    ဗျို ့ khunmk ခင်ဗျား ရဲ့ OOP စာအုပ် က ပထမနှစ် စင်္ကာပူပေါ်လီ ဆိုရင် ကြောင်းမှာတွေ့ကြတာပေါ့။ 1st year OOP က အစပဲရှိသေးတယ်။ 2nd year ကြရင် ဒီထက် ပိုခေါင်းစားတဲ့ function declare တွေ နဲ့ ပိုပြီး intelligent program တွေရေးရမယ်။ ကျွန်တော်လည်း အချိန်ရရင် ဆွေးနွေးပါ့မယ်။:D
  • edited December 2007 Registered Users
    ပရိုဂရမ်မင်းကို တလုံးမှနားမလည်ပါဘူး။
    ခုအားနေလို့၀င်ဖတ်ကြည့်တာ။
    ရေးလိုက်ပါ run လိုက်ပါတွေ ပြောပြောနေတာ ဘယ်နားမှာရေးပြီး ဘယ်လို run ရတာလဲဗျ။
    ခင်ဗျားတို့ရေးပြထားတာကို copy ကူးပြီး အပျော် ကစားကြည့်မလို့ပါ။ ဘာရယ် ဟုတ်ပါဘူး။

    sorry သယ်ရင်း :D
    မဖြေတာကြာပေါ့..
    ဒါလေးကို download လုပ်ပြီး unzip လုပ်လိုက်ပါလား. Turbo C ပါ.. visual C++ က ကျွန်တော်လည်း တတ်ဘူးဗျ..
  • edited December 2007 Registered Users
    ဗျို ့ khunmk ခင်ဗျား ရဲ့ OOP စာအုပ် က ပထမနှစ် စင်္ကာပူပေါ်လီ ဆိုရင် ကြောင်းမှာတွေ့ကြတာပေါ့။ 1st year OOP က အစပဲရှိသေးတယ်။ 2nd year ကြရင် ဒီထက် ပိုခေါင်းစားတဲ့ function declare တွေ နဲ့ ပိုပြီး intelligent program တွေရေးရမယ်။ ကျွန်တော်လည်း အချိန်ရရင် ဆွေးနွေးပါ့မယ်။:D
    လုပ်ပါဦးဗျာ..
    ဆက်ပြီး နည်းနည်း ဆွေးနွေးပေးကြပါဦး :D:D ကျွန်တော်လည်း ဆက်ဆွေးနွေးမယ်..
  • edited January 2008 Registered Users
    ကျေးဇူးတင်ပါတယ် အခုလို ရှင်းပြတဲ့အတွက်။ ဆက်ပြီး ပြောပြပေးပါဦး
  • edited January 2008 Registered Users
    ဘာဖြစ်လို့ return 0 ကိုထည့်ရေးရတာလဲ။ အဲဒါ မ ပါရင် ရော မရဘူးလား။ ရှင်းပြပေး ပါအုံး။
  • edited January 2008 Registered Users
    Jimmy Lynn wrote: »
    ဘာဖြစ်လို့ return 0 ကိုထည့်ရေးရတာလဲ။ အဲဒါ မ ပါရင် ရော မရဘူးလား။ ရှင်းပြပေး ပါအုံး။

    အင်း... ပြောရရင်တော့..
    ဒီပုစ္ဆာမှာဆိုရင် မရပါဘူး...
    return အကြောင်းကို နောက်ပိုင်းမှ ပြောရအောင်... ပြောဖို့လည်း အများကြီးလိုပါသေးတယ်..
    အကြမ်းဖျင်းအရင်ပြောမယ်နော်..

    (အထက်က ပြောခဲ့တဲ့ ပုစ္ဆမှာနော်) အဲ့ဒီ return 0 က main() ဆိုတဲ့ function ကို ခေါ်လိုက်တာနဲ့ value 0 ကို return ပြန်ဖို့ ပြောတာပါ။

    နောက်ထပ် အကြမ်းဖျင်းရရင်တော့... user ဆီက လက်ခံမဲ့ (variable) တွေက ပြောင်းလဲနိုင်လို့ပါ။
    ဒီပုစ္ဆာ ကိုကြည့်ကြည့်ပါ..

    #include<iostream.h>
    void main()
    {
    int num1 = 5, num2 = 3;
    float ans;
    ans = num1/num2;
    cout<<"Answer for 5 divided by 3 is "<<ans;
    }

    ဒီပုစ္ဆာမှာဆိုရင် user ဆီက ဘာမှ လက်မခံတော့ပဲနဲ့ အသေ ရိုက်ထဲ့ပြီးတော့ ၅ ကို ၃ နဲ့စားတာကို ရေးပြထားတာပါ။ void main() ဆိုတာကို နည်းနည်း ပြောစရာရှိမှာပါ။ အဲ့ဒါလည်း နောက်မှ ပြောရအောင်။ return ပြန်စရာမလိုလို့ main() ဆိုတဲ့ body function ကို void လို့ ရေးခဲ့တာပါပဲ။ return 0 နဲ့ ညီတယ်ပြောရမှာပေါ့။

    အခုတော့ အဲ့လောက်ပဲနော်.. :D
  • edited January 2008 Registered Users
    Functions က C++ မှာ တကယ့် အဓိကပါပဲ။ C++ ကိုလည်း အဲ့ဒီ function အတုံးအခဲလေးတွေနဲ့ တည်ဆောက်ထားတာပါ။ ကျွန်တော် ပြောခဲ့တဲ့ ပထမဦးဆုံးသော program မှာလည်း main() ဆိုတဲ့ function တစ်ခုထဲ သုံးသွားတာပါ။

    function တွေက class တစ်ခုရဲ့ အစိတ်အပိုင်း ဖြစ်နိုင်ပါတယ်။ အဲ... ဒါပေမဲ့ function က class မပါပဲနဲ့လည်း standalone နေလို့ရပါတယ်။ ကျွန်တော်တို့ classes အကြောင်းပြောဖို့ အဆင်သင့် မဖြစ်သေးပါဘူး။ ဒါကြောင့်မို့ function တွေက standalone အနေနဲ့ နေနိုင်လို့ အဲ့ဒါကိုပဲ ဆက်ကြည့်ကြည့် ရအောင်။ အရင်ဆုံးပြောခဲ့ဖူးတဲ့ first program ထဲက main() ဆိုတာမျိုးပေါ့။
  • edited January 2008 Registered Users
    function name တွေရဲ့နောက်မှာ လက်သည်းကွင်း "()" လိုက်ပါတယ်။ ခုနက ပြောခဲ့တဲ့ main ဆိုတဲ့ စကားလုံးရဲ့ အနောက်မှာ () - လက်သည်းကွင်းလေး လိုက်ပါလာလို့ function တစ်ခုရဲ့ လက္ခဏာတွေ ပါရှိပါတယ်။ လက်သည်းကွင်းသာ မပါခဲ့ဘူးဆိုရင် complier က အဲ့ဒီ main ကို variable တစ်ခု ဒါမှ မဟုတ် တစ်ခြား program element တစ်ခုလို့ ထင်ပါလိမ့်မယ်။ ကျွန်တော်တို့ function name တွေကို ရေးတဲ့အခါမှာ အနောက်မှာ လက်သည်းကွင်း ( ) လေးလိုက်ပါမယ်။ နောက်ပိုင်းမှာ အဲ့ဒီ လက်သည်းကွင်းလေးတွေဟာ အလွတ် အမြဲမဟုတ်ကြောင်းကို မြင်တွေ့ရပါလိမ့်မယ်။ သူတို့ကို function ရဲ့ argument တွေအဖြစ်နဲ့ သုံးကြပါတယ်။
  • edited January 2008 Registered Users
    function တစ်ခုရဲ့ body ကို braces " { } " နဲ့ ပိတ်ထား (၀ိုင်းထား) ပါတယ်။ အဲ တစ်ခါတစ်လေ သူ့ကို curly brackets လို့ ခေါ်ပါတယ်။ ဒီ braces တွေက တစ်ခြား language တွေလိုပါပဲ အစ " { " နဲ့ အဆုံး " } " ဆိုတဲ့ တဲ့ keywords အတိုင်း အလုပ်လုပ်ကြပါတယ်။ function တိုင်း ဒီ braces နှစ်စုံကို အသုံးပြုကြရမှာပါ။ ပြောခဲ့ first program မှာဆိုရင် function body ထဲမှာ statements နှစ်ကြောင်းထဲသာရှိပါတယ်။ တစ်ခုက cout နဲ့ စတာနဲ့ return နဲ့ စတဲ့ အကြောင်းတွေပါ။ function body မှာ statement တွေ အများကြီးလည်း ပါနိုင်ပါတယ်။
  • edited January 2008 Registered Users
    မင်းက C++ program ကို run တယ်ဆိုရင် ပထမဦးဆုံး statement ကို main() လို့ခေါ်တဲ့ function body ကနေ စအလုပ်လုပ်မှာပါ။ (ဟီး :D

    C++ program အများစုမှာ (နောက်ပိုင်း ပြောမဲ့အတိုင်းဆိုရင်) main() ဆိုတဲ့ function က တစ်ခြား member function တွေကို ခေါ်ပြီး အလုပ်လုပ်တာကို တွေ့ရပါလိမ့်မယ်။ main() ဆိုတဲ့ function မှာ တစ်ခြား function တွေကို ခေါ်ပြီး အလုပ်လုပ်နိုင်တဲ့ standalone functions ပါ၀င်ပါတယ်။

    အခုတော့ ဒီလောက်ပဲ နောက်တစ်ခါမှ ဆက်ရအောင်.. :D:D အနည်းဆုံးတော့ ကျွန်တော် ပြောမဲ့ ပုစ္ဆာတွေမှာ main() ကနေ စအလုပ်လုပ်တယ် ဆိုတာမှန်ပါတယ်။ အကုန်မဟုတ်ပါဘူး။ ) program တစ်ခုမှာ function တွေ၊ class တွေနဲ့ တစ်ခြား elements အများကြီး ပါနိုင်ပါတယ်။ ဒါပေမဲ့ စအလုပ်လုပ်တဲ့အချိန်မှာ main() ဆိုတဲ့ function ကိုပဲ သွားပြီးတော့ အလုပ်လုပ် (control သွားလုပ်)တာပါ။ မင်းမှာ main() ဆိုတဲ့ function မပါခဲ့ဘူးဆိုရင် run တဲ့အခါမှာ program က error ပြပါလိမ့်မယ်။
  • edited January 2008 Registered Users
    Program ရဲ့ Statement ဟာဆိုရင် C++ ရဲ့အ အခြေခံအကျဆုံး unit တစ်ခုပဲ ဖြစ်ပါတယ်။ ကျွန်တော် ပြောခဲ့တဲ့ ပထမဦးဆုံးသော first program ထဲမှာဆိုရင် statement နှစ်ကြောင်းရှိပါတယ်။

    cout<<"Hello, the world"; ဆိုတာနဲ့
    return statement ဖြစ်တဲ့
    return 0; တို့ဖြစ်ပါတယ်။

    ပထမ statement က ကွန်ပျူတာကို quote " " အတွင်းမှာရှိတဲ့ အခြေအနေကို ထုတ်ပြဖို့ ပြောပါတယ်။ statement အများစုက ကွန်ပျူတာကို ဘာလုပ်ရမယ်ဆိုတာ ပြောပါတယ်။ ဒါကိုကြည့်ပြီးတော့ C++ က statement တွေဟာဆိုရင် တစ်ခြား language တွေနဲ့တူတယ်ဆိုတာ သိနိုင်ပါတယ်။ ကျွန်တော်တို့ မှတ်ထား၊ သိထားတဲ့အတိုင်းပါပဲ C++ က statement တွေဟာ C က statement တွေကို ပြုပြင်ထားတယ်ဆိုတာပါ။

    ဆီမီးကော်လံ semicolon ( ; ) က statement တစ်ကြောင်းပြီးဖို့ လိုအပ်ပါတယ်။။ ဒါက syntax ပိုင်းအတွက် အရေးကြီးပါတယ်။ (မေ့ဖို့လည်း လွယ်တယ်နော့ :P) (BASIC)လိုသော တစ်ခြား Language တွေမှာ statement တစ်ကြောင်းရဲ့ အဆုံးဟာ အဲ့ဒီစာကြောင်းပါပဲ (ဟုတ်လား သိဘူး :D) အဲ့ဒါက C++ အတွက်မှားပါတယ်။ semicolon ချန်ထားခဲ့ရင် complier က အမှားပြပါလိမ့်မယ်။

    ပြောခဲ့တဲ့ first program (ဒီကနေ မတက်တော့ဘူး :D) ထဲမှာဆိုရင် function body ထဲက နောက်ဆုံး statement က return 0 နော်။ ဒါက Operation Sytem ပဲဖြစ်ဖြစ် complier ပဲဖြစ်ဖြစ် main () ဆိုတဲ့ function body ကို ခေါ်သုံးလိုက်တာနဲ့ value 0 ကို return ပြန်ဖို့ ပြောတာပါ။ :D ပြောခဲ့တဲ့ အတိုင်းပဲ return အကြောင်း နောက်မှ ပြောရအောင်။
  • edited January 2008 Registered Users
    Turbo C 3.0 program
    ဖြင့် အောက်ပါပရိုဂရမ်အားcompile လုပ်ရာerror တက်နေပါသည်..ဘာကြောင့်ပါလဲ..oopရေးခြင်ရင်ဘာပရိုဂရမ်သုံးရပါသလဲ....
    #include <iostream>
    using name space std;
    int main( ) {
    cout<<"Hello";
    return 0;
    }
    error မှာ header ဖိုင်ကို undifiedဖြစ်နေပါတယ်
    coutကိုလဲမသိပါဘူးလို့ပြောနေပါတယ်..
    #include<iostream.h>နဲ့ဆိုရင်sucess ဖြစ်ပါတယ်..
    သိတဲ့ဆရာသမားများသေချာရှင်းပြပေးပါ:106::106::106:
  • edited January 2008 Registered Users
    kkawave wrote: »
    Turbo C 3.0 program
    ဖြင့် အောက်ပါပရိုဂရမ်အားcompile လုပ်ရာerror တက်နေပါသည်..ဘာကြောင့်ပါလဲ..oopရေးခြင်ရင်ဘာပရိုဂရမ်သုံးရပါသလဲ....
    #include <iostream>
    using name space std;
    int main( ) {
    cout<<"Hello";
    return 0;
    }
    error မှာ header ဖိုင်ကို undifiedဖြစ်နေပါတယ်
    coutကိုလဲမသိပါဘူးလို့ပြောနေပါတယ်..
    #include<iostream.h>နဲ့ဆိုရင်sucess ဖြစ်ပါတယ်..
    သိတဲ့ဆရာသမားများသေချာရှင်းပြပေးပါ:106::106::106:

    အဲ့ဒါ Turbo ကြောင့်ပါ...
    သူငယ်ချင်းက စာအုပ်ထဲကအတိုင်း လိုက်ရေးတာနဲ့တူတယ်။... ( using name space std; ) ကို ကြည့်ခြင်းအားဖြင့်ပေါ့ :D
    #include<iostream> ဆိုတာက visual C++ တွေမှာ သုံးတာပါ..။ complier အပါ်မူတည်ပါတယ်။ Turbo မှာ header တွေကို .h နဲ့ ဆုံးသွားကြတာပါ။

    C++ ကို run နိုင်တဲ့ complier တွေအများကြီးပါ။ (ဥပမာ - Visual C++, Turbo, Borland, etc..) Turbo က standard ဖြစ်ပါတယ်။ သူနဲ့ပဲ basic ပိုင်းနဲ့ theory ပိုင်းတွေကို အရင် လေ့လာ ကြည့်ရအောင်လား.. :67:
  • edited March 2008 Registered Users
    ကျွန်တော် C++ builder နဲ့ရေးထားတာတွေရှိပါတယ် ...အားရင် တင်ပေးထားပါမယ် ...
  • edited March 2008 Registered Users
    C++ ကို use ပြီး ဘယ်လို application software တွေကို creat လုပ် နိုင်ပါသလဲ၊ ?
  • edited March 2008 Registered Users
    i want to know what is means of " C " ? i really want to know ? C = ?
  • edited March 2008 Registered Users
    mathsxero wrote: »
    C++ ကို use ပြီး ဘယ်လို application software တွေကို creat လုပ် နိုင်ပါသလဲ၊ ?
    C++ ကို use ပြီး Operation System ကို creat လုပ်နိုင်ပါတယ် ...
  • edited March 2008 Administrators
    kszya wrote: »
    i want to know what is means of " C " ? i really want to know ? C = ?
    တစ်ခါမှ မစဉ်းစားဘူးပါဘူး :106: ဒါပေမယ့် မေးခွန်းကဖြစ်သင့် ရှိသင့်ပါတယ် :77:
    ဒီတော့ ပျော်ပျော်ကြီးရှာလိုက်တော့ ... \:D/ ဒီလိုတွေ့တယ်ဗျ၊

    ၀ီကီမှာရေးထားတာတော့ ... ဒီလိုပါ
    C is a general-purpose, block structured, procedural, imperative computer programming language developed in 1972 by Dennis Ritchie at the Bell Telephone Laboratories for use with the Unix operating system. Dennis Ritchie ဆိုတဲ့ ပုဂ္ဂိုလ်ကြီးက ဘဲလ်တယ်လီဖုန်း လက်ဘ်အတွက် တည်ဆောက်ခဲ့ဆိုတာကိုးဗျ ...။

    နောက်ဆက်ရေးထားတာကတော့ ... ဒီလိုပါကွယ်
    Early developments

    The initial development of C occurred at AT&T Bell Labs between 1969 and 1973; according to Ritchie, the most creative period occurred in 1972. It was named "C" because many of its features were derived from an earlier language called "B", which according to Ken Thompson was a stripped down version of the BCPL programming language.

    သူတို့ပြောတာတော့ C Compiler ရှေ့မှာ B Compiler (B Language) ဆိုတာ ရှိခဲ့ဆိုဘဲ (ဟိဟိ ရီချင်စရာကြီး). C ဆိုတာ B ရဲ့ ကောင်းကွက်ကလေးတွေကိုယူ ပိုကောင်းအောင်လုပ်ခဲ့ ဆိုတာကိုးဗျ...

    အဲဒီတော့ ... အနှစ်ချုပ်ရရင် ... အဲဒီလူတွေက B ပြီးရင် C ဆိုပြီး ငါ့စကားငါ့နွားရ နာမည်ပေးခဲ့ကြောင်းပါ။ အင်္ဂလိပ်လိုမှ ဖတ်ခြင်ရင်တော့ ဒီမှာပါကွယ် http://en.wikipedia.org/wiki/C_programming
  • edited March 2008 Administrators
    ဒါဆို မေးချင်လာမယ်ပေါ့ စီပြီးရင် ဒီ လို့ ဘာလို့ မပေးကြလဲလို့ .. ဟီးဟီး:D
    " There was a humorous debate over whether C's successor should be named `D' or `P'. “
    ဟုတ်ကဲ့ ဖြေရမှာကတော့ သူတို့ဆီမှာလဲ အဲလို မေးခဲ့ကြပြီးလို့ ထွင်လဲ ထွင်ခဲ့ကြပြီးပါပြီ၊ မယုံရင် ပုံပြင်သာမှတ်ပါ D Programming Language ဆိုတာ ရှိခဲ့ပါကြောင်း။ ၀ီကီမှာ ကြည့်နိုင်ပါတယ်
    http://en.wikipedia.org/wiki/D_programming

    အစမ်းရေးထားတဲ့ program လေးနဲ့ သူ့အကြောင်းကို ...
    http://www.bitwisemag.com/copy/programming/d/opinion/d_programming_language.html ဒီမှာ နဲနဲ အမြည်းဖတ်ကြည့်ကြပါကွယ်။
  • edited April 2008 Registered Users
    MrDBA wrote: »

    ထူးဆန်းပေ့ ကတွတ်ပီရယ်... :)):))

    အဲလေ.. ကိုဒီဘီအေရယ်... :P:P :D

    ကြားဖူးပေါင်ဗျာ..
  • edited June 2008 Registered Users
    ကျွန်တော်ကတော့ C++ ကြိုက်တယ်ဗျ၊ ကြိုက်တဲ့အကြောင်းတွေအများကြီးထဲကတစ်ခုက သူက programming လုံး၀မတတ်သေးတဲ့လူကို သင်ပေးရင် ပိုလွယ်တယ်ဗျ၊ ကျန်တဲ့ language ကိုပါ ဆက်သင်ပေးရင် တော်တော်လေးကိုလွယ်သွားရော၊ ကျွန်တော်ကိုယ်တိုင်လဲ ပထမဆုံးစသင်ဖူးတဲ့ languange က C ဗျ၊ ဆရာက စက်ရုပ်ကလေးလမ်းဖြစ်ကူးတဲ့ program လေးကို flowchat ဆွဲပြီးသင်ပေးလိုက်ကတည်းက ကျွန်တော်လည်း ပိုးစ၀င်သွားတာ အခုထိပဲဗျ၊
    ဒီနေမှာ ကျွန်တော်လည်း တောင်မေး၊ မြောက်မေး၊ တောင်ရေး၊ မြောက်ရေး ၀င်ရေးတော့မယ်ဗျာ၊
    သည်းခံပေးကြပါ၊ ကြိုက်တာလေးတွေတွေ့ရင် မနေနိုင်လို့ပါ၊ အနှောက်အယှက်ပေးတယ်လည်း မထင်ကြပါနဲ့ခင်ဗျာ

    နတ်ခေါင်
  • edited June 2008 Registered Users
    natkhaung wrote: »
    ကျွန်တော်ကတော့ C++ ကြိုက်တယ်ဗျ၊ ကြိုက်တဲ့အကြောင်းတွေအများကြီးထဲကတစ်ခုက သူက Programming လုံး၀မတတ်သေးတဲ့လူကို သင်ပေးရင် ပိုလွယ်တယ်ဗျ၊ ကျန်တဲ့ Language ကိုပါ ဆက်သင်ပေးရင် တော်တော်လေးကိုလွယ်သွားရော၊ ကျွန်တော်ကိုယ်တိုင်လဲ ပထမဆုံးစသင်ဖူးတဲ့ Languange က C ဗျ၊ ဆရာက စက်ရုပ်ကလေးလမ်းဖြစ်ကူးတဲ့ Program လေးကို Flowchat ဆွဲပြီးသင်ပေးလိုက်ကတည်းက ကျွန်တော်လည်း ပိုးစ၀င်သွားတာ အခုထိပဲဗျ၊
    ဒီနေမှာ ကျွန်တော်လည်း တောင်မေး၊ မြောက်မေး၊ တောင်ရေး၊ မြောက်ရေး ၀င်ရေးတော့မယ်ဗျာ၊
    သည်းခံပေးကြပါ၊ ကြိုက်တာလေးတွေတွေ့ရင် မနေနိုင်လို့ပါ၊ အနှောက်အယှက်ပေးတယ်လည်း မထင်ကြပါနဲ့ခင်ဗျာ

    နတ်ခေါင်

    လုပ်စမ်းပါဦးဗျာ.. မျှော်နေတာဗျ..

    ခေါင်းချင်တူသူ လိုက်ရှာနေတာ... :5::5:

    အိုဗျာ.. သည်းခံတယ်.. ဘီယာပါတိုက်ဦးမယ်...:67:
  • edited July 2008 Registered Users
    khunmk wrote: »
    ဘာရယ်တော့ မဟုတ်ပါဘူး.. နိုင်ငံခြားက ဖိုရမ်တွေဆိုများ ဘာရှာရှာ.. အကုန်ရတယ်.. ဥပမာ Software တွေရဲ့ Crack တွေဘာတွေပေါ့ .. Program တစ်ခုရဲ့အကြောင်း အကုန်တက်တက်စင်အောင် လေ့လာအုံးမလား.. ရတယ်.. Mysteryzillion ကိုလဲအဲလိုဖြစ်စေချင်တယ်.. ကျွန်တော်လည်း C++ ကိုမတတ်ပါ.. သို့သော် Computer နဲ့ပက်သက်လျှင် စွယ်စုံ ဖိုရမ်လေးဖြစ်စေချင်လို့ C++ ကိုဘယ်လိုစတယ်ဆိုတာကစ တင်လိုက်ပါတယ်.. အကျိုးယုတ်မယ်မထင်ပါဘူး.. ကျွန်တော့်ကိုလည်း ကူညီပြီး ကျွန်တော် မတတ်တာတွေကို သင်ပြပေးစေချင်ပါတယ်..

    အခုစပါမယ်.. C++ မှာအရိုးရှင်းဆုံး Program လေးပေါ့.. စလေ့လာမဲ့သူတွေအတွက်ကို ရယ်ရွယ်ပါတယ်..

    #include<iostream.h>
    int main()
    {
    cout<<"Hello World";
    } //end main

    အခု ဒီပရိုဂမ်ကို run မယ်ဆိုရင် Hello World လို့ Screen အမည်းကြီးမှာ စာလုံးအဖြူရောင် လေးတွေနဲ့ပေါ်ပါမယ်..
    #include<iostream.h> ဆိုတာကတော့ header ပါ.. သူက
    cin>> ---; တို့ cout<<"----"; တို့အတွက်ကြေငြာရပါတယ်...
    cin>> ဆိုတာ keyboard ကရိုက်ထည့်စရာလိုရင် သုံးပါတယ်..
    cout<<"ကိုယ်ပေါ်ချင်တဲ့စာသား"; monitor မှာပေါ်မဲ့စာသား output စာလုံးအတွက် သုံးပါတယ်..

    :5:ကျွန်တော်စိုင်းဇော်ပါ လေ့လာချင်နေတာကြာပါပီ
    ဟုတ်ကဲ့ လွန်ခဲ့တဲ့ လေးနှစ်ကတော့သင်ဖူးတယ် နည်းနည်းပါးပါးပဲသင်လိုက်ရတယ်
    သိပ်မမှတ်မိတော့ဘူး ဗျ
    ခုဒီနေရာရောက်မှ ပြန်စမလို့စိတ်ကူးရတယ် ဗျ ဆက်လက်ရေးပေးကြပါဦးနော် နားလည်သလောက် လိုက်ပါ့မယ် ဗျာ ကျေးဇူးကမ္ဘာပါ..............:77:
    (အားလုံးကိုမေ့ထားသူ)
    ဘယ်နေရာမှာ run ရမယ်ဆိုတာတောင်မသိသေးဘူးဗျ
    ကူညီပါဦး :77:
  • အစ်ကိုတို့ရေ ကျွန်တော်က ဒီ c++ဆိုတာကြီးကို ဘာဆိုဘာမှကိုမသိတာပါ
    ကျေးဇူးပြဲုပြီးတော့ ရှင်းပြပေးလို့ရမလားခင်ဗျ

    အခြေခံကစပြီး လေ့လာလို့ရမယ့် (မြန်မာ) အီဘွတ်လေးဘာလေးရှိဘူးလားဟင်:d:d:d
  • edited September 2008 Registered Users
    Programming ကို လေ့လာဖို့ အတွက် အနည်းဆုံး C Programming လေးကို လေ့လာရမယ် လို့ သိထားပါတယ်.....ဒါပေမဲ့ သင်တန်းတက်ဖို ကလည်း အချိန် မရှိတာကြောင့် selfstudy လုပ် ဖို့ 21 days Basic Tutorial Ebook လေးတွေ သိရင်မျှပေးပါ......
    Programming တွေကို step by step လေ့လာ သွားဖို့ စိတ်ကူးရှိပါတယ်.......
    ဒါကြောင့် ကူညီပေးစေလိုပါတယ်......
  • edited September 2008 Registered Users
    khunmk wrote: »
    sorry သယ်ရင်း :d
    မဖြေတာကြာပေါ့..
    ဒါလေးကို download လုပ်ပြီး unzip လုပ်လိုက်ပါလား. Turbo c ပါ.. Visual c++ က ကျွန်တော်လည်း တတ်ဘူးဗျ..
    http://www.esnips.com/doc/f0f13bf4-d...a/turbo-c-v3.0
    ကျေးဇူးအများကြီးတင်ပါတယ်။
  • edited October 2008 Registered Users
    ကျေးဇူးပြုပြီး C++ , Class နဲ့ ပတ်သက်တဲ့ Program လေးတွေရယ်..ရှင်းလင်းပြထားတဲ့ အချက်အလက်လေးတွေပါတဲ့ စာအုပ်လေး ရှိရင် ပေးကြပါဦး ...နောက်ပြီးတော့ C++ builder မှာ Class အတွက်ရေးထားတဲ့ program ကို ့graphic interface နဲ့ဘယ်လိုချိတ်ပြီး သုံးရသလဲ သိချင်ပါတယ် ....:65:
  • edited October 2008 Registered Users
    flame wrote: »

    Turbo မှာလား.. ရပါတယ်.. မမိုက်ပါဘူး..:P။ VC++.Net 2008 မှာလည်း ရေးလို့ရပါတယ်။ သူက နည်းနည်း ခက်နေသလား မသိဘူး :D။ GUI တွေ အလွယ်တကူ ရေးလို့ရပါတဲ့ QT4 ဆိုတာ လေ့လာကြည့်ပါလား..။ Linux မှာလည်း ရပါတယ်။ run နိုင်ပါတယ်။ Commercial တွေရေးမယ်ဆိုရင်တော့ ၀ယ်ရမယ်။ Free ပေးထားတာလေးရှိပါတယ်..။ အံ့သြစရာကောင်းတာက သူက Standard မဖြစ်ပေမဲ့ သူနဲ့ ရေးထားတဲ့ software ကောင်းကောင်းလေးတွေ ရှိနေတာပဲဗျ။ စာအုပ်တွေကို ကျွန်တော် share ပေးလို့ရပါတယ်။ www.cpluscplus.com ကို အရင် ညွှန်းပါရစေ။ မျှော်ပါဦး စာအုပ်အတွက် :D
  • edited October 2008 Registered Users
    ဘယ်လိုပြောရမှန်းတောင်မသိပါ။ အရမ်းကျေးဇူးတင်ပါ၏ ။ :D
    ကျွန်တော် c++ ကို ဆရာကောင်းကောင်းမရှိ၍ ဖြစ်ဖြစ်မြောက်မြောက်မသင်ခဲ့ရပါ။ :14:
    စျေးတွက်ပုစ္ဆာများဖြင့်သာ ကျေနပ်ခဲ့ရပါသည်။
    ဟီး ဟီး ဒါတောင် သူသင်တာကို မလိုက်နိုင်ခဲ့ပါ။ :D
    ခုလို ၀ိုင်း၀င်းပြီးသင်ပေးကြတဲ့အတွက် ကျေးဇူးအထူးပါ။
    header file များအကြောင်း အကျယ်သိချင်ပါသည်။
    e.g, iostream.h ဆိုလျှင် cin, cout အတွက်သုံးသည်။
    အဲလိုပါပဲ ရှိသမျှ header များနှင့် ၄င်းတို့ကို ဘာအတွက်သုံးရသည်ကို သိချင်ပါသည်ခင်ဗျား။
    နောက်မှ ဖြည်းဖြည်းခြင်းသိရလည်း ရပါသည်။ ချက်ခြင်းပြန်ဖြေလျှင် ပို၍ကျေးဂျူးကမ္ဘာပါခင်ဗျား။

    Mystery zillion c++ forum မှ အစ်ကိုတော်များ၊ ညီတော်များ၊ ညီအစ်မများ ၏ ပို့ချချက်အား
    မျှော်လင့်လျှက်ပါ။:65::65::65::65: D:
  • edited October 2008 Registered Users
    khunmk wrote: »
    Turbo မှာလား.. ရပါတယ်.. မမိုက်ပါဘူး..:P။ VC++.Net 2008 မှာလည်း ရေးလို့ရပါတယ်။ သူက နည်းနည်း ခက်နေသလား မသိဘူး :D။ GUI တွေ အလွယ်တကူ ရေးလို့ရပါတဲ့ QT4 ဆိုတာ လေ့လာကြည့်ပါလား..။ Linux မှာလည်း ရပါတယ်။ run နိုင်ပါတယ်။ Commercial တွေရေးမယ်ဆိုရင်တော့ ၀ယ်ရမယ်။ Free ပေးထားတာလေးရှိပါတယ်..။ အံ့သြစရာကောင်းတာက သူက Standard မဖြစ်ပေမဲ့ သူနဲ့ ရေးထားတဲ့ software ကောင်းကောင်းလေးတွေ ရှိနေတာပဲဗျ။ စာအုပ်တွေကို ကျွန်တော် share ပေးလို့ရပါတယ်။ www.cpluscplus.com ကို အရင် ညွှန်းပါရစေ။ မျှော်ပါဦး စာအုပ်အတွက် :D
    အခုလို ပြောပေးတာ ကျေးဇူးတင်ပါတယ် ... စာအုပ်လေးတွေကို မျှော်နေပါတယ် ..Сlass ကိုအသေးစိတ် ရှင်းပြထားတဲ့ စာအုပ်လေးကောရှိလားဟင် :D:6:
  • edited October 2008 Registered Users
    C++ programming ကိုခုမှ စလေ့လာမှာပါ
    စိတ်၀င်စားတာကတော့ programming language တိုင်းကိုပါ
    compiler မှာ run တဲ့အခါ တက်တဲ့ error တွေကိုအမျိုးအစားခွဲပြပေးကြပါဦး
    syntax error ဆိုတာဘာ , semantic error ဆိုတာဘာဆိုပြီး
    နောက်ပြီး C++ ကို run တဲ့အခါ ဘယ်မှာ run ရမှာပါလဲ
    ဖြစ်နိုင်ရင် download link လေးပါ ပေးစေချင်ပါတယ်
    C++ ကိုဆက်ပြီး ဆွေးနွေးကြစေချင်ပါတယ်
    ကျေးဇူးတင်ပါတယ်:)

    syntax error ဆိုတာက ငါ့ညီ coding တွေကို ရိုက်သွားတဲ့အခါမှာ statement တစ်ကြောင်းကို ; နဲ့ မဆုံးမိတာတို့ ကိုယ် လက်ကွက်မှားသွားတဲ့ error တွေကို ဆိုလိုတာပါ။

    semantic error ကို logic-error လို့လည်း ပြောပါတယ်။ ကိုယ်က 1 နဲ့ 2 နဲ့ ပေါင်းတဲ့ program ကိုရေးပြီး + sign နေရာမှာ * sign သွားထည့်မိပြီး မပေါင်းပဲ မြောက်မိနေတယ်။ လိုချင်တဲ့ အဖြေကို မရဘူး။ coder ရဲ့ အတွေးအခေါ်မှား ယွင်းမှု ပြသာနာ ကိုဆိုလိုတာပါ။

    run တဲ့ အခါမှာ compiler တွေအများကြီးပါ mingw ဘာညာ အစရှိသဖြင့်ပေါ့။ IDE နဲ့ compiler တွေပါပြီးသား ဖြစ်တဲ့ tools တွေ အများကြီးပါ။ ထပ်ခါ ထပ်ခါ ပြောခဲ့ဖူးသော :D Turbo C, borland, VC++ 2003, VC++ .Net 2005-2008 အစရှိသဖြင့်ပေါ့။ ဖြစ်နိုင်ရင် VC++ .Net 2008 ၀ယ်ပြီး လေ့လာကြည့်စေချင်ပါတယ်။ Turbo ကို ညွန်းပြီးရင် အများစု Turbo ကနေ မတက်နိုင်တော့လို့ပါ။
  • edited October 2008 Registered Users
    c++ မှာ header file ဘယ်နှစ်ခုလောက်ရှိပါသလဲ
    သိချင်ပါတယ်
    conio.h ဆိုတဲ့ header file ကရောဘယ်နေရာတွေမှာသုံးပါသလဲ
    တစ်ဆက်တည်း programming သင်တန်းတွေ နဲ့ ပတ်သက်ပြီးမေးချင်ပါတယ်
    မန်းလေးမှာ programming သင်တန်းကောင်းကောင်းရှိရင်
    လမ်းညွှန်ပေးစေချင်ပါတယ်:2::2:
  • edited October 2008 Registered Users
    ပထမဆုံး ကျွန်တော်ပြောချင်တာက program ဆိုတာကိုပါ
    program ဆိုတာ statement (or) command တွေကို အစီအစဉ်တကျ စုစည်းထားတာကိုခေါ်ပါတယ်။ တစ်ခုချင်းအနေနဲ့ သုံးမယ်ဆိုရင်တော့ statement (or) command ပေါ့။ အဲဒီ statement (or) command တွေကိုဘဲ ကိုယ်လိုချင်တဲ့ အဖြေရောက်သည်အထိ အစီအစဉ်တကျ ရေးထားတာကိုကျတော့ program လို့ ခေါ်ပါတယ်။ program တစ်ပုဒ်မှာ အဓိက ပါ၀င်ရမဲ့ အချက် (၃) ချက် ရှိပါတယ်။ ( မည်သည့် programming language မဆိုပေါ့ဗျာ )
    အဲဒါတွေက
    ၁။ Input (ကွန်ပြူတာ ပြင်ပမှ ကွန်ပြူတာအတွင်းသို့ process လုပ်ရန်
    အချက်အလက်များ ထည့်သွင်းပေးခြင်း)
    ၂။ Process (ထည့်သွင်းပေးလိုက်သော အချက်အလက်များမှ မိမိတို့ လိုအပ်သော အဖြေ
    ရသည်အထိ ကွန်ပြူတာလုပ်ဆောင်ရမည့် ညွှန်ကြားချက်များအား လုပ်ဆောင်စေခြင်း)
    ၃။ Output (Process လုပ်ခြင်းဖြင့် ရရှိလာသော result အား ကွန်ပြူတာ သုံးစွဲသူ
    user ထံသို့ ပြန်လည် ထုတ်ပေးခြင်း)
    တို့ ဖြစ်ပါတယ်။
    C++ language မှာ Input အတွက် cin>> ကို အသုံးပြုပါတယ်
    Ouput အတွက် cout<< ကို အသုံးပြုပါတယ်
    cin & cout ကို အသုံးပြုနိုင်ဖို့အတွက် header file က iostream.h ကို အသုံးပြုရပါတယ်။ C++ language မှာ သက်ဆိုင်ရာ statement အလိုက် သက်ဆိုင်ရာ header file များ တွဲပြီး သုံးပေးရပါတယ်။
    program တစ်ပုဒ်မှာ လိုက်နာရမဲ့ အချက် (၅) ချက် ရှိပါတယ်။
    ၁။ header file ဖြင့် စ ရေးရမည်
    ၂။ void main () ရေးပေးရမည် (ဒီအချက်ကို နောက်ပိုင်းမှာ အကျယ် ရေးပေးပါ့မယ်။ လောလောဆယ် အဲသလိုသာ မှတ်ထားပေးပါ)
    ၃။ program ၏ statement များကို { (begin) & } (end) ကြားထဲတွင် ရေးရမည်။
    ၄။ programထဲတွင် သုံးထားသမျှ variable အားလုံးကို ကြေငြာပေးရမည်။
    ၅။ statement တစ်ခု ဆုံးတိုင်း ; ဖြင့် အဆုံးသတ်ရမည်
    eg.....
    1
    #include <iostream.h>
    (header file များ အသုံးပြုရာတွင် #include နှင့် တွဲရေးရမည်။
    2
    void main ()
    3
    {
    4
    variables declaration;
    5 statements;
    statements;
    ..........
    4
    }
  • edited October 2008 Registered Users
    အဓိက ကတော့ variable ပေါ့ဗျာ
    C++ program မှာ Input ဘဲလုပ်လုပ်၊ Output ဘဲ လုပ်လုပ် အဓိကအနေနဲ့ variable ကနေ တစ်ဆင့် အသုံးပြုကြပါတယ်။ Input လုပ်တယ်ဆိုတာကလဲ keyboard ကနေပြီးတော့ variable တစ်ခုခုထဲကို တန်ဘိုး ရိုက်ထည့်ပေးရတာကိုးဗျ
    Turbo C မှာကတော့ scanf ကို သုံးတယ်
    C++ မှာကတော့ cin>> ကို အသုံးပြုပါတယ်။
    scanf ကို အသုံးပြုမယ်ဆိုရင် header file <stdio.h>ကို အသုံးပြုပေးရပါမယ်။
    သူ့ကို အသုံးပြုရမဲ့ ပုံစံကတော့
    scanf("conversion character",&variable name); ပါ
    conversion character ဆိုတာကတော့ variable type အလိုက် ခွဲခြားထားပါတယ်
    int (Integer)
    > %d
    float (real)
    >%f
    char (Character)----> %c ပါ
    ဥပမာအားဖြင့် variable တစ်ခုဖြစ်တဲ့ a ဆိုတဲ့ အထဲကို integer တန်ဘိုးတစ်ခု keyboard ကနေ ရိုက်ထည့်ပေးမယ်ဆိုရင်
    scanf("%d",&a); လို့ ရေးပေးရပါမယ်။
  • edited October 2008 Registered Users
    minnandar wrote: »
    ကျွန်တော် ဆန္ဒပြုချင်တာတစ်ခုရှိပါတယ်ခင်များ။
    ဘယ် Programming Language ပဲဖြစ်ဖြစ်ပေါ့။ စဉ်းစားပုံချင်းကတော့ အတူတူပါပဲ။ ဒီတော့ ကျွန်တော့်အနေနဲ့ C++ ကို တခြား Programming Language နဲ့ နှိုင်းယှဉ်ပြီးလေ့လာစေချင်ပါတယ်။
    ဘာဖြစ်လို့လဲဆိုတာ Programming Language တစ်ခုနဲ့တစ်ခုဟာ ဆက်စပ်မှုရှိနေတာကြောင့် ဖြစ်ပါတယ်။ ဥပမာဗျာ-

    C++ ကိုလေ့လာနေတဲ့ အချိန်မှာ Pascal လိုမျိုး အခြေခံအကျဆုံး Programming Language လေးနဲ့ နှိုင်းယှဉ်လေ့လာစေချင်ပါတယ်။
    ပုစ္ဆာ တစ်ခုကို Programming Language နှစ်ခုနဲ့ ရေးကြည့်တဲ့သဘောပါပဲ။ Pascal နဲ့ ရေးသားအောင်မြင်သွားတဲ့ Programming ကို C++ နဲ့ ပြန်ရေးသားဖို့ သိပ်မခက်ခဲလောက်ပါဘူး။
    ဒီတော့ C++ ကို တော်တော်လေး သိသွားသာနဲ့ အမျှ တခြား ပူးတွဲလေ့လာတဲံ Programming Language ကိုလဲ လေ့လာပြီသားဖြစ်သွားတာပေါ့။ အချိန်ကုန်လည်းသက်သာတာပေါ့။
    ကျွန်တော် ဖြစ်ချင်တဲ့ ဆန္ဒလေပါ။ တင်ပြကြည့်တာပါ။ တချို့ကတော့ Only One Way ပဲပြေးတဲ့သူတွေရှိပါတယ်။ ဒါလဲကောင်းတာပါပဲ။ မိမိစိတ်ကြိုက်ပေါ့နော။ ကျွန်တော်ကတော့ ကျွန်တော်ကြိုက်တဲ့ နည်းလေးကို တင်ပြကြည့်တာပါ။

    ကျေးဇူူးတင်ပါသည်။

    မင်းနန္ဒာ

    ကိုMinnandar ပြောတာမှန်ပါတယ် ....ဘယ် Language ကိုလေ့လာ လေ့လာ .. ကိုယ်နဲ့ ၇င်းနှီးပြီးသားတစ်ခုနဲ့တွဲ ပြီးလေ့လာ၇င် .. စဉ်းစား၇င် ပိို အတတ်မြန်ပါတယ်..
  • edited October 2008 Registered Users
    အစ်ကိုတို့ရေ ကျွန်တော်က ဒီ c++ဆိုတာကြီးကို ဘာဆိုဘာမှကိုမသိတာပါ
    ကျေးဇူးပြဲုပြီးတော့ ရှင်းပြပေးလို့ရမလားခင်ဗျ

    အခြေခံကစပြီး လေ့လာလို့ရမယ့် (မြန်မာ) အီဘွတ်လေးဘာလေးရှိဘူးလားဟင်:d:d:d

    ကောင်ပေါက်စ ေ၇ ..

    C++ ကို မြန်မာလို လေ့လာ ချင်၇င် .. ဆ၇ာ ဦးအောင်မြင့် ေ၇းထားတဲ့ teach yourself C++ Vol: 1 နဲ့ 2 .. အဲဒီနောက်မှာတော့ Complete C++ Vol: 1,2 နဲ့့ 3 ဆိုပြီး ထပ်ထွက်သေးတယ်ဗျ . ခု ၇န်ကုန်မြို့ ထဲက ဆိုင်တွေမှာ . Complete C++ ၇ဲ့ Vol: 1 and 3 ပဲ၇တော့မယ် ..Vol: 2 ကရှိတော့ဘူး .. ကုန်သွားပြီတဲ့ မနှစ်ကပြောတာ .ဟီး ...

    ဆ၇ာကြီး၇ဲ့ စာအုပ်တွေက ကောင်းတယ်ဗျ .. လေ့လာမယ်ဆို၇င် ၀ယ်ထားသင့်တယ်.. Vol:2 မရှိ၇င် ကျွန်တော့် ဆီလာယူ ... :D
  • edited December 2008 Registered Users
    ကြားဖျက်အစီအစဉ်နဲ့ ကျနော့်မှာရှိတဲ့စာအုပ်လေးမျှလိုက်ပါရစေ။ ဒီဖိုရမ် တစ်နေရာရာမှာတင်ထားပြီးသားဆိုရင် ဖျက်ပေးပါ။ ဒါမှမဟုတ် နေရာလွဲနေရင် သင့်တော်ရာကို ရွှေ့ပေးပါ ခင်ဗျား။

    Thinking in C++, 2nd Edition, Vol.1
    http://www.4shared.com/file/74793919/c2c6e032/TICPP-2nd-ed-Vol1.html
    
    Thinking in C++, 2nd Edition, Vol.2
    http://www.4shared.com/file/74794958/4c7a2d19/TICPP-2nd-ed-Vol2.html
    
    အသုံး၀င်မှာပါ။ လေ့လာကြပါခင်ဗျာ။
  • edited April 2009 Registered Users
    ကျွန်တော်တစ်ခုပြောချင်ပါတယ်....အပေါ်မှာရေးထားတာတွေမှာ header files တွေတပ်တာတွေ
    မပြောသေးတာကိုလက်ခံနိုင်ပေ့မယ့်....main ကိုရေးတဲ့အခါမှာရှေ့မှာ int ကိုဘာကြောင့်ရေးပါတယ်
    ဆိုတာကိုမပြောဘဲနဲ့ variable တွေကြေငြာတာကိုပြောသွားတာကိုတွေ့ရတယ်...နောက်ပြီးcin/cout
    တွေရေးတဲ့အခါမှာမသေသတ်တာတွေ့ရတယ်။ဒီပြောနေတဲ့နေရာမှာ return ကိုနည်းနည်းမပြောသေး
    ဘဲချန်ထားနိုင်ပေမယ့် main ရဲ့ရှေ့မှာ int လို့ရေး return 0 လို့ပြန်နေတာကိုတွေ့ရတယ်...နောက်ပြီး
    တစ်ယောက်မေးထားတာမှာ conio.h ဆိုတဲ့ header files ရဲ့အသုံးကိုမေးထားတယ်......conio.h
    ကို clrscr(),getch(),getche() ဆိုတဲ့ function တွေကိုသုံးတဲ့အခါသုံးပါတယ်......:103::103:
Sign In or Register to comment.