MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

C++ အကြောင်းဆွေးနွေးမယ်

2

မှတ်ချက်များ

  • edited April 2009 Registered Users
    c++ ကိုဆက်လက်ဆွေးနွေးကြပါဦး...edu.mysteryzillion.org မှာလည်း c++ ကိုမညိုညိုမြင့်
    သင်နေတယ်ထင်တယ်...ဒီMZ မှာရှိတဲ့ Members တွေအားလုံး c++ နဲ့ပတ်သက်လို့ E-Book
    တွေရှိတယ်ဆိုရင် share စေချင်ပါတယ်...ကိုစေတန်ကိုလည်းအကူအညီတောင်းချင်ပါတယ်......
    c++ နဲ့ပတ်သက်တဲ့ e-book တွေရှိရင် share ပေးပါဦးနော်...:103::103::103::103::103:
  • edited April 2009 Registered Users
    ကျွန်တော်လည်း ခုမှာ c++ ကိုစလေ့လာနေတယ်ဗျ။
    edu ကိုလည်းမေ့နေတယ်။ သတိဖော်ပေးတာ ကျေးဇူးတင်ပါတယ်ဗျာ။
    မညိုညိုမြင့် သင်ခန်းစာတွေသွားဖတ်လိုက်ဦးမယ်။
  • edited April 2009 Registered Users
    ကိုသာသာရေ...မညိုညိုမြင့်ကမသင်တော့ဘူးထင်တယ်.နော်..ကိုစေတန်ကိုမေးကြည့်ပါဦး..
  • edited April 2009 Registered Users
    ဟုုတ်တယ်အကိုုရေ...
    မညိုုညိုုမြင့်ကမသင်တော့ဘူးလားသိ၀ူး.... ရပ်ထားတာတော်တော်ကြာပြီ.... စကားမစပ် စီ++ ကိုုမြန်မာလိုုရှင်းပြထားတဲ့ ebook လေးတွေရှိရင် ရှယ်ပေးပါအုုံးအကိုုတိုု့ရေ.... အခုုမှ စီ++ ကိုုစလေ့လာမှာဆိုုတော့ မြန်မာလိုုလေးဆိုုရင်ပိုုအဆင်ပြေတာပေါ့ဗျာ(ဟီး အလွယ်လိုုက်တာ):P:P
  • edited April 2009 Registered Users
    အင်းဟုတ်ကဲ့ရှိတယ်ဗျ..ဒါပေမယ့်E-Bookမဟုတ်ဘူးဗျ..စာအုပ်ဖြစ်နေတယ်...အစ်ကိုလိုချင်ရင်မိတ်တူလာကူးလေ..တကယ်ပြောတာပါ..လိုချင်ရင်PMပို့လိုက်တစ်နေရာရာမှာ
    တွေ့ကြတာပေါ့ဗျာ...
  • edited May 2009 Registered Users
    bluerays wrote: »
    အင်းဟုတ်ကဲ့ရှိတယ်ဗျ..ဒါပေမယ့်E-Bookမဟုတ်ဘူးဗျ..စာအုပ်ဖြစ်နေတယ်...အစ်ကိုလိုချင်ရင်မိတ်တူလာကူးလေ..တကယ်ပြောတာပါ..လိုချင်ရင်PMပို့လိုက်တစ်နေရာရာမှာ
    တွေ့ကြတာပေါ့ဗျာ...

    ကျွန်တော်မှာရှိတဲ့ C++ စာအုပ်လေးကိုE-books လုပ်ချင်တယ်ဗျာ....Digitalize လုပ်မှာပေါ့ဗျာ\:D/အဲဒါE-Book ဘယ်လိုလုပ်ရတယ်ဆိုတာနည်းနည်းမျှပါဦးဗျာ.....
  • edited May 2009 Registered Users
    ဟေးဟေး...ပျော်စရာကြီး...အခမဲ ့သင်ရမှာ...ရေးနော်...အစအဆုံးရေး...
    အနော်..လေ ့လာနေမှာ...နာမလည်းရင်...အိမ်မှာလာပြောပြနော်.:d:d:d
    နောက်တာမဟုတ်ဘူး..အပြင်ပေးမထွက်လို ့အိမ်က...ဟဲ ဟဲ :d:d:d
    ကျေးဇူးလဲ အားကြီးတင်တယ်...
  • edited May 2009 Moderators
    ကိုသာသာရေ...မညိုညိုမြင့်ကမသင်တော့ဘူးထင်တယ်.နော

    ကျွန်တော်မေးကြည့်ပေးမယ်လေ :):):)
  • edited May 2009 Registered Users
    ကိုTsuna Lade...ကျေးဇူးပါဗျာ...
  • edited May 2009 Moderators
    ကိုtsuna lade...ကျေးဇူးပါဗျာ...

    အကိုသင်မယ်တဲ့ခင်ဗျ သူလည်းမအားသေးလို ့
  • edited May 2009 Registered Users
    softheart wrote: »
    ဟုုတ်တယ်အကိုုရေ...
    ် စီ++ ကိုုမြန်မာလိုုရှင်းပြထားတဲ့ ebook လေးတွေရှိရင် ရှယ်ပေးပါအုုံးအကိုုတိုု့ရေ.... အခုုမှ စီ++ ကိုုစလေ့လာမှာဆိုုတော့ မြန်မာလိုုလေးဆိုုရင်ပိုုအဆင်ပြေတာပေါ့ဗျာ(ဟီး အလွယ်လိုုက်တာ):p:p
    စက်ထဲမှာ ဒေါင်းထားတာရှိလို့ တင်ပေးလိုက်တယ်။ ဘယ်ကဒေါင်းထားတာလဲတော့ မမှတ်မိတော့ဘူး။ ဒေါင်းလို့ရမယ်လို့ထင်ပါတယ်။

    Thanks to original uploader
  • edited May 2009 Registered Users
    mathsxero wrote: »
    C++ ကို use ပြီး ဘယ်လို application software တွေကို creat လုပ် နိုင်ပါသလဲ၊ ?
    ကိုMathsxero ခင်ဗျာ...Power DVD ကို C,C++ကိုသုံးပြီးတည်ဆောက်ထားပါတယ်ခင်ဗျာ...:103:
  • edited May 2009 Registered Users
    Tsuna lade wrote: »
    အကိုသင်မယ်တဲ့ခင်ဗျ သူလည်းမအားသေးလို ့
    ကိုTusna Lad ..အကိုဆိုတာက..ဘယ်သူတုန်းဗျ....:103::103:
  • edited May 2009 Moderators
    မဟုတ်ဘူး မညိူညိုမြင့်သင်မယ်ကိုပြောတာ ဆိုလိုတာက ကိုဘီလူးရေးရေ မညိူညိုမြင့်ကသင်မယ်လို ့ပြောတာကျွန်တော်ပြောရင်စကားကလိုရင်းမရောက်တော့ဘူး\:d/\:d/\:d/
  • edited May 2009 Registered Users
    အစ်ကိုလုပ်မှဘဲကျွန်တော်လဲအစွယ်တွေပေါက်လာပြီ....အဲတော့ပစ်တွေလွဲကုန်ပြီဟ
  • edited May 2009 Registered Users
    bluerays wrote: »
    ကိုMathsxero ခင်ဗျာ...Power DVD ကို C,C++ကိုသုံးပြီးတည်ဆောက်ထားပါတယ်ခင်ဗျာ...:103:


    ညီလေးရေ ... Power DVD က Visual C++ နဲ့ create လုပ်တာနဲ့တူတယ်နော် ...
  • edited May 2009 Registered Users
    bluerays wrote: »
    ကိုMathsxero ခင်ဗျာ...Power DVD ကို C,C++ကိုသုံးပြီးတည်ဆောက်ထားပါတယ်ခင်ဗျာ...:103:


    ညီလေးရေ ... Power DVD 8 က Visual C++ နဲ့ create လုပ်တာနဲ့တူတယ်နော် ...
  • edited May 2009 Registered Users
    ဟုတ်ပါတယ်ခင်ဗျာ..viscual c++ နဲ့လုပ်သွားတာပါခင်ဗျာ..c++မှာကconsole ပိုင်းကိုအလေးထားတာပါ...Graphic ပိုင်းကိုc++
    နဲ့ရေးဖို့ကတော်တော်လေးကိုခက်ပါတယ်ခင်ဗျာ....ကိုWilLyရေ..အစ်ကိုPost ကနှစ်ခုထပ်နေတယ်ခင်ဗျ..တစ်ခုကိုဖျက်လိုက်ပါဦးဗျ..
  • edited May 2009 Moderators
    willy wrote: »
    ညီလေးရေ ... Power DVD 8 က Visual C++ နဲ့ create လုပ်တာနဲ့တူတယ်နော် ...

    အကိုရေ visual C++ နဲ ့ ဆိုတာလည်း C++ ပါပဲ
    များသောအားဖြင့် C++ ဆိုတာနဲ ့screen အပြာကြီးနဲ ့ Turbo C++ ကိုသွားမြင်ကြတယ်
    အမှန်မှန်ကတော့ html web page တွေကို notepad နဲ ့ရေးလို ့ရသလို dream weaver နဲ ့လည်းရေးလို ့ရပါတယ်ဒီသဘောပါပဲခင်ဗျ အဲဒီရေးတဲ့ဟာတွေကို IDE လို ့ခေါ်ပါတယ်ခင်ဗျ
  • edited May 2009 Registered Users
    Tsuna lade wrote: »
    အကိုရေ visual C++ နဲ ့ ဆိုတာလည်း C++ ပါပဲ
    များသောအားဖြင့် C++ ဆိုတာနဲ ့screen အပြာကြီးနဲ ့ Turbo C++ ကိုသွားမြင်ကြတယ်
    အမှန်မှန်ကတော့ html web page တွေကို notepad နဲ ့ရေးလို ့ရသလို dream weaver နဲ ့လည်းရေးလို ့ရပါတယ်ဒီသဘောပါပဲခင်ဗျ အဲဒီရေးတဲ့ဟာတွေကို IDE လို ့ခေါ်ပါတယ်ခင်ဗျ


    အင်း Editor တွေကိုတော့သိတယ် ..
    ဒါပေမယ့် .. C++ နဲ့ Visual C++ ကနဲနဲ ကွာမလားလို့ ...
    ကျွန်တော်ပဲရောနေတာလားတော့မသိဘူး ....

    Visual C++ မှာ လား Visual C++.Net မှာလားမသိဘူး ... Namespaceတွေသုံးထားတာတွေ့တယ် ...

    မှားရင်ပြောနော် .
  • edited May 2009 Moderators
    willy wrote: »
    အင်း Editor တွေကိုတော့သိတယ် ..
    ဒါပေမယ့် .. C++ နဲ့ Visual C++ ကနဲနဲ ကွာမလားလို့ ...
    ကျွန်တော်ပဲရောနေတာလားတော့မသိဘူး ....

    Visual C++ မှာ လား Visual C++.Net မှာလားမသိဘူး ... Namespaceတွေသုံးထားတာတွေ့တယ် ...

    မှားရင်ပြောနော် .

    ကျွန်တော်ထင်တာမကွာတော့မကွာဘူး နောက်ပိုင်း tool တွေနဲ ့ဆိုတော့ function ပိုသုံးလိုရတဲ့သဘောထင်တယ် (အထင်ပါ)
  • edited May 2009 Registered Users
    ကျွန်တော်တို့ဒီPost က တော့ပစ်တော့မလွဲပါဘူး..ဒါပေမယ့် C++ အကြောင်းကိုဆက်လည်းပြောရင်း C++ ရဲ့ နောက်ပိုင်းအခန်းတွေ
    ကိုဆက်လက်ဆွေးနွေးကြပါဦးခင်ဗျာ...ဆက်လက်ဆွေးနွေးပေးနိုင်မဲ့ member တွေကဦးဆောင်ပြီးဆက်လက်ဆွေးနွေးပေးပါခင်ဗျာ..
    ကျွန်တော်ကလည်းကူညီပါမယ်ခင်ဗျာ...ဖိတ်ခေါ်ပါတယ်ခင်ဗျာ....
  • edited May 2009 Registered Users
    namespace က .net feature မဟုတ်ပါဘူး..
    native c++ မှာကတည်းကသုံးလို့ရတာပါ..
    .net feature တွေသုံးလို့ရတယ့် C++ ကို managed c++ လို့ခေါ်ပါတယ်...
    ဒါဆိုရင်တော့ .net runtime ပေါ်မှာ မှီခိုနေတော့မှာပါ...
    .net feature တွေဘာတွေ ဘာမှမသုံးတာကို native c++ လို့ခေါ်ပါတယ်..
    ဒါဆိုရင်တော့ platform independent program တွေရေးလို့ရပါတယ်..
    c++ နဲ့ဘာတွေရေးလဲဆိုတော့ ကျွန်တော်တို့ဆော့နေတဲ့ computer game တွေ အများစုက c++ နဲ့ရေးထားတာပါ..
    OS တွေဖြစ်တဲ့ windows, linux ဘာပဲကြည့်ကြည့် c နဲ့သာရေးထားတာပါ...
    နောက်ပိုင်း extend ထပ်လုပ်တာကတော့ တစ်မျိုးပေါ့...
  • edited May 2009 Registered Users
    C++ ရဲ့နောက်ပိုင်းတွေဖြစ်ဖြစ်နည်းနည်းခေါင်းစားနိုင်တဲ့အပိုင်းလေးတွေကိုဆက်လက်ဆွေးနွေးပေးကြပါဦးဗျာ....C++ Template
    ပိုင်းတို့လိုမျိုးပေါ့ဗျာ...လုပ်ကြပါ..အားပေးနေပါတယ်ဗျ
  • edited May 2009 Registered Users
    C++ ရဲ့ Socketing ပိုင်းလေးကိုရှင်းပြပေးကြပါလားခင်ဗျာ .. Java နဲ့ယှဉ်လိုက်ရင် Distributed ပိုင်းပိုခက်တယ်လို့ပြောကြလို့ ..



    ကျေးဇူးပါ ..
  • edited May 2009 Registered Users
    ကို willy ရေ..C++ ရဲ့ နာမည်ကြီး function တွေကိုအခုနောက်ပိုင်းမသုံးတော့ဘူးလို့ပြောလာကြတယ်ဗျို့....နောက်ပြီး C++ ကို
    မြန်မာနိုင်ငံမှာသင်ကြားရေးအထောက်အကူပြု language လိုဘဲသဘောထားပြီးလုပ်ကိုင်လာကြတာကိုတွေ့ရတယ်ဗျ....အဓိကကြတဲ့
    ခေါင်းစားစေမယ်ဟာတွေကြတော့ဘယ်သူမှမလုပ်ကြဘူးနော်..ကိုယ်နဲ့မဆိုင်သလိုဘဲလုပ်နေကြတယ်ဗျို့
  • edited May 2009 Registered Users
    bluerays wrote: »
    ကို willy ရေ..C++ ရဲ့ နာမည်ကြီး function တွေကိုအခုနောက်ပိုင်းမသုံးတော့ဘူးလို့ပြောလာကြတယ်ဗျို့....နောက်ပြီး C++ ကို
    မြန်မာနိုင်ငံမှာသင်ကြားရေးအထောက်အကူပြု language လိုဘဲသဘောထားပြီးလုပ်ကိုင်လာကြတာကိုတွေ့ရတယ်ဗျ....အဓိကကြတဲ့
    ခေါင်းစားစေမယ်ဟာတွေကြတော့ဘယ်သူမှမလုပ်ကြဘူးနော်..ကိုယ်နဲ့မဆိုင်သလိုဘဲလုပ်နေကြတယ်ဗျို့

    yes .. so u should ask ur Teacher , Sayar Ma Ei** @ UCSY .. :P
  • edited May 2009 Registered Users
    ကျွန်တော်တို့ဒီတော့ပစ်ကနည်းနည်းနှေးနေတယ်နော်..အစကလိုဘယ်သူမှတက်တက်ကြွကြွမရှိကြတော့ဘူး..လုပ်ကြပါဦး....အကုန်လုံး
    ကိုဖိတ်ပါတယ်ဗျ...
  • edited May 2009 Registered Users
    C++ ရဲ့ Socket ပိုင်းကိုလေ့လာချင်သူတွေအတွက်အောက်ပါဆိုက်မှာသွားရောက်လေ့လာနိုင်ပါတယ်ခင်ဗျာ.........
    http://www.adp-gmbh.ch/win/misc/sockets.html
    
  • edited May 2009 Registered Users
    baganthar wrote: »
    အင်း ကောင်းတယ် အစ်ကို ဆက်ပြောပါဦး
    ကျွန်တော်လည်း C++ သင်နေရတာ။
    ဒါနဲ ့iostream.h နဲ ့ iosteam နဲ ့ ဘယ်ဟာကို လူသုံးပိုများလဲ။
    iostream.h က တော့ old system လို ့ပြောတာဘဲ

    မနေ့တနေ့ကအထိ ကျွန်တော်လဲ မသိပါ။

    သို့သော် ...

    ဒီလိုဗျ။ Microsoft Visual Studio မှာ C/C++ standard library တွေကို implement လုပ်တော့ကာ microsoft က သူများနည်းတူ standard အတိုင်း မလုပ်ပဲနဲ့ တချို့တွေကို ပြင်ပစ်တယ်။ ဥပမာအားဖြင့် hash_map တို့ hash_set တို့မှာဆိုရင် interface တောင် မတူဘူး (performance အတွက်လို့ အကြောင်းပြတယ်။) program တွေ port လုပ်ရင် သိပ်ဒုက္ခရောက်ရတယ်။ နောက် namespace တွေကိုလဲ ပြောင်းပစ်လိုက်သေးတယ်။ ဥပမာအားဖြင့် Visual Studio 2005 နောက်ပိုင်းမှာဆိုရင် hash_map တို့ hash_set တို့က stdext namespace ထဲ ရောက်ကုန်တယ်။ စရေးခါစတုန်းက ၂ ပါတ်လောက် ရွာလည်သွားတယ်။

    အဲဒီလိုပဲ iostream class တွေ (istream, ostream) တို့ကို ရေးထားတဲ့ file ကို iostream.h လို့ နာမည်မပေးပဲနဲ့ကာ iostream လို့ပဲ file extension မပါပဲ ပေးပစ်တယ်။ ဒါကြောင့်မို့လို့ Visual Studio နဲ့ ရေးတဲ့အခါကျရင် #include<iostream> ဖြစ်နေရတော့တာပါပဲ။

    ဘယ်ဟာကမှ latest version မဟုတ်ပါဘူး။ Borland C++ နောက်ဆုံး version မှာ iostream.h ပါပဲ။ Linux က Compiler တွေရဲ့ library တွေမှာလဲ iostream.h ပါပဲ။
  • edited May 2009 Registered Users
    khunmk wrote: »
    sorry သယ်ရင်း :D
    မဖြေတာကြာပေါ့..
    ဒါလေးကို download လုပ်ပြီး unzip လုပ်လိုက်ပါလား. Turbo C ပါ.. visual C++ က ကျွန်တော်လည်း တတ်ဘူးဗျ..
    Turbo C ကို ၂၀၀၁ ခုနှစ်ဆန်းက စပြီး ရင်းနှီးခဲ့ပါတယ်။ အဲဒီကနေ မတက်တာ စင်ကာပူရောက်ပြီး နဖူးတွေ့ဒူးတွေ့ရေးရတဲ့ အခါမှာပါပဲ။ ရေးမဲ့ရေးတော့ ARM6 SOC (SOC = System On a Chip) ကို Program လုပ်ခိုင်းတဲ့ Assignment မှာပါပဲ။ တခါမှ မတွေ့ဖူးတဲ့ Compiler/IDE နဲ့ နှစ်ပါးသွားခဲ့ရပါတယ်။

    အခု Microsoft Visual Studio .NET (2005) က C++ Compiler နဲ့ ရေးနေပါတယ်။ Linux မှာဆိုရင် Kdevelop 3 ကို သုံးပါတယ်။

    [email protected] ကို g-talk မှာ add ပြီး မေးမြန်းရင် အခမဲ့ ဖြေကြားပေးပါ့မယ်။ Turbo C++ 3 ကိုတော့ မသုံးသင့်တော့ပါ။ (အဲဒါက 16 bit library နဲ့ တွဲနေလို့ပါ) Borland ကိုပဲ သုံးချင်ရင် Borland Turbo C++ later versions တွေကို သုံးသင့်ပါကြောင်း။
  • edited May 2009 Registered Users
    Law Shay wrote: »
    အဲဒီလိုပဲ iostream class တွေ (istream, ostream) တို့ကို ရေးထားတဲ့ file ကို iostream.h လို့ နာမည်မပေးပဲနဲ့ကာ iostream လို့ပဲ file extension မပါပဲ ပေးပစ်တယ်။ ဒါကြောင့်မို့လို့ Visual Studio နဲ့ ရေးတဲ့အခါကျရင် #include<iostream> ဖြစ်နေရတော့တာပါပဲ။

    ဘယ်ဟာကမှ latest version မဟုတ်ပါဘူး။ Borland C++ နောက်ဆုံး version မှာ iostream.h ပါပဲ။ Linux က Compiler တွေရဲ့ library တွေမှာလဲ iostream.h ပါပဲ။

    ကျနော် Linux ပေါ်မှာ c++ program ငယ်လေးတွေရေးကြည့်တယ် .. ကျနော့် program ငယ်လေးထဲမှာ
    #include <iostream>
    

    လို့ပဲရေးတယ် `.h` တောင်မထည့်ပါဘူး .. ရပါတယ် .. သူက ဘယ်လိုရေးရေးရတယ် မဟုတ်လား?
  • edited May 2009 Registered Users
    khunmk wrote: »
    အင်း... ပြောရရင်တော့..
    ဒီပုစ္ဆာမှာဆိုရင် မရပါဘူး...
    return အကြောင်းကို နောက်ပိုင်းမှ ပြောရအောင်... ပြောဖို့လည်း အများကြီးလိုပါသေးတယ်..
    အကြမ်းဖျင်းအရင်ပြောမယ်နော်..

    (အထက်က ပြောခဲ့တဲ့ ပုစ္ဆမှာနော်) အဲ့ဒီ return 0 က main() ဆိုတဲ့ function ကို ခေါ်လိုက်တာနဲ့ value 0 ကို return ပြန်ဖို့ ပြောတာပါ။

    နောက်ထပ် အကြမ်းဖျင်းရရင်တော့... user ဆီက လက်ခံမဲ့ (variable) တွေက ပြောင်းလဲနိုင်လို့ပါ။
    ဒီပုစ္ဆာ ကိုကြည့်ကြည့်ပါ..

    #include<iostream.h>
    void main()
    {
    int num1 = 5, num2 = 3;
    float ans;
    ans = num1/num2;
    cout<<"Answer for 5 divided by 3 is "<<ans;
    }

    ဒီပုစ္ဆာမှာဆိုရင် user ဆီက ဘာမှ လက်မခံတော့ပဲနဲ့ အသေ ရိုက်ထဲ့ပြီးတော့ ၅ ကို ၃ နဲ့စားတာကို ရေးပြထားတာပါ။ void main() ဆိုတာကို နည်းနည်း ပြောစရာရှိမှာပါ။ အဲ့ဒါလည်း နောက်မှ ပြောရအောင်။ return ပြန်စရာမလိုလို့ main() ဆိုတဲ့ body function ကို void လို့ ရေးခဲ့တာပါပဲ။ return 0 နဲ့ ညီတယ်ပြောရမှာပေါ့။

    အခုတော့ အဲ့လောက်ပဲနော်.. :D

    ထောက်ပြပါရစေ။

    C/C++ ဟာ function တွေနဲ့ တည်ဆောက်ထားပါတယ်။ function တွေအားလုံးဟာ return တခုခု ပြန်ရပါတယ်။ function declaration ရဲ့ syntax ကတော့ ဒီလိုရယ်ပါ။
    return_type scope::function_name(parameter_type1 parameter1,..., parameter_typen parametern);
    

    အဲဒီမှာ scope:: က မပါလို့ရပါတယ်။ C++ အဆင့်မြင့်လာရင် သိလာပါလိမ့်မယ်။ parameter တွေက အရေအတွက် ကြိုက်သလောက် ရှိနိုင်ပြီး မပါလို့လဲ ရပါတယ်။ return_type ကတော့ မပါလို့မရပါ။

    return မပြန်ချင်တဲ့ program တွေကို void လို့ ပေးလို့ရပါတယ်။

    user input နဲ့ ဘာဆိုဘာမှ မဆိုင်ပါဗျား။

    (မှတ်ချက်။ ။ UCSY က ဆရာမ အချို့လဲ အဲဒီအတိုင်းပဲ မှတ်ယူမှားနေတာကို ၀မ်းနည်းဖွယ် တွေ့ရှိခဲ့ရပါတယ်။ သူတို့ အသင်လွဲလို့ ကျွန်တော်လဲ ၂ လလောက် ရွာလည်ဖူးပါတယ်။)
  • edited May 2009 Registered Users
    kkawave wrote: »
    Turbo C 3.0 program
    ဖြင့် အောက်ပါပရိုဂရမ်အားcompile လုပ်ရာerror တက်နေပါသည်..ဘာကြောင့်ပါလဲ..oopရေးခြင်ရင်ဘာပရိုဂရမ်သုံးရပါသလဲ....
    #include <iostream>
    using name space std;
    int main( ) {
    cout<<"Hello";
    return 0;
    }
    error မှာ header ဖိုင်ကို undifiedဖြစ်နေပါတယ်
    coutကိုလဲမသိပါဘူးလို့ပြောနေပါတယ်..
    #include<iostream.h>နဲ့ဆိုရင်sucess ဖြစ်ပါတယ်..
    သိတဲ့ဆရာသမားများသေချာရှင်းပြပေးပါ:106::106::106:

    #include <iostream.h> လို့ပြင်လိုက်ပါ။

    တတ်နိုင်ရင် version မြင့်တဲ့ compiler များကို သုံးစေချင်ပါတယ်။ (conio.h သည် standard မဟုတ်ပါ။ ကျွန်တော်ကိုယ်တိုင် Turbo C++ နဲ့ ၈ နှစ်နီးပါး အချိန်ဖြုန်းခဲ့ပြီး အခုနောင်တ ရနေရပါတယ်။)
  • edited May 2009 Registered Users
    C++ programming ကိုခုမှ စလေ့လာမှာပါ
    စိတ်၀င်စားတာကတော့ programming language တိုင်းကိုပါ
    compiler မှာ run တဲ့အခါ တက်တဲ့ error တွေကိုအမျိုးအစားခွဲပြပေးကြပါဦး
    syntax error ဆိုတာဘာ , semantic error ဆိုတာဘာဆိုပြီး
    နောက်ပြီး C++ ကို run တဲ့အခါ ဘယ်မှာ run ရမှာပါလဲ
    ဖြစ်နိုင်ရင် download link လေးပါ ပေးစေချင်ပါတယ်
    C++ ကိုဆက်ပြီး ဆွေးနွေးကြစေချင်ပါတယ်
    ကျေးဇူးတင်ပါတယ်:)

    Syntax Error = Grammar Error

    "ထမင်း စားပြီး ကျွန်တော် ပြီ။" ကို သင်နားလည်ပါသလား။ အမှန်ဖြစ်ရမှာသည် "ကျွန်တော် ထမင်းစားပြီးပြီ။" ဖြစ်ပါသည်။ ၀ါကျအဆုံးတွင် ပုဒ်မ ချရပါသည်။ ကတ္တား (ကျွန်တော်)က ရှေ့ဆုံးမှာ ဖြစ်ပြီး ကံ (ထမင်း) က သူ့နောက်က လိုက်ရပါသည်။ ထို့နည်းတူ program တပုဒ်တွင် syntax error ဆိုသည်မှာ ရေးထုံးရေးနည်းအတိုင်း မရေးသောကြောင့် စက် (compiler) က နားမလည်သောအခါ တက်သော error ဖြစ်ပါသည်။ ဥပမာအားဖြင့် ... function declaration syntax မှာ အောက်ပါအတိုင်းဖြစ်သည်။
    return_type <scope::>function_name(parameter_type parameter ... );
    

    အဲဒါကို

    int main(void) လို့ရေးရင် မှန်တာပေါ့။ int က type, main က function name ပေးထုံးတွေ (alphabet or _ နဲ့စ၊ alphabet, _ or number ပဲပါ) တွေနဲ့ ကိုက်ညီ၊ parameter list ကိုလဲ void လို့ပေးခွင့်ရှိ။

    myClass main(void) လို့ myClass ကို ကြိုတင်ပြီးတော့ class, struct, union or typedef မကြေငြာပဲရေးရင် မှားပြီပေါ့။ ဘာလို့လဲဆိုတော့ myClass က type မှန်းမှ ကွန်ပျူတာက မသိပဲ။

    အချုပ်အားဖြင့်ဆိုသော် ဆီမီးကိုးလုံး (;) ကျန်တာ၊ type မှားတာ (C++ သည် strong typing language ဖြစ်သည်။)၊ function call မှာ default value မပေးထားတဲ့ parameter ပြုတ်ကျန်တာ၊ variable name စာလုံးပေါင်းမှားတာ၊ function name စာလုံးပေါင်းမှားတာ အားလုံး syntax error ဖြစ်ပါသည်။

    semantic error ဆိုတာကတော့ အိမ်သာတက်ချင်တယ် လို့ပြောချင်တာကို ပါးစပ်က ထမင်းစားပြီးပြီလို့ ထွက်သွားတာမျိုးပေါ့။ လုပ်ခိုင်းချင်တာက တခြား၊ ကိုယ်ရေးလိုက်မိတဲ့ ကုဒ်ရဲ့ အဓိပ္ပါယ်ကတခြားမို့ program က ကိုယ်လုပ်ခိုင်းချင်တာကို မလုပ်ပဲ သူကုဒ်ကို နားလည်သလို လုပ်သွားတာကို ခေါ်ပါတယ်။
  • edited May 2009 Registered Users
    box02 wrote: »
    ကျနော် Linux ပေါ်မှာ c++ program ငယ်လေးတွေရေးကြည့်တယ် .. ကျနော့် program ငယ်လေးထဲမှာ
    #include <iostream>
    

    လို့ပဲရေးတယ် `.h` တောင်မထည့်ပါဘူး .. ရပါတယ် .. သူက ဘယ်လိုရေးရေးရတယ် မဟုတ်လား?

    Auto extension တပ်ပေးလို့ဖြစ်ပါလိမ့်မယ်။ အဓိကက .h ပါတာ မပါတာထက် ရေးဖို့က အဓိကပါပဲ။
  • edited May 2009 Registered Users
    ကိုလောရှည်ခင်ဗျ...ကျွန်တော်တစ်ခုတောင်းဆိုချင်ပါတယ်ခင်ဗျ....ကျွန်တော်က UCSY ကပါခင်ဗျာ....ကျွန်တော်တို့ကျောင်းမှာသင်တာမှာ Template နဲ့ socket ပိုင်းကိုနည်းနည်းလေးမှမသင်သွားပါဘူးခင်ဗျ...ကျွန်တော်တောင်းဆိုချင်တာက ကိုလောရှည် အားမယ်ဆိုရင်ဒီ MZ မှာ သင်ချင်တဲ့ MEMBERS တွေကို socket ပိုင်းနဲ့ Template , inheritance , pointer ပိုင်းတွေကိုသင်ပေးစေလိုပါတယ်ခင်ဗျာ..အစ်ကိုလည်းအဆင်ပြေရင်ပေါ့လေ
  • edited May 2009 Registered Users

    ကျွန်တော် ဆန္ဒပြုချင်တာတစ်ခုရှိပါတယ်ခင်များ။
    ဘယ် Programming Language ပဲဖြစ်ဖြစ်ပေါ့။ စဉ်းစားပုံချင်းကတော့ အတူတူပါပဲ။ ဒီတော့ ကျွန်တော့်အနေနဲ့ C++ ကို တခြား Programming Language နဲ့ နှိုင်းယှဉ်ပြီးလေ့လာစေချင်ပါတယ်။
    ဘာဖြစ်လို့လဲဆိုတာ Programming Language တစ်ခုနဲ့တစ်ခုဟာ ဆက်စပ်မှုရှိနေတာကြောင့် ဖြစ်ပါတယ်။ ဥပမာဗျာ-

    C++ ကိုလေ့လာနေတဲ့ အချိန်မှာ Pascal လိုမျိုး အခြေခံအကျဆုံး Programming Language လေးနဲ့ နှိုင်းယှဉ်လေ့လာစေချင်ပါတယ်။
    ပုစ္ဆာ တစ်ခုကို Programming Language နှစ်ခုနဲ့ ရေးကြည့်တဲ့သဘောပါပဲ။ Pascal နဲ့ ရေးသားအောင်မြင်သွားတဲ့ Programming ကို C++ နဲ့ ပြန်ရေးသားဖို့ သိပ်မခက်ခဲလောက်ပါဘူး။
    ဒီတော့ C++ ကို တော်တော်လေး သိသွားသာနဲ့ အမျှ တခြား ပူးတွဲလေ့လာတဲံ Programming Language ကိုလဲ လေ့လာပြီသားဖြစ်သွားတာပေါ့။


    I really agree Ko Min Nandar's suggestion.:77:
    I hope someone will discuss to compare C++ and other programming language. I want to request to share knowledge about it, if someone know very well.

    I appreciate your discussions.
    Beginner
  • edited May 2009 Registered Users
    Law Shay wrote: »
    syntax error = grammar error

    "ထမင်း စားပြီး ကျွန်တော် ပြီ။" ကို သင်နားလည်ပါသလား။ အမှန်ဖြစ်ရမှာသည် "ကျွန်တော် ထမင်းစားပြီးပြီ။" ဖြစ်ပါသည်။ ၀ါကျအဆုံးတွင် ပုဒ်မ ချရပါသည်။ ကတ္တား (ကျွန်တော်)က ရှေ့ဆုံးမှာ ဖြစ်ပြီး ကံ (ထမင်း) က သူ့နောက်က လိုက်ရပါသည်။ ထို့နည်းတူ program တပုဒ်တွင် syntax error ဆိုသည်မှာ ရေးထုံးရေးနည်းအတိုင်း မရေးသောကြောင့် စက် (compiler) က နားမလည်သောအခါ တက်သော error ဖြစ်ပါသည်။ ဥပမာအားဖြင့် ... Function declaration syntax မှာ အောက်ပါအတိုင်းဖြစ်သည်။
    return_type <scope::>function_name(parameter_type parameter ... );
    
    အဲဒါကို

    int main(void) လို့ရေးရင် မှန်တာပေါ့။ int က type, main က function name ပေးထုံးတွေ (alphabet or _ နဲ့စ၊ alphabet, _ or number ပဲပါ) တွေနဲ့ ကိုက်ညီ၊ parameter list ကိုလဲ void လို့ပေးခွင့်ရှိ။

    myclass main(void) လို့ myclass ကို ကြိုတင်ပြီးတော့ class, struct, union or typedef မကြေငြာပဲရေးရင် မှားပြီပေါ့။ ဘာလို့လဲဆိုတော့ myclass က type မှန်းမှ ကွန်ပျူတာက မသိပဲ။

    အချုပ်အားဖြင့်ဆိုသော် ဆီမီးကိုးလုံး (;) ကျန်တာ၊ type မှားတာ (c++ သည် strong typing language ဖြစ်သည်။)၊ function call မှာ default value မပေးထားတဲ့ parameter ပြုတ်ကျန်တာ၊ variable name စာလုံးပေါင်းမှားတာ၊ function name စာလုံးပေါင်းမှားတာ အားလုံး syntax error ဖြစ်ပါသည်။

    semantic error ဆိုတာကတော့ အိမ်သာတက်ချင်တယ် လို့ပြောချင်တာကို ပါးစပ်က ထမင်းစားပြီးပြီလို့ ထွက်သွားတာမျိုးပေါ့။ လုပ်ခိုင်းချင်တာက တခြား၊ ကိုယ်ရေးလိုက်မိတဲ့ ကုဒ်ရဲ့ အဓိပ္ပါယ်ကတခြားမို့ program က ကိုယ်လုပ်ခိုင်းချင်တာကို မလုပ်ပဲ သူကုဒ်ကို နားလည်သလို လုပ်သွားတာကို ခေါ်ပါတယ်။

    ဟား ဟား.. မိုက်စာကွာ..
    ဥပမာတွေက ရှင်းလင်းသွားတာပဲပဲ :))
  • edited May 2009 Registered Users
    Hi all brothers!

    I know about C++ but I haven't known about Java.:O
    Could you discuss these two languages by comparing?
    I want to request all of you to teach about it.


    I appreciate your teaching. :77::77:
    Beginner
  • edited May 2009 Registered Users
    bluerays wrote: »
    ကိုလောရှည်ခင်ဗျ...ကျွန်တော်တစ်ခုတောင်းဆိုချင်ပါတယ်ခင်ဗျ....ကျွန်တော်က UCSY ကပါခင်ဗျာ....ကျွန်တော်တို့ကျောင်းမှာသင်တာမှာ Template နဲ့ socket ပိုင်းကိုနည်းနည်းလေးမှမသင်သွားပါဘူးခင်ဗျ...ကျွန်တော်တောင်းဆိုချင်တာက ကိုလောရှည် အားမယ်ဆိုရင်ဒီ MZ မှာ သင်ချင်တဲ့ MEMBERS တွေကို socket ပိုင်းနဲ့ Template , inheritance , pointer ပိုင်းတွေကိုသင်ပေးစေလိုပါတယ်ခင်ဗျာ..အစ်ကိုလည်းအဆင်ပြေရင်ပေါ့လေ
    June 10 မှာ သေမဲ့နေ့ ... အဲလေ deadline ရှိပါတယ်။ အဲဒါပြီးရင် သိသမျှ အိပ်သွန်ဖာမှောက် အကုန်ရေးပေးပါ့မယ်။ (ရေးတဲ့အထဲမှာ မှားနေတာ လွဲနေတာရှိရင်လဲ ဘယ်သူမဆို ကြီးငယ်မဟူ စီနီယာ ဂျူနီယာ မခွဲပဲ ထောက်ပြပေးပါလို့ တလေးတစား တောင်းဆိုပါရဲ့။ အဲဒါမှ ကျွန်တော်လဲ အကျိုးရှိမှာလေ။)

    Socket ကတော့ Networking သမားနဲ့ အများကြီးဆိုင်ပါတယ်။ အဲဒီအပိုင်းကတော့ မကျွမ်းပါဘူး။ (QE တောင် Network နဲ့ ကျတော့မလို့)
  • edited May 2009 Registered Users
    C++ နှင့် Java ဘယ်လိုဆက်ဆက်မှု့ရှိတယ ်ဆိုတာကို ရှင်းပြပေးမယ်ဆိုလျှင် ကျေးဇူးအထူးတင်နေမှာ.....
    Java အကြောင်းကို ဘာမှမသိလို့ပါ...


    အားလုံးကို လေးစားလျှက်....:77:
    Beginner
  • edited May 2009 Registered Users
    ကျွန်တော်သိတာပြောရရင် C++ ကလည်း OOP concept ၊ Java ကလည်းအတူတူဘဲ..လေ..နောက်ပြီး C++ ရဲ့ ဂရုစိုက်ရတဲ့
    Error တော်တော်များများကို Java မှာကသိပ်ဂရိုက်ပြုစရာမလိုဘူးလေ
  • edited May 2009 Registered Users
    ကျွန်တော်သိတာပြောရရင် C++ ကလည်း OOP concept ၊ Java ကလည်းအတူတူဘဲ..လေ..နောက်ပြီး C++ ရဲ့ ဂရုစိုက်ရတဲ့
    Error တော်တော်များများကို Java မှာကသိပ်ဂရိုက်ပြုစရာမလိုဘူးလေ


    ကျေးဇူး... Ko bluerays
    ဥပမာ လေးနှင့်ရှင်းပြမယ် ဆိုလျှင် ကျေးဇူးအရမ်းတင်မှာပါ...:77:

    လေးစားလျှက်....
    Beginner
  • edited May 2009 Registered Users
    ကျွန်တော်ကသိဘဲသိတာဗျ...ဥပမာဆိုကျွန်တော်ဘယ်ဟာကိုပြရမယ်ဆိုတာတောင်မသိဘူးဗျ...ကျွန်တော်ရိုးရိုးသားသားဝန်ခံတာပါ
    ကျွန်တော်ထက်ပိုသိတဲ့လူတွေအများကြီးရှိကြပါတယ်..သူတို့ကိုရှင်းပြဖို့တောင်းဆိုရမှာဘဲနော်
  • edited May 2009 Registered Users
    bluerays wrote: »
    ကျွန်တော်သိတာပြောရရင် C++ ကလည်း OOP concept ၊ Java ကလည်းအတူတူဘဲ..လေ..နောက်ပြီး C++ ရဲ့ ဂရုစိုက်ရတဲ့
    Error တော်တော်များများကို Java မှာကသိပ်ဂရိုက်ပြုစရာမလိုဘူးလေ

    http://opera.lawshay.com/2008/07/umdh_09.html

    စကားမစပ်ဗျာ။ C/C++ ရဲ့ ခေါင်းခဲစရာကြီးဖြစ်တဲ့ မှတ်ဉာဏ်ယိုပေါက် (Memory Leakage) သို့မဟုတ် အမှိုက်သိမ်းကျန်ခြင်း (Bad Garbage Collection) ပြဿနာကို UMDH ဖြင့် Windows မှာ ရှာတဲ့နညး်လမ်းလေးပါ။ (ကျွန်တော့်ဘလော့ဂ်က ယူလာတာ လင့်ခ်ပေးလို့ရပါတယ်နော်)
  • edited May 2009 Registered Users
    C++ နှင့် Java ဘယ်လိုဆက်ဆက်မှု့ရှိတယ ်အကြောင်းကို မြန်မာလိုရှင်းလင်းချက်လေးများ သိချင်ပါတယ် ကူညီကြပါအုံး.....:((:((:((
  • edited May 2009 Registered Users
    ကိုလောရှည်..C++ ရဲ့နောက်ပိုင်းကို E-Books ရှိရင်မျှပါဦးဗျ
  • edited May 2009 Moderators
    Beginner wrote: »
    C++ နှင့် Java ဘယ်လိုဆက်ဆက်မှု့ရှိတယ ်အကြောင်းကို မြန်မာလိုရှင်းလင်းချက်လေးများ သိချင်ပါတယ် ကူညီကြပါအုံး.....:((:((:((

    ကျွန်တော်သိသလောက်တော့ပြောကြည့်မယ် မှားနေတာ လိုနေတာရှိရင်တော့ထောက်ပြနော်
    ကျွန်တော် သိသလောက်ကတော့ C++ မှာ error မတက်ပဲနဲ ့ java မှာ error တက်တာတွေကပိုများပါတယ် ဘာဖြစ်လို ့လဲဆိုတော့ တစ်ချို ့ C++ မှာက error မတက်ပဲနဲ ့ error
    ဖြစ်နေတာတွေရှိပါတယ် အဲဒါမျိုးကို java က error message တွေပြပါတယ် handle လုပ်လို ့ရတာပေါ့ဗျာ နောက်ပြီး C++ မှာ new ဆိုပြီး dynamic array ဆိုပြီးသုံးရင် pointer လေးတွေသုံးရပါတယ် java မှာတော့မလိုဘူးတယ်ခင်ဗျ
  • edited May 2009 Registered Users
    ကျေးဇူး... Tsuna lade
    ဥပမာ လေးနှင့်မရှင်းပြချင်ဘူးလားဟင်.....o:)o:)o:)

    အားကိုးပါတယ်..:77:

    လေးစားလျှက်....
    Beginner progress.gif
Sign In or Register to comment.