MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

C++ အကြောင်းဆွေးနွေးမယ်

13»

မှတ်ချက်များ

  • edited May 2009 Registered Users

    C++ မှာ new ဆိုပြီး dynamic array ဆိုပြီးသုံးရင် pointer လေးတွေသုံးရပါတယ် java မှာတော့မလိုဘူးတယ်ခင်ဗျ


    Tsuna lade..ပြောပုံအရ...Java မှာ Pointer သုံးစရာ့မလိုဘူးပေါ့။ ဟုတ်လား?...

    မသိလို့ပြန်မေးတာပါ။ စိတ်မဆိုးနဲ့နော်....

    အားလုံးကို လေးစားလျှက်....:77:
    Beginner
  • edited May 2009 Registered Users
    သုံးစ၇ာလိုတော့လိုပါတယ်ခင်ဗျာ...
  • edited May 2009 Registered Users
    Tsuna lade wrote: »
    ကျွန်တော်သိသလောက်တော့ပြောကြည့်မယ် မှားနေတာ လိုနေတာရှိရင်တော့ထောက်ပြနော်
    ကျွန်တော် သိသလောက်ကတော့ C++ မှာ error မတက်ပဲနဲ ့ java မှာ error တက်တာတွေကပိုများပါတယ် ဘာဖြစ်လို ့လဲဆိုတော့ တစ်ချို ့ C++ မှာက error မတက်ပဲနဲ ့ error
    ဖြစ်နေတာတွေရှိပါတယ် အဲဒါမျိုးကို java က error message တွေပြပါတယ် handle လုပ်လို ့ရတာပေါ့ဗျာ နောက်ပြီး C++ မှာ new ဆိုပြီး dynamic array ဆိုပြီးသုံးရင် pointer လေးတွေသုံးရပါတယ် java မှာတော့မလိုဘူးတယ်ခင်ဗျ

    ပြောရင်းနဲ့မှ အမှားတွေ့ပြီ။ (ကျွန်တော့်အမှားပါ)

    ရှေ့တုန်းက C/C++ ကို strong typing language လို့ မှားပြောခဲ့တယ်။ C/C++ က အဲဒီလောက် strong type မဖြစ်ပါဘူး။ အလွယ်တကူ type cast လို့ရသလို auto type cast လဲ လုပ်ပေးပါတယ်။ (ဖြစ်တဲ့ပြဿနာ programmer ခံပါ)

    Java ကတော့ တကယ့်ကို strong typing language ပါ။ (စာရိုက်တဲ့ typing မဟုတ်ပါ။) အဲဒါကြောင့် error/exception ပိုများပါတယ်။

    နောက်တခုက Java မှာ primitive data type မဟုတ်တာနဲ့ အကုန် Object တွေပဲ ဖြစ်ပါတယ်။ အဲဒါအားလုံးကို Pointer လို့ပဲ ယူရပါတယ်။ (default က pass by reference ဖြစ်နေပါတယ်။ C/C++ မှာကတော့ pass by value ပါ။)

    java ရဲ့ အဓိက အားသာချက်ကတော့ အမှိုက်သိမ်းစနစ် (garbage collection system) ပါပဲ။ coder က လုံး၀ အမှိုက်သိမ်းစရာမလိုပဲ ရေးချင်သလိုရေးလို့ ရပါတယ်။
  • edited May 2009 Registered Users
    bluerays wrote: »
    ကိုလောရှည်..c++ ရဲ့နောက်ပိုင်းကို e-books ရှိရင်မျှပါဦးဗျ

    မေးတာကို နားမလည်ပါ။
  • edited May 2009 Registered Users
    Stream File (ofstream, ifstream) များသုံးသည့်အခါ stream file variable တခုတည်းကိုပဲ ဖိုင်အမျိုးမျိုး၊ သို့မဟုတ် ဖိုင်တဖိုင်တည်းကို ဖွင့်ချည်ပိတ်ချည် လုပ်သည့်အခါ error bit များ (eof, bad etc) ကို explicityly clear လုပ်ရန် လိုပါတယ်။ နို့မဟုတ်ရင် အဲဒီ bit တွေကြောင့် ဖတ်မရပဲ ဖြစ်တတ်ပါတယ်။

    ဥပမာ
    while(condition)
    {
      myfile.open(filename,ios_base::in);
      //do something with myfile until myfile is bad (bad = eof or other error)
      myfile.close();
      myfile.open(filename2, ios_base::in);
      if(myfile.bad())
        [COLOR="DarkRed"]//do this[/COLOR]
      myfile.close();
    }
    
    ဆိုရင် အနီနဲ့ပြထားတဲ့ do this ကို သေချာပေါက် လုပ်ပြီပဲ။

    ဘာလို့လဲဆိုတော့ myfile ဟာ ပထမတခါ ဖွင့်ထားတုန်းက bad ဖြစ်တဲ့အထိ လုပ်ထားတယ် (ဥပမာ ဖိုင်ကို ကုန်အောင် ဖတ်ထားတယ်) လေ။ ဒါကြောင့် နောက်တခါ ပြန်မဖွင့်ခင်မှာ (myfile.close(); နဲ့ myfile.open(filename2, ios_base::in); ကြားထဲမှာ) myfile.clear(); ဆိုတာလေး ထည့်ပေးဖို့ လိုပါတယ်။
    while(condition)
    {
      myfile.open(filename,ios_base::in);
      //do something with myfile until myfile is bad (bad = eof or other error)
      myfile.close();[COLOR="Yellow"]
      myfile.clear();[/COLOR]
      myfile.open(filename2, ios_base::in);
      if(myfile.bad())
        [COLOR="DarkRed"]//do this[/COLOR]
      myfile.close();
    }
    
  • edited May 2009 Registered Users
    Law Shay wrote: »
    မေးတာကို နားမလည်ပါ။
    အော်ကျွန်တော်ဆိုလိုတာက command line , socket , တို့ကိုပြောတာပါခင်ဗျာ:103:
  • edited June 2009 Registered Users
    သူငယ်ချင်းရေ ကျွန်တော်ကိုတော့အရမ်းတက်တယ်လို့တော့မထင်ပါနဲ့ programmar တွေက program တွေမြင်ရင်အသည်းယားတက်တယ် ဆွေးနွေးတဲ့လူရှိရင်စကားပြောချင်ကြတယ်လေ ..
    သိတယ်မဟုတ်လား ဗလကထိန်းထားလို့ရတယ် ဇကထိန်းလို့သိပ်မရတော့ သိသလောက်ကို အကြံပြုခွင့်ပေးပါ မှားတာရှိရင်ခွင့်လွှတ်စေချင်ပါတယ် ... တကယ်တော့ ဘယ် program ပဲဖြစ်ဖြစ် အဓိက အကျဆုံးက ဘာလဲလို့မေး ရင်တော့ code တွေပါပဲ program တစ်ပုဒ်မှာလိုအပ်တဲ့ code တွေမပါ တာတို့ ကျန်ခဲ့တာတို့ဆိုရင်တော့ ကျွန်တော်တို့ သူငယ်ချင်းတို့ ရေးထားတဲ့ program တစ်ပုဒ်ဟာ ထမင်းစားခါနီး လက်ဆေးတဲ့ရေလောက်တောင် အသုံးမ၀င်နိုင်ပါဘူး .... ကျွန်တော်ကတော့ program တစ်ပုဒ်ရေးတော့မယ်ဆိုရင် စက်နဲ့run တာထက် လက်နဲ့ အရင်run တာကို ပိုနှစ်သက်မိတယ် ဘာလို့လဲဆိုတော့ program ရေးတော့မယ်ဆိုရင် လက်မမြဲလို့ကတော့ သေပြီသာပဲ အဟဲ စက်ပေါ်တက်run တော့မယ့်programmar ကလက်မြဲနေစေချင်ပါတယ် ဆရာလုပ်တယ်လို့တော့မထင်ပါနဲ့ လက်တွေ့ကြုံခဲ့ရတဲ့ ဒုကကို ရင်ဖွင့်ပြတာပါ .... program ရဲအငွေအသက်ကိုရှုလိုက်မတိုင်း ကျွန်တော် က pseudo (ပဆူဒို) ကို အရမ်းသတိရတာပဲဗျာ အဟီး ပြောလိုက်တာနည်းနည်းများသွားတယ် နောက်တော့မှ ဆက်အုံးမယ်နော့် မှားတာရှိရင်ခွင့်လွတ်ပေးဖို့
    (i=1, sorry>100; i++)
    :D:D:D:D:D:D
  • edited June 2009 Registered Users
    ဟုတ်ပါတယ်..ကိုယ်ရေးတဲ့ဟာကိုစက်ပေါ်မှာတင် run မှ Error ရှိလားမရှိလားသိစရာမလိုဘူး..ကိုယ်လက်နဲ့ရေးထဲကအစ်ကိုပြောသလိုဆိုလက်မြဲဖို့လိုတာပေါ့နော်...
  • edited June 2009 Registered Users
    C++ နဲ့ C# ဘယ်ဟာပိုကောင်းလဲ။ ကောင်းကွက်ဆိုးကွက်လေးတွေ သိချင်ပါတယ်။ Visual C++ 2008 run ဖို့ .net framework လိုပါသလား။ Game Engine တော်တော်များ ကတော့ C++ & Visual C++ (2005-2008) သုံးကြတယ်။ Visual C++ 2008 ကကော Platform independent ဖြစ်ပါသလား။ Visual C++ ဖြစ်ဖြစ် C# နဲ့ပဲ ဖြစ်ဖြစ် OS(window) ထဲက File (.jpg,.exe,.ping,etc..)တွေကို ယူ သုံး ချိတ်ဆက်တဲ့နည်း ပြောပြပေးပါလား။ Window temp dir ထဲက Files တွေ Folder တွေ ဖျက်တဲ့ program မျိုးလေးရေးချင်လို့ပါ။ :):):):)

    ကိုလောရှည် ခင်ဗျား.. အစ်ကို့ကိုကျွန်တော် invite လုပ်ထားပါတယ်။ လက်ခံပေးပါနော် ...
    [email protected]
  • edited June 2009 Registered Users
    C++ နဲ့ c# နဲ့ကကျွန်တော်အထင်တော့ဘာမှမဆိုင်လောက်ဘူးထင်တယ်နော်
  • edited June 2009 Registered Users
    C# က ms ကနေမှ C++ ကို ခိုးထားတာ.. :D
    အခုလည်းလာတော့မယ်.. J# တဲ့..

    VC ++ 2008 က .net framework လိုပါတယ်..
  • edited June 2009 Registered Users
    gwasar wrote: »
    c# က ms ကနေမှ c++ ကို ခိုးထားတာ.. :d
    အခုလည်းလာတော့မယ်.. J# တဲ့..

    Vc ++ 2008 က .net framework လိုပါတယ်..

    j# ကပေါ်တာ ကြာပြီ မှတ်လား
  • edited July 2009 Registered Users
    C++ ကို cplusplus website ရဲ့ tutorial ထဲကနေ selfstudy လုပ်နေတာ... consturctor , destructor , dynamic memory တွေကို သဘော မပေါက်လို့ ပါ.... ကျေးဇူး ပြုပီး...

    object oriented ဆိုတဲ့ အဓိပ္ပာယ်ကိုလည်း သေချာ မသိဘူးဗျ...
  • edited July 2009 Moderators
    အကိုရေ ပိုစ်နှစ်ခုထပ်နေတယ်ဗျ
  • edited August 2009 Registered Users
    blueviruz5 wrote: »
    C++ နဲ့ C# ဘယ်ဟာပိုကောင်းလဲ။ ကောင်းကွက်ဆိုးကွက်လေးတွေ သိချင်ပါတယ်။ Visual C++ 2008 run ဖို့ .net framework လိုပါသလား။ Game Engine တော်တော်များ ကတော့ C++ & Visual C++ (2005-2008) သုံးကြတယ်။ Visual C++ 2008 ကကော Platform independent ဖြစ်ပါသလား။ Visual C++ ဖြစ်ဖြစ် C# နဲ့ပဲ ဖြစ်ဖြစ် OS(window) ထဲက File (.jpg,.exe,.ping,etc..)တွေကို ယူ သုံး ချိတ်ဆက်တဲ့နည်း ပြောပြပေးပါလား။ Window temp dir ထဲက Files တွေ Folder တွေ ဖျက်တဲ့ program မျိုးလေးရေးချင်လို့ပါ။ :):):):)

    ကိုလောရှည် ခင်ဗျား.. အစ်ကို့ကိုကျွန်တော် invite လုပ်ထားပါတယ်။ လက်ခံပေးပါနော် ...
    [email protected]

    C++ က cross-platform standard ပါ။ ANSI C/C++ Standard ကို လိုက်နာပြီး ရေးထားရင် အတော်လေး platform-independent ဖြစ်ပါတယ်။ C# ကတော့ Microsoft ရဲ့ java killer ပါ။ Develop and Compile ကို Windows မှာပဲ လုပ်ရပါတယ်။ Object Code ကတော့ .NET ရှိတဲ့ စက်တိုင်း run နိုင်ပါပြီ။

    ပုံတွေကို ကိုင်တဲ့ C++ library သုံးဖူးပါတယ်။ ပြန်ရှာပေးပါ့မယ်။

    ူအွန်လိုင်းခင်မင်သူအားလုံး [email protected] ကို add ပါရန်။ အခြား mail လိပ်စာမှာ အပြင်မှာ မြင်ဖူးသူများထဲမှ ရင်းနှီးသူများကိုသာ ရွေးချယ်လက်ခံပါသည်။
  • edited August 2009 Registered Users
    လောကအလှ အွန်လိုင်း မဂ္ဂဇင်းကို ဒီညနေ ဆောင်းပါး တစ်ပုဒ် ရေးပေးလိုက်ပါတယ်။ (http://www.lawka-ahla.com) qsort ကို သုံးပုံ သုံးနည်း၊ ခေါ်ပုံခေါ်နည်းပါ။ array sorting ကို ကိုယ်တိုင်ရေးစရာ မလိုတော့တဲ့အတွက် ညီအစ်ကိုတို့ ကြိုက်မှာပါ။ ဒီဘက်မှာ ပြန်လာတင်ပေးပါတယ်နော။ (မူရင်းကိုလဲ ဖြစ်နိုင်ရင်သွားကြည့်ကြပါ။ ကုဒ်ကို ဒေါင်းလုဒ်လုပ်နိုင်ပါတယ် ပြောတာပဲ။)

    http://www.lawka-ahla.com/news.php?item.794

    ကွန်ပျူတာ သိပ္ပံ (Computer Science) လေ့လာသူတွေနဲ့ သတင်းနည်းပညာ (IT) လေ့လာသူတွေအတွက် အစီအစဉ်ဆွဲနည်း (Programming) သင်ခန်းစာတွေမှာ မပါမဖြစ်ကတော့ အချက်အလက်များကို စီခြင်း (Sorting) အစီအစဉ်ပါပဲ။ Sorting စီတဲ့ နည်းလမ်းစဉ် (Algorithm) အမျိုးပေါင်း မြောက်များစွာ ရှိတဲ့အထဲက Bubble Sort, Counting Sort, Insertion Sort, Selection Sort နဲ့ Quick Sort တို့ဟာ ထင်ရှားပါတယ်။ (စာရေးသူ အကြိုက်ဆုံးကတော့ Selection Sort ဖြစ်ပြီး အကြောင်းရင်းကတော့ နားလည်ရလွယ်လွန်းလို့ ဖြစ်ပါတယ်။) ဒါပေမယ့်လက်တွေ့ဘ၀မှာ အသုံး၀င်တာကတော့ နားလည်ရခက်၊ ရေးရတာ လက်၀င်တဲ့ Quick Sort လေ။ ရေးလိုက်ကြတဲ့ အစီအစဉ်တွေတိုင်းမှာ စီစရာ (object, data type) တစ်မျိုး ပေါ်လာတိုင်း Quick Sort ကို တစ်ခါ ထထ ရေးရမယ် ဆိုတာကတော့ လွန်လွန်းပါတယ်။ ဒါကြောင့် C/C++ စံသတ်မှတ်ချက်မှာ Array အားလုံးကို စီနိုင်ဖို့ qsort ဆိုတဲ့ function ပါနေတာ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ အဲဒီ qsort ကို အသုံးပြုနည်းကို ရေးသားပေးမှာ ဖြစ်ပါတယ်။ qsort ရဲ့ သတ်မှတ်ချက်မှာ အစီအစဉ်ရေးသားသူ (programmer) ဒါမှမဟုတ် ကုဒ်ဒါကို ခြိမ်းခြောက်နေတာကတော့ pointer တွေပါပဲ။ ရိုးရိုး Data Pointer တွေတင်မကပဲ Function Pointer ကြီးပါ ပါနေတော့ Pointer ဆိုရင် ကျောစိမ့်နေကြလူတွေ လန့်ကုန်တာ မဆန်းပါဘူး။ ဒါပေမယ့် အကျောသိရင် လွယ်လွယ်ကလေးပါ။

    qsort ရဲ့ အဓိပ္ပါယ် သတ်မှတ်ချက်ကို အရင်ကြည့်ရအောင်နော်။ void qsort ( void * base, size_t num, size_t size, int ( * comparator ) ( const void *, const void * ) ); ပထမဆုံး return type ကတော့ ဒီ function ဟာ return မပြန်ပါဘူးလို့ အဓိပ္ပါယ်ရပါတယ်။ ဆိုလိုတာက ပေးလိုက်တဲ့ array ကို စီပဲ စီပေးမယ်။ ဘာ ဂဏန်းမှ တွက်ပြီး အဖြေမထုတ်ပေးပါဘူးပေါ့။ ပထမဆုံး parameter က စီရမဲ့ array ရဲ့ ပထမဆုံးအကွက်ရဲ့ လိပ်စာ (address) ပါ။ အများကြောက်တဲ့ pointer ပေါ့။ Array အားလုံးဟာ Fix Pointer တွေ ဖြစ်တဲ့အတွက် စိတ်ချလက်ချပဲ array name ကို ဖြည့်လိုက်လို့ရပါတယ်။ ဒုတိယ parameter ကတော့ Array ရဲ့ အရွယ်အစား (size) ဖြစ်ပါတယ်။ C/C++ မှာ Array ရဲ့ size ကို compile-time/run-time check မလုပ်ပဲ ကုဒ်ဒါကပဲ အမြဲ ကိုင်တွယ် ကြီးကြပ်ရတာမို့ ဒါကို ထည့်ပေးရတာပါ။ နို့မို့ရင် ဘယ်နှစ်ခု စီရမလဲ မသိပဲ ဖြစ်နေမယ်လေ။ ကိုယ့် Array မှာ Element ၁၀ ခုပါရင် 10 လို့ထည့်ပေါ့။ Variable တစ်ခုခု ထည့်လို့လဲ ရပါတယ်။ တတိယ parameter ကတော့ စီချင်တဲ့ Array Element တစ်ခုချင်းရဲ့ အရွယ်အစားပေါ့။ အဲဒါမှ အဲဒီ မှတ်ဉာဏ်တုံးကြီး (memory block) တွေကို ရွှေ့လို့ရမယ်လေ။ ဒါလဲ မခက်ပါဘူး။ sizeof(element) လို့ ပေးလိုက်ရင်ရပါတယ်။ စတုတ္ထနဲ့ နောက်ဆုံး parameter ကတော့ နည်းနည်း ရှင်းပြရ လက်၀င်ပါတယ်။ ဒါဟာ Function Pointer ကြီးဖြစ်ပါတယ်။ ကိုယ့်ဘာသာကိုယ် သတ်မှတ်ထားတဲ့ Element တွေကို နှိုင်းယှဉ်ချင်ရင် ဒီ Function နဲ့ တွက်ဆိုပြီး ပြောရတဲ့ သဘောပါ။ (နောက်တမျိုးပြောရရင် အဲဒီ Function ကြီးကို qsort ကနေ လှမ်းခေါ်မှာ ဖြစ်ပါတယ်။ အဲဒီ Function ကြီးက qsort ဆီကို ရှေ့ကကောင်က ငယ်ရင် အနှုတ်ကိန်း၊ တူရင် သုည၊ ကြီးရင် အပေါင်းကိန်း တစ်ခုခု return ပြန်ရပါမယ်။) အဲဒီ Function ကြီးရဲ့ ပုံစံကလဲ int function_name(const void* a, const void* b); ပဲဖြစ်ရပါမယ်။

    ပိုနားလည်လွယ်အောင် ဥပမာလေးနဲ့ ကြည့်ရအောင်နော်။ ဥပမာ ၀န်ထမ်းတွေကို လစာ အများဆုံးကနေ အနည်းဆုံးကို စီပြီးသား အစီရင်ခံစာထုတ်ပေးတဲ့ အစီအစဉ်ကို လိုချင်တယ်။ တကယ်လို့ လစာတူနေရင် လုပ်သက်ရင့်တဲ့လူကို ရှေ့မှာ ထားချင်တယ် ဆိုပါစို့။ ဒါဆိုရင် ၀န်ထမ်းတွေရဲ့ အချက်အလက်တွေကို သိမ်းဖို့ class တစ်ခု ဆောက်ရပါမယ်။

    class employee{
    int experience; //in year
    float salary; //in kyat
    /* Blar Blar Blar */
    public:
    bool operator < (employee &e) {
    If(this->salary == e.salary) return (this->experience < e.experience); else return (this->salary < e.salary); } void my_emp_function(void) { }
    /* More Blar Blar Blar */ }; ပေါ့။

    အဲဒီ Class မှာ လစာရယ်၊ လုပ်သက်ရယ်က Private Member တွေ ဖြစ်ပြီးတော့ အပြင်ကနေ ၀န်ထမ်းတွေကို နှိုင်းယှဉ်နိုင်ဖို့ operator ‘<’ ကို overload လုပ်ထားတဲ့ Function တစ်ခုပါပါတယ်။ ဒါပေမဲ့ qsort ထဲကို အဲဒီ function ကို ထည့်လိုက်လို့မရတဲ့အတွက် (qsort က လိုချင်တဲ့ ပုံစံနဲ့ operator ‘<’ ရဲ့ ပုံစံ Syntax မတူတဲ့အတွက်) qsort အတွက် Function ကို ဒီလိုရေးရပါမယ်။

    int employee_comparer(const void* a, const void* b) {
    employee *temp_e = (employee*) a; //type
    cast from void*
    employee *temp_f = (employee*) b; //to employee* if((*temp_e) < (*temp_f)) return -1;
    else return 1; }

    ရေးထားတဲ့ Function ရဲ့ ပထမ ၂ ကြောင်းကတော့ ဘာ type information မှမပါပဲ qsort က ရမ်းသန်းမှန်းသန်း ပို့လွွှတ်လိုက်တဲ့ Pointer ၂ ခုကို employee Pointer ဖြစ်အောင် ပြောင်းယူတာပါ။ အဲဒီမှာ တစ်ချက်သတိထားဖို့က အဲဒီလို ပြောင်းယူပြီးတာတောင် temp_e နဲ့ temp_f က Pointer ပဲ ရှိပါသေးတယ်။ ဒါကြောင့် သူတို့ကို သုံးတဲ့အခါမှာ Data of လို့ အဓိပ္ပါယ်ရတဲ့ ‘*’ လေးကို အမြဲထည့်ရပါမယ်။ (တကယ်လို့ သူတို့ထဲက function တွေ ခေါ်မယ်ဆိုရင်လဲ operator ‘.’ ကို မသုံးပဲ operator ‘->’ ကို ဒီလိုလေး temp_e->my_emp_function() ဆိုပြီးတော့ သုံးပေးရပါမယ်။) အဲဒီ ‘*’ လေးကို ထည့်ပြီး operator ‘>’ နဲ့ နှိုင်းယှဉ်လို့ရလာတဲ့ အဖြေပေါ်မူတည်ပြီး -1 သို့မဟုတ် +1 ကို qsort အတွက် return ပြန်ပေးလိုက်ရပါမယ်။

    ဒီ Function လေးရေးလို့ အချိုးပြေသွားပြီဆိုရင်တော့ qsort ကို စိတ်အေးချမ်းသာ အသုံးပြုနိုင်ပါပြီ။ (employee ရဲ့ private member တွေကို accessor method တွေကနေတဆင့် ခေါ်ထားတာ သတိပြုပါ။ တကယ်တမ်း ရေးတဲ့အခါကျတော့ သတိလက်လွတ် ဒီတိုင်း ရေးမိတတ်ပါတယ်။ အဲဒီလိုရေးချင်ရင်တော့လဲ friend လုပ်လိုက်ပေါ့ဗျာ၊ နော။) အောက်မှာက main Function ပါ။

    /* preprocessor Yada Yada Yada */
    void main(void) { employee myEmployeeArray[NUM_OF_EMPLOYEE];
    /* input data into myEmployeeArray */
    qsort(myEmployeeArray, NUM_OF_EMPLOYEE,
    sizeof(employee), employee_comparer); /*
    output sorted myEmployeeArray */ }


    MS Visual Studio 2005 Project Download Link
    ကို http://www.lawka-ahla.com/news.php?item.794 တွင် ရယူနိုင်ပါသည်။

    qsort ကို လွယ်လွယ်ခေါ်ပြီး ကုဒ်ဒါအပေါင်း သက်သာကြပါစေကြောင်း …
  • edited August 2009 Registered Users
    #include<iostream.h>
    int main()
    {
    cout<<"Hello World";
    } //end main

    အစ်ကို အဲ့ code ကို run တာ ဒီတိုင်းဆိုရင်မရဘူး using namespace std; ဆိုပြီး ရိုက်ရတယ်ခင်ဗျာ အဲ့ဒါတောင် display မှာ pause မပြဘူး process ပြီးတာနဲ့တန်းပြီးပိတ်သွားတယ်ခင်ဗျ။ "Hello World" ဆိုတာမမြင်လိုုက်ရဘူး။ ဘယ်လိုလုပ်ရမလဲခင်ဗျာ။ visual studio 2008 က C++ နဲ့ရေးတာပါ။ အခုမှC++ ကိုလေ့လာတာပါ။
  • edited August 2009 Registered Users
    #include<iostream.h>
    int main()
    {
    cout<<"Hello World";
    } //end main

    အစ်ကို အဲ့ code ကို run တာ ဒီတိုင်းဆိုရင်မရဘူး using namespace std; ဆိုပြီး ရိုက်ရတယ်ခင်ဗျာ အဲ့ဒါတောင် display မှာ pause မပြဘူး process ပြီးတာနဲ့တန်းပြီးပိတ်သွားတယ်ခင်ဗျ။ "Hello World" ဆိုတာမမြင်လိုုက်ရဘူး။ ဘယ်လိုလုပ်ရမလဲခင်ဗျာ။ visual studio 2008 က C++ နဲ့ရေးတာပါ။ အခုမှC++ ကိုလေ့လာတာပါ။
    တကယ့် standard မှာ cout က std namespace ထဲမှာ ရှိပါတယ်။ အရင်စာအုပ်တွေက Borland C Compiler ကို အခြေပြုပြီးရေးသားထားတဲ့ စာအုပ်တွေ၊ သင်ရိုးတွေ ဖြစ်ပြီးတော့ Borland C မှာ namespace std က default ဖြစ်ပါတယ်။ ဒါကြောင့် စာအုပ်တချို့မှာ အဲဒီစာကြောင်း မပါတာပါ (စာအုပ်ရေးသားသူရဲ့ ပေါ့ဆမှုပေါ့။)

    Project folder ထဲမှာ Debug Folder တွေ့မှာပေါ့နော် (မင်းပရောဂျက်ကို create လုပ်ပြီး သိမ်းလိုက်တဲ့ နေရာကို project folder လို့ ခေါ်ပါတယ်။) Default Setting အတိုင်းဆိုရင် compile (build F7) လုပ်လိုက်တဲ့ exe file အဲဒီအထဲမှာ ရှိပါတယ်။ အဲဒါကို ရှာပြီး run ကြည့်ရင် ဖြတ်ကနဲ ပျောက်မသွားပဲ ကြည့်လို့ရမှာပါ။ (မရသေးရင် အဲဒီ exe ကို လွယ်တဲ့တနေရာ ကူးထည့်ပြီး command line ကနေ run)

    Development Environment ထဲကပဲ run ချင်ရင်တော့ getchar(); ဆိုတာလေး ထည့်လိုက်ပါ။ Enter မနှိပ်မချင်း မထွက်ပဲ ဖြစ်နေပါလိမ့်မယ်။
  • edited August 2009 Registered Users
    ပညာရှင်တွေကြားမှာ အနှောက်အယှက်ပေးတယ်လို့ မယူဆစေချင်ဘူးဗျာ..
    ကျွန်တော်က မနေ့တစ်နေ့ကမှ(တစ်ကယ့်ကို မနေ့တစ်နေ့ကမှ) C++ ကို စာအုပ်လေးတွေ့ပီး စိတ်၀င်စားခဲ့တာပါ... ဒါနဲ့ပဲ C++ ကိုသုံးပီးတော့ ဂဏန်းနှစ်လုံးပေါင်းတဲ့ပုစ္ဆာလေးကို စရေးခဲ့တယ်..
    ကျွန်တော်သိချင်တာလေးတစ်ခုက အဲလို ဂဏန်းကို ဘယ်နှစ်လုံးဆိုတာ သတ်မှတ်ချက်မပေးပဲဘဲနဲ့
    ကြိုက်သလောက် (ဥပမာ... ၃ လုံးလဲဖြစ်ချင်ဖြစ်မယ်... ၁၀၀ လည်းဖြစ်ချင်ဖြစ်မယ်ပေါ့) ပေါင်းချင်တယ်ဆိုရင် ပုစ္ဆာကို ဘယ်လိုရေးရမလဲဆိုတာ စဉ်းစားလို့မရဘူးဖြစ်နေလို့ပါ...
    ကျွန်တော်လည်း "က" ကြီးတောင်မရေးတတ်သေးဘူး "အ" ကိုစမ်းသပ်သလိုဖြစ်နေမလားမသိဘူး....
    ဒါပေမယ့်လည်း သိချင်လို့ပါ .... ဖြေပေးပါဦး ............Topic လွဲနေရင်းလည်း ဆောရီးပါဗျာ..


    လေးစားလျှက်
  • edited August 2009 Registered Users
    ပညာရှင်တွေကြားမှာ အနှောက်အယှက်ပေးတယ်လို့ မယူဆစေချင်ဘူးဗျာ..
    ကျွန်တော်က မနေ့တစ်နေ့ကမှ(တစ်ကယ့်ကို မနေ့တစ်နေ့ကမှ) C++ ကို စာအုပ်လေးတွေ့ပီး စိတ်၀င်စားခဲ့တာပါ... ဒါနဲ့ပဲ C++ ကိုသုံးပီးတော့ ဂဏန်းနှစ်လုံးပေါင်းတဲ့ပုစ္ဆာလေးကို စရေးခဲ့တယ်..
    ကျွန်တော်သိချင်တာလေးတစ်ခုက အဲလို ဂဏန်းကို ဘယ်နှစ်လုံးဆိုတာ သတ်မှတ်ချက်မပေးပဲဘဲနဲ့
    ကြိုက်သလောက် (ဥပမာ... ၃ လုံးလဲဖြစ်ချင်ဖြစ်မယ်... ၁၀၀ လည်းဖြစ်ချင်ဖြစ်မယ်ပေါ့) ပေါင်းချင်တယ်ဆိုရင် ပုစ္ဆာကို ဘယ်လိုရေးရမလဲဆိုတာ စဉ်းစားလို့မရဘူးဖြစ်နေလို့ပါ...
    ကျွန်တော်လည်း "က" ကြီးတောင်မရေးတတ်သေးဘူး "အ" ကိုစမ်းသပ်သလိုဖြစ်နေမလားမသိဘူး....
    ဒါပေမယ့်လည်း သိချင်လို့ပါ .... ဖြေပေးပါဦး ............Topic လွဲနေရင်းလည်း ဆောရီးပါဗျာ..


    လေးစားလျှက်

    ဖတ်ရင်းနဲ့ looping ဆိုတာနားကို ရောက်လာပါလိမ့်မယ်။ အဲဒါနဲ့ လုပ်လို့ရပါတယ်။ ဆက်ဖတ်ကြည့်နော်။ လိမ္မာတယ်။
  • edited August 2009 Registered Users
    Law Shay wrote: »
    ဖတ်ရင်းနဲ့ looping ဆိုတာနားကို ရောက်လာပါလိမ့်မယ်။ အဲဒါနဲ့ လုပ်လို့ရပါတယ်။ ဆက်ဖတ်ကြည့်နော်။ လိမ္မာတယ်။

    ဟုတ် ကျေးဇူးတင်ပါတယ်ဗျာ...
    ဆက်ပီး ဖတ်ကြည့်လိုက်ပါမယ်..

    လေးစားလျှက်
  • edited September 2009 Registered Users
    C++ ကို run box ကနေ ဘယ်လိုသွားတာလည်း ပြောပြပေးပါ နော် run ကနေ သွားတာတော့ သိတယ် ပြီးရင်ဘာကိုရိုက်ထည့်ပေးရမှာလည်း လေးကျင့်ချင်လို့ပါ ပြေပြပေးပါရှင်:77:
  • edited September 2009 Registered Users
    rappid wrote: »
    C++ ကို run box ကနေ ဘယ်လိုသွားတာလည်း ပြောပြပေးပါ နော် run ကနေ သွားတာတော့ သိတယ် ပြီးရင်ဘာကိုရိုက်ထည့်ပေးရမှာလည်း လေးကျင့်ချင်လို့ပါ ပြေပြပေးပါရှင်:77:

    What do you mean by run box ?

    If you are still using Borland's Turbo C++ 3.0, then go to bin folder/directory in the installed directory. There will be tc.exe for you.

    I strongly recommend to use VC++. MS VS2008 contains an updated C++ standard and good.
  • edited September 2009 Moderators
    rappid wrote: »
    C++ ကို run box ကနေ ဘယ်လိုသွားတာလည်း ပြောပြပေးပါ နော် run ကနေ သွားတာတော့ သိတယ် ပြီးရင်ဘာကိုရိုက်ထည့်ပေးရမှာလည်း လေးကျင့်ချင်လို့ပါ ပြေပြပေးပါရှင်:77:

    ွှTC ကိုသုံးထားရင်တော့ C\TC ထဲက TC.exe ကိုသွားရတာပါ တခြား visual C++ ဆိုရင်တော့
    start ကနေသွားရတာပါ
  • edited October 2009 Registered Users
    မင်းပြောတာတွေတော်တော်အဆင့်မြင့်လာပြီ...ငါဘာမှမသိတော့ဘူး....:d :d
  • edited October 2009 Registered Users
    tsuna lade wrote: »
    အကိုရေ ပိုစ်နှစ်ခုထပ်နေတယ်ဗျ


    မင်းဖြေလိုက်တာတော်တော်ကိုပြည့်စုံသွားပြီ
  • edited October 2009 Administrators
    Object Oriented ကိုသိချင်ရင်တော့
    http://www.mysteryzillion.org/forums/showthread.php?t=4069
    

    မှာဖတ်လို့ရပါတယ်။ ဒါပေမယ့် အခုမှ C++ လေ့လာနေတဲ့လူအတွက်တော့ သိပ်အဆင်မပြေနိုင်ဘူးထင်ပါတယ် နည်းနည်းကြိုးစားဖတ်ရပါလိမ့်မယ်။

    တစ်ခြား C++ အကြောင်းတွေကိုတော့
    http://www.mysteryzillion.org/forums/showthread.php?t=47
    

    မှာတော်တော်များများ ဆွေးနွေးပြီးဖြစ်နေပါတယ် အဲဒီ့မှာပဲဆက်ပြီးဆွေးနွေးပါခင်ဗျာ။ အခု Thread ကိုလည်း C++ အကြောင်းဆွေးနွေးပါရဲ့အောက်မှာ ပေါင်းထားပါတယ်။
  • edited November 2009 Registered Users
    khunmk wrote: »
    syntax error ဆိုတာက ငါ့ညီ coding တွေကို ရိုက်သွားတဲ့အခါမှာ statement တစ်ကြောင်းကို ; နဲ့ မဆုံးမိတာတို့ ကိုယ် လက်ကွက်မှားသွားတဲ့ error တွေကို ဆိုလိုတာပါ။

    semantic error ကို logic-error လို့လည်း ပြောပါတယ်။ ကိုယ်က 1 နဲ့ 2 နဲ့ ပေါင်းတဲ့ program ကိုရေးပြီး + sign နေရာမှာ * sign သွားထည့်မိပြီး မပေါင်းပဲ မြောက်မိနေတယ်။ လိုချင်တဲ့ အဖြေကို မရဘူး။ coder ရဲ့ အတွေးအခေါ်မှား ယွင်းမှု ပြသာနာ ကိုဆိုလိုတာပါ။

    run တဲ့ အခါမှာ compiler တွေအများကြီးပါ mingw ဘာညာ အစရှိသဖြင့်ပေါ့။ IDE နဲ့ compiler တွေပါပြီးသား ဖြစ်တဲ့ tools တွေ အများကြီးပါ။ ထပ်ခါ ထပ်ခါ ပြောခဲ့ဖူးသော :D Turbo C, borland, VC++ 2003, VC++ .Net 2005-2008 အစရှိသဖြင့်ပေါ့။ ဖြစ်နိုင်ရင် VC++ .Net 2008 ၀ယ်ပြီး လေ့လာကြည့်စေချင်ပါတယ်။ Turbo ကို ညွန်းပြီးရင် အများစု Turbo ကနေ မတက်နိုင်တော့လို့ပါ။
    ဘာကြောင်.turbo က မ တတ် နိုင် တာ လဲ
  • edited November 2009 Moderators
    mohan wrote: »
    ဘာကြောင်.turbo က မ တတ် နိုင် တာ လဲ

    ဘာလို ့မတက်နိုင်တာလဲတော့မသိဘူး မတက်နိုင်တာတော့အမှန်ပါ ကျွန်တော်တို ့ကျောင်းမှာစာသင်တုံးက TC ထဲကဟာတွေ VC ထဲမှာ run လို ့ရလို ့တူတယ်ထင်လို ့
    (တကယ်လည်းတူပါတယ် :D:D) TC မှ TC ပဲ ။ VC နဲ ့ TC မတူဖူးလုပ်လိုက်သေးတယ် ဘာလို ့လည်း မသိဘူးဗျ တော်တော်များများက C++ ဆိုတာနဲ ့အပြာရောင် screen ကြီးနဲ ့ TC ကိုသွားမြင်လို ့ဒိတ်အောက်နေပြီပြောတဲ့သူကပြောနဲ ့
  • edited November 2009 Registered Users
    Tsuna lade wrote: »
    တော်တော်များများက C++ ဆိုတာနဲ ့အပြာရောင် screen ကြီးနဲ ့ TC ကိုသွားမြင်လို ့ဒိတ်အောက်နေပြီပြောတဲ့သူကပြောနဲ ့

    Check my blog about C++ :D
  • edited November 2009 Registered Users
    kkawave wrote: »
    Turbo C 3.0 program
    ဖြင့် အောက်ပါပရိုဂရမ်အားcompile လုပ်ရာerror တက်နေပါသည်..ဘာကြောင့်ပါလဲ..oopရေးခြင်ရင်ဘာပရိုဂရမ်သုံးရပါသလဲ....
    #include <iostream>
    using name space std;
    int main( ) {
    cout<<"Hello";
    return 0;
    }
    error မှာ header ဖိုင်ကို undifiedဖြစ်နေပါတယ်
    coutကိုလဲမသိပါဘူးလို့ပြောနေပါတယ်..
    #include<iostream.h>နဲ့ဆိုရင်sucess ဖြစ်ပါတယ်..
    သိတဲ့ဆရာသမားများသေချာရှင်းပြပေးပါ:106::106::106:

    ဒီလိုလေးရေးကြည့်ပါလား
    #include <iostream>
    using name space std;
    int main( ) {
    cout<<"Hello";
    return 0;
    system("PAUSE");
    }
  • edited November 2009 Registered Users
    question wrote: »
    ဒီလိုလေးရေးကြည့်ပါလား
    #include <iostream>
    using name space std;
    int main( ) {
    cout<<"Hello";
    return 0;
    system("PAUSE");
    }

    Turbo C++ 3.0 မှာ iostream ရဲ့ ဖိုင်နာမည်က iostream.h ပါ။ .h လေး ထည့်လိုက်ပါ။
Sign In or Register to comment.