MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

windows 2 ခုတင်ချင်လို့

edited July 2009 in Other
ကျွန်တော်ကို computer တစ်လုံးမှာ windows 2 ခုတင်နည်းလေးကို လူပိန်းလေးနားလည်အောင်ရှင်းပြပေးပါခင်ဗျာ။
ကျေးဇူးတင်ပါတယ်။

မှတ်ချက်များ

  • edited July 2009 Moderators
    နောင်နောင် (ခ) လူပိန်းလေးရေ အစ်တိုကြီးလည်း မသိဘာဘူးကွယ်။
    ပြတင်းပေါက်နှစ်ခုကို တစ်ပြိုင်တည်းသုံးချင်တာလား။ အဲလိုဆိုရင် ဟက်၀ဲပါဖောင်းမန့်ကောင်းတဲ့စက်ဆိုရင်တော့ ဗာကျူရယ်မက်ရှင်းနဲ့ တင်ပေါ့ကွယ်။ :d
  • edited July 2009 Registered Users
    နောင်နောင် (ခ) လူပိန်းလေးရေ အစ်တိုကြီးလည်း မသိဘာဘူးကွယ်။
    ပြတင်းပေါက်နှစ်ခုကို တစ်ပြိုင်တည်းသုံးချင်တာလား။ အဲလိုဆိုရင် ဟက်၀ဲပါဖောင်းမန့်ကောင်းတဲ့စက်ဆိုရင်တော့ ဗာကျူရယ်မက်ရှင်းနဲ့ တင်ပေါ့ကွယ်။ :d
    ကိုရွာစားပရင့်ကလည်းဗျာ....
    သူပြောချင်တာက Dual Boot ပြောတာဖြစ်မှာ...
    သေချာရှင်းပြလိုက်ပါဗျာ....
  • edited July 2009 Registered Users
    ကျွန်တော်ကို computer တစ်လုံးမှာ windows 2 ခုတင်နည်းလေးကို လူပိန်းလေးနားလည်အောင်ရှင်းပြပေးပါခင်ဗျာ။
    xp နဲ့ တစ်ခြား ၀င်းဒိုး ဒါမှလင်းနစ်ကို တွဲသုံးချင်ပုံရတယ် ထင်တယ်...
    လုပ်နည်းက ဘာမှ ခက်ခက် ခဲခဲမဟုတ်ပါဘူး။ အရင်ဆုံး ပါတေးရှင်း နှစ်ခု သတ်မှတ်ပါ။ ဥပမာ- c , d ပေါ့...
    အဲဒီမှာ ပါတေးရှင်း c ပေါ် ပုံမှန်အတိုင်း xp တင်လိုက်ပါ။ တင်ပြီးရင် လိုအပ်တဲ့ driver ဘာညာ run ပေးလိုက်ပါ။
    ပြီးရင် နောက်ထပ်တင်ချင်တဲ့ vista, window7, linux စတဲ့ အမျိုးအစားတွေထဲက မိမိတင်ချင်တဲ့ ၀င်းဒိုးအခွေကို ထည့်ပြီး cd ကနေ boot တတ်လိုက်ပါ။ ပြီးရင် ၀င်းဒိုး တင်တဲ့အချိန်မှာ ပါတေးရှင်း d ကနေ တင်ပါ။ တင်လို့ ပြီးပြီဆိုရင် restart လုပ်လိုက်ပါ။ ၀င်းဒိုး ပြန်တတ်တဲ့အချိန်မှာ နောက်တင်တဲ့ ၀င်းဒိုးနဲ့ ပထမတင်ထားတဲ့ ၀င်းဒိုး ဘယ်ဟာကို သုံးမလဲ မေးပါလိမ့်မယ်။ သုံးချင်တာကို ရွှေးပြီး သုံးလိုက်ပါ။ နောက်မှ တင်ထားတဲ့ ၀င်းဒိုးက တော့ default ၀င်းဒိုး ဖြစ်နေပါလိမ့်မယ်။ ၀င်းဒိုး တတ်လို့ ဘယ်ဟာသုံးမလဲ မေးတဲ့ အချိန်မှာ ဘာမှ မရွှေးဘူးဆိုရင် နောက်မှတင်တဲ့ ၀င်းဒိုးနဲ့ တတ်သွားပါလိမ့်မယ်။

    ၀င်းဒိုး vista (or) window7 တင်ထားတဲ့ စက်မှာ XP တင်ချင်ရင်တော့ နည်းနည်း အခက်အခဲ ရှိပါလိမ့်မယ်။ ဟိုပြင် ဒီပြင်တွေ လုပ်ရပါဦးမယ်။ အဲဒီအပိုင်းကတော့ နည်းနည်း ရှုပ်လို့ နောက်ကြုံမှပဲ ပြောပြပါတော့မယ်။ အခုမေးတဲ့ ပုံစံက xp ကို အခြေခံပြီး တခြားဟာကို တင်မဲ့ ပုံစံထင်လို့ ထင်ပါတယ်။

    အဆင်ပြေပါစေဗျာ..
  • edited July 2009 Registered Users
    ဟုတ်ကျေးဇူးတင်ပါတယ် အစ်ကိုတို့
    အဆင်ပြေပါတယ်။
    နောက်မေးစရာရှိလည်းမေးမယ်နော်:d:d:d:d:d
Sign In or Register to comment.