MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

USB Thumb Drive Repair

edited April 2011 in Hardware
ကျနော် ရေးမယ်လို့ အာမခံပေးပြီး မအားတာနဲ့ မရေးဖြစ်သေးတဲ post ကို အခုဘဲ ရေးလိုက်ပါမယ်။ မရေးဖြစ်သေးတဲ့ ကာလမှာ PM တွေပို့ တောင်းဆိုတာတွေ၊ email တွေပို့တောင်းကြတာတွေအရမ်းများလာလို့ အားနာလာလို့ အလုပ်တွေကြားထဲကဘဲ အချိန်ခိုးပြီးရေးလိုက်ပါတယ်။ ဒီ Thread မှာ USB Thumb Drive တွေအပြင် MP3 MP4 Hard Disk နဲ့ တော်တော်လေး စိတ်၀င်တစားရှိကြတဲ့ sim clone ကိစ္စပါ ရေးသွားပါမယ်။ တစ်ခုကြိုပြောပါရစေ။ ကျနော် ဒီ post ကိုတင်ရတဲ့ ရည်ရွယ်ချက်က သောချိတ်လုပ်နေရတဲ့ USB လေးတွေကို ပြန်လည်သုံးနိုင်အောင် ကုညီပေးတဲ သဘောပါ။ ရေးထားတဲ့အတိုင်းလုပ် ကောင်းသွားစေရမယ်လို့တော့ အာမမခံပါဘူး။ ကျနော်ဆီမှာတောင် USB သော့ချိတ် ၄ခုရှိနေသေးတယ်။ လက်လျော့လိုက်ရတာတွေလေ။ :D
နောက်တစ်ခု ပြောချင်တာ (အဲ ပြောချင်တာထက် တောင်းဆိုချင်တာပါ) က ဒီ post ကို စိတ်၀င်စားရင် ၀င်ဖတ်ပါ။ မရှင်းတာရှိရင် ဒီနေရာမှာဘဲဖြစ်ဖြစ်၊ PM ပို့လို့ဘဲဖြစ်ဖြစ်၊ email နဲ့ဘဲဖြစ်ဖြစ် မေးနိုင်ပါတယ်။ ခနဲ့သလို ရွဲ့သလို ပညာစမ်းသလို လှောင်ပြောင်သလို အဆိုးမြင်၀ါဒနဲ့ ေ၀ဖန်သလို စတဲ့ တိုက်ခိုက်မှုတွေတော့မလုပ်ကြဖို့ ဆရာ့ ဆရာကြီး ဆရာမကြီးများကို ကြိုတင်တောင်းပန်ထားပါရစေ။ မကြိုက်ရင် ဆက်ရေးဖြစ်တော့မယ်မထင်ပါ။ အများသူငှါကို ငဲ့ညှာသောအားဖြင့် ကျနော်တောင်းပန်ချက်လေးကို လိုက်ရောပေးကြပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

မှတ်ချက်များ

  • edited August 2009 Moderators
    USB Thumb drive ကို
    (၁) Processor Chip
    (၂) Flesh Memory Chip
    (၃) RAM Memory Chip တို့ပါ၀င်ထည့်သွင်း တည်ဆောက်လေ့ရှိကြပါတယ်။
    ပုံကိုကြည့်ပါ။
    picture.php?pictureid=784&albumid=181&dl=1249541256&thumb=1
    4z7e2gf
  • edited August 2009 Moderators
    USB Thumb Drive တွေပျက်ဆီးရတဲ့ အကြောင်းအရင်းတွေကတော့ ကျနော် ကြုံဖူးသလောက်ကတော့ -
    (၁) Format ခဏခဏချခြင်း (အကြိမ် 100 နှင့်အထက် :D)
    (၂) ရေစို/ရေမြုတ်သွားသော် လုံး၀ခြောက်သွားအောင် မစောင့်ဘဲ သုံးခြင်း
    (၃) ဗိုင်းရပ်တိုက်ခိုက်ခံရခြင်း
    (၄) အကြိမ်များစွာ ပြင်းပြင်းထန်ထန်လွတ်ကျခြင်း
    (၅) Front USB Port ကြိုးမှားနေသည်ကို သတိမပြုဘဲ တပ်ဆင်မိခြင်း -- စတာတွေကြောင့် ပါ။ အဲဒီထက်ပိုတာလည်း ရှိချင်ရှိမှာပေါ့။
    အဖြစ်အများဆုံးကတော့ Format အကြိမ်ကြိမ် ချခြင်းကြောင့်ပါ။
  • edited August 2009 Moderators
    USB Thumb Drive လေးတွေဟာ လက္ခဏာ ကြီးကြီးမားမားမပြဘဲ ပျက်ဆီးသွားတတ်ကြပါတယ်။
    တစ်ခါတစ်ရံပြတတ်တာလေးကတော့ Transfer speed ကျလာတာပါဘဲ။ အရင်က 5 MB လောက်ရှိတဲ့ file တစ်ခုကို 10 စက္ကန့်နဲ့ ထည့်သွင့်လို့ရပေးမဲ့ အခု 10 မိနစ်လောက်အထိစောင့်နေရတာမျိုးပါ။ ဒါပေမဲ့ အဲဒီ့လို စောင့်နေရတာကလည်း အကြောင်းအရင်းများစွာရှိနေနိုင်ပါတယ်။ ကွန်ပျူတာကိုယ်တိုင်ကဘဲ လေးနေတာ (သို့မဟုတ်) System နောက်ကွယ်ကနေ program တွေ အများကြီး အလုပ်လုပ်နေတာ စတဲ့ Computer အပေါ်မှာလည်းမူတည်နေသလို Transfer လုပ်တဲ့ Socket အပေါ်မှာလည်း မူတည်နေပါသေးတယ်။ ဒီတော့က Transfer range ကျလာတိုင်းလဲ USB stick ပျက်တော့မယ်လို့ သေချာပေါက် မပြောနိုင်သေးပါဘူး။ အမျိုးမျိုးစမ်းသပ်ပြီးမှ ပြောနိုင်မှာပါ ဒါတောင် 100 % မပြောနိုင်ပါဘူး။ သေချာတာကတော့ ပျက်သွားတဲ့အချိန်ကျရင်တော့ 100% ပြောနိုင်တာပေါ့ :D
  • edited August 2009 Moderators
    ဘယ်အပိုင်းတွေ အပျက်များဆုံးလဲ၊ ဘာကြောင့်လည်း? :39:
    :106::106::106::106::106::106::106:

    (၁) အဖြစ်အများဆုံးကတော့ copy/paste မရတော့တာပါ။
    (၂) နောက်ဖြစ်တာက drive letter တော့ပေါ်တယ် ဖွင့်ရင်လည်း format ချခိုင်းတယ်။ တကယ်ချတော့လည်း write protect လို့ပြောတယ်။
    (၃) နောက်ပုံစံတစ်ခုက drive letter ကိုမပေါ်တော့ဘဲ Found New Hardware နဲ့တင် ကိစ္စပြီးသွားတာ။
    (၄)နောက်တစ်မျိုးက လုံး၀ကို ကြည့်စရာမရှိတော့အောင် ကြေမွသွားတာ :D

    အပေါ်က (၁) ကနေ (၃) အထိ အဖြစ်တွေကတော့ ၅၀% ပြင်လို့ရပါတယ်။ အဲဒါတွေဖြစ်တာက RAM Memory ကြောင်တာကြောင့် (သို့မဟုတ်) Flesh Memory ကြောင်နေတာ (သို့မဟုတ်) processor ကောင်းကောင်းအလုပ်မလုပ်တော့တာကြောင့် ဖြစ်ပါတယ်။
    နံပါတယ် (၄) ဆိုရင်တော့ :D...............
  • edited August 2009 Registered Users
    ကိုprinceakarit ရေ..
    ပျက်ဆီးရခြင်းအကြောင်းရင်းတွေတော့သိသွားပါပြီ။ အဲ့ဒါလေးတွေကို ဘယ်လိုပြန်ဆယ်ကြမလဲ။ ဘယ်လို အသက်သွင်းကြမလဲ ရှင်းရှင်းလင်းလင်းလေး ညွှန်ကြားပေးပါဦး။ အချိန်မရှိတဲ့ကြားထဲကနေ ဖြေကြား ပညာေ၀မျှတဲ့အတွက်လည်း ကျေးဇူးပါ။ စောင့်မျှော်နေလျှက်ပါ။
    လေးစားစွာဖြင့်
    NooR
  • edited August 2009 Moderators
    ကဲ ဘာကြောင့်ဘဲ ပျက်ပါစေ အတက်နိုင်ဆုံး ကုသ ကယ်တင်ကြည့်ကြ ရအောင်ဗျာ။
    မပြင်ခင်မှာ ဒီလိုလေးတွေစမ်းကြည့်မယ်။
    ပျက်နေတဲ့ USB လေးကို windows တင်ထားတဲ့ PC မှာတပ်ကြည့်။ Detect ဖြစ်သလား? မဖြစ်ဘူးလား? PC မှာရှိတဲ့ port တွေအကုန်လုံးနဲ့တပ်စမ်းကြည့်ပါဦး။
    windows ကို (Stick မဖြုတ်ဘဲ) Restart လုပ်ကြည့်။ အဲ windows အတက်မှာ stick ကိုပြနိုင်သေးလားဆိုတာကိုလေ့လာ။
    Result
    (၁) ၀င်းဒိုးမှာ ဒီတတ်လည်းဖြစ်တယ်။ ဖွင့်လို့လဲ ရတယ်။ copy/paste/edit/update လုပ်လို့မရတော့ဘဲ write protect ဖြစ်နေတာလား။
    (၂) ၀င်းဒိုးမှာ ဒီတတ်ဖြစ်တာကလွဲပီး ဘာမှ လုပ်မရတော့ဘူးလား။
    (၃) ဒီတတ်ကို မဖြစ်တော့တာလား။

    Decision
    result (၁) ဆိုရင်တော့က RAM Memory ကြောင်သွားကြောင့်ဖြစ်နိုင်ခြေများပါတယ်။ တစ်ခါတစ်လေ lock button ကိုချထားမိရင်လည်းဖြစ်တတ်ပါတယ်။ :D
    result (၂) ကိုလည်း အပေါ်ကလိုဘဲ RUM ကြောင်နေတာလို့ပြောနိုင်သလို၊ bad sector ကြောင့်လို့လဲပြောနိုင်ပါတယ်။
    result (၃) ဆိုရင်တော့ Flesh Memory ကြောင်တာလို့ပြောရမှာပေါ့။
    နားလိုက်ဦးမယ်ဗျာ Gtalk မှာ ကို For First ကအော်နေဘီ
  • edited August 2009 Registered Users
    ပြင်နည်းပြောပြတော့လေ ကိုပရင့်
  • edited August 2009 Moderators
    ကျနော် ပြောမယ်ဟာကို မပြောသေးဘဲ စျေးကိုင်နေတာမဟုတ်ပါဘူး။ သိရမယ်အပိုင်းလေူးတွေကို ပြောပြပေးတာပါ။ ဒါမှလည်း ကိုယ့် USB stick ကို ဘာဖြစ်တာလည်း ဘယ်လိုပြင်ရမှာလည်း ဆုံးဖြတ်နိုင်မှာပေ့ါ။ ပြင်တဲ့ နည်းက အများကြီးမရှိပေမဲ့ အနာနဲ့ဆေးမတည့်ရင် အသက်ကိုတောင် ဂန့်စေနိုင်တာဘဲလေ။ ဒီတော့ နည်းနည်းလေးဖြစ်တာကို အကြီးကြီးပြင်မိလို့ အကြီးကြီးဆုံးရှုံးမှာစိုးလို့ပါ။ အခြေခံကအစ ပြောရမယ်ဆိုရင် firmware တွေ၊ Boot sector တွေ၊ partition Table တွေပါပါတယ်ဗျ။ အဲဒါဆိုရင်တော့ သေချာတယ် ဒီ post က ဒီနှစ်ထဲ ပီးမယ်မထင်။ ဒါကြောင့် အတိုးဆုံးခြုံပီးပြောနေတာပါ။ နည်းနည်းလောက် သည်းခံပီးစောင့်ဖတ်ပေးကြပါ။ နောက်ပီး ကျနော် feed back လေးတွေကိုလည်း စောင့်နေပါတယ်။ အခြား professional technician တွေကိုလည်း စောင့်နေပါတယ်။ :6::6:
  • edited August 2009 Registered Users
    တိန် .. နာ့နာမည် က ဘယ်ဂလို ပါတွားပါလိမ့်..... :o:o:o

    သည်းလည်းခံပါတယ်။ စောင့်လည်းစောင့်ဖတ်နေပါတယ်။ မြန်မြန်လေးတင်စေချင်တယ်ဆိုတာက အင်တာနက်အခြေအနေရယ်။ အလုပ်ချိန်ရယ်။ လျှပ်စစ်မီးရယ်.. သူတို့လေးတွေကိုလည်း ကြောက်နေရသေးတယ်။ စောင့်နေပါတယ်။
    NooR
  • edited August 2009 Administrators
    ကျနော်ဆီမှာ Detect တွေ့ပြီး ဖွင့်ရင် Format ချခိုင်းတဲ့ Stick လေးတစ်ခုရှိတယ်။ အလုပ်နဲ့ပတ်သက်တဲ့ ဒေတာတွေအများကြီးပဲ။

    ပြီးတော့ ... ရုံးက ပြင်သစ်တစ်ယောက်ရဲ့ French Made External HDD တစ်ခုလဲဒီတိုင်းပဲ .... Detect တွေ့တယ် .. Format ချခိုင်းတယ် ... ပြီးတော့ ရဘူး။ ဒေတာတွေက သေရေးရှင်ရေးပဲ ... အဲဒီ External HDD ပျက်သွားတောင်၀မ်းမနဲဘူး ... ဒေတာလေးတွေ ပြန်ရရင် ကြေနပ်ပြီတဲ့ ... အဲလောက်ထိ ... :106:

    ဆိုတော့ ... Bro ပြောမဲ့နည်းတစ်ခုခုနဲ့ လုပ်လို့ရမယ်ဆိုရင် ... အိမ်တိုင်ရာရောက်လာခေါ်ပြီး မုန့်လိုက်ကြွေးမယ် ... မြန်မြန်လေးရေးပေး ........ :D

    \:D/
  • edited August 2009 Moderators
    ကိုအလက်စန္ဒယားကို လူချင်းမတွေဘူးပေမဲ့ အဲဒီ့ FRC မှာတော့ ကျနော်တို့ခြေရာလေးတွေရှိနေပါတယ်။ ဟဲဟဲ။
    ခင်ဗျားပြောတဲ့ External HDD က 500 Gb မဟုတ်လား။ ကျနော်တို့ FRC မှာ Service ကန်ထရိုက် ၀င်ဖူးတယ်လေ။ :D
  • edited August 2009 Registered Users
    ကျနော် ပြောမယ်ဟာကို မပြောသေးဘဲ စျေးကိုင်နေတာမဟုတ်ပါဘူး။ သိရမယ်အပိုင်းလေူးတွေကို ပြောပြပေးတာပါ။ ဒါမှလည်း ကိုယ့် usb stick ကို ဘာဖြစ်တာလည်း ဘယ်လိုပြင်ရမှာလည်း ဆုံးဖြတ်နိုင်မှာပေ့ါ။ ပြင်တဲ့ နည်းက အများကြီးမရှိပေမဲ့ အနာနဲ့ဆေးမတည့်ရင် အသက်ကိုတောင် ဂန့်စေနိုင်တာဘဲလေ။ ဒီတော့ နည်းနည်းလေးဖြစ်တာကို အကြီးကြီးပြင်မိလို့ အကြီးကြီးဆုံးရှုံးမှာစိုးလို့ပါ။ အခြေခံကအစ ပြောရမယ်ဆိုရင် firmware တွေ၊ boot sector တွေ၊ partition table တွေပါပါတယ်ဗျ။ အဲဒါဆိုရင်တော့ သေချာတယ် ဒီ post က ဒီနှစ်ထဲ ပီးမယ်မထင်။ ဒါကြောင့် အတိုးဆုံးခြုံပီးပြောနေတာပါ။ နည်းနည်းလောက် သည်းခံပီးစောင့်ဖတ်ပေးကြပါ။ နောက်ပီး ကျနော် feed back လေးတွေကိုလည်း စောင့်နေပါတယ်။ အခြား professional technician တွေကိုလည်း စောင့်နေပါတယ်။ :6::6:
    ကျွန်တော်စောင်ဖတ်နေတယ််အကို :d:d:d ပရင်တာကြီး:p
  • edited August 2009 Administrators
    ကိုအလက်စန္ဒယားကို လူချင်းမတွေဘူးပေမဲ့ အဲဒီ့ FRC မှာတော့ ကျနော်တို့ခြေရာလေးတွေရှိနေပါတယ်။ ဟဲဟဲ။
    ခင်ဗျားပြောတဲ့ External HDD က 500 Gb မဟုတ်လား။ ကျနော်တို့ FRC မှာ Service ကန်ထရိုက် ၀င်ဖူးတယ်လေ။ :D

    ဒါဆို Princeakarit ကိုလဲ ဖမ်းလို့မိပြီ ... NetSmart ကပေါ့ ... :P

    အကြွေးတွေရှိသေးတယ်နော် ..... သိန်း ၈၀၀၀ ကျော်ဖိုး ... ကျနော့်ကိုလာဆပ် .... :)):)):))

    ဟီးဟီး ... :D
  • edited August 2009 Moderators
    Alexander wrote: »
    ဒါဆို princeakarit ကိုလဲ ဖမ်းလို့မိပြီ ... Netsmart ကပေါ့ ... :p

    အကြွေးတွေရှိသေးတယ်နော် ..... သိန်း ၈၀၀၀ ကျော်ဖိုး ... ကျနော့်ကိုလာဆပ် .... :)):)):))

    ဟီးဟီး ... :d
    အယ်ဗျာ အဲဒီ့နေ့ က ရုံးမတက်ပါဗျာ။
  • edited August 2009 Administrators
    တော့ပစ်တွေချော်ကုန်ပြီ ... တော်ပြီဆရာ ...

    ဘယ်လိုပြင်ရသလဲ ဆက်ရေးပေး .... :d

    :6:
  • edited August 2009 Registered Users
    Alexander wrote: »
    တော့ပစ်တွေချော်ကုန်ပြီ ... တော်ပြီဆရာ ...

    ဘယ်လိုပြင်ရသလဲ ဆက်ရေးပေး .... :d

    :6:
    ဆက်ရေးပေးပါဗျို့..ဒီမှာ လည်ပင်းရှည်နေပြီ..သော့ချိတ်လေးတစ်ခုရှိလို့ မျှော်တလင့်လင့်နဲ့ ဖတ်နေတာ ဇာတ်သိမ်းခန်းက မပေါင်းနိုင်သေးဘူး..အဲလို လုပ်ပါနဲ့ဗျို့..ဆက်ရေးပေးပါဗျို့..
  • edited August 2009 Moderators
    ကဲ လူကြီးမင်းတို့ USB Thumb Drive လေးကို စစ်ဆေးကြည့်တဲ့ အခါ Detect ဖြစ်တယ် ဆိုရင် ဘယ်လိုအခြေအနေဘဲဖြစ်ဖြစ် ပြင်လို့ရတဲ့နည်းတစ်ခု။:39::39:
    အရင်ဆုံး CD ဆ်ိုင်ကနေဘဲဖြစ်ဖြစ်၊ internet ကနေဘဲဖြစ်ဖြစ် ERD Commander 2005 (သို့မဟုတ်) Hiren's Boot CD ကို ၀ယ်/download ထားပါ။ internet ကနေ download ချင်ရင်တော့

    Hiren's Boot CD။

    From Mediafire:
    [INDENT]http://www.mediafire.com/?xybtzvfjdmu
    http://www.mediafire.com/?bjvcmw9zjg9[/INDENT]
    
    From Sendpace:
    http://www.sendspace.com/file/jq5azg
    http://www.sendspace.com/file/0ix8s1
    
    From Rapidshare:
    http://rapidshare.com/files/207795967/Hiren_s_BootCD_9.8.part1.rar
    http://rapidshare.com/files/207804585/Hiren_s_BootCD_9.8.part2.rar
    
    ကျနော် အကြံပြုချင်တာကတော့ CD ဆိုင်တစ်ခုခုကနေ ၀ယ်လိုက်တာကောင်းပါမယ်။ သိတယ်မဟုတ်လား interent ကွန်နက်ရှင်လေ။ :P
    ကဲ CD ရဘီဆိုပါတော့။ PC ကို CD ကနေ boot တက်လိုက်ပါ။ boot တက်အောင်လုပ်နည်းကတော့ မရေးတော့ပါဘူးနော်။ ရမှာပါ။:68:
    ကျနော ERD Commander 2005 boot CD ကနေ လုပ်ဆောင်တဲ့နည်းကိုဖေါ်ပြပေးပါမယ်။
    ကဲ boot တတ်လာဘီဆိုရင် --
    screen မှာ ဒီလိုစာကြောင်းလေးတွေ တွေ့ရမယ်။
    <div align="left">=== Ultimate Recovery CD ===
    [1] ERD Commander 2005
    [2] Hiren's BootCD 7.3
    [3] miniPE2-XT v2k5.09.03
    [4] Boot from HardDisk
    [5] Reboot

    အဲဒီလိုဆိုရင် ၂ ကို keyboard ကနေရိုက်လို့ဘဲဖြစ်ဖြစ် mouse ကနေဘဲရွေးလို့ဘဲဖြစ်ဖြစ် [2] Hiren's BootCD 7.3 ကိုဖွင့်၀င်လိုက်ပါ။ ကဲ
    [2] Hiren's BootCD 7.3 ရဲ့ DOS Mode ထဲရောက်သွားဘီဆိုရင် --

    Hiren's BootCD 7.3 Startup Menu
    1. Start Windows
    2. Start BootCD
    Enter your Choice

    -- ဆိုပြီးတော့ boot ကို choice လုပ်ခိုင်းလိမ့်မယ်။ Default အနေနဲ့ 1 ကိုရွေးထားပီး 10 စက္ကန့်လောက်အချိန်ရတ
  • edited August 2009 Moderators
    Hiren's Boot CD ကနေ 2 ကို choice လုပ်ပြီးရင် --

    Hiren's All in 1 BootCD v7.3 Menu
    1. Disk Partitions Tools
    2. Disk Clone Tools
    3. Antivirus Tools
    4. Recovery Tools
    5. Testing Tools
    6. Hard Disk Tools
    7. System info Tools
    8. File Manager
    9. Next......
    ကိုတွေ့ရမယ်။ 4. Recovery Tools ကိုရွေးပါ။
    ရွေးလိုက်ရင် ဒီလို ထပ်တွေ့ရမယ်ဗျ။
    1. Active Partition Recovery 3.0
    2. Active Uneraser 3.0
    3. Ontrack Easy Recovery Pro 6.04.08
    4. Winternal Disk Commander 1.1
    5. TestDisk 5.8
    6. Lost & Found 1.06
    7. DiyData Recovery Diskpatch 2.1.100
    8. Prosoft Media Tools 5.0 v1.1.2.64
    အဲဒီ့မှာ 8. Prosoft Media Tools 5.0 v1.1.2.64 ကိုရွေးလိုက်။ နောက်..........
    Program ကနေ RAM ပေါ်မှာ 50 MB ရှိတဲ့ R: Drive တစ်ခုကို virtual ဆောက်သွားပါလိမ့်မယ်။
    Program ကနေ create လုပ်စရာရှိတာတွေလုပ်ပီးသွားဘီဆိုရင်.....

    Prosoft Engineering, Inc Media Test Pro ဆိုတဲ့ Title နဲ့
    Continue ဆိုတဲ့ Button လေးတွေ့ရလိမ့်မယ်။ နှိပ်လိုက်ပါ။

    ********************************************************
    ဒီနေရာမှာ ကြုံလို့ သတိပေးချင်တာက .........
    Boot CD များဟာ သူတို့ Boot တက်ဖို့အတွက် လိုအပ်တဲ့ File တွေကို RAM ပေါ်မှာ Virtual Hard Drive ကို တည်ဆောက်တာဖြစ်တဲ့အတွက် RAM မကောင်းရင် အရမ်းကြာနိုင်သလို မရနိုင်တဲ့ အဖြစ်တွေလဲတွေ့ရပြီး Blue Screen တွေတောင် မြင်ခွင့်ရကြပါလိမ့်မယ်။ :D
    ********************************************************
    ဆက်မယ်..........
    ချိတ်ဆက်မိနေတဲ့ Drive တွေကို Detect လုပ်တာကို ခဏစောင့်ပါ။
    Drive Test ပြီးရင် .........
    Select Drive ဆိုပြီး ကို လုပ်ဆောင်မယ့် Drive ကို ရွေးခိုင်းလိမ့်မယ်။ ဒီနေရာမှာ ရှုပ်လာဘီ
    ကျနော်တို့ အရင်က တွေ့ဘူးသလို Drive တွေကို letter တွေနဲ့ C: D: အဲလိုမပြတော့ဘဲ သူတို့ရဲ့ sector size တွေ၊ byte size တွေနဲ့ဘဲပြတာဗျ။ ဒီတော့ Memory Stick ဆိုရင်တော့ size သေးလို့ ရွေးရတာ လွယ်တာပေါ့။ Size တူတဲ့ Harddisk ရှိနေဘီ ဆိုရင်တော့ ရွာကိုလည်ရောဘဲ။
    Drive 0
    xxxxxxxxx

    Drive 1
    xxxxxxxx

    Drive 2
    xxxxxxxx

  • edited August 2009 Moderators
    အပိုင်းတွေခွဲနေတာကို စိတ်မဆိုးကြပါနဲ့။ ကျနော် စဉ်းစားလိုက် ရေးလိုက်လုပ်နေတော့ ကြာလာရင် Logout ဖြစ်ဖြစ်သွားလို့ပါ။ login ပြန်မ၀င်ချင်လို့ အပိုင်းတွေခွဲနေတာပါဗျာ။
    ကဲ ဆက်လိုက်ကြရအောင်...........
    Driver ရွေးရာမှာ Drive Information ကို သေသေချာချာ လေးဖတ်ပြီးမှ ရွေးပါ။
    Drive Information မှာ Drive နဲ့ပတ်သက်တဲ့ Model: Serial Number: Firmware Version တွေကို ဖေါ်ပြပေးထားပါတယ်။
    Drive ကိုရွေးပြီး Enter ခေါက်........ဒေါက်:P
    ဒီ ဖန်ရှင်လေးတွေ တွေ့ရမယ်................ဒန်တန့်တန်
    Select Operation
    - Cycle - Clone/Cycle - Image
    File Recovery Tree
    Boot/Partition Repair
    Media Editor
    Secure Wipe
    Format Drive
    Report Files
    Cancle
    အဲဒီမှာ Boot/Partition Repair ကိုရွေးပီး Enter ခေါက် ........တိန်:P
    screen အသစ်ပေါ်လာရင် start ကိုသာရွေးပီး Enter ခေါက်လိုက်ပေါ့။ bad-sector တွေရှိနေရင် ကြာမယ်။ USB port ဆိုရင် နှေးမယ်။ 2 ဂစ်ကို ၄၅ မိနစ်လောက်စောင့်ရတယ်။ Bad-Sector သေးရင်/နည်းရင် အလိုလိုပြင်ပေးတယ်။ များရင်တော့ generator နဲ့ ပြန် Generate လုပ်ရမှာပေါ့။ ပီးသွားရင် windows နဲ့ စမ်းကြည့် ok သွားလိမ့်မယ်။ ၁၀၀% ဘဲနော်။ :D
    ဘယ်သူကော်ဖီတိုက်မလဲ။
  • edited August 2009 Registered Users
    ကိုမင်းသားဧကရာဇ်(princeakarit) နာမည်က အဲလိုထင်တယ်။ နာမည်ပေါင်းမှားသွားရင်ဆော်ရီးပါ။ အကိုရေးသမျှကို သေသေချာချာ လေ့လာသင်ယူနေပါသည်။ အခုလို အများသိအောင်ရေးသားပေးတဲ့အတွက် အထူးလေးစားမိပါသည်။
  • edited August 2009 Moderators
    spaceboy wrote: »
    ကိုမင်းသားဧကရာဇ်(princeakarit) နာမည်က အဲလိုထင်တယ်။ နာမည်ပေါင်းမှားသွားရင်ဆော်ရီးပါ။ အကိုရေးသမျှကို သေသေချာချာ လေ့လာသင်ယူနေပါသည်။ အခုလို အများသိအောင်ရေးသားပေးတဲ့အတွက် အထူးလေးစားမိပါသည်။
    ဟင့် ကျေးဇူးက ကော်ဖီမှမဟုတ်တာ :2:
  • edited August 2009 Administrators
    2 ဂစ်ကို ၄၅ မိနစ်လောက်စောင့်ရတယ်။ bad-sector သေးရင်/နည်းရင် အလိုလိုပြင်ပေးတယ်။ များရင်တော့ generator နဲ့ ပြန် generate လုပ်ရမှာပေါ့။ ပီးသွားရင် windows နဲ့ စမ်းကြည့် ok သွားလိမ့်မယ်။ ၁၀၀% ဘဲနော်။ :d

    သေပြီပေါ့ ...
    ကျနော်က 250 gb ကိုလုပ်ရမှာလေ .... :((:((

    :d
    ဘယ်သူကော်ဖီတိုက်မလဲ။

    ကျနော်လာတိုက်မယ် .... လုပ်ရင်းနဲ့ပျက်သွားရင် လာရိုက်မယ် ..... :p
    :d

    ဟီးဟီး ... ကျေးဇူးရှင်ကို ... ကျေးစွပ်နေတာ .... :d
  • edited August 2009 Registered Users
    အပိုင်းတွေခွဲနေတာကို စိတ်မဆိုးကြပါနဲ့။ ကျနော် စဉ်းစားလိုက် ရေးလိုက်လုပ်နေတော့ ကြာလာရင် logout ဖြစ်ဖြစ်သွားလို့ပါ။ login ပြန်မ၀င်ချင်လို့ အပိုင်းတွေခွဲနေတာပါဗျာ။
    ကဲ ဆက်လိုက်ကြရအောင်...........
    Driver ရွေးရာမှာ drive information ကို သေသေချာချာ လေးဖတ်ပြီးမှ ရွေးပါ။
    drive information မှာ drive နဲ့ပတ်သက်တဲ့ model: Serial number: Firmware version တွေကို ဖေါ်ပြပေးထားပါတယ်။
    drive ကိုရွေးပြီး enter ခေါက်........ဒေါက်:p
    ဒီ ဖန်ရှင်လေးတွေ တွေ့ရမယ်................ဒန်တန့်တန်
    select operation
    - cycle - clone/cycle - image
    file recovery tree
    boot/partition repair
    media editor
    secure wipe
    format drive
    report files
    cancle
    အဲဒီမှာ boot/partition repair ကိုရွေးပီး enter ခေါက် ........တိန်:p
    screen အသစ်ပေါ်လာရင် start ကိုသာရွေးပီး enter ခေါက်လိုက်ပေါ့။ bad-sector တွေရှိနေရင် ကြာမယ်။ usb port ဆိုရင် နှေးမယ်။ 2 ဂစ်ကို ၄၅ မိနစ်လောက်စောင့်ရတယ်။ bad-sector သေးရင်/နည်းရင် အလိုလိုပြင်ပေးတယ်။ များရင်တော့ generator နဲ့ ပြန် generate လုပ်ရမှာပေါ့။ ပီးသွားရင် windows နဲ့ စမ်းကြည့် ok သွားလိမ့်မယ်။ ၁၀၀% ဘဲနော်။ :d
    ဘယ်သူကော်ဖီတိုက်မလဲ။
    အွန်လိုင်းကနေ လှမ်းပို့လိုက်မယ်နော်..ကောင်းသွားရင် ပြောပါတယ်..မကောင်းရင်တော့လား ဟင်း... သက်ပြင်းချကြည့်တာ
  • edited August 2009 Registered Users
    အပိုင်းတွေခွဲနေတာကို စိတ်မဆိုးကြပါနဲ့။ ကျနော် စဉ်းစားလိုက် ရေးလိုက်လုပ်နေတော့ ကြာလာရင် Logout ဖြစ်ဖြစ်သွားလို့ပါ။ login ပြန်မ၀င်ချင်လို့ အပိုင်းတွေခွဲနေတာပါဗျာ။
    ကဲ ဆက်လိုက်ကြရအောင်...........
    Driver ရွေးရာမှာ Drive Information ကို သေသေချာချာ လေးဖတ်ပြီးမှ ရွေးပါ။
    Drive Information မှာ Drive နဲ့ပတ်သက်တဲ့ Model: Serial Number: Firmware Version တွေကို ဖေါ်ပြပေးထားပါတယ်။
    Drive ကိုရွေးပြီး Enter ခေါက်........ဒေါက်:P
    ဒီ ဖန်ရှင်လေးတွေ တွေ့ရမယ်................ဒန်တန့်တန်
    Select Operation
    - Cycle - Clone/Cycle - Image
    File Recovery Tree
    Boot/Partition Repair
    Media Editor
    Secure Wipe
    Format Drive
    Report Files
    Cancle
    အဲဒီမှာ Boot/Partition Repair ကိုရွေးပီး Enter ခေါက် ........တိန်:P
    screen အသစ်ပေါ်လာရင် start ကိုသာရွေးပီး Enter ခေါက်လိုက်ပေါ့။ bad-sector တွေရှိနေရင် ကြာမယ်။ USB port ဆိုရင် နှေးမယ်။ 2 ဂစ်ကို ၄၅ မိနစ်လောက်စောင့်ရတယ်။ Bad-Sector သေးရင်/နည်းရင် အလိုလိုပြင်ပေးတယ်။ များရင်တော့ generator နဲ့ ပြန် Generate လုပ်ရမှာပေါ့။ ပီးသွားရင် windows နဲ့ စမ်းကြည့် ok သွားလိမ့်မယ်။ ၁၀၀% ဘဲနော်။ :D
    ဘယ်သူကော်ဖီတိုက်မလဲ။
    အွန်လိုင်းကနေ လှမ်းပို့လိုက်မယ်နော်..ကောင်းရင်ပေါ့လေ မကောင်းရင်တော့လား..ဟင်း.. သက်ပြင်းချကြည့်တာပါ..ဒါနဲ့ အကိုရေ..ဒေါင်းထားတဲ့ဖိုင်ကို ဘယ်လို ဘန်းရမှာလဲခင်ဗျ..Data နည်းနဲ့ဘန်းရမှာလား..Image နည်းနဲ့လားခင်ဗျ..zip ကိုဖြည်လိုက်တော့ ဖိုင်တွေအများကြီးပါလာလို့..ကူညီပါဦး..စောင့်နေပါမယ်..zip ကိုဘယ်လိုဖြည်ပြီး ဘယ်လိုဘန်းရမယ်ဆိုတာလေး..အဖြေရမှ ဘန်းတော့မယ်..
  • edited August 2009 Registered Users
    usb stick ကို hub or extension cable ကနေ join ရင် data ပြောင်းတာနှေးပြီး
    motherboard နောက်မှာတပ်တင် data ပြောင်းတာတွေမြန်ရတာလေး သိချင်လို့ပါ။
    သုံးတဲ့ stick က verbatim 4 gb ပါ။
  • edited August 2009 Moderators
    kothantzin wrote: »

    အဲဒီ့ဇိုင်က iso ဖိုင်ထင်တယ်ဗျ။ ကျနော်တော့ download ဆွဲ ပြန်တင်ပေးပြီးတာနဲ့ စက်ထဲမှာ မထားတော့ဘူး ဖျက်ပြစ်တာဆိုတော့ သေချာမကြည့်လိုက်ရဘူးဗျ။ ကျနော့်အထင် ISO ဖိုင်ဘဲဖြစ်လိမ့်မယ်။ ဘာလို့လဲဆိုတော့ bootable disk ဖြစ်နေလို့ပါ။ iso မဟုတ်ရင်တောင် တစ်ခြား image ဖိုင်တစ်ခုခုဖြစ်ပါလိမ့်မယ်။
  • edited August 2009 Moderators
    kopauk wrote: »
    usb stick ကို hub or extension cable ကနေ join ရင် data ပြောင်းတာနှေးပြီး
    motherboard နောက်မှာတပ်တင် data ပြောင်းတာတွေမြန်ရတာလေး သိချင်လို့ပါ။
    သုံးတဲ့ stick က verbatim 4 gb ပါ။
    အဲဒါကတော့ ကျနော့်အထင် ကြိုးကြောင့်လို့ထင်ပါတယ်။ နောက်တစ်ခုက USB extension တွေကို မသုံးစေချင်ဘူး။ လောဘမကြီးနဲ့။ တစ်ချို့ extension တွေက quality မကောင်းတော့ stick ပါ ဂိသွားနိုင်ပါတယ်။
  • edited August 2009 Registered Users
    ကျေးဇူးတင်ပါတယ်... အကိုပရင့်ရေ ...
    အခုလို အင်တိုက်အားတိုက် ရေးပေးတဲ ့အတွက်.... :d
  • edited August 2009 Registered Users
    ဘယ်အပိုင်းတွေ အပျက်များဆုံးလဲ၊ ဘာကြောင့်လည်း? :39:
    :106::106::106::106::106::106::106:

    (၁) အဖြစ်အများဆုံးကတော့ copy/paste မရတော့တာပါ။
    (၂) နောက်ဖြစ်တာက drive letter တော့ပေါ်တယ် ဖွင့်ရင်လည်း format ချခိုင်းတယ်။ တကယ်ချတော့လည်း write protect လို့ပြောတယ်။
    (၃) နောက်ပုံစံတစ်ခုက drive letter ကိုမပေါ်တော့ဘဲ Found New Hardware နဲ့တင် ကိစ္စပြီးသွားတာ။
    (၄)နောက်တစ်မျိုးက လုံး၀ကို ကြည့်စရာမရှိတော့အောင် ကြေမွသွားတာ :D

    အပေါ်က (၁) ကနေ (၃) အထိ အဖြစ်တွေကတော့ ၅၀% ပြင်လို့ရပါတယ်။ အဲဒါတွေဖြစ်တာက RAM Memory ကြောင်တာကြောင့် (သို့မဟုတ်) Flesh Memory ကြောင်နေတာ (သို့မဟုတ်) processor ကောင်းကောင်းအလုပ်မလုပ်တော့တာကြောင့် ဖြစ်ပါတယ်။
    နံပါတယ် (၄) ဆိုရင်တော့ :D...............

    ကျွန်တော်ဆီမှာ..လည်း သူငယ်ချင်း တစ်ယောက်က ဖွင့်မ၇တော့လိုဆိုပြီး.. Memory stick တစ်ချောင်း ပေးထားတာ. အဲဒါ ကျွန်တော် စမ်းကြည့်တော့.. အခု ကို ပရင့် ပြောသလို.. နံပါတ်(၃) အတိုင်း ပဲ..drive letter ကိုမပေါ်တော့ဘဲ Found New Hardware နဲ့တင် ကိစ္စပြီးသွားတာ။ ပြီးတော့ အဲဒါကို.ဒီအတိုင်း စက်မှာ..တက်ပြီး ပြစ်ထားလိုက်ရင်.. မနစ် ၂၀ လောက်နေရင်.. drive Letter တော့ ပေါ်လာတယ်. ဒါပေမယ့်.. အဲဒါကို..ဘာမှလုပ်လို့ မရဘူး. ဖွင့်လည်း မရဘူး. format ချလည်း မရဘူး.. အဲဒါ ကို နှိပ်လိုက်ရင်..စက်ကို ဟမ်းသွားတာပဲ.ရှိတယ်..ဘာမှ လုပ်မရဘူး.. .အဲဒီ စတစ်က.. 8 G ဆိုတော့ ကျွန်တော်လည်း နှမြောတာနဲ့.ပြန်ပြင်လို့များ. ရမလား ဆိုပြီး..
    အခု ချိန်ထိ သော့ချိတ် မလုပ်သေးဘဲသိမ်း ထားတာ.ဗျ... အဲဒါ ကို.. ဘယ်လိုပြင်ရင်..ရနိုင်မလဲ ဆိုတာ.. ဆက်ပြောပြပေးပါအုံးနော်..... ကိုပရင့်... ကျွန်တော် မျှော်နေမယ်နော်....
  • edited August 2009 Moderators
    greyfindor wrote: »
    ကျေးဇူးတင်ပါတယ်... အကိုပရင့်ရေ ...
    အခုလို အင်တိုက်အားတိုက် ရေးပေးတဲ ့အတွက်.... :d
    ကျေးဇူတင်ရင် beer တိုက်ရမယ်နော်။ ဒါမှ အားရှိမှာ။ နောက်ထပ် ရေးစရာရှိသေးတယ်။ လုံး၀ detect မဖြစ်တော့တဲ့ သောချိတ်လေးတွေကို ဘယ်လို ပြင်မလဲဆိုတာနဲ့ Card Reader တွေအကြောင်း၊ sim clone အကြောင်း...... အမလေး တော်တော်လေးကျန်သေးပါလားနော်:106:
  • edited August 2009 Moderators
    zawtk wrote: »
    ကျွန်တော်ဆီမှာ..လည်း သူငယ်ချင်း တစ်ယောက်က ဖွင့်မ၇တော့လိုဆိုပြီး.. Memory stick တစ်ချောင်း ပေးထားတာ. အဲဒါ ကျွန်တော် စမ်းကြည့်တော့.. အခု ကို ပရင့် ပြောသလို.. နံပါတ်(၃) အတိုင်း ပဲ..drive letter ကိုမပေါ်တော့ဘဲ Found New Hardware နဲ့တင် ကိစ္စပြီးသွားတာ။ ပြီးတော့ အဲဒါကို.ဒီအတိုင်း စက်မှာ..တက်ပြီး ပြစ်ထားလိုက်ရင်.. မနစ် ၂၀ လောက်နေရင်.. drive Letter တော့ ပေါ်လာတယ်. ဒါပေမယ့်.. အဲဒါကို..ဘာမှလုပ်လို့ မရဘူး. ဖွင့်လည်း မရဘူး. format ချလည်း မရဘူး.. အဲဒါ ကို နှိပ်လိုက်ရင်..စက်ကို ဟမ်းသွားတာပဲ.ရှိတယ်..ဘာမှ လုပ်မရဘူး.. .အဲဒီ စတစ်က.. 8 G ဆိုတော့ ကျွန်တော်လည်း နှမြောတာနဲ့.ပြန်ပြင်လို့များ. ရမလား ဆိုပြီး..
    အခု ချိန်ထိ သော့ချိတ် မလုပ်သေးဘဲသိမ်း ထားတာ.ဗျ... အဲဒါ ကို.. ဘယ်လိုပြင်ရင်..ရနိုင်မလဲ ဆိုတာ.. ဆက်ပြောပြပေးပါအုံးနော်..... ကိုပရင့်... ကျွန်တော် မျှော်နေမယ်နော်....
    တပ်ထားပြီး တော်တော်ကြာမှ drive letter ပေါ်တယ်ဆိုတော့ boot sector ကို ထိသွားတာပါ။ အပေါ်မှာပြောထားတဲ့နည်းနဲ့ အဆင်ပြေပါတယ်။ လုပ်ကြည့်ပါ။ မရရင်တော့...................:P
  • edited August 2009 Registered Users
    တပ်ထားပြီး တော်တော်ကြာမှ drive letter ပေါ်တယ်ဆိုတော့ boot sector ကို ထိသွားတာပါ။ အပေါ်မှာပြောထားတဲ့နည်းနဲ့ အဆင်ပြေပါတယ်။ လုပ်ကြည့်ပါ။ မရရင်တော့...................:P
    အားတော့နာတယ် အကိုတို့ရေ..အအေးမရှိတော့ အပူကပ်ရမှာပဲ..Driver ရွေးတဲ့နေရာမှာ တိုင်ပတ်နေပါတယ် ခင်ဗျာ..Drive 0, IDE HDD 000, BIOS HDD 80H လို့ သုံးခုပဲပေါ်ပါတယ်.. Driver Size ကြည့်တော့လည်း HDD နဲ့ BIOS နှစ်ခုစလုံးမှာ 80 GB တဲ့..ကျွန်တော့ Drive က 80 GB ပါ..Drive 0 မှာတော့ ဘာမှမပြဘူး..Stick နဲ့ပတ်သက်တဲ့ Drive ရှာလို့မတွေ့ပါဘူး..Stick အကောင်းတပ်ပြီး စမ်းတော့လည်း မတွေ့ပါဘူး..ဘာဖြစ်တာပါလဲ ခင်ဗျာ..ကူညီကြပါဦး
  • edited August 2009 Moderators
    kothantzin wrote: »
    အားတော့နာတယ် အကိုတို့ရေ..အအေးမရှိတော့ အပူကပ်ရမှာပဲ..Driver ရွေးတဲ့နေရာမှာ တိုင်ပတ်နေပါတယ် ခင်ဗျာ..Drive 0, IDE HDD 000, BIOS HDD 80H လို့ သုံးခုပဲပေါ်ပါတယ်.. Driver Size ကြည့်တော့လည်း HDD နဲ့ BIOS နှစ်ခုစလုံးမှာ 80 GB တဲ့..ကျွန်တော့ Drive က 80 GB ပါ..Drive 0 မှာတော့ ဘာမှမပြဘူး..Stick နဲ့ပတ်သက်တဲ့ Drive ရှာလို့မတွေ့ပါဘူး..Stick အကောင်းတပ်ပြီး စမ်းတော့လည်း မတွေ့ပါဘူး..ဘာဖြစ်တာပါလဲ ခင်ဗျာ..ကူညီကြပါဦး
    ဟုတ်ကဲပါ ကိုသန့်ဇင်ရေ အပေါ်မှာ ကျနော်ပြောတာ နည်းနည်းကျန်သွားတယ်ထင်တယ်ဗျ။ boot မတတ်ခင် (Computer မဖွင့်ခင်ကတည်းက) stick ကို အရင်တပ်ထားပါ။ ပြီးမှ boot တတ်ပါ။ ဒါမှ boot drive က နေ detect ဖြစ်မှာပါ။
  • edited August 2009 Registered Users
    တပ်ထားပြီး တော်တော်ကြာမှ drive letter ပေါ်တယ်ဆိုတော့ boot sector ကို ထိသွားတာပါ။ အပေါ်မှာပြောထားတဲ့နည်းနဲ့ အဆင်ပြေပါတယ်။ လုပ်ကြည့်ပါ။ မရရင်တော့...................:P

    ဟုတ်ကဲ့ ကျေးဇူး တင်ပါတယ်.. ကို ပရင့်ဧကရစ် ခင်ဗျာ...
    ကျွန်တော်.. Boot CD ၀ယ်ပြီးတော့.. စမ်း ကြည့်လိုက်ပါ့မယ်.........အကိုပြောပြတဲ့..နည်းတွေကို..ကျွန်တော် ကော်ပီကူးယူထားပါတယ်.. အသအချာ စမ်း ရအောင်လို့ပါ..အဆင်မပြေရင်တော့..........................:):)
    သော့ချိတ် လုပ်လိုက်တာပေါ့ဗျာ................:d:d
  • edited August 2009 Registered Users
    ၀ byte ဖြစ်သွားတဲ့ stick ဆိုရင်ကော ပြင်လို့ရနိုင်သေးလား
    ကိုပရင့် ပြောတဲ့နည်းနဲ့ ကောင်းသွားနိုင်သလား
    အခြားနည်းများရှိပါသေးလား
    ိdrive letter တော့ပြသေးတယ် memory ကတော့ 0 byte ဘဲ
    ကောင်းနိုင်ပါဦးမလား။ ဘာကြောင့်ပျက်တာလဲသိချင်ပါတယ်။ memory ကြောင်သွားတာလား
    ခဲလွတ်တာလားခင်ဗျာ။
  • edited August 2009 Registered Users
    ဆက်မယ်..........
    ချိတ်ဆက်မိနေတဲ့ Drive တွေကို Detect လုပ်တာကို ခဏစောင့်ပါ။
    Drive Test ပြီးရင် .........
    Select Drive ဆိုပြီး ကို လုပ်ဆောင်မယ့် Drive ကို ရွေးခိုင်းလိမ့်မယ်။ ဒီနေရာမှာ ရှုပ်လာဘီ
    ကျနော်တို့ အရင်က တွေ့ဘူးသလို Drive တွေကို letter တွေနဲ့ C: D: အဲလိုမပြတော့ဘဲ သူတို့ရဲ့ sector size တွေ၊ byte size တွေနဲ့ဘဲပြတာဗျ။ ဒီတော့ Memory Stick ဆိုရင်တော့ size သေးလို့ ရွေးရတာ လွယ်တာပေါ့။ Size တူတဲ့ Harddisk ရှိနေဘီ ဆိုရင်တော့ ရွာကိုလည်ရောဘဲ။
    Drive 0
    xxxxxxxxx

    Drive 1
    xxxxxxxx

    Drive 2
    xxxxxxxx

    ကိုပရင့်ရေ ကျနော့ stick ကလေး ထိုးထားရဲ့သားနဲ့ မပေါ်၀ူးဗျ အဲ့ဒါဘယ်လိုလုပ်ရမလဲ ပြောပြပါဦး :77::77::77:
  • edited August 2009 Registered Users
    ကျေးဇူးတင်တယ်
    ကိုပရင့်ရေ
    ကျွန်တော် လာခဲ့မယ် ၈မိုင်က tiger ကို
    ကျေးဇူးတင်လို အစ်ကိုတိုက်တာကျွန်တော်လာသောက်မယ်နော်
    :D:D:D:D
  • edited August 2009 Moderators
    kopauk wrote: »
    ၀ byte ဖြစ်သွားတဲ့ stick ဆိုရင်ကော ပြင်လို့ရနိုင်သေးလား
    ဟုတ်ကဲ့ ပြင်လို့ရနိုင်ပါတယ်။ windows mode မှာမှ detect ဖြစ်နေရင် ရနိုင်ပါတယ်။
    ကိုပရင့် ပြောတဲ့နည်းနဲ့ ကောင်းသွားနိုင်သလား
    အခြားနည်းများရှိပါသေးလား
    ကျနော်ပြင်နေကျ ကလိနေကျ နည်းလေးပါ။ အခြားနည်းရှိမရှိတော့ မသိသေးပါဘူး။ ကျနော်တော့ ဒီလိုုပျက်ရင် ဒီလိုဘဲ ပျင်တယ်။ MEMORY STICK မှမဟုတ်ဘူး HARD DISK ရော၊ MP3 ရော၊ MP4 ရော၊ အကုန်လုံးကို ဒီနည်းလေးနဲ့ဘဲ ပြင်ပါတယ်။
    drive letter တော့ပြသေးတယ် memory ကတော့ 0 byte ဘဲ
    ကောင်းနိုင်ပါဦးမလား။ ဘာကြောင့်ပျက်တာလဲသိချင်ပါတယ်။ memory ကြောင်သွားတာလား
    ခဲလွတ်တာလားခင်ဗျာ။
    တိန်..လို့ဘဲ အရင် အော်လိုက်ဦးမယ်။
    ဘာကြောင့်ပျက်သလဲဆိုတာ ကိုယ်ဘာလုပ်လိုက်တာလည်း ဆိုတဲ့အပေါ်မှာ 75% မူတည်ပါတယ်။ ဒီတော့ ကိုပေါက် ဘာလုပ်မိလိုက်လဲ လို့ အရင်ပြန်မေးရမှာပါ။ ဆရာ၀န်ဆေးကုသလိုပေါ့ဗျာ။ နေမကောင်းဘူး၊ ကိုယ်ပူရှိန်တတ်နေတယ်၊ ကဲ ဒါဆို ရေချိုးမှားတာလား၊ နေပူထဲ အသွားများတာလား၊ အပူ အအေးမမျှတလို့ဖြစ်တာလား အရင်သိမှ နောက်တစ်ခါ ရှောင်လို့ရသလိုပေါ့နော။:D:D
  • edited August 2009 Moderators
    ကိုပရင့်ရေ ကျနော့ stick ကလေး ထိုးထားရဲ့သားနဲ့ မပေါ်၀ူးဗျ အဲ့ဒါဘယ်လိုလုပ်ရမလဲ ပြောပြပါဦး :77::77::77:
    ညီလေးရေ မင်း STICK က ၀င်းဒိုးမှာ ဒီတတ်ရောရရဲ့လား။ အဲဒါသေချာပြန်ကြည့်ပါဦး။ ဒါမှမဟုတ် pc BOOT START မှာရော STICK ကို DETECT ဖြစ်နေရဲ့လား။
  • edited August 2009 Moderators
    yaeloeaye wrote: »
    ကျေးဇူးတင်တယ်
    ကိုပရင့်ရေ
    ကျွန်တော် လာခဲ့မယ် ၈မိုင်က tiger ကို
    ကျေးဇူးတင်လို အစ်ကိုတိုက်တာကျွန်တော်လာသောက်မယ်နော်
    :d:d:d:d
    ကျနော် တိုက်မယ်လို မပြောမိဘူုးနော် :p:d
  • edited August 2009 Registered Users
    ကျနော် တိုက်မယ်လို မပြောမိဘူုးနော် :p:d
    ဟွန်း သူပဲပြောပြီတော့လာခဲ့
    တကာခံမယ်လိုပြောပြီတော့နော်
    :p:p:p:p
  • edited August 2009 Registered Users
    ကို princeakarit ရေ... ဒီလိုတန်းလန်းကြီးမထားခဲ့နဲ ့လေ။... ဇာတ်လမ်းပြန်ဆက်အုန်းလေ။ ဇာတ်ရှိန်မြင့်ပြီးမှ ဒီလိုကြီးထားခဲ့တော့ ရင်ထဲမှာ haft feel ကြီးဗျ။ လုပ်ပါအုန်း... အားပေးနေပါတယ်။
  • edited December 2009 Registered Users
    ကို မင်းသားရေဆက်ရေးပေးပါ၊
  • edited December 2009 Registered Users
    ဘယ်အပိုင်းတွေ အပျက်များဆုံးလဲ၊ ဘာကြောင့်လည်း? :39:

    (၁) အဖြစ်အများဆုံးကတော့ copy/paste မရတော့တာပါ။
    (၂) နောက်ဖြစ်တာက drive letter တော့ပေါ်တယ် ဖွင့်ရင်လည်း format ချခိုင်းတယ်။ တကယ်ချတော့လည်း write protect လို့ပြောတယ်။
    (၃) နောက်ပုံစံတစ်ခုက drive letter ကိုမပေါ်တော့ဘဲ Found New Hardware နဲ့တင် ကိစ္စပြီးသွားတာ။
    (၄)နောက်တစ်မျိုးက လုံး၀ကို ကြည့်စရာမရှိတော့အောင် ကြေမွသွားတာ :D

    အပေါ်က (၁) ကနေ (၃) အထိ အဖြစ်တွေကတော့ ၅၀% ပြင်လို့ရပါတယ်။ အဲဒါတွေဖြစ်တာက RAM Memory ကြောင်တာကြောင့် (သို့မဟုတ်) Flesh Memory ကြောင်နေတာ (သို့မဟုတ်) processor ကောင်းကောင်းအလုပ်မလုပ်တော့တာကြောင့် ဖြစ်ပါတယ်။
    နံပါတယ် (၄) ဆိုရင်တော့ :D...............
    နံပါတ် (၂) ကို ဘယ်လိုလုပ်မလဲ သိချင်လို့ပါ... ဖွင့်ရင်တော့ format မချခိုင်းပါဘူး... ဒါပေမဲ့ ချတော့ write protect လို့ပြနေတယ်... cmd က ချတာတောင်မရဘူး အကိုရ လုပ်ပါအုံး... အကို ရေးလက်စတွေကိုလည်းဖတ်နေပါတယ်... တနေ့တနေ့ ကိုရီးယားကား ကြည့်နေရသလိုပဲအကိုရာ....:D
  • edited December 2009 Moderators
    နံပါတ် (၂) ကို ဘယ်လိုလုပ်မလဲ သိချင်လို့ပါ... ဖွင့်ရင်တော့ format မချခိုင်းပါဘူး... ဒါပေမဲ့ ချတော့ write protect လို့ပြနေတယ်... cmd က ချတာတောင်မရဘူး အကိုရ လုပ်ပါအုံး... အကို ရေးလက်စတွေကိုလည်းဖတ်နေပါတယ်... တနေ့တနေ့ ကိုရီးယားကား ကြည့်နေရသလိုပဲအကိုရာ....:D
    ဟီး... ကိုရီးယားကားနဲ့တူနေဘီ
    (၂) က partition table ပျက်သွားတာပါ... အလွယ်ပြောရရင် firmware ကြောင်တွားတာ...
    herin's boot cd ထဲက harddisk recovery tools --> Hard Disk Regenerator နဲ့ ပြန်လုပ်လိုက်ရင် ကောင်းသွားမှာပါ...
  • edited April 2011 Registered Users
    result (၁) ဆိုရင်တော့က RAM Memory ကြောင်သွားကြောင့်ဖြစ်နိုင်ခြေများပါတယ်။
    တစ်ခါတစ်လေ lock button ကိုချထားမိရင်လည်းဖြစ်တတ်ပါတယ်။

    stick တစ်ချောင်း ဗိုင်းရပ်သတ်ပေးပါဆိုလို့ ယူထားတာရှိတယ်ဗျ ....
    ဒါပေမဲ့ virus ကိုက်နေတာ ...
    RAM ကြောင်သွားတာတော့မဟုတ်လောက်ဘူး ...
    Window Format ထိတောင် စမ်းကြည့်သေးတယ် ... မရဘူးဗျ
    pqmagic တွေဘာတွေနဲ့လည်း မရဘူး ....
    device ကိုသိလည်းသိတယ် ... တကယ်ချမယ်ဆိုရင် မရတော့ဘူး ...
    window မှာသတ်လို့မရဘူးဆိုရင် ကျွန်တော်က attrib တွေဘာတွေ မလုပ်တော့ဘူး ubuntu ထဲ၀င်ပြီးပဲသတ်တာ ...
    အရင်က ဗိုင်းရပ်တွေကသတ်လို့ရတယ် ..
    ခုကျွန်တော့် stick ထဲမှာတွေ့နေတဲ့ no delete.exe ဆိုတာကို ဘယ်လိုမှသတ်လို့မရဖြစ်နေတယ်ဗျ ..
    Format ချတဲ့ software တွေလည်း စုံနေပြီ .. တစ်ခုမှမရဘူး ...
    ဒီ write protect ဆိုတာနဲ့ ပတ်သတ်တဲ့ post တွေလည်း တော်တော်များများဖတ်မိတယ် ...
    တင်ပေးထားတဲ့ software တွေလည်း စမ်းပြီးပြီ .. အဆင်မပြေသေးဘူး ...
    ဗိုင်းရင်ဟုတ်မဟုတ်စမ်းကြည့်ချင်တယ်ဆိုရင်တော့ no delete.exe ဆိုတာ ဖမ်းထားတာရှိတယ် ... :wink:
    အကြံဉာဏ်လေးများမရှိတော့ဘူးလား မသိဘူး ...

    PS: Lock ချတယ်ဆိုတာ ဘယ်လိုချရတာလဲမသိဘူး ...
Sign In or Register to comment.