MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

ကျေးဇူးပြုပြီးဖြြေ၇ှင်းပေးကြပါ

edited October 2009 in Help Desk
မင်္ဂလာပါ mz forum မှ ညီအစ်ကိုများခင်ဗျား
ကျနော် အကူညီတစ်ခုလောက်တောင်းပါရစေ။ အကြောင်းကတော့ ကျနော်ရဲ့ ကွန်ပျူတာမှာ စက်လေးလံခြင်း၊ Error တက်ခြင်းများကြုံ့တွေ့နေရသောကြောင့်ဖြစ်ပါတယ်။ ကျနော်ကလည်း ကွန်ပျူတာကို application ပိုင်းပဲ သုံးတတ်တာပါ။ တခြား hardware and trouble shooting ပိုင်းကို သိပ်နားမလည်ပါဘူး။ လုံး၀ နားမလည်ဘူးလို့လည်းပြောလို့ရပါတယ်။
ကျနော်တောင်းချင်တဲ့ ကူညီဖြေရှင်းပေးစေလိုတဲ့ အချုက် (၃) ချက်ရှိပါတယ်။ တတ်နိုင်သလောက် ၀ိုင်း၀န်း အကြံညဏ်ပေး၊ဖြေရှင်းပေးဖို့ကိုလည်းမျှော်လင့်ပါတယ်။ အဲဒီ ပြသနာတွေကို ကျတော်ပုံနဲ့တကွ Post တင် ပေးလိုက်ပါတယ်။

ဒါကတော့ system စစချင်းမှာ ပေါ်လာတဲ့ Fix – it Utilities 9 professional ကဖေါ်ပြပေးတဲ့ error တစ်ခုပါ။ ဘာအဓိပါယ်လဲဆိုတာ ကျတော်မသိသလို ဘာလိုဖြေရှင်းရမလဲဆိုတာလည်းမသိပါ။
(2)

Figure 1
ဒါကဒုတိယ error ပါ။ system စတက်ပြီးလို့ application တစ်ခုခုကို Run တော့မယ်ဆိုရင် တက်လာခြင်းဖြစ် ပါတယ်။ သူ့ကို ok လုပ်ရင် စက်က restart ပြန်ကျသွားတယ်။ ဒါပေမယ့် နောက်တကြိမ်လည်းစက်ပြန်ဖွင့်ရင် ပြန်ပေါ်လာတယ်ပဲ။
ဒါပေမယ့် ok မလုပ်ဘဲ ဒီအတိုင်းထားထားရင်တော့ အောက်ကပုံအတိုင်းပြန်ဖြစ်သွားပြန်ရော။
အဲဒီဟာက အပေါ်က error message နဲ့ဆက်စပ်မှု ရှိမရှိနဲ့ သီးသန့် error message တစ်ခုလားဆိုတာတော့ ကျနော်လည်းမသိဘူး။
(3) နောက်ထပ် error ကတော့ စက်လေးနေတဲ့ ပြသနာပါ။ ဒါနဲ့ ကျနော်က ပြသနာတွေဘဲပြောနေတယ်။ ကျနော် စက်နဲ့ပတ်သတ် တဲ့ အကြောင်းတွေမပြောပြရသေးဘူး။ ကျနော်စက်ရဲ့ Detail ကတော့
အောက်မှာ ကျနော် system detail ပါပဲ။ ကျနော်လည်း post မတင်တတ်။ ပုံတွေမတင်တတ်လို့ ဖတ်ရကြည့်ရခက်ရင် နားလည်ပေး ပါလို လည်းတောင်းဆိုပါရစေ။


စက်ကလေးတာတော့ တော်တော်လေကို လေးပါတယ်။ စက်စဖွင့်တာနဲ့့ task manager မှာ cpu အလုပ်လုပ်တာ 100% ဖြစ်နေတယ်။ နဂို virus scan ဖတ်တာ အများဆုံးမိနစ် 30 ပဲကြာတယ်။ အခုတော့ 1 နာရီကျော်အောင်ဖတ်ရတယ်။ကျနော်လည်း ဘယ်လိုလုပ်ရမလဲ မသိတော့ပါဘူး။
စက်လေးတာက အဲဒါတင်ပဲ မဟုတ်ဘူး။ DVD Drive ထဲမှာအခွေထဲထားရင် welcome screen တောင်မတက်နိုင်ဘူး။ အဲဒါလိုဖြစ်ရင် drive ကို ဖွင့်ပြီးခွေထုတ်လိုက်မှ စက်ကဆက်တတ်တော့တယ်။
ကူညီကြပါအုံးလို့ ထပ်မံတောင်းဆိုပါ၇စေ။ ဘယ်လိုဖြေရှင်းရမလဲဆိုတာ အမြန်ဆုံးလေးကူညီကြပါအုံး။
ကျေးဇူးတင်စွာဖြင့်
kyawkyar
Sign In or Register to comment.