MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Admin နှင့် Mod များသို့အိတ်ဖွင့်ပေးစာ

edited October 2009 in Project
ကျွန်တော် ဒီနေ့မနက်မှာ Sharing Topic အောက်မှာ HD Video Sharing လုပ်ခဲ့မိပါတယ်။
လုပ်ပြီး သိပ်မကြာခင်မှာပဲ ကိုExiter နဲ့ ကိုဒီဘီ မှ Forum နဲ့မသင့်တော်ဘူး ဖျက်ပေးပါဆိုလို့ ကျွန်တော်ဖျက်လိုက်ပါတယ်။
အဲဒါပြီးတဲ့နောက်ကျွန်တော်လဲ ကျွန်တော်တင်ထားတဲ့ Post တွေထဲမှာ Forum နဲ့မသင့်တော်တာတွေကိုလိုက်ရှာပြီး ထပ်မံဖျက်လိုက်ပါတယ်။
ကျွန်တော် HD Video Sharing ကို မနေ့ကတင်ပါသေးတယ်၊ ဒီနေ့ကျတော့ပျောက်လို့ထပ်တင်လိုက်တာပါ၊ တကယ်တော့ပျောက်သွားတာလား ဒါမှမဟုတ် Admin တစ်ယောက်ယောက်ဖျက်လိုက်တာလားကျွန်တော်လဲမသိပါဘူး၊ ကျွန်တော်ထင်တာက MZ Template ပြောင်းနေချိန်မှာ Error တက်ပြီးပျောက်သွားတယ်လို့ပဲထင်တာပါ။
ဒီနေ့မှ ကျွန်တော်ထင်လိုက်တာက Admin တစ်ယောက်ယောက်ဖျက်လိုက်တာလို့ထင်ပါတယ်၊ ကျွန်တော်မသိလို့ပြန်တင်လိုက်တာပါ။
ကျွန်တော်ပြောချင်တာက ကျွန်တော်တင်တဲ့ Post တွေဟာ Forum နဲ့မသင့်တော်ဘူးထင်ရင် Forum တာဝန်ရှိသူများအနေနဲ့ ကျွန်တော့်ကိုဖျက်ခိုင်းမနေပါနဲ့ တခါတည်းသာဖျက်ပါ၊ ကျွန်တော့်ကိုဖျက်ခိုင်းလို့ ဖျက်တာစောင့်နေရင် ကျွန်တော်က တစ်ခါတစ်လေအွန်လိုင်းဝင်တာနောက်ကျနေရင် Forum အတွက် အန္တရာယ်ရှိမှာဆိုးလို့ပါ။
မသင့်တော်ဘူးထင်ရင် ဖျက်ပါ၊ ကျွန်တော်စိတ်မဆိုးပါဘူး၊ ဖျက်ပြီးရင်တော့ ကျွန်တော့်ဆီ PM လေးပို့ပေးပါနော် တော်ကြာကျွန်တော်က Error တက်ပြီးပျောက်တယ်ထင်လို့ ထပ်တင်မိမှာဆိုးလို့ပါ။
ပြီးတော့ကျွန်တော်တင်ထားတဲ့ တစ်ချို့ Post တွေကို Forum နဲ့မသင့်တော်ဘူးထင်တာတွေ ကျွန်တော့်သဘောနဲ့ကျွန်တော် ဖျက်လိုက်ပါတယ်၊ ဒါဟာကျွန်တော် ရွဲ့ပြီးလုပ်တာမဟုတ်သလို စိတ်ဆိုးလို့လုပ်တာလဲမဟုတ်ပါဘူး။ တော်ကြာကျွန်တော့်ကို တစ်မျိုးထင်နေမှာဆိုးလို့ပါ။
Forum ကောင်းကျိုးဆောင်ရွက်နေတဲ့ Forum တာဝန်ရှိသူများကို ကျွန်တော်လေးစားပါတယ်၊ စိတ်လဲမဆိုးပါဘူး၊ ကျွန်တော်ဒီစကားကို ထပ်ခါတလဲလဲပြောနေတာက ကျွန်တော့်ကို တစ်မျိုးထင်သွားမှာဆိုးလို့ပါ။ကျွန်တော်ဒီစာကို ကိုExiter ဆီ PM ပို့ပါတယ် ဒါပေမယ့်ပို့လို့မရဘူးဖြစ်နေလို့ ဒီမှာရေးလိုက်ရတာပါ၊ Error တက်နေတာလားမသိဘူး :106:
ကျေးဇူးတင်စွာဖြင့်
challenger220
မှတ်ချက်။ ။ကိုExiter ကကျွန်တော့်ကို challenger200 လို့ခေါ်ပါတယ်၊ တကယ်က challenger220 ပါ။ အဟီးနောက်တာနော် :D:D

မှတ်ချက်များ

  • edited October 2009 Administrators
    ကျေးဇူးတင်ပါတယ် Bro ချယ်လင်ဂျာ။

    အမှန်တော့ ... PM နဲ့ ပို့လိုက်လဲ အဆင်ပြေပါတယ်။

    ဒါပေမဲ့ ... Bro လဲ အားလုံးကို သိစေချင်လို့ တင်တယ်လို့ ယူဆပါတယ်။

    နားလည်မှု့ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် Bro.

    ဒီ သရက်လေးကိုတော့ Close လုပ်ထားမယ်နော် ..... :)
    ( မင်မင် မော်မော် တွေ လိုအပ်မယ်ထင်ရင်တော့ ... လိုအပ်သလို ပြန်ဖွင့်တော်မူကြပါကုန် ... :D )
ဒီဆွေးနွေးချက် ကို ပိတ်ထား ပြီးပါပြီ။