MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

C++ project

edited November 2009 in C++
C++ project တစ််ခုလုပ်ရင်

အဓိကက .cpp ပဲမဟုတ်ဘူးလားဟင်
.h and .rc ကဘယ်လိုလဲဆိုတာနည်းနည်းလောက်ရှင်းပြပေးပါဦးနော်
Dev C++ မှာတော့ .rc ကို Code အနေနဲ့ရေးရမှာလား?
Window Visual C++ 6 မှာက အဆင်သင့်ရေးလို့ရတယ်မဟုတ်လား

ကျွန်တော်မရှင်းတာက .rc ဖိုင်ကို Window Visual C++ 6 မှာရေးပြီး
progect ကိုDev C++ မှာရေးမယ်ဆိုရင်ရတယ်မဟုတ်လား?

ပြီးတော .h ဆိုတာက ဘယ်လို့သုံးရလဲဆိုတာသိချင်ပါတယ်

မှတ်ချက်များ

  • edited October 2009 Registered Users
    >> အဓိကက .cpp ပဲမဟုတ်ဘူးလားဟင်
    Source code အတွက် CPP မှာရေးပါတယ်။ Declaration အတွက်တော့ .H မှာရေးပါတယ်။ နှစ်ခုလုံးက အရေးပါပါတယ်။

    >> .h and .rc ကဘယ်လိုလဲဆိုတာနည်းနည်းလောက်ရှင်းပြပေးပါဦးနော ်
    >> Dev C++ မှာတော့ .rc ကို Code အနေနဲ့ရေးရမှာလား?
    >> ကျွန်တော်မရှင်းတာက .rc ဖိုင်ကို Window Visual C++ 6 မှာရေးပြီး
    >> progect ကိုDev C++ မှာရေးမယ်ဆိုရင်ရတယ်မဟုတ်လား?

    RC က Visual C++ ရဲ့ resource file ပါ။ resource file ထဲမှာ coding နဲ့မဆိုင်တဲ့ Icon ဖိုင်တွေ Menu ID တွေအတွက် သုံးပါတယ်။ Window application ဆောက်ရင် RC file လိုပါတယ်။ RC file ကို syntax သိရင် text editor နဲ့ပြင်လို့ရပါတယ်။ Syntax သိချင်ရင် Win SDK မှာရှာပါ။ Visual C++ သုံးရင် syntax သိစရာမလိုဘဲ IDE မှာ edit လုပ်လို့ရပါတယ်

    >> ပြီးတော .h ဆိုတာက ဘယ်လို့သုံးရလဲဆိုတာသိချင်ပါတယ်
    class တခုကို CPP မှာရေးပြီး နောက် CPP မှာသုံးချင်ရင် အဲဒီ class ရဲ့ declaration ကို #include လုပ်ပေးရပါမယ်။ CPP file ကိုလုပ်ရင် class declaration တင်မကဘဲ implementation တွေပါ ပါကုန်ပါမယ် (အဲဒါဆို နှစ်ခါ declare လုပ်မှုနဲ့ error တက်ပါလိမ့်မယ်)။ ဒါကြောင့် .H file မှာဘဲ declaration သပ်သပ်ရေးပြီး include လုပ်တာပါ။
  • edited October 2009 Registered Users
    အခုလိုရှင်းပြပေးတာကျေးဇူးတင်ပါတယ်
  • edited October 2009 Registered Users
    အစ်ကိုရေ ဒါဆို .rc ဖိုင်မှာရော unicode လုပ်လို့ရလားဟင်
    ဥပမာ
    IDR_MYMENU MENU DISCARDABLE
    BEGIN
    POPUP "&File"
    BEGIN
    MENUITEM "E&xit", ID_FILE_EXIT
    END
    POPUP "&Stuff"
    BEGIN
    MENUITEM "&Go", ID_STUFF_GO
    MENUITEM "Go &Somewhere Else", ID_STUFF_GOSOMEWHEREELSE
    , GRAYED
    END
    END

    File လိုနေရာမှာ မြန်မာလို့ပေါ်အောင်လုပ်ချင်လို့ ပါ
  • edited November 2009 Registered Users
    အင်း .h ကကိုယ်ပိုင် header ဖိုင်လုပ်ရင်သုံးတဲ့ ext နော်
  • edited November 2009 Registered Users
    bluerays wrote: »
    အင်း .h ကကိုယ်ပိုင် header ဖိုင်လုပ်ရင်သုံးတဲ့ ext နော်

    .h file ကိုရောကိုယ်တိုင်ရေးရတာလားဟင်

    ဒါလေးကိုသိပ်နားမလည်ဘူး
  • edited November 2009 Registered Users
    အင်းရေးလို့ရပါတယ်.....ခင်ဗျာ.....ဖိုင်ကတစ်အားရှည်နေရင်ဖြစ်ဖြစ်...ကိုယ်ရေးတဲ့ coding ကိုတစ်ခြားလူမသိစေချင်
    ရင်ဖြစ်စေ....header file အနေနဲ့ပြောင်းပြီး...ရေးထားနိုင်ပါတယ်ခင်ဗျာ....တစ်ခါတည်း project ထုတ်လိုက်ရင်
    ပါလာပါတယ်ခင်ဗျာ
  • edited November 2009 Registered Users
    question wrote: »
    အစ်ကိုရေ ဒါဆို .rc ဖိုင်မှာရော unicode လုပ်လို့ရလားဟင်
    ...........
    File လိုနေရာမှာ မြန်မာလို့ပေါ်အောင်လုပ်ချင်လို့ ပါ

    Window ပေါ်မှာ ဗမာ version လုပ်ရင် String table ကိုသုံးဖို့ အကြံပေးချင်ပါတယ်။ Visual CPP မှာဆို resource view -> Add Resource -> String Table ကိုရွေးရင် ရပါမယ်။ English string table ကသပ်သပ် Myanmar string table ကသပ်သပ်ခွဲရေးနိုင်ပါတယ်။ ဒါဆို english version -> ဗမာ version ကြိုက်သလို ပြောင်းလို့ရပါတယ်။

    ဗမာလို ပေါ်အောင်ရေးဖို့မှာ နဲနဲပြသနာရှိပါတယ်။ Unicode ကိစ္စပါ။ Window default font မှာ ဗမာစာ ပါမလာပါဘူး။ ဒါကြောင့်ပါ။
  • edited November 2009 Registered Users
    bluerays wrote: »
    အင်းရေးလို့ရပါတယ်.....ခင်ဗျာ.....ဖိုင်ကတစ်အားရှည်နေရင်ဖြစ်ဖြစ်...ကိုယ်ရေးတဲ့ coding ကိုတစ်ခြားလူမသိစေချင်
    ရင်ဖြစ်စေ....header file အနေနဲ့ပြောင်းပြီး...ရေးထားနိုင်ပါတယ်ခင်ဗျာ....တစ်ခါတည်း project ထုတ်လိုက်ရင်
    ပါလာပါတယ်ခင်ဗျာ
    အစ်ကိုဆိုလိုတာက .cpp and .rc ပေါင်းပြီး project တစ်ခုလုပ်လိုက်ရင် .h file ကတစ်ခါတည်းပါလာတာလား
  • edited November 2009 Registered Users
    myintkt wrote: »
    Window ပေါ်မှာ ဗမာ version လုပ်ရင် String table ကိုသုံးဖို့ အကြံပေးချင်ပါတယ်။ Visual CPP မှာဆို resource view -> Add Resource -> String Table ကိုရွေးရင် ရပါမယ်။ English string table ကသပ်သပ် Myanmar string table ကသပ်သပ်ခွဲရေးနိုင်ပါတယ်။ ဒါဆို english version -> ဗမာ version ကြိုက်သလို ပြောင်းလို့ရပါတယ်။

    ဗမာလို ပေါ်အောင်ရေးဖို့မှာ နဲနဲပြသနာရှိပါတယ်။ Unicode ကိစ္စပါ။ Window default font မှာ ဗမာစာ ပါမလာပါဘူး။ ဒါကြောင့်ပါ။

    ှString table ဆိုတာဘာကိုပြောတာလဲမသိဘူးနော်

    ပြီးတော့ Visual CPP မှာ resource view ဆိုတာကျွန်တော်မတွေ့ဘူးဖြစ်နေတယ်
  • edited November 2009 Registered Users
    i made one project in Dev C++
    error say like that
    4 C:\Dev-Cpp\Examples\ZZZZZZZZZZZZZZZZZ\resource.rc [Resource error] syntax error
    C:\Dev-Cpp\Examples\ZZZZZZZZZZZZZZZZZ\Makefile.win [Build Error] [Project1_private.res] Error 1

    this is resource.rc file
    #include "resource.h"
    IDD_CONTROLSDLG DIALOG 260, 200, 180, 120
    //ERROR MESSAGE
    STYLE WS_MODALFRAME | WS_POPUP | WS_CAPTION | WS_SYSMENU
    CAPTION "Windows Controls"
    FONT 8, "MS Shell Dlg"
    BEGIN
    DEFPUSHBUTTON "Close", IDCANCEL, 120, 100, 50, 14
    END
    and this is Untitle3.cpp file
    #include <windows.h>
    #ifdef __BORLANDC__
    #pragma argsused
    #endif

    #include "resource.h"
    //
    HWND hWnd;
    LRESULT CALLBACK DlgProc(HWND hWnd, UINT Msg, WPARAM wParam, LPARAM lParam);
    //
    int APIENTRY WinMain( HINSTANCE hInstance, HINSTANCE hPrevInstance,
    LPSTR lpCmdLine, int nCmdShow )
    {
    DialogBox(hInstance, MAKEINTRESOURCE(IDD_CONTROLSDLG),
    hWnd, reinterpret_cast<DLGPROC>(DlgProc));

    return 0;
    }
    //
    LRESULT CALLBACK DlgProc(HWND hWndDlg, UINT Msg, WPARAM wParam, LPARAM lParam)
    {
    switch(Msg)
    {
    case WM_INITDIALOG:
    return TRUE;

    case WM_COMMAND:
    switch(wParam)
    {
    case IDCANCEL:
    EndDialog(hWndDlg, 0);
    return TRUE;
    }
    break;
    }

    return FALSE;
    }
    //
    and this is resource.h file
    #define IDD_CONTROLSDLG 101
  • edited November 2009 Registered Users
    question wrote: »
    ှString table ဆိုတာဘာကိုပြောတာလဲမသိဘူးနော်

    ပြီးတော့ Visual CPP မှာ resource view ဆိုတာကျွန်တော်မတွေ့ဘူးဖြစ်နေတယ်

    ကဲ စဉ်းစားကြည့်ဗျာ။ Program တပုဒ်ကို အောက်ကလို english လိုရေးမယ်၊

    printf( "Hello, how are you?" );

    နောက် ဗမာလိုပြောင်းရေးချင်တယ်၊

    printf( "နေကောင်းလား" );

    Coding တကြောင်းနှစ်ကြောင်းဆို ခုလို တိုက်ရိုက်ပြောင်းလို့ရတယ်။ Source files တွေ ၃-၄ ဆယ်၊ line of codes တွေများကြီးရှိရင်၊ တခုချင်းဆီ လိုက်ပြောင်းရရင် အချိန်ကုန်မှာပေါ့။ ဒီတော့ ဒီလိုရေးမယ်ဗျာ။

    #define HELLO_STRING 0

    char* g_StringTable[] = {
    "Hello, how are you?",
    "......",
    };

    char* GetStringTableEntry( int index ) {
    return g_StringTable[ index ];
    };

    printf( GetStringTableEntry( HELLO_STRING ) );

    အပေါ်ကဆို code တွေတော့ များသွားပြီ။ ဒါပေမဲ့ ပြောင်းချင်ရင် g_StringTable မှာ၀င်ပြောင်းယုံဘဲ။ ပိုလွယ်သွားပြီး။ Line of codes များရင် ပိုလွယ်တာ သိပ်သိသာတယ်။ အဲလို string တွေသပ်သပ် ခွဲရေးထားတာကို String Table လို့ခေါ်တယ်။

    ဒါ concept ကိုပြောတ။ Visual C++ မှာဆို Add String table ဆိုပြီး IDE မှာ ခုန code တွေရေးစရာမလိုဘဲ အဆင်ပြေပြေ သုံးလို့ရတယ်။
  • edited November 2009 Registered Users
    အခုလိုရှင်းပြပေးတာကျေးဇူးတင်ပါတယ်
Sign In or Register to comment.