MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

http://localhost/wordpress

edited July 2010 in Blog
localhost(xampp) မှာ wordpress တင်တာ error ဖြစ်နေလို့ဗျာ....... ဘုတ်ဆာလုပ်ရမတုန်း........ ဘယ်နေရာမှာဖြစ်တာလဲဆိုတော့ database name, password တွေမေးတဲ့နေရာက နေဖြည့်လိုက်ရင် error ဖြစ်သွားတယ်...... သူက wp-config-sample.php ကို edit လုပ်ခိုင်းတယ်...... လုပ်လိုက်ရင် ဘာမှားသလဲ မသိ...... http://localhost/wordpress ကို ခေါ်လို့ မရတော့ဘူး....... ကျေးဇူးပြုပြီး ဖြေပေးကြပါဦးဗျာ............

မှတ်ချက်များ

  • edited November 2009 Registered Users
    Database က username, password ထည်ပြီး ဖိုင်နာမည်ကို wp-config.php လို့ ပြောင်းပြီးမှ သိမ်းတာလား။ wp-config-sample.php ထဲမှာ edit လုပ်ရုံနဲ့ မရပါဘူး။ ဒါမှမဟုတ် တခြား ဘယ်လို error တွေ တက်သေးလဲဗျ။
  • edited November 2009 Registered Users
    ကိုစိုင်းရေ နဲနဲတော့ဝင်ရွှီး ကြည့်မယ်နော်... wp ကို install မလုပ်ခင် မှာ db အရင််ဆောက်ရပါမယ် ... ပြီးမှ install လုပ်ပါဗျာ... လုပ်တဲ့အခါမှာ username --- root ပါ password ကိုပေးရန်မလိုပါဘူးခင်ဗျာ ဘလန့်သာထားလိုက်ပါ အစဉ်ပြေသွားမျာပါကိုစိုင်း...
  • edited November 2009 Registered Users
    ကိုစို်င်းရေ ဒီမှာပဲ နည်းနည်းပြောလိုက်မယ် ဗျာ ကွန်းမကောင်းလို့ ရေးသာပြီးသွားပြီ ပို့မရတာ
    ကိုရသာပြောသလိုပါပဲ အရင် db create လုပ်ရပါတယ်ပြီးမှ
    localhost/wordpress/wp-admin/install.php အဲ့ဒါကိုရိုက်ရပါတယ်။ဒါမှ အင်စတောရမှာပါ။
    ပြီးရင် rename စစချင်းလုပ်ထားတဲ့ wp-config.php မှာ db name,username ဖြည့်ပြီး
    ကွန်နက်ရှင်လုပ်ရပါတယ်။ဒါဆိုရင်တော့ အင်စတောရပြီဖြစ်ပါတယ်
  • edited November 2009 Registered Users
    localhost(xampp) မှာ wordpress တင်တာ error ဖြစ်နေလို့ဗျာ....... ဘုတ်ဆာလုပ်ရမတုန်း........ ဘယ်နေရာမှာဖြစ်တာလဲဆိုတော့ database name, password တွေမေးတဲ့နေရာက နေဖြည့်လိုက်ရင် error ဖြစ်သွားတယ်...... သူက wp-config-sample.php ကို edit လုပ်ခိုင်းတယ်...... လုပ်လိုက်ရင် ဘာမှားသလဲ မသိ...... http://localhost/wordpress ကို ခေါ်လို့ မရတော့ဘူး....... ကျေးဇူးပြုပြီး ဖြေပေးကြပါဦးဗျာ............
    အခု ရှိနေတဲ့ ဖိုင်တွေအားလုံးကို ဖျက်လိုက်ပါ။ ပြီးရင် http://localhost/phpmyadmin ထဲကနေ database တစ်ခု ဆောက်လိုက်ပါ။ ဥပမာ- wordpress
    ပြီးရင် http://localhost/wordpress ဆိုပြီး ခေါ်လိုက်ပါ။
    database name ဆိုတဲ့နေ၇ာမှာ ခုနက ဆောက်ထားတဲ့ wordpress ဆိုတာလေး ထည့်ပေးလိုက်ပါ။
    xampp ဖြစ်တဲ့ အတွက် user name က root ပါ။
    password ကတော့ ဘာမှ မဖြည့်ပါနဲ့။ ဒီတိုင်းပဲ ထားလိုက်ပါ။ ကျန်တာတွေလည်း မဖြည့်ပါနဲ့။ ဒါဆိုရင် ရပါပြီ။

    wp-config-sample.php ကို သုံးရတာက ဥပမာ ကိုစိုင်းသုံးတဲ့ ၀င်းဒိုးက vista တို့ ၀င်းဒိုး7 တို့ ဖြစ်နေမယ်။ ပြီးတော့ xampp ရဲ့နေရာက program files ထဲရောက်နေတယ်ဆိုရင် read only ဖြစ်နေတဲ့အတွက် browser ကနေ လုပ်လို့ မရပါဘူး။ အဲဒီအချိန်မှာ wp-config-sample.php ကို wp-config.php လို့ ပြောင်းပေးပြီး အထဲက နေရာတွေမှာ လိုအပ်တာလေး ဖြည့်ပေးရတာပါ။ ဘာတွေဖြည့်ပေးရလည်းဆိုတော့ ဘာမှမဟုတ်ပါဘူး။ အပေါ်က ကျွန်တော်ပြောခဲ့သလို ပတ်ေ၀ါ့နေရာမှာ ကွက်လပ်။ user name နေရာမှာ root။ databae name မှာ ခုနက ဆောက်ထားတဲ့ wordpress ဆိုတဲ့ database လေးဖြည့်။ location လား ဘာလားမသိဘူး။ အဲဒီနေရာမှာတော့ သူ့ default အတိုင် localhost ပဲ ထားလိုက်ပါ။ ဒါဆိုရင် ရပါပြီ။ ပြီးရင်တော့ http://localhost/wordpress/wp-admin/install.php ဆိုပြီး browser ကနေ ခေါ်ပြီး အင်စရော လုပ်သွားယုံပါပဲ။ အဆင်ပြေပါစေ....
  • edited November 2009 Registered Users
    အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်.......... localhost မှာ တင်တာ မနေ့ညက စမ်းသမ်းရမ်းသမ်းနဲ့ အဆင်ပြေသွားပါတယ်...... ကျွန်တော်က ခုမှ စလေ့လာနေတာမို့ မသိတာ ရှိလာရင် ထပ်မေးပါဦးမယ်....

    (ကိုရသာ၊ ကိုပရင့် နဲ့ ကိုရောင်ကတော့ ပထမ joomla နဲ့တင် facebook မှာ တော်တော် နာမည်ကြီးသွားဘီ... ဟီဟိ)
  • edited November 2009 Registered Users
    (ကိုရသာ၊ ကိုပရင့် နဲ့ ကိုရောင်ကတော့ ပထမ joomla နဲ့တင် facebook မှာ တော်တော် နာမည်ကြီးသွားဘီ... ဟီဟိ)

    ကိုစိုင်း သူရို့ ကိုကြော်ငြာပေးခ တောင်းသင့်တယ်ထင်တယ် ဟိဟိ
  • edited July 2010 Registered Users
    http://localhost/wordpress ကို xampp နဲ့ သုံးလည်းကောင်းပါတယ် ဒါပေမယ့် ကျွန်တော့်တော့ xampp ကို မသုံးခဲ့ဘူး
    http://www.easywamp.com
    
    ကိုအသုံးပြုခဲ့ပါတယ်ဗျာ
    စမ်းသုံးကြည့်ပေါ့
  • Registered Users
    Thank all bro...same problem with him thank you..:D
Sign In or Register to comment.