MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Ornagai ရောင်းတာလား ၊ အလကားလား

Ornagai Mobile Dictionary ကို ရောင်းတာလား အလကားပေးတာလားသိချင်ပါတယ်
မန္တလေးက နာမည်ကြီး မိုဘိုင်းဖုန်းဆိုင်တစ်ခုကို ဟိုနေ့က ဆော့ဖ်ဝဲသွားသွင်းတုန်း
Ornagai Ver2 လို့ရေးထားလို့ ဗားရှင်းအသစ်ထွက်တာလားဆိုတော့ ဟုတ်တယ်တဲ့
အဲဒါဆိုသွင်းမယ်လို့ပြောလိုက်တယ်
အားလုံးသွင်းပီးလို ပိုက်ဆံရှင်းလိုက်တော့ တွက်ကြည့်တာ ornagai ဖိုးပါပါနေတော့ သူတို့ကိုမေးကြည့်တာ
ဟုတ်တယ်တဲ့ ရောင်းတာတဲ့
ကျွန်တော်လဲ မသွင်းဘဲနဲ့ပြန်ဖျက်ခိုင်းခဲ့တယ်
နည်းနည်းလေးတောင် ဘုခဲ့သေးတယ်
ပိုင်ရှင်ကိုယ်တိုင်က အလကားဖြန့်တာ
သူတို့ကရောင်းတော့ စိတ်ထဲတော့သိပ်မကြည်ဘူး
အဲဒါ MZ ကိုယ်တိုင် ရောင်းခိုင်းတာလား ဆိုတာသိချင်ပါတယ်

မှတ်ချက်များ

  • edited March 2010 Administrators
    ကျွန်တော်တို့က free ပေးထားတာပါ။ ကိုယ့်ဘာသာ ကိုယ်သွင်းတတ်ရင် download ချပြီး သွင်းလို့ရပါတယ်။
    http://code.google.com/p/ornagai-mobile/
    
  • KK
    edited March 2010 Moderators
    Ornagai က ရောင်းတာမဟုတ်ပါဘူး (ထင်တာပဲလေ)
    ကျွန်တော်ကတော့ သူငယ်ချင်းဆီကနေယူတာ ... သူကလည်း Download ဆွဲထားတာပဲလေ MZ က
    ကိုစေတန် ဖြစ်ဖြစ် ကိုထွက်ပေါက်ဖြစ်ဖြစ် တစ်ယောက်ယောက်ပေါ့လေ ... ၀င်ပြောပြသွားပါလား
    ကျွန်တော်ကတော့ Ornagai က တော့ရောင်းတာမဟုတ်ပါဘူးလို့ပဲထင်တယ်.. :)
  • edited March 2010 Administrators
    Ornagai ကိုအလကားပေးတာပါပဲ အပေါ်မှာစေတန် ပြောထားတယ် အဲဒီ့နေရာကနေ ယူပြီးကိုယ့်ဟာကိုယ်ထည့် လို့ရတာပါပဲ။ ဒါပေမယ့် ဖုန်းဆိုင်ကတော့ အလကားဘယ်ထည့်ပေးပါ့မလဲ ထည့်ပေးခယူတယ်ပဲ သတ်မှတ်ရမှာပေါ့။ အဲဒါတွေကိုလည်း ရေးတဲ့လူက မလုပ်ရဘူးလို့ ဘယ်လိုလုပ်ပြောလို့ဖြစ်မလဲ အဲလိုပြောလိုက်ရင် မထည့်ပေးရုံပဲရှိမှာပေါ့ လူတိုင်းမှ ကိုယ့်ဖုန်းထဲ Install မလုပ်တတ်တာပဲ အဲဒီလိုဆိုရင် Ornagai ဆိုတာလူအများ သုံးလို့ရတဲ့အရာ မဟုတ်ပဲဖြစ်သွားမှာပေါ့။ သူတို့အဲလိုထည့်ပေးတာလည်း လူသုံးများအောင် ဖြန့်ပေးတယ်ပဲ စေတန်က သဘောထားရတော့မှာပေါ့။ ကိုယ် Download မလုပ်ရအောင် Install လုပ်ရသက်သာအောင် လုပ်ပေးတယ်ပဲ မှတ်ရမှာပေါ့။ Ubuntu လည်း အလကားပေးတာပဲ သို့ပေမယ့် ဘာလို့ ဆိုင်မှာပိုက်ဆံပေးဝယ်သလဲ စဉ်းစားရမလိုဖြစ်နေမယ်။
  • Ornagai ကိုအလကားပေးတာပါပဲ အပေါ်မှာစေတန် ပြောထားတယ် အဲဒီ့နေရာကနေ ယူပြီးကိုယ့်ဟာကိုယ်ထည့် လို့ရတာပါပဲ။ ဒါပေမယ့် ဖုန်းဆိုင်ကတော့ အလကားဘယ်ထည့်ပေးပါ့မလဲ ထည့်ပေးခယူတယ်ပဲ သတ်မှတ်ရမှာပေါ့။ အဲဒါတွေကိုလည်း ရေးတဲ့လူက မလုပ်ရဘူးလို့ ဘယ်လိုလုပ်ပြောလို့ဖြစ်မလဲ အဲလိုပြောလိုက်ရင် မထည့်ပေးရုံပဲရှိမှာပေါ့ လူတိုင်းမှ ကိုယ့်ဖုန်းထဲ Install မလုပ်တတ်တာပဲ အဲဒီလိုဆိုရင် Ornagai ဆိုတာလူအများ သုံးလို့ရတဲ့အရာ မဟုတ်ပဲဖြစ်သွားမှာပေါ့။ သူတို့အဲလိုထည့်ပေးတာလည်း လူသုံးများအောင် ဖြန့်ပေးတယ်ပဲ စေတန်က သဘောထားရတော့မှာပေါ့။ ကိုယ် Download မလုပ်ရအောင် Install လုပ်ရသက်သာအောင် လုပ်ပေးတယ်ပဲ မှတ်ရမှာပေါ့။ Ubuntu လည်း အလကားပေးတာပဲ သို့ပေမယ့် ဘာလို့ ဆိုင်မှာပိုက်ဆံပေးဝယ်သလဲ စဉ်းစားရမလိုဖြစ်နေမယ်။

    ဟုတ်ကဲ့
    ကျွန်တော် နားလည်မှုလွဲသွားတယ်
    ကျေးဇူးပါပဲ ရှင်းပြတာ
Sign In or Register to comment.