MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

သုညရာခိုင်နှုန်း

edited April 2010 in MZ News
ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်း၊ ဒစ်ဂျစ်တယ်ကင်မရာ၊ မိတ္တူကူးစက် အမျိုးမျိုးပါ၀င်သော အိုင်စီတီ(ဆက်သွယ်ရေး၊ သတင်းနှင့်နည်းပညာ) ဆိုင်ရာကုန်ပစ္စည်းလိုင်း ၃၆ မျိုးအား တတိယအသုတ်အဖြစ် ၂၀၁၀ပြည့် နှစ်၊ ဇန်န၀ါရီ ၁ ရက်နေ့မှစ၍ တည်ဆဲနှုန်းထားများမှ သုညရာခိုင်နှုန်းသို့ လျော့ချသတ်မှတ်လိုက်ကြောင်း တရား၀င်ထုတ်ပြန်ချက်များအရ သိရှိရသည်။

အိုင်စီတီ(သတင်း၊ ဆက်သွယ်ရေး၊ နည်းပညာဆိုင်ရာ)ပစ္စည်းများ ကို သုညရာခိုင်နှုန်းသို့ အကောက်ခွန်လျော့ချခြင်းသည် e ASEAN Framework Agreement အရ အသုတ်သုံးသုတ်ခွဲ၍လျော့ချခြင်း ဖြစ်ပြီး အာဆီယံမူလခြောက်နိုင်ငံ တွင်မူ ၂၀၀၃ ခုနှစ်မှစတင်လျော့ချခဲ့ပြီး ကျန်လေးနိုင်ငံဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံ တို့အတွက်မူ ၂၀၁၀ တွင် အပြီးလျော့ချသွားမည်ဖြစ်ကြောင်း သိရသည်။


ကဲ ...... core i3 laptop ပူပူနွေးနွေးလေးတွေ ငါးသိန်းမပြည့်တဲ့စျေးနဲ့ရမယ်နော် ................. ဆိုပြီး ရောင်းမဲ့အချိန်ကို မျှော်နေကြောင်းပါခင်ဗျာ ................. :cool:

Credit
Eleven News Journal မှ သတင်းကို ကိုးကားပါသည်။ :smile:

မှတ်ချက်များ

  • edited March 2010 Moderators
    ကောင်းပါတယ်ဗျာ ဒါပေမယ့်လည်းဗျာ သူတို ့ ဘယ်လောက်လျှော့လျှော့ ဆိုင်တွေကိုယ်တိုင်က လျှော့မှာလျော့မှာဗျ
  • edited March 2010 Administrators
    core i3 တော့ ဒီမှာတောင် ငါးသိန်းလောက်နဲ့ ရဘူးနော်။ :D ဗမာပြည်တောင် Laptop အဝယ်ထွက်ရမလို ဖြစ်လာဦးမယ် :P စျေးကျမကျကတော့ လက်ရှိအနေနဲ့ ရောင်းနေတဲ့ပစ္စည်း အရေအတွက်တွေရဲ့ ဘယ်လောက်ရာခိုင်နှုံးက အခွန်ဆောင်ပြီး ဝင်တာလည်းရယ် ပစ္စည်းတန်ဖိုးရဲ့ ဘယ်လောက်ရာနှုံး အခွန်ဆောင်ရလဲ စဉ်းစားရမယ်ထင်တယ်။ ဥပမာ ဆယ်ရာခိုင်နှုံးဆိုတောင် ငါးသိန်းတန် ပစ္စည်းက လေးသိန်းခွဲလေ ငါးသောင်းပဲ သက်သာတာ ဒါတောင်မှ ရောင်းမယ့်လူက စေတနာထားပြီး အကုန်လျော့ရင် ပြောတာပါ ရောင်းသူဆိုတာကတော့ အမြတ်များလေသဘောကျလေ :P အဲဒီတော့သိပ်ပြီးတော့ သိသာလှအောင်တော့ မကျလောက်ဘူးထင်တယ်။ အိ... ပြောသာရတာ မလွတ်မကင်းတွေ ပြောမိပြန်ပြီထင်တယ် :P
  • edited March 2010 Registered Users
    ပေါတာ မျှော် ရင်းမရူးချင်ဘူးကိုစိုင်းရေ စီးပွါးရေးသမားတွေပဲပျော်နေမှာပါ

    ဘယ်တော့ပြန်လာမှာတုန်းဗျို့
  • edited March 2010 Administrators
    ငါးသိန်းမပြည့်စျေးဆိုတာ ချက်ချင်းကြီးပြောတာမဟုတ်ဘူးဗျ ...
    တစ်ချိန်တော့ ... ရနိုင်မှာပါ .... :d

    ~~~ တစ်နေ့တော့ ... ဖြစ်လာမှာပါ ~~~
    ~~~ တစ်နေ့တော့ ... ဖြစ်လာမှာပါ ~~~
    :P
  • edited March 2010 Administrators
    cthux wrote: »
    ပေါတာ မျှော် ရင်းမရူးချင်ဘူးကိုစိုင်းရေ စီးပွါးရေးသမားတွေပဲပျော်နေမှာပါ

    ဘယ်တော့ပြန်လာမှာတုန်းဗျို့

    April လဆန်း .... အပြီး ပြန်လာရတော့မှာ.... :(
    မော်ကျွန်းရုံးက မတ်လကုန်ပိတ်ပြီ ... ရန်ကုန် နဲ့ ရေကြည် ပဲသွားရတော့မှာ .....

    မော်ကျွန်း ...:(( မော်ကျွန်း ...:(( မော်ကျွန်း ... :((
  • edited March 2010 Registered Users
    ကျုပ် P4(2CPUs) လေးတော့မပြစ်သေးပါဘူး ဟီး ဟီး Pentium(ပန်းတလံ) လေးလဲကောင်းပါသေးတယ် ယုံရဲဘူးဒီခေတ်ကြီးမှာ နှုတ်ခန်းလံသွားမှာဆိုးလို့
    တော်ကြာ "နှုတ်ခန်းတလံ ပန်းတလန်" ဖြစ်နေမှာ အသစ်မဝယ်နိုင်သေးလို့
    ကို စိုင်း ရေ့
  • edited March 2010 Registered Users
    core i5 တို့ core i7 တို့ လဲ ရောင်းတဲ့ လူတွေက လျှော့ရောင်းပေးလို့ ကတော့ မြန်မာပြည်သူ မြန်မာပြည်သား တွေ မော်ဒယ်အမြင့် တွေကို စျေးသက်သက်သာသာ နဲ့ သုံးရမှာပဲ။ ၀မ်းသာစရာကြီး.....ဟီးဟီး.....
  • edited March 2010 Moderators
    Core i3 ချည်းပဲ ငါးသိန်းနေမှာပါ :P ( JK )
  • edited March 2010 Registered Users
    အဲ့လိုမြန်မြန်ဖြစ်ရင်တော့ထကရုံပဲရှိတော့တယ်နော် :frown: မြန်မြန်ဖြစ်ပါစေ
    core i5 , core i7 တို့လည်း အားကျမခံစျေးလျှော့ရောင်းပါစေ :P
  • edited March 2010 Administrators
    ကိုယောင်စိန်က သူ့အတွေ့အကြုံကိုပြောတယ်။
    ဆိုင်ကလူက ဒီလိုပြောတယ်ဒဲ့ .........
    ငါ့ညီ... ကွန်ပျူတာပစ္စည်းတွေအခွန်လွတ်တယ်ဆိုဟုတ်တယ်.... ဒါပေမယ်ကွာအဲဒီလိုရဖို့အတွက် လျှောက်လွှာတင်ခကပိုစျေးများတယ်ညီလေးရေ

    :106:

    :18:
  • edited March 2010 Registered Users
    ကြည့်ဦးပြောပုံက
    သူတို့က တက်ရင်ချက်ချင်းတက်တယ် ဆိုင်ကလဲပြောတယ် မောင်လေး အမတို့က ဒေါ်လာစျေးနဲ့တွက်တာဆိုပီးတော့ calculator ဇွတ်နှိပ်ပီးရောင်းတယ်
    ကျတော့ ခပ်တည်တည်နဲ့ပဲ ဒီအတိုင်းရောင်းတယ်
    အခွန်လွတ်တယ်လို့သာပြောတယ် ဒီစျေးပဲဗျ:confused:
  • edited April 2010 Registered Users
    core 2 dual memory 2 GB...harddisk ကတော့၂၅၀ လားပဲ...အဲ့ဒါဟာကို fujitsu 1010 model ...$860 ပါ...

    binary
Sign In or Register to comment.