MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

အလကားပေးနေသည်။

edited March 2010 in Other
သတင်းလေးတခုပေးပေးမယ်ဗျို့။လူကြီးမင်းဖုန်းဆိုင်က သကြန်(စာလုံးပေါင်းမပေါင်းတတ်လို့)မှာသုံး ဖုန်းရေစိုခံအိတ်တွေကို ဖုန်းရှိတဲ့မည်သူမဆို ကိုအခမဲ့ပေးနေတယ်ဗျို့။တကယ်လို့ သကြန်တွင်းမှာဖုန်းရေစိုခဲ့ရင်လည်းလက်ခမဲ့ပြင်ပေးမယ်တဲ့ဗျာ။

သကြန်တွင်းမှာ ဖုန်းအကောင်းစားတွေမယူသွားပါနဲ့ဗျာ။ဖုန်းမယူသွားနဲ့လို့ ပြောတာမဟုတ်ဘူးနော်။ယူကိုယူသွားဖုန်းက အရေးကြီးတယ်။ကျနော်ဆို C28 ဘဲယူသွားတာ။အတတ်နိုင်ဆုံးအစုတ်ကိုရှာယူသွား။

တကယ်လို့ဖုန်းရေ၀င်ခဲ့ဘီဆိုရင်

၁။၁၀ second အတွင်းနောက်ဖုံးကိုမြန်မြန်ဖွင့် ပီးဘက်ထရီဆွဲဖြုတ်လိုက် ပီးတာနဲ့ Memory card ဖြုတ် SIM ကတ်ဖြုတ်။

၂။ပီးတာနဲ့ ရေလုံအိတ်တလုံးရှာ၀ယ်ပီး။သိမ်းထားလိုက်တော့။

၃။Dryer နဲ့မမှုတ်ပါနဲ့။တတ်နိုင်သမျှ ဘာမှမထိနဲ့တော့ ဆိုင်သာပို့ဖို့ပြင်ထားတော့။ကိုယ့် လက်ထဲမှာဘက်ထရီထဲ့ဘီး စမ်းမဖွင့်ကြည့်ပါနဲ့။

ရေမ၀င်အောင်

၁။ရေလုံအိတ်ကိုသေချာပိတ်ပါ။လေလုံအောင်သေချာပိတ်ပါ။လေမလုံလျှင်ရေငွေ့ရိုက်တတ်သည်။5800 XM များလုံး၀မယူသွားပါနဲ့။ရေငွေ့ ကိုနည်းနည်းလေးမှ မခံနိုင်ပါ။

၂။ဖုန်းကို အိမ်မှာကတည်းက (ရေမစိုခင်ကတည်းက)ထဲ့ထားပါ။တနေကုန် ဖုန်းကို အထုတ်အသွင်းလုံး၀မလုပ်ပါနဲ့။

၃။ကိုယ့်အိတ်ကိုအမြဲသတိထားပါ။ရေငွေ့နဲနဲလေးရိုက်နေဘီဆို လုံခြုံသောနေရာမှာဖွင့်ပီးပြန်ပိတ်ပါ။အိတ်အသစ်နိုင်လျှင်ပိုကောင်းသည်။

မထူးပါဘူဗျာ။တဆက်တည်းကမ်းခြေသွားကဲမယ့် လူတွေအတွက်ပါ ပြောလိုက်တော့မယ်:cool:။

ပင်လယ်ထဲကိုဖုန်းပြုတ်ကျခဲ့ရင် သေချာပေါက် ပျက်ဖို့ ၇၀% ရှိပါတယ်။

ကျနော့်လို ဒီလိုမျိုးတွေမလုပ်ပါနဲ့။

Symbian ရဲ့ 3rd edition ခေတ်ဦးပိုင်းမှာ ထွက်တဲ့ 6120 တလုံးချောင်းသာ ကိုယူသွားခဲ့ပါတယ်။သဲဖြူကျွန်းကို အသွားစက်လှေပေါ်က အဆင်းမှာ ဖုန်းရေထဲကျသွားပါတယ်။ကျကျချင်းကိုဆယ်လိုက်ပါတယ်။ချက်ချင်းဘဲဘက်ထရီ၊မီမိုရီကတ်၊ဆင်းကတ်တို့ကိုုဖြုတ်လိုက်ပါတယ်။ပီးတော့ တတ်သည့်ပညာမနေသာဆိုသလို(တကယ့်တော့ဘာမှကိုမတတ်တာဗျ:tongue:) ဆားငန်ရေဆိုတာကို စဉ်းစားမိပီး ရေသန့်ဘူးတစ်ဘူး၀ယ်ပီး ကောင်းကောင်း ရေဆေးတာ၊ဘက်ထရီတော့ ဖြုတ်ထားတာပေါ့။ပီးလဲပီးရော ကျောက်ဆောင်ပေါ်မှာ နေလှန်းထားလိုက်တာပေါ့။အဲဒီမှာမှားတာဘဲဗျာ။ရေဆေး လိုက်တဲ့ အတွက်ဆားကစ်တွေပေါ်မှာ ရေတွေရှိနေတာပေါ့အဲဒါကို ကျောင်ဆောင်ပေါ်မှာနေလှန်း လိုက်တော့၊ပင်လယ်ထဲက လေထဲမှာ ဆားငွေ့တွေရှိနေတာ အဲဒီ ဆားငွေ့တွေက ရေတွေနဲ့လာကပ်နေတာပေါ့။အဲဒါကိုနောက်မှ ဖုန်းပြင်တော့ မှသိရတာပါ။ပီးတော့ အခန်းထဲရောက်တော့လဲ Dryer နဲ့လဲ အကြာကြီးမှုတ်သေးတယ် ဘယ်လောက်တောင်မှုတ်လဲဆို body cover တွေတောင်ကြွတတ်လာတယ်:tongue:။ပီးတော့ ရန်ကုန်ရောက်တော့ပြန်ပြင်တော့ လုံး၀မကောင်းတော့ပါ။အဲလိုမျိုးတွေမလုပ်ဖို့ အားလုံးကို စေတနာနဲ့ ပြောပြတာပါဗျာ။
Sign In or Register to comment.