MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

မီးအားအတက်အကျ ပြသနာ

edited April 2010 in Windows Server
အစ်ကို/အစ်မ တို့ရေ
ကျွန်တော့်ဆိုင်မှာ window server 2003 နဲ့ ISA 2006 ထိုင်ထားပါတယ်။
ဆိုင်မှာက မီးအားအတက်အကျ ရှိပါတယ်။ UPS က မီးပျက်သွားတာ ထိန်းပေးပေမယ့် မီးအားကျပြီး ပြန်တက်တာကို လွှတ်လိုက်တယ်ဗျ။ အဲဒီမှာ စက်တွေ restart လုပ်သလိုဖြစ်သွားတယ်။ ဆာဗာ ကိုထိသွားတယ်ပေါ့။ ထိတာက ISA ကို မဟုတ်ပဲ window server 2003 ထဲက system file တချို့ထိသွားပါတယ်။ ကျွန်တော့်ဆီမှာ window server 2003 CD ရှိပါတယ်။ ဆာဗာ ဆင်ပေးတယ့် ဆရာကို (၃)ရက်လောက်ပင့်တာတောင် မရောက်လာလို့ ဘယ်လိုလုပ်လို့ရလဲ မေးတော့ CD ထည့်ပြီးပြန်ပြင်လို့ရတယ် ပြောတာပဲ။ လက်ရှိဆာဗာ ကတော့ သုံးလို့ရနေတယ်။ ဒါပေမယ့် ကက်ရှ် ဖမ်းတယ့် HD တစ်ခုလုံးကို မပြဘူးဗျ။ ပြီးတော့ window တက်တယ့်အချိန် အရမ်းကြာသွားတယ်။ အဲဒီဆရာကတော့ ။ လက်ရှိ ကိုမထိခိုက်ပဲနဲ့ repair လုပ်လို့ရတယ်တယ့်။ ကျွန်တော်လဲသေချာမသိတော့ ရှိတာလေးပါ ပျက်သွားမှာစိုးလို့ မစမ်းရဲဘူး။ အဲဒါ သိတယ့်လူများရှိရင် ဖြေပေးကြပါဦးဗျာ။ လမ်းမှာတွေ့ရင်ခေါ်ပါ့မယ်။ ထမင်းလဲကျွေးမယ် နင်းလဲနင်းပေးပါ့မယ်ဗျာ။
Sign In or Register to comment.