MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

General command & conquer network ချိတ်ပြီးဆော့လို့မရလို့ပါ

edited April 2010 in Other
ကျွန်တော့်ဆိုင်က အင်တာနက်ဆိုင်ပါ..General command and conquer ဂိမ်းဆော့တာ နက်၀က်ချိတ်ပြီးဆော့လို့မရဘူး ဖြစ်နေပါတယ်..Firewall တွေကို ဖွင့်ထားပါတယ် ဂိမ်းစီဒီ အင်စတော လုပ်တိုင်းကလဲ တလုံးကို ဂိမ်းကီး တမျိုးစီထည့်ထားပါတယ်..ဒါပေမဲ့ ချိတ်လို့မရဘူးဖြစ်နေပါတယ် အကိုတို့..နက်၀က်ချိိတ်ရင် သူတို့ကို မြင်ရတယ် ဒါပေမဲ့ play game ကိုနှိပ်လိုက်ရင် join failed ပဲပြနေပါတယ်..အဲ့ဒါသိတဲ့သူများရှိရင် ပြည့်ပြည့်စုံစုံ ရှင်းပြပေးပါလို့ တောင်းဆိုချင်ပါတယ်

မှတ်ချက်များ

  • edited April 2010 Registered Users
    protocol မှာ IPX/SPX protocol installation လုပ်ထားလာတစ်ချက်ကြည့်ပါ မလုပ်ရသေးရင်လုပ်လိုက်ပါ.....
  • edited April 2010 Registered Users
    ပွင့်ပွင့်လင်းလင်းပြောရရင် ဘယ်အပိုင်းကိုပြောတာလဲ အကို. IPX/SPX protocal installation က ဘယ်ဟာကိုလုပ်ရမှာလဲအကို တကယ်မသိလို့ပါ
  • edited April 2010 Registered Users
    အကိုရေကျနော်တို့ network game ချိတ်တိုက်မယ်ဆိုရင် network မှာ ipx/spx protocol ကို install လုပ်ပေးရပါတယ်။ ဘယ်လို့လုပ်ရမလဲဆိုတော့......ဟဲဟဲဆရာကြီးလုပ်လိုက်အုံးမယ်...နောက်တာနော်..
    windows Xp အတွက်ပါ
    desktop ပေါ်မှာ My Network Places icon ရှိပါတယ် အဲ icon ကို right click -- properties ကို၀င်လိုက်ရင် network connection ဆိုတာပေါ်လာပါမယ် အဲ့မှာ Local Area Connection ကို right click -- properties ကိုထက်၀င်ပါ local area connection properties ဆိုတာပေါ်လာပါမယ် အဲမှာ install ကိုနှိတ်ပါ select network component type မှာ protocol ကို ကလစ်လုပ်ပြီး add ကို ကလစ်လုပ်ပါ select network protocol မှာ NWLink IPX/SPX/ NetBIOS Compatible transport protocol ကို slect ပေးပြီး ok လို့ပြောလိုက်ရင်ရပါပြီ...
    မရှင်းရင်ပြောလေ သိတဲ့ကိုကိုမမတို့ ဖြေပေးပါလိမ့်မယ်
    ကျေးဇူး
Sign In or Register to comment.