MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

LPI စာမေးပွဲနှင့်ပါတ်သက် ပြီးသိချင်တာရှိလို့ပါ

edited October 2010 in Linux/Unix
LPI စာမေးပွဲနှင့်ပါတ်သတ်ပြီး သိချင်တာတွေရှိလို့မေးချင်ပါတယ်။ LPI က ဘယ် linux distro ပေါ်မှာအခြေခံပါသလဲ။ နောက်ပြီးသူ့ရဲ့ အကျိုးကျေးဇူး။ ကျွန်တော် Linux Lab ကိုမေးကြည့်တော့ သေသေချာချာမဖြေပေးလို့ပါ။ LPI က level 1, 2 ,3 ရှိတယ်လို့သိရပါတယ်။ ဒီမှာ ဖြေဘူးသူရှိရင် ဘယ်မှာ တက်ရမလဲ ဘာတွေပြင်ဆင်ရမလဲ။ ဒါမှမဟုတ် လင်းနစ်နဲ့ ပါတ်သတ်ပြီး တခြားဘာတွေဖြေဖို့ ရှိသလဲ အဲဒါလေးသိချင်ပါတယ်
ကျေးဇူးပါ

မှတ်ချက်များ

  • edited October 2010 Administrators
    သိပ်မပါတ်သက်တော့မသိဘူး ဒါပေမယ့် သွားကြည့်ပေးလိုက်ပါတယ် Specific Linux တွေအပေါ်မှာ အခြေမခံပါဘူး Generic ပါ Course ထဲမှာ Debian, RPM Package တွေကို manage လုပ်တာတွေ ပါတဲ့အတွက် Distribution အစုံလို့ပြောရမယ်ထင်ပါတယ်။ ဒါပေမယ့် Distribution ကွဲလည်း Linux ဟာအတူတူပါပဲ ဘာမှမကွဲပြားပါဘူး Distribution Specific Features တွေပါပေမယ့် အဲဒါတွေက နည်းပါတယ်သိပ်မရှိပါဘူး။ နောက်တစ်ခု အကြံပေးချင်တာက အကြောင်းအရာ တစ်ခုအကြောင်း သိချင်ရင် မူရင်းနေရာမှာ အရင်သွားကြည့်ပါ ဥပမာပြောရရင် LPI ဘယ် Linux အပေါ် အခြေခံတယ်ဆိုတာ LPI ရဲ့ Official Site မှာသွားကြည့်ရင် Syllabus ကအကုန်ရေးထားတာပါပဲ။
  • edited October 2010 Registered Users
    ဟုတ်ကဲ့ ကို လူပျိုကြီး ကျေးဇူးပါ။ နောက်ပြီး ကျွန်တော် linux labရဲ့ LPI သင်တန်းနဲ့ ပါတ်သတ်ပြီး ထင်မြင်ချက်အမြင်လေးကြားချင်ပါတယ်ခင်ဗျာ။ သင်တန်းကြေးက နှစ်သိန်းဆိုတော့ စမ်းတတ်ကြည့်ရအောင် ဟီး များလို့ပါ။
  • edited October 2010 Administrators
    ပြောရရင်တော့ ခင်ဗျားပြောတဲ့ Linux Lab ဆိုတာ ကျွန်တော်က ဘာမှန်းကိုမသိတာပါ။ တတ်ချင်ရင်လွယ်ပါတယ် ပိုက်ဆံမလိုပါဘူး လိုတာကခင်ဗျားရဲ့ ကြိုးစားမှု့နဲ့ အချိန်ပေးနိုင်မှု့ပါ ကွန်ပျူတာတစ်လုံးရှိရမယ် Linux တစ်ခုခုတင်လိုက်ပါ အဲဒါဆိုခင်ဗျားစမ်းလို့ရပြီ အောက်မှာတော့ LPI Level 1 အတွက် Study Guide ကိုရှာပေးလိုက်တယ် စာမေးပွဲနှစ်ခုလုံးအတွက်ပါပါတယ်။ တစ်ခုတော့ရှိတာပေါ့ တစ်ချို့အခန်းတွေက Debian or RPM ရောနေတော့ အဲဒါတွေကျစမ်းလို့ရအောင်တော့ Linux ကတော့ အနည်းဆုံး နှစ်မျိုးလောက်တင်ဖို့လိုမှာပေါ့။ ပိုက်ဆံပေးသွားတက်လည်း တတ်မယ်လို့ ဘယ်သူမှအာမမခံဘူး တတ်မတတ်က ခင်ဗျားအပေါ်ပဲမူတည်တယ် တတ်ချင်စိတ်ရှိရင် အိမ်မှာနေလည်းတတ်တယ် သင်တန်းသွားလည်းတတ်တယ် တတ်ချင်စိတ်မရှိရင် ဘယ်မှာသင်သင်မတတ်ဘူး။ တကယ်တော့ သင်တန်းတက်တယ်ဆိုတာ လွယ်လွယ်ပြောပြရင် ကိုယ်မအားလို့ ဆရာကိုစာအငှားဖတ်ခိုင်းတဲ့ သဘောပါပဲလေ ကျန်တာအားလုံး ကိုယ့်တာဝန်တွေကြည့်ပါပဲ။
    https://sites.google.com/site/lupyogyifiles/files/Sybex.LPIC-1.Linux.Professional.Institute.Certification.Study.Guide.2nd.Edition.Feb.2009.pdf?attredirects=0&d=1
    
  • edited October 2010 Registered Users
    တောင်းပန်ပါတယ်ဗျာ ကိုလူပျိုကြီးကလည်း စိတ်မဆိုးပါနဲ့။ ကျွန်တော့ရဲ့ ကွန်ပျုတာသတ်တမ်း ၃ နှစ်ကျော်မှာ ဘာသင်တန်းမှ မတက်ပဲ အွန်လိုင်းနဲ့ စာအုပ်တွေပဲ ဆရာတင်လာခဲ့တာပါ။ အခု ဟာက ထူးထူးခြားခြား စာမေးပွဲဖြေမှာ ဆိုတော့ စာမေးပွဲနဲ့ရင်းနှီးအောင် ဆရာ့အာဘော်များလိုမလားလို့ပါ ဟီ စိတ်စိုးနဲ့နော်။ အကို့ရဲ့ စာအုပ်အတွက် ကျေးဇူးပဲဗျ။
    http://hotfile.com/dl/71492685/580182c/CompTIA_Linux_Complete_Study_Guide_%28Exams_LX0-101_and_LX0-102%29.rar.html
    
    ဒီလင့်က စာအုပ်လေးလဲ mediafire နဲ့ ဖြစ်ဖြစ် ဖြစ်နိုင်ရင် ပြောင်းပေးဖို့ အကူအညီတောင်းပါရစေ။ ကွန်နက်ရှင်မကောင်းတော့။ ဒေါင်းမယ်ကြံရင်း လင့်ကျရင်း စောင့်ရပြန်ရင်း (ရင်း ရင်း ရင်း ) နဲ့ ပဲတွေ့နေလို့ပါ အရမ်းကျေးဇူးတင်ပါတယ်။
  • edited October 2010 Administrators
    ကျုပ်ကဘာဆိုင်လို့ စိတ်ဆိုးရမှလဲ ခင်ဗျားလည်း စိတ်ဆိုးရမယ့်ကိစ္စ ဘာမှပြောထားတာမှမဟုတ်ပဲ စာအုပ်ကတော့ အောက်မှာတင်ထားပေးတယ်။
    https://sites.google.com/site/lupyogyifiles/files/CompTIALinux%2BCompleteStudyGuide%28ExamsLX0-101andLX0-102%29.pdf?attredirects=0&d=1
    
Sign In or Register to comment.