MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

ကျွန်တော့်ရဲ့ပြဿနာကိုလည်းကူညီဖြေရှင်းပေးကြပါဦးဗျာ။

edited December 2010 in Hardware
ကျွန်တော့်ရဲ့ PC မှာ USB Port စုစုပေါင်း 8 Port ရှိပါတယ်။ Motherboard မှာ 4 ခု၊ Front USB က 2 ခုပါ။ အဲဒီ port တွေအားလုံးမှာ Memory Stick, Joy Stick သုံးရင်အားလုံး အဆင်ပြေပါတယ်။ Portable External Hard Disk ကိုထိုးလိုက်ရင်တော့ Safely Remove Hardware & Eject Media မှာပဲပေါ်ပါတယ်။ My Computer မှာ Hard Disk ကို မတွေ့ရပါဘူး။ Hard Disk ကိုကိုင်ကြည့်တော့လည်း Hard Disk ကအလုပ်လုပ်ပါတယ်။ Hard Disk မှာပါတဲ့ LED ကတော့ မလင်းဘူးဗျ။ တစ်ခြား PC မှာဆိုရင်တော့အားလုံးအကောင်း။ USB Cable လည်းလဲကြည့်ပါသေးတယ်။ result ကတော့ဒီအတိုင်းပါပဲ။ ဘာဆက်လုပ်ရမလဲမသိလို့ ကူညီပေးကြပါဦး။ ဒါနဲ့ ကျွန်တော့် PC က သုံးတာ 4နှစ်ရှိပါပြီ။ ဝယ်ကတည်းကခုထိ ဘာပစ္စည်းမှ မလဲရသေးပါဘူး။ ASUS P5L1394 Motherboard, Corsair DDR2 667 2GB and Windows 7 ကိုသုံးနေပါတယ်။ အရင်ကဒါမျိုးတစ်ခါမှမဖြစ်ဖူးပါ။

မှတ်ချက်များ

  • edited November 2010 Registered Users
    အဲဒါမျိုးကဖြစ်တတ်တယ် ဒီအတိုင်းတော့ လုပ်လိုမရဘူး။ အဓိက ပြသနာကတော့ power supply က volt အပြည့်မထွက်လို ့ဖြစ်တာပါ။ power supply ကိုလဲပီးစမ်းကြည့်ပါရသွားနိုင်ပါတယ်။
  • edited December 2010 Registered Users
    motherboard မှာပါတဲ့ port တွေမှာပဲ ထိုးပြီး ပြန်စမ်းကြည့်ပါ။ external hard disk တွေက memory stick, joy stick တွေထက် ပါဝါပိုလိုလို့ motherboard ကတိုက်ရိုက်သုံးတာမျိုး ရှိတတ်ပါတယ်။ အဲဒါမှမရရင်တော့ အထက်ကပြောသလို power supply လဲပြီး စမ်းကြည့်ပါ။
  • edited December 2010 Registered Users
    usb ကြိုးမှာ ခေါင်းဘယ်နှစ်ခုပါလဲ၊ နှစ်ခုပါရင် နှစ်ခုလုံးထိုးပါ၊ နှစ်ခု မပါရင် နှစ်ခုပါတဲ ့ကြိုးကို လဲပြီးသုံးကြည့်ပါ၊ ခုန အပေါ်ကပြောသလို power ကြောင့်ပါ၊ ခေါင်းနှစ်ခုပါလာတဲ ့အကြောင်းရင်းကလဲ power လုံလောက်အောင်လို ့ပါ
  • edited December 2010 Registered Users
    ကိုရေခဲ ပြောသွားသလိုပါပဲ usb ခေါင်းနှစ်ခုတပ်ပြီးသုံးကြည့်ပါ။ဘာဖြစ်လို့လဲဆိုတော့ usb head က 5v ပဲထွက်တာဆိုတော့ voltage မနိူင် ရင် အလုပ်မလုပ်ပါဘူး။နှစ်ခေါင်းတပ်ရင်တော့အဆင်ပြေနိူင်ပါတယ်။ကျွှန်တော်ပြောတာအမှားပါရင်လည်းပြင်ပေးကြပါ။
  • edited December 2010 Registered Users
    Casing ရဲ ့နောက်ပေါက်ကနေ ့တတ်ကြည်ပါလားအကို ။
  • edited December 2010 Registered Users
    Power Supply လဲလိုက်တာအဆင်ပြေသွားပြီဗျို့။ Reply ပြန်ပေးကြတဲ့ Friends တွေအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။
  • edited December 2010 Registered Users
    ကျွန်တော် hard disk 320 GB က ကြောင်နေပြီ ထင်တယ်။ ကွန်ပျူတာ မှာချိတ်ရင် window boot တက်ရင်တော့ တွေ့တယ်။ ဒါပေမယ် windows မှာ တော့မတွေ့ဘူ။ format လည်းရိုက်လို့လည်းမရတော့ ဘူး ကူညီပါဦး
  • edited December 2010 Registered Users
    ကျွန်တော် hard disk 320 GB က ကြောင်နေပြီ ထင်တယ်။ ကွန်ပျူတာ မှာချိတ်ရင် window boot တက်ရင်တော့ တွေ့တယ်။ ဒါပေမယ် windows မှာ တော့မတွေ့ဘူ။ format လည်းရိုက်လို့လည်းမရတော့ ဘူး ကူညီပါဦး
Sign In or Register to comment.