MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

c# ညည်းချင်း

edited March 2011 in C#
အပြင်က ဆရာတစ်ယောက်ဆီမှာသင်တန်းသွားတက်မိပါတယ်။ အချိန်မလေးစားတဲ့ ဆရာနဲ့တွေ့တယ်။
အချိန်တွေကုန်၊ ငွေတွေကုန်ပြီး စေတနာမပါဘူးဗျာ။ တကယ်တတ်တဲ့ပညာရှင်တွေ တကယ်ဖြန့်ေ၀ပေးချင်တဲ့ ပညာရှင်တွေ မြန်မာပြည်မှာ မရှိကြတော့ဘူးလားဗျာ.......စိတ်ညစ်တယ်။

အကြံဉာဏ်ပေးကြပါဦးဗျာ။ တစ်ကနေစတင်ပြီး လေ့လာမယ့်လူတစ်ယောက်အတွက် ဘယ်လိုလေ့လာရမလဲ ဆိုတာ။
ကျွန်တော့်ဘာပရိုဂရမ်းမင်းမှမသင်ဖူးဘူးဗျာ။ အခု c# foundation ဆိုပြီးသွားတက်လိုက်တာ ၁ လကြာသွားပြီ။
သင်တန်းသွားရမှာတောင်စိတ်ပျက်နေပြီ။ ဆရာက foundation သမားတွေနဲ့ တခြား higher level သမားတွေ ပေါင်းသင်တော့ ဘာမှကိုမသိတော့ပါဘူးဗျာ။ စာအုပ်တစ်အုပ်လုံး ပြီးအောင် ပဲသင်ပေးရင်ကောင်းမယ်။ အပိုစကားတွေပြော နောက်တာပြောင်တာတွေနဲ့ ဗျာ။ အချိန်အရမ်းကုန်ပြီး အခုထိ ခရီးမရောက်သေးဘူး။

မြန်မာပြည်နည်းပညာလောက မတိုးတက်ရတဲ့အကြောင်းရင်း တွေထဲမှာ ဒီလို ဆရာမျိုးတွေလည်းပါမလားမသိဘူးဗျာ။ (စိတ်ပေါက်ပေါက်နဲ့ ၀ါးလုံးသိမ်းရမ်းကြည့်တာပါ)

စိတ်ထဲရှိတာရေးမိတာ
သည်းခံတော်မူကြပါဗျာ။

ရိုကျိုးစွာနဲ့
ခိုကိုးရာမဲ့နေတဲ့
soe372
Sign In or Register to comment.