MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Audio Device ပျောက်ပျောက်သွားလို့ပါခင်ဗျာ ...

edited March 2011 in Hardware
အင်တာနက်ဆိုင်တစ်ဆိုင်မှာပါခင်ဗျာ
ကွန်ပျူတာတိုင်းကို Deepfreeze အုပ်ထားပါတယ်
ဒါပေမဲ့ Audio Device က ပျောက်ပျောက်သွားပါတယ်ခင်ဗျာ
Win 32 Network Virus ရှိတယ်လို့ နားလည်တဲ့သူတစ်ယောက်ကပြောပါတယ်
Restart ချလိုက်ရင်တော့ ပြန်ကောင်းသွားပါတယ်
ခဏခဏRestart ချပြန်တော့လညး် Customer တွေ အနှောက်အယှက်ဖြစ်ရပါတယ်
Audio Device ပျောက်တာကို Restart မချပဲပြန်လည်အသုံးပြုလို့ရအောင် ဆားဗစ်ခေါ်ထားတဲ့ အကိုကြီးတစ်ယောက်က
လုပ်သွားပါတယ် ....ကျွှန်တော့ကိုတော့ သင်မပေးခဲ့ပါဘူး ......(အခွင့်မကြုံလို့ပဲထင်ပါတယ်)
ဆိုင်မှာတနေကုန်တာ၀န်ထမ်းဆောင်ရတဲ့ကျွှန်တော့အတွက် အဲ့ဒီနညး်လေးကို အမှန်တကယ်တတ်မြောက်ချင်ပါတယ်ခင်ဗျာ
ဖြေရှင်းပေးနိုင်မယ့် အကိုအမများအားလုံးကို သွန်သင်ပေးကြပါလို့ ကျွှန်တော်တောင်းပန်ပါတယ်ခင်ဗျာ

ကျေးဇူးအများကြီးတင်ပါတယ်

မှတ်ချက်များ

  • edited March 2011 Registered Users
    ကိုယ်ချင်းစာပါတယ်...အဲ့လိုဖြစ်တာကို....အချိန်ရရင်တော့ virus သေချာရှင်းလိုက်ပါ....retart မချပဲနဲ့ လတ်တလော ဖြေရှင်းနည်းကတော့ Run box မှာ services.msc ကိုရိုက်လိုက်ပါ...Services box ကျလာရင် Name မှာ Window Audio ဆိုတာကိုရှာလိုက်ပါ..တွေ့ရင် Window Audio ကို click တစ်ချက်နှိပ်လိုက်ပါ...ဘယ်ဘယ်ဘေးမှာ Start the service ဆိုတာကို တွေ့ပါမယ်...Start ကိုနှိပ်ပေးလိုက်ရင် အသံပြန်ထွက်ပါပီ...restart ချစရာမလိုတော့ပါဘူး....
  • edited March 2011 Registered Users
    ဒီမေးခွန်းလေးကိုဖြေပေးတဲ့ မကြည်ပြာရေ ကျေးဇူးအများကြီးတင်ပါတယ်ဗျာ
    သိတဲ့သူတစ်ယောက်အတွက် မခက်ခဲပေမဲ့
    မသိသေးတဲ့ကျွှန်တော့အတွက် တန်ဖိုးရှိလွန်းပါတယ်
    နောက်လညး်သိတာလေးရှိရင် ပြောပြပေးပါအုံးနော်
    လေးစားလျှက်
  • edited March 2011 Registered Users
    အဲဒီအသံကို ခဏခဏ ဖော်မနေရအောင်လို့ ဒီဆော့ဝဲလ် သုံးလိုက်ပါ အဆင်ပြေသွားပါလိမ့်မယ်။ Windows Worms Doors Cleaner ဆိုတာလေးကို Run လိုက်ပါ။ ပြီးတော့ ရမ်းတဲ့အခါမှာ အပေါ်ကဟာနှစ်ခုကိုပဲ အစိမ်းရောင်လေးတွေ ဖြစ်အောင် နှစ်ချက်ဆီလောက်နှိပ်ပြီး ရမ်းလိုက်ပါ။ အလယ်ခေါင်က တစ်ခု Enable NetBIOS ဆိုတာကို ဘာမှ မလုပ်ခဲ့ပါနဲ့ ဒီအတိုင်းထားခဲ့ပါ။ အဲဒီလေးတွေ လုပ်ပြီးရင် ဝင်းဒိုး update file လေး ရမ်းထားလိုက်ရင် နောက်အဲဒီလိုမဖြစ်တော့ပါဘူး။ ဆော့ဝဲလ်လေးက သေးသေးလေးပါ။ အောက်ကလင့်ခ်မှာ ဒေါင်းလို့ရတယ်နော်။
    http://techblissonline.com/generic-host-process-win32-services-fix
    နောက်ပြီးတော့အဲဒီအကြောင်းကိုလည်း ဒီနေရာတွေမှာ ကျွန်တော်တို့ ဆွေးနွေးထားဖူးပါတယ်ခင်ဗျ။ အဲဒီမှာ အသေးစိတ် သွားဖတ်ကြည့်လိုက်ပါ။
    http://www.mysteryzillion.org/forums/showthread.php/4350-အသံ-ကို-ဖ်က္တဲ့-virus?p=42533#post42533

    http://www.mysteryzillion.org/forums/showthread.php/4350-အသံ-ကို-ဖ်က္တဲ့-virus?p=42533#post42533
Sign In or Register to comment.