MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.
ဘာသင်တန်းတွေ တတ်မလဲ
အခုတလော ကျောင်းတွေလည်း ပိတ်ထားတော့ ကျောင်းသားတော်တော်များများက သင်တန်းတွေ တက်နေကြပြီ... အဲလိုမျိုးတက်တဲ့ အချိန်မှာ အရွေးမမှားဖို့ လိုတယ်လို့ ထင်တယ်ဗျ..
သင်တန်းခတွေကလည်း စျေးမြင့်ပါတယ်..
ဒါကြောင့် ဘာမှ မသိသေးဘူးဆိုရင် ဘာတွေရှိတယ်ဆိုတာ အရင်သိအောင် လုပ်ပြီးမှ တက်သင့်ပါတယ်..
အခု ကျွန်တော် ဒီ topic မှာ ဘာသင်တန်းတွေ ရှိလဲဆိုတာ အကြမ်းမျဉ်းအရ ပြောပါမယ်
Desktop Plublishing (DTP)
သူကတော့ စာစီစာရိုက်ပေါ့... Word, Excel, Power Point နောက်ပြီး PageMaker စတဲ့ software တွေ အကြောင်း သင်ပေးတာပါ.... ကောင်းပြီ...
Word ဆိုတာကတော့ Microsoft Word ဆိုတဲ့ စာစီစာရိုက် software ပါ...
သူက စတင်အသုံးပြုတဲ့လူတွေအတွက် သင့်တော်ပါတယ်...
လွယ်လွယ်ကူကူအသုံးပြုနိုင်တယ်.. အဓိကတော့ စာတွေရိုက်မယ်..
ကျောင်းက စာချိန်စာရင်းကို computer မှာရိုက်ပြီး print ထုတ်မယ်..
အဲလိုမျိုး ကိစ္စတွေ အတွက်ပါ..
Excel ကတော့ ဇယားတွေနဲ့ အလုပ်လုပ်ဖို့ပါ..
စာရင်းတွေပေါင်းမယ်..
နောက်ပြီး ဇယားတွေနဲ့ ဖော်ပြရမယ်...
အဲလို ကိစ္စမျိုးတွေ အတွက် Excel ကိုအသုံးပြုရပါတယ်..
Power Point ကတော့ presentation ပြတဲ့အခါအတွက်ပေါ့..
ကိုယ့်လုပ်ငန်းအကြောင်းကို presentation နဲ့ပြချင်တယ်..
အဲဒါဆို power point software က အသင့်တော်ဆုံးပါ..
page တစ်ခုနဲ့ တစ်ခုအကူးမှာ effect လေးတွေထည့်မယ်..
စာတန်းလေးတွေ ထိုးမယ်..
အဲလိုမျိုးကိစ္စတွေ အတွက်ပေါ့..
Page Maker ကတော့ စာစီစာရိုက် ကိစ္စအတွက်ပေါ့...
သူကတော့ magazine တွေထုတ်တဲ့အခါမှာ အသုံးပြုရတယ်လေ...
သူက layout ချရတာ ပိုမိုက်တယ်...
word ထက်ပိုပြီး pro ကျတာပေါ့..
Page Maker ကတော့ ခေတ်ကုန်နေပါပြီ..
Indesin ကိုပြောင်းသင့်ပါပြီ..
InDesign ကလည်း Page Maker နဲ့ အတူတူပါပဲ..
Page Maker ကို နာမည်ပြောင်းလိုက်တာလို့တောင် ဆိုချင်ဆိုလို့ရပါတယ်..
အများကြီးမကွာပဲ ပိုပြီး ကောင်းပါတယ်..
အဲဒီ DTP course ကိုတော့ ကိုယ့်ဘာသာကိုယ် လေ့လာနိုင်ပါတယ်..
မခက်ပါဘူး.. ကလိတတ်ဖို့ပဲ လိုတာပါ...
ကလိလို့ တစ်ခုခုဖြစ်ရင် MZ Forum မှာမေးလိုက်ပါ..
အတတ်နိုင်ဆုံး ကျွန်တော်တို့တွေ ဖြေရှင်းပေးပါ့မယ်.. ( အင်တာနက် connection ကောင်းမှသာ forums ကိုဝင်နိုင်သည် )
တချို့တွေကတော့ ကိုယ်တိုင်မဖတ်ချင်ဘူး..
ဒါဆိုရင် တတ်ပေါ့...
ရုံးသမားတွေ... လေ့လာဖို့အချိန်မရှိဘူး...
ဒါဆိုရင်တော့ တတ်လိုက်ပါ...
တခြား ကျောင်းသားတွေ...
အချိန်အားတဲ့လူတွေကတော့ ကိုယ့်ဘာသာကိုယ်လေ့လာစေချင်ပါတယ်..
အရမ်းလွယ်လို့ပြောတာပါ..
ဆက်လက်ဖော်ပြပါမည်.. connection အလွန်နှေးနေသောကြောင့် နောက်မှ ဆက်ပြောမယ်နော်..
သင်တန်းခတွေကလည်း စျေးမြင့်ပါတယ်..
ဒါကြောင့် ဘာမှ မသိသေးဘူးဆိုရင် ဘာတွေရှိတယ်ဆိုတာ အရင်သိအောင် လုပ်ပြီးမှ တက်သင့်ပါတယ်..
အခု ကျွန်တော် ဒီ topic မှာ ဘာသင်တန်းတွေ ရှိလဲဆိုတာ အကြမ်းမျဉ်းအရ ပြောပါမယ်
Desktop Plublishing (DTP)
သူကတော့ စာစီစာရိုက်ပေါ့... Word, Excel, Power Point နောက်ပြီး PageMaker စတဲ့ software တွေ အကြောင်း သင်ပေးတာပါ.... ကောင်းပြီ...
Word ဆိုတာကတော့ Microsoft Word ဆိုတဲ့ စာစီစာရိုက် software ပါ...
သူက စတင်အသုံးပြုတဲ့လူတွေအတွက် သင့်တော်ပါတယ်...
လွယ်လွယ်ကူကူအသုံးပြုနိုင်တယ်.. အဓိကတော့ စာတွေရိုက်မယ်..
ကျောင်းက စာချိန်စာရင်းကို computer မှာရိုက်ပြီး print ထုတ်မယ်..
အဲလိုမျိုး ကိစ္စတွေ အတွက်ပါ..
Excel ကတော့ ဇယားတွေနဲ့ အလုပ်လုပ်ဖို့ပါ..
စာရင်းတွေပေါင်းမယ်..
နောက်ပြီး ဇယားတွေနဲ့ ဖော်ပြရမယ်...
အဲလို ကိစ္စမျိုးတွေ အတွက် Excel ကိုအသုံးပြုရပါတယ်..
Power Point ကတော့ presentation ပြတဲ့အခါအတွက်ပေါ့..
ကိုယ့်လုပ်ငန်းအကြောင်းကို presentation နဲ့ပြချင်တယ်..
အဲဒါဆို power point software က အသင့်တော်ဆုံးပါ..
page တစ်ခုနဲ့ တစ်ခုအကူးမှာ effect လေးတွေထည့်မယ်..
စာတန်းလေးတွေ ထိုးမယ်..
အဲလိုမျိုးကိစ္စတွေ အတွက်ပေါ့..
Page Maker ကတော့ စာစီစာရိုက် ကိစ္စအတွက်ပေါ့...
သူကတော့ magazine တွေထုတ်တဲ့အခါမှာ အသုံးပြုရတယ်လေ...
သူက layout ချရတာ ပိုမိုက်တယ်...
word ထက်ပိုပြီး pro ကျတာပေါ့..
Page Maker ကတော့ ခေတ်ကုန်နေပါပြီ..
Indesin ကိုပြောင်းသင့်ပါပြီ..
InDesign ကလည်း Page Maker နဲ့ အတူတူပါပဲ..
Page Maker ကို နာမည်ပြောင်းလိုက်တာလို့တောင် ဆိုချင်ဆိုလို့ရပါတယ်..
အများကြီးမကွာပဲ ပိုပြီး ကောင်းပါတယ်..
အဲဒီ DTP course ကိုတော့ ကိုယ့်ဘာသာကိုယ် လေ့လာနိုင်ပါတယ်..
မခက်ပါဘူး.. ကလိတတ်ဖို့ပဲ လိုတာပါ...
ကလိလို့ တစ်ခုခုဖြစ်ရင် MZ Forum မှာမေးလိုက်ပါ..
အတတ်နိုင်ဆုံး ကျွန်တော်တို့တွေ ဖြေရှင်းပေးပါ့မယ်.. ( အင်တာနက် connection ကောင်းမှသာ forums ကိုဝင်နိုင်သည် )
တချို့တွေကတော့ ကိုယ်တိုင်မဖတ်ချင်ဘူး..
ဒါဆိုရင် တတ်ပေါ့...
ရုံးသမားတွေ... လေ့လာဖို့အချိန်မရှိဘူး...
ဒါဆိုရင်တော့ တတ်လိုက်ပါ...
တခြား ကျောင်းသားတွေ...
အချိန်အားတဲ့လူတွေကတော့ ကိုယ့်ဘာသာကိုယ်လေ့လာစေချင်ပါတယ်..
အရမ်းလွယ်လို့ပြောတာပါ..
ဆက်လက်ဖော်ပြပါမည်.. connection အလွန်နှေးနေသောကြောင့် နောက်မှ ဆက်ပြောမယ်နော်..

မှတ်ချက်များ
အများအားဖြင့်တော့ Photoshop သင်တယ်...
နောက်ပြီး Corel Draw သင်တတ်တယ်..
Photoshop ကတော့ ဓာတ်ပုံပြင်ရင် တော်တော်အသုံးဝင်ပါတယ်..
Photoshop ကတော့ သုံးရတာ တော်တော်လေး ပျော်ဖို့ကောင်းပါတယ်
Photoshop နဲ့လည်း ပုံတွေဆွဲနိုင်ပါတယ်..
အဲဒါကိုတော့ ဒီကလူတွေ ဆွဲတာနည်းပါတယ်..
မြန်မာနိုင်ငံကလူတွေက Photoshop ကို ဓာတ်ပုံပြင်ဖို့ လောက်ဖို့ သုံးတယ်လို့ ထင်ကြတယ်..
တကယ်တမ်းတော့ Photoshop နဲ့ ပုံလှလှလေးတွေ အများကြီးဆွဲလို့ရပါတယ်..
အခု MYSTERY ZILLION Logo ကိုလည်း Photoshop နဲ့ပဲ ဆွဲထားတာပါ...
Corel Draw ကတော့ 2D Graphic ပေါ့..
သူက Vector Graphic လေ..
Vector Graphic ဆိုတာက Size ကြီးသွားလည်း...
ပုံမပျက်သွားပဲ..
Bitmap Graphic အမျိုးအစားတွေက size ကြီးသွားရင် ပုံတွေက ပျက်သွားတတ်တယ်..
Paint မှာ ပုံတစ်ပုံဆွဲပြီး ချုံ့ကြည့်လိုက်..
ပြီးရင် ပြန်ချဲ့ကြည့်လိုက်...
လုံးဝ ပျက်စီးသွားတာကိုတွေ့ရပါမယ်..
အဲဒါက bitmap graphic ကြောင့်ပါ..
Corel Draw ကတော့ အဲလိုမျိုးမဖြစ်ပါဘူး..
Design ဆွဲတဲ့လူတွေအတွက် သင့်တော်တယ်..
ကိုယ်က Designer ဖြစ်ချင်တယ်..
2D လှလှလေးတွေဆွဲချင်တယ်...
ဒါဆိုရင်တော့ Photoshop ကော Corel Draw ကိုပါ လေ့လာထားသင့်ပါတယ်..
ဝါသနာပါရင် Pro ဖြစ်အောင် ကြိုးစားသင့်တယ်...
သူက တော်တော်လေးကို အသုံးဝင်ပါတယ်...
Graphic မှာဆိုရင် 2D နဲ့ 3D Graphic ဆိုပြီး ရှိပါတယ်..
3D ပိုင်းကတော့ Maya နဲ့ 3D Max ပါ.
တကယ်လို့ 3D တွေကို ဝါသနာပါရင်တော့ တတ်သင့်ပါတယ်...
3D ဆိုတာ ဘာလဲတော့ ကျွန်တော် မရှင်းတော့ဘူးနော်..
ကာတွန်းကားတွေ ကြည့်ဘူးရင် သိမှာပါ...
သူကတော့ သင်တန်း စျေးနှုန်းမြင့်ပြီး သီသန့် သင်တန်းတွေ များပါတယ်..
2D Animation ပိုင်းမှာတော့ Flash ကိုအဓိက ထားပြီး သုံးကြပါတယ်..
Flash က ကာတွန်းတွေ ဆွဲလို့ရတယ်..
Web site အတွက် Design တွေဆွဲလို့၇တယ်..
Animation Course တွေမှာတော့ Animation ကိုပဲ အဓိက သင်မှာပါ..
Flash မှာ သုံးတဲ့ Action Script ကိုတော့ သေသေချာချာ သင်မှာ မဟုတ်ပါဘူး..
သူက ကာတွန်းဆွဲတာ ဝါသနာပါတဲ့ သူတွေ အတွက်သင့်တော်ပါတယ်..
3D Animation ကတော့ 3D Maxs ကအသုံးများပါတယ်..
သူက 3D Animation အတွက် သင့်လျော်တယ်..
3D Graphic မှာ Maya နဲ့ 3D Maxs က နာမည်ကြီးပါတယ်..
Maya ကတော့ ပုံဆွဲလို့ကောင်းပြီး..
3D Maxs ကတော့ Animation ပိုင်းကောင်းတယ်လို့ဆိုပါတယ်..
ကိုယ်က 3D တွေဝါသနာပါတယ်..
Animation တွေ ဝါသနာပါတယ်ဆိုရင်တော့ 3D Maxs ကိုတက်ထားသင့်ပါတယ်...
အပျော်တက်တဲ့သူတွေများနေတယ်...Flash မှာ antion scriptတွေထည့်သင်လဲ ကွန်ပျူတာကျောင်းသားမဟုတ်၊ရင် အပြင်ကျောင်းသားတွေမလိုက်နိုင်တာ များနေတယ်...
silvermoon
C++ ကနေစသင်တာများပါတယ်...
ပြီးတော့.. သင်တန်းပေါ်မှာ မူတည်ပြီး ကွာသွားပါတယ်..
တချို့ သင်တန်းတွေက VB
တချို့ကလည်း Java
ဆိုပြီး ကွာသွားပါတယ်..
အဲဒါ အခြေခံ အဆင့်တွေပေါ့..
အဲဒီ အခြေခံအဆင့်တွေပြီးရင်
Advance ပိုင်းမှာတော့ ကိုယ်ကြိုက်တာလိုက်ပဲ..
Java လား..
VB.NET လား..
C# လား..
ဘာတတ်မလဲ...
အဲဒါတွေက Windows Application ပါ..
နောက်မှ Web အကြောင်းပြောမယ်...
Java ကတော့ တခါရေးပြီးရင် Windows , Linux , Mac တို့မှာ run လို့ရပါတယ်...
သူကတော့ ကျွန်တော့်အမြင်အရ ပြောရင်...
ရေးရတာ လက်ပေါက်ကပ်တယ်..
ဘာမဟုတ်တာလေးရဖို့..
အချိန်တွေ အများကြီးပေးပြီးရေးနေရသလိုပဲ..
GUI IDE မဟုတ်လို့ပဲလားမသိဘူး..
GUI IDE တစ်ခုဖြစ်တဲ့ JBuilder ကလည်း..
စက်ထဲမှာ သွင်းဖို့ဆို.. requirement ကလည်း တော်တော်မြင့်ပါတယ်..
Java က နောက်ပိုင်း ဟမ်းဖုန်းတွေ အတွက် ရေးလာပါပြီ..
Java ကတော့ တခြားနိုင်ငံတွေမှာ အလုပ်ခေါ်မယ်ထင်ပါတယ်..
ဒီမှာတော့ တော်တော်ရှားတယ်..
MIT လောက်ပဲရှိတယ်..
VB.NET နဲ့ C# ကတော့..
.NET platform ပါ..
ရေးရတာ မခက်ဘူး..
နည်းနည်း ခဂျီခဂျောင်နိုင်တယ်..
VB.NET က VB သမားတိုင်းရေးလို့ရတယ်..
C# ကလည်း C++ ဒါမှမဟုတ် Java သမားတိုင်းရေးလို့ရတယ်..
Component တွေ သုံးတာကတော့ သူတို့ နှစ်ခုလုံးက အတူတူပဲ..
VB.NET ကနေ C# ပဲဖြစ်ဖြစ်..
C# ကနေ VB.NET ပဲဖြစ်ဖြစ်..
ပြောင်းရတာ လွယ်ပါတယ်..
သူကတော့ ရန်ကုန်မှာ အလုပ်အကိုင် ကောင်းတယ်..
.NET စာမေးပွဲတွေဖြေထားရင် Company က အလုပ်ခန့်ဖို့ စဉ်းစားတတ်ပါတယ်..
Web Programming ဆိုတာကတော့ HTML နဲ့ Programming Language ကိုပေါင်းလိုက်တာလို့ ဆိုလို့ရတယ်။ HTML ဆိုတာက HTML,CSS,Javascript အပါအဝင်ပေါ့။
ASP.NET ဆိုတာက VB.NET ဒါမှှမဟုတ် C# နဲ့ HTML ကိုပေါင်းလိုက်တာလို့ပဲ အလွယ်ပြောလိုက်တော့မယ်။ VB.NET တတ်တဲ့သူတွေ C# တတ်တဲ့သူတွေ အလွယ်တကူ တတ်မြောက်နိုင်ပါတယ်။
JSP ကတော့ Java ကနေ တဆင့် Web ဘက်ကို ကူးသွားတဲ့အခါ JSP ကိုသင်ကြားရပါတယ်။ အများအားဖြင့် Java သမားတွေပဲ JSP ကိုဆက်လက်လေ့လာကြပါတယ်။
PHP ကတော့ သင်တန်းလည်းရှားတယ်။ နောက်ပြီး opensource တွေလည်းပေါတယ်။ ကိုယ့်ဘာသာကိုယ်လေ့လာနိုင်ပါတယ်။
ဆက်ပြီးပြောလိုတာကတော့ Web Hosting ကိစ္စပါ။ မိမိရေးသားထားတာကို Internet ပေါ်မှာတင်ချင်တယ်။ တခြားလူတွေကို ကြွားချင်တယ်။ ဒါဆိုရင်တော့ PHP ကိုရွေးချယ်သင့်ပါတယ်။ PHP က Freehosting တွေရှိတဲ့အပြင် opensource တွေလည်း အများကြီးရှိလို့ ပိုအဆင်ပြေပါမယ်။ နောက်ပြီး Linux or Unix Server ဖြစ်လို့ စျေးလည်းသက်သာပါတယ်။ ASP.NET ကတော့ Windows Server ဖြစ်တဲ့အတွက်ကြောင့် Free Hosting တွေ မရှိသလောက်ရှားပါတယ်။ JSP လည်း ASP.NET လိုပါပဲ။
သူများတွေ တက်တုန်းက မေးထားတာလေး သိသလောက် ပြန်ရေးလိုက်.. :65:
Networing ဆိုတာကတော့ Computer တစ်ခုနဲ့ တစ်ခု ချိတ်ဆက်ခြင်းပါပဲ..
အဲဒီ course မှာ Computer တစ်လုံးနဲ့ တစ်လုံး ဘယ်လိုချိတ်ရမယ်..
ကြိုးတွေ ဘယ်လိုလုပ်ရမယ်...
အဲဒါတွေကို သင်ကြားပါတယ်..
ကြိုးခေါင်းတွေက Network ဆင်တဲ့ ပေါ်မှာ မူတည်ပြီး ကွဲပြားတတ်ပါတယ်..
နောက်ပြီး ချိတ်ဆက်ပြီးရင် Computer မှာ IP တွေ setting ချပုံတွေ သင်ကြားပေးပါတယ်...
နောက်ပြီး File တွေ sharing ပေးတဲ့ကိစ္စတွေ...
user permission ပေးတာတွေ သင်ရပါတယ်..
ပျော်ဖို့လည်း ကောင်းတဲ့ course တစ်ခုပါ... internet ဆိုင်တွေဖွင့်ရင်လည်း networking တတ်ထားရင်ပိုကောင်းပါတယ်..
Certification ဆိုတာက ကိုယ်ဘယ်လောက်တတ်သလဲဆိုတာ ..ထောက်ခံပေးထားတာမျိုးပါ။ စင်ကာပူမှာဆို...certification ပါလည်း လက်တွေ့..ရေးပြပါဆိုတာကို .. အင်တာဗျူးတိုင်းမှာခိုင်းတယ်။ ဒီတော့..သင်တန်းတက်ပြီး ..စာတီ ရလာတဲ့ကလေးတွေ ..အခက်တွေ့ကြရော .. MCSD ရပြီး အလုပ်မရတဲ့လူတွေရှိလာပြီနော်..သတိထားကြပါ..ကလေးတို့ရယ်။ အတွေ့အကြုံနဲ့ဖြတ်သန်းရမယ့် ခရီးမှာ .. ဘယ်လိုမှကြော်ခွလို့ မရနိုင်ပါဘူ။ စိတ်ရှည်ရှည်နဲ့..တတ်အောင်သင်ကြရမှာပါ.. ။
တချို့..အင်တာဗျူးတွေဆို..စာတီကြည့်ပြီး..ရုတ်တရက် အငိုက်ဖမ်းပြီး.. Testking သိလား.. Braindump သိလား.. စသည်ဖြင့်မေးတတ်ပါတယ်။
Certification Exam ဆိုတာ.. တကယ်တတ်ပြီးရင်..အောင်ဖို့လွယ်သွားပါပြီ၊ အခုခေါတ်မှာပြောတာပါ.. အရင်ကအောင်ခဲ့တဲ့..ဂုရုကြီးများကတော့ ..သူတို့ လျှို့၀ှက်ထားခဲ့ ကြတဲ့..အပေါက်တွေ..မြင်ကုန်ပြီလို့ထင်ကြမလားဘဲ။ ကျွန်တော် ခံစားမိသလောက်တော့..သူတို့လည်း..လူတွေရေလိုက်လွဲမှာစိုးလို့ ..သိပ်လူသိမခံတာဖြစ်မှာဘဲလို့ တွေးမိပါတယ်။
ဟိုရောက်ဒီရောက်ဖြစ်နေမလားဘဲ.. အနှစ်ချုပ်ရရင် ..စာတီသင်တန်းဆိုတာ ... စာတီရခြင်မှဘဲတက်ကြပါ။ တတ်အောင်အရင်လုပ်ပြီး..လုပ်ငန်းအတွေ့အကြုံ..တနှစ်လောက်ရပြီးမှဖြေရင်တော့..အကောင်းဆုံးပါဘဲဆိုတာပြောရင်နဲ့..ခဏနားလိုက်ပါတယ်။
ခုခေတ်မှာ ကွန်ပြူတာ အင်တာနက်တွေ ခေတ်စားလာနေ တော့၊
ကွန်ပြူတာဆိုင်ရာ သင်တန်းတွေ အများကြီးရှိလာပါတယ်။
အထက်တန်းကျောင်းသားတစ်ယောက် ကျောင်းပိတ်ပြီဆိုရင်၊
လာပြီ DTP, Web Publishing, AutoCAD, Photoshop လာလိုက်ကြတဲ့
သင်တန်းတွေ။ တကယ်တမ်း က ကွန်ပြူတာဆို၊ Email ဆိုတာ၊
အင်တာနက်ဆိုတာ၊ ဘာမှသင်တန်းကြီးနဲ့သင်စရာမလိုပါဘူး။
ရင်းနှီးကြွမ်း၀င်ဖို့သာလိုပါတယ်။ Browser တွေ, Email client တွေဟာ
အားလုံး Point and Click တွေချည်းပါပဲ။ လူငယ်တွေ ဟာ ဒါမျိုးလေးလောက်ကို
ကိုယ့်ဖာသာ Explore လုပ်ရင်း တတ်သိသွားမှာပါပဲ။ ကွန်ပြူတာ
အသုံးပြုမှှုမြန်မြန် တတ်ချင်ရင်၊ နေ့တိုင်းသာကိုင်၊ မြန်မြန်တတ်ပါလိမ့်မယ်။
ဒီနေရာမှာ DTP တို့ Autocad တို့ Photoshop တို့ Programming တို့
အကြောင်းနည်းနည်းပြောချင်ပါတယ်။ ဒီဆော့ဖ်၀ဲ တွေဟာ Professional
သုံးတဲ့ ဆော့ဖ်၀ဲတွေပါ။ Basic လောက်သိရင်ရပါပြီ။ ကိုယ့်တကယ့် ဘ၀ရည်ရွယ်ချက်
ဟာ Drawing Engineer မဟုတ်ရင်၊ Autocad မသိလည်းရပါတယ်။ သိပ်ပြီး
3D တွေဆွဲချင်ရင် Google Sketch လိုလွယ်တဲ့ဟာမျိုးသုံးပါ။ နားလည်လွယ်ပါတယ်။
Photoshop ကိုသင်တန်းတက်ပြီး၊ စာအုပ်ထဲပါတာဘာလုပ်လုပ်။ နောက်ဆုံးတော့
လည်း လုပ်နေကျမဟုတ်တော့ ကြာရင်မေ့ပြန်တာပါပဲ။
Programming လည်း ကိုယ်ကဒါနဲ့လုပ်စားမှာ မဟုတ်ရင် အချိန်မဖြုန်းသင့်ပါဘူး။
တကယ်တော့ Programming ကို Level တစ်ခုထိ၊ လုပ်စားနိုင်လောက်အောင်
ကြွမ်းကျင်ဖို့တော်တော်အချိန်ယူရပါတယ်။ တော်တော် လေ့ကျင့်ရပါတယ်။
တော်တော် အတွေ့အကြုံယူရပါတယ်။ Programming နဲ့လုပ်စားတဲ့လူတွေကို
မေးကြည့်ပါ။ ဘယ်သူမှ ရေရှည် Programmer မလုပ်ချင်ပါဘူး။
နိုင်ငံခြားထွက်မယ်လို့ ရည်ရွယ်ရင်၊ အကြံပြုလိုက်ပါမယ်။
သူများနိုင်ငံ လေဆိပ်ကို ရောက်တာနဲ့ ပထမဆုံးကြုံရမှာ က ဘိုလိုပြောဖို့ပါ။
Immigration counter ရောက်လို့ အီးလေးအဲလေးဖြစ်နေရင် အထင်သေးခံရပါတယ်။
ကိုယ်ကပိုင်ပိုင်နိုင်နိုင် ဒိုးဒိုးဒေါက်ဒေါက် ပြောနိုင်မှ၊ အလုပ်ဖြစ်ပါတယ်။
ဟော.... နိုင်ငံခြားမှာ အလုပ်ပဲလုပ်လုပ်၊ စာပဲသင်သင်၊ လူရှေ့မှာ စကားပြောရတဲ့အခါ၊
Report တွေ ရေးတဲ့အခါ၊ စာချုပ်စာတမ်းချုပ်ဖို့ ဖတ်ပြုရတဲ့အခါ၊ ထဲထဲ၀င်၀င် နားလည်
ဖို့လိုတဲ့အခါကျတော့ ပြီးပြီးရောလုပ်ရတာနဲ့။ အရှက်ကွဲရတာနဲ့ဖြစ်ပါလေရော။
(ကိုယ်တွေ့ကိုယ်တွေ့။)
အဲလို အခြေအနေကြုံရင်၊ AutoCAD မတတ်လို့၊ Photoshop မတတ်လို့ အထင်မသေးပါဘူး။
လူရှေ့မှာ စကားကောင်းကောင်းမပြောနိုင် ရင် အထင်သေးပါတယ်။
အဲလို မလုပ်နိုင်လို့၊ ယောက်ျားတန်မဲ့ ငိုခဲ့ရဖူးပါတယ်။ ပထဆုံးတင်တဲ့ School report မှာ
Grammer တွေ၊ Spelling တွေ မှားလွန်းလို့ ဆရာမက၊ “ငါ English Teacher မဟုတ်ဘူး” လို့
ခေါ်ပြောခံရတာတွေကြောင့် နောက်ကျလေခြင်းဆိုပြီး၊ ယူကြုံးမရဖြစ်ရပါတယ်။
အဲဒီတော့၊ ကွန်ပြူတာတွေသင်တာလည်း သင်တာပေါ့။ ပထမဆုံး တခြားဘာသာစကားတွေ
ကိုလည်းသင်မယ့်အစား ဘိုလိုကောင်းကောင်းနားလည် ပြီး၊ ဒိုးဒိုးဒေါက်ဒေါက်မြန်မြန်မှန်မှန်
ပြောနိုင်ဖို့၊ ကောင်းကောင်းရေးနိုင်ဖို့၊ဖတ်နိုင်ဖို့ ကို ဦးစားပေးသင့်ပါကြောင်း။
(ကျွန်တော် American Accent Training ကို လေ့လာသင်ကြားပြီး၊ ဘိုလိုကောင်းကောင်း
မှုတ်တော့ မေးကြတယ်။ မင်းက Phillipine ကလားတဲ့။ ကဲရွှေမြန်မာတို့ အစွမ်းပြဖို့အချိန်
တန်ပြီထင်တယ်နော့။ ဒီလိုရေးလို့မုန်းလည်းမတတ်နိုင်ဘူး။ အခန့်သင့်လို့၊ ရင်ထဲရှိတာ
ပြောထည့်လိုက်ပြီ။)
Programming တတ်ချင်ရင်၊ Language တစ်ခုကို အရင် စွဲစွဲမြဲမြဲနဲ့ ကြွမ်းကျင်အောင်
အရင်လုပ်သင့်ပါတယ်။ တတ်ချင်လွန်းတော့ C# ကော၊ VB ကော Java ကော အားလုံး
တစ်ပြိုင်နက် မလုပ်ကြပါနဲ့။ မတတ်ဘူးမဟုတ်ပါဘူး။ အတတ်နှေးသွားပါလိမ့်မယ်။
တစ်ခုခုကို အရင် Level တစ်ခု ရောက်အောင် သင်ပြီးရင်။ ကြွမ်းကျင်သွားပြီဆိုရင်
နောက် Language တစ်ခု ကို ကူးရလွယ်ပါတယ်။
ဆိုလိုတာက Essence of Programming က Language specific မဟုတ်ပါဘူး။
Language တစ်ခုကိုသုံးပြီး Programming ရဲ့သဘာ၀ကို နားလည်ရင်၊ Language
နဲ့ဆိုင်တဲ့အပိုင်းတွေဟာ အဘိဓာန် ကြည့်သလို၊ ရှာလို့ရတဲ့ စာအုပ်တွေအများကြီးပါ။
The success of a software engineer is not about how much he know, but how fast
he can search the information he needs.
Now , I am trying H/W Technology . On the other hand, I am trying Flash and Primere Pro .
Moon
ကိုသားသားပြောတာကို ထောက်ခံပါတယ် ခင်ဗျား .......
ဘယ် Website, ဘယ် Software တွေကများ လေ့လာလို့ ကောင်းတယ် ... အဆင်ပြေတယ် ...
ပြီးတော့ Free ဖြစ်တာလေး ... ပြောပြပါအုံး ... လမ်းညွန်ပါအုံး ဗျာ ...
ငပိသံလေး နဲ့ ကျွန်တော် ...
ဘိုစကားပြောလား၊ ကွန်ပြူတာ related လား
ဘာကိုလေ့လာချင်တာလည်း ဆိုတာလေးပါထည့်ပြောပေးရင်
အကြံပြုဆွေးနွေးလို့ပိုကောင်းတာပေါ့ခင်ဗျာ။
ဒါဆိုကိုသာသာရေ..
အနော်သိချင်တာပြောရရင် ဘိုစကားကိုအရင်ပြော...။
ပြီးတော့ ကွန်ပြူတာ ပိုင်းဆက်ပြောပေါ့။
အနော်လဲ ကိုသာသာ ပြောတာကို ၇၅% ထောက်ခံပါတယ်။
အလုပ်ရှာနေတုန်း၊ အလုပ်မရင် စပ်ကြားမှာ စကားတတ်တဲ့သူနဲ့
စကားမတတ်တဲ့သူ ဘယ်လောက်ကွာလဲဆိုတာ နိုင်ငံခြားသွားဖူးတဲ့သူတိုင်းသိတယ်တဲ့
အနော့်အကိုပြောတာ။ မှားရင် သူနဲ့ ကိုသာသာ အပြစ်။
အနော်နဲ့ဆိုင်၀ူး။ အနော်က ခုမှ စ တုန်း။
ဒါကြောင့် ဘိုစကားအကြောင်းသိချင်တယ်လို့ပြောတာ။
ဟုတ်ကဲ့ ... ဘိုလို ပြောတာကော၊ အရေးအသားလေးပါ လေ့လာချင်ပါတယ် .. လမ်းညွန်ပေးပါအုံး ...
ကွန်ပြူတာ related လေးဆို ပိုအဆင်ပြေပါတယ် ... :5:
တစ်ချို့ကျတော့လည်း C ကိုအရင်လုပ်တဲ့။ပြီးရင် C#ဆက်ကိုင်တဲ့
ပြီးရင် Java လုပ်တဲ့။
Web မှာလည်း XHTML ကိုအရင်လုပ်တဲ့။ပြီးမှ HTML ကိုင်တဲ့
php တဲ့ asp.net တဲ့ css တဲ့ javascript တဲ့
web ကို professional လောက်လည်းတတ်ဖို့မလိုဘဲ ကျွမ်းကျွမ်းကျင်ကျင် ကိုင်နိုင်အောင် ဘယ် language တွေသင်ရမလဲ
နဲနဲထပ်ဖြည့်ရမှာက Web Design လား Web Application လား ထပ်ခွဲဦး၊ Design နဲနဲ နွယ်ချင်ရင် Graphic Design လေးထပ်ပေါင်း။ Web Application သွားမှာဆိုရင် Database ပါသိရမယ်၊ Open Source ဆိုရင် MySQL တွဲလေ့လာပြီး MS ဆိုရင်တော့ SQL လုပ်ပေါ့။
Windows application တွေကိုရေးသူဟာ ရေကူးကန်ထဲမှာ ရေကူးနေသူလို့ခေါ်မယ်ဆိုရင် Web application ရေးသူဟာ ပင်လယ်ထဲမှာ ရေကူးရသလိုပါဘဲ .. လေ့လာစရာမကုန်သလို အခက်အခဲများလဲစုံပါတယ်။
စိတ်မညစ်ပါနဲ့ အစဘဲခက်တာပါ နောက်ပိုင်းရေးရင်နဲ့ ဖြစ်သွားပါလိမ့်မယ် ။ ဘယ်သူမှ အကုန်မတတ်ပါဘူး တတ်ရင်လဲ မသုံးဖြစ်ရင်မေ့သွားတတ်ပါတယ် ဆိုတော့ အခြေခံကောင်းမှ ရှေ့ဆက်သွားလို့ရမှာဆိုတော့ အခြေခံပိုင်အောင်လုပ် ပြီးတော့ အလုပ်ထဲရောက်သွားရင် သေခြာတတ်သွားမှာ ဖြစ်ကြောင်း။
ကျွန်တော် ဆရာလုပ် အဲလေ...အကြံပေးချင်တာကတော့ ဘာပဲဖြစ်ဖြစ်
Python ပဲဖြစ်ဖြစ်၊ C ပဲဖြစ်ဖြစ်၊ C# ပဲဖြစ်ဖြစ် Java ပဲဖြစ်ဖြစ် တစ်ခုခု ကို စတင်လေ့လာပြီး၊
လက်တွေ့ အကောင် အထည်ဖေါ်လို်က်ပါ။ ဘာ Language ပဲသုံးသုံး Programming ရဲ့
သဘာ၀ ကို နားလည်လာရင် နောက် Language တွေ Library တွေကို လေ့လာရ လွယ်ကူလာပါလိမ့်မယ်။ ခုပဲ ဘာ Language ပဲဖြစ်ဖြစ် ပါတဲ့ အခြေခံ Programming စာတစ်အုပ်ကို စိတ်ရှည်ရှည်နဲ့ဖတ်လိုက် စမ်းလို်က်နဲ့ ပြီးသည်အထိ အရင်လုပ်လိုက်ပါ။
Web နဲ့ပတ်သက်ရင် Beginner တစ်ယောက်အတွက် XHTML နဲ့ HTML နဲ့ ခွဲခြားမနေပဲ၊
HTML Code ကို လက်တွေ့ရေးတတ်အောင် အရင် လေ့လာသင့်ပါတယ်။ တော်တော် ရင်းနှီးသွားမှ၊
XHTML နဲ့ HTML ရဲ့ Boundaries တွေကို အလိုလိုမြင်လာပါလိမ့်မယ်။
HTML ကို အခြေခံမသိဘဲ CSS တွေ JAVASCRIPT တွေ ကို်င်ရင်၊ ခက်ခဲပါလိမ့်မယ်။
အနည်းဆုံး HTML အခြေခံ စာအုပ်တစ်အုပ်ကို စိတ်ရှည်သည်းခံပြီး၊ ပြီးစီးအောင် ဖတ်ရှုစမ်းသပ်လေ့လာသင့်ပါတယ်။ (စာဖတ်မပျင်းပါနဲ့)
PHP တွေ ASP တွေ ကိုတော့ HTML နိုင်မှ ကို်င်သင့်ပါတယ်။
ASP.Net ကတော့ 2.0 မှာဆိုရင် HTML ကို ကိုင်စရာမလိုလောက်အောင် လွယ်ကူတာကို တွေ့ရပါလိမ့််မယ်။
အရေးကြီးဆုံးကတော့ အားလုံးကို တို့ထိတို့ထိ လုပ်တာထက်၊ တစ်ခုခုကို ပြီးစီးအောင် ဆွဲဆွဲမြဲမြဲ
အရင်လုပ်သင့်ပါတယ်။ အမြင့်ကို တက်ဖို့ ဘက်မညီတဲ့ တုံးလေးတွေကို ခုတာထက်၊ ခိုင်မာ တောင့်တင်းတဲ့ တုံးကြီး တစ်ခုကို အခြေခံတာဟာ အမြင့်ကို တက်ဖို့ ပိုလွယ်ကူစေပါလိမ့်မယ်။
အခုပဲ စာအုပ်တစ်အုပ် (Ebook တစ်ခုခုကို) ပြီးအောင် ဖတ်ပြီး စမ်းသပ်လေ့လာလိုက်ပါတော့။
ကျွန်တော် ငပိသံမပျောက်သေးတဲ့အပြင် ဆီမရှိတဲ့ လှည်းဘီးကြီးလို ဖြစ်နေလို့ .. :71:
:67::67::67:
ဟုတ်တယ်။ ဟုတ်တယ်။ အနော်လဲ အတိုကြီးလိုပဲ ဟီဟီး။ အနော်တို့ ကိုက ပါရမီ နည်းတယ်ထင်ပါတယ်ဗျာ။ :2: :2: :2: ဘယ်သူမှလဲ မညွှန်ပြကြဘူး။ တော်ပါပြီ ကိုယ့် ကုသိုလ်နဲ့ကိုယ်ပဲရှိပါစေတော့ ။
စုဆောင်းရှာဖွေနေဆဲမို့ပါ။ ကျွန်တော့် English ကို Train လုပ်ခဲ့တဲ့ လမ်းကြောင်းက စာအုပ်တွေချည်းပဲဆိုတော့
ကွန်ပြူတာနဲ့ဆက်စပ်ရခက်နေလို့ပါ။ ဖြေမှာဖြေမှာ စိတ်ချ။
ဖြေပေးမယ်ဆိုရင်ပဲ ကျနော်ကျေးဇူးတင်လှပါဘီဂျာ။ တဂယ်ဖြေပေးနော်။
လိမ်ရ၀ူးနော်။
နောက်တစ်ခုအနေနဲ့ ကျနော် ကျနော့် အကိုတွေဆီက အကြံဉာဏ်တောင်းချင်လို့ပါ။
အနော့် သူငယ်ချင်းတစ်ယောက်က အနော့်ကို ဒီလကုန်မှာ Creative ကဖွင့်မယ့် Web Essential သင်တန်းတွေကို တက်ဖို့လာပြောပါတယ်။ ကျနော်လဲစိတ်၀င်စားပါတယ်။ ဒါပေမယ့် ကျနော်ကသူ့လို ကွန်ပျူတာကို အရမ်းကြီးနားလည်တဲ့သူမှမဟုတ်တာ။ ကျနော်က ကိုယ့်ဖာသာကိုယ် ကလိပြီး သုံးလို့ဖြစ်ရုံလေးတတ်တာလေ။ ဒီတော့ ကျနော်သိချင်တာက Web essential တက်ဖို့အတွက် ဘာတွေသိထားဖို့လိုလဲ။ ဘာတွေတတ်ထားသင့်လဲ။ ပြောရရင်ဗျာ ကျနော်တက်ပြီးမှ မလိုက်နိုင်လို့ အခက်အခဲဖြစ်ပြီး ကြောင်တောင်တောင်နဲ့ မျောက်သစ်ကိုင်းလွတ်သလိုဖြစ်နေမှာစိုးလို့ပါ။ ၀ိုင်းပီးကူညီကြပါဂျာ။
Web Essential က HTML, CSS ဒါဘဲသင်မှာထင်တယ် .. မခက်ပါဘူး ကြောက်နဲ့။
ကျောင်းစာကတစ်ဖက် ကွန်ပြူတာကတစ်ဖက်
ကွန်ပြူတာဖက်လိုက်တာများသွားလို့ စာမေးပွဲကျဖူးပြီ။
ဖြည်းဖြည်းချင်းလုပ်ယူရမှာပဲ
HTML တစ်အုပ်လောက်တော့ down ပြီး လေ့လာဦးမှ။
ကျွန်တော်က ကွန်ပြူတာ profession မဟုတ်ပါဘူး
Microsoft လိုင်းလဲမလိုက်ပါဘူး
web developer လည်းလုပ်လို့မရပါဘူး
၀ါသနာအရ amature အဆင့်ပဲတတ်နိုင်ပါတယ်။
အစ် ကို ရဲ့ Css စာ အုပ် က ဘယ်တော့လဲ။
မြန်မြန်ရေးပေးပါဗျား။:68::68::68:
ကျွန်တော်ကကွန်ပျူတာတကသိုလ်ကျောင်းဆင်းပါ။ အခုလဲ KMD က Network Engineering ပြီးသွားပါပြီ။ အခုလဲ Microsoft Exam တွေဖြေချင်လို့ သင်တန်းဘယ်မှာတက်ရမှန်းမသိဖြစ်နေတာ။ သင်တန်းကြေးတွေကလဲအရမ်းမြင့်နေတော့ တက်ပြီးမှမကောင်းရင်ဒုတ်ခရေက်မှာဆိုးလို့ အကိုတို့သိရင်လမ်းညွှန်ပါဦး။ ကျွန်တော်က Network ပိုင်းကိုအတော်လေးစိတ်၀င်စားပါတယ်။ Singapore ကိုလဲ ဒါနဲ့ပဲထွက်ပြီးအလုပ်လုပ်ဖို့စီစဉ်ထားပါတယ်။ Microsoft ဘယ်Exam Type တွေဖြေသင့်ပါလဲ။ ဒါပေမယ့်သူတို့က Working Experience အရမ်းကြည့်တော့ အခက်တွေ့နေတာ။ ကျွန်တော်က လွန်ခဲ့တဲ့တစ်နှစ်လောက်က MCC မှာ ၅ လ လောက်အလုပ်လုပ်ဖူးပါတယ်။ လုပ်သက် ၄လကျော်အရောက်မှာနေပြည်တော်မှာ project ၁လသွားလုပ်ခိုင်းလို့ထွက်လိုက်ရတယ်။ ကျွန်တော်လိုနေပိုနေတာတွေရှိရင်လမ်းညွှန်ကြပါ။\:D/. ပြီးတော့ကျွန်တော့်ကို Networking အကြောင်းတွေမြန်မာလိုရေးထားတဲ့ Sites တွေသိရင်ပြောခဲ့ပါ။
E-mail: [email protected] :101:
ကိုပီဇီလဲ Mcc မှာလုပ်ဖူးတယ်တဲ့ ... ဟိဟိ အမျိုးတွေ တွေ့နေပြီ။
အင်း ပြောရရင်တော့ ... ဘယ်မှာဘဲလုပ်လုပ်ပါ အတွေ့အကြုံရှိဖို့က လိုတယ်ဗျ .. စလုံးမှာလဲ အတွေ့အကြုံကိုမေးတယ် .. နောက် စကားရေရေလည်လည် ပြောတတ်ဖို့လိုမယ် .. တလောက ရန်ကုန်မှာ ကုပ္မဏီကြီးမှာဘဲ ၆ နှစ်လောက် လုပ်ဖူးပြီးတော့ MCSD လဲရထားတဲ့ တစ်ယောက် အလုပ်လာရှာတာ ဘာလိုနေလဲ မသိဘူး မရလိုက်ဘူး။ ထင်တာတော့ စကားပြောလို့ထင်တယ်။
အဲတစ်ချို့လဲ ရေရေလည်လည်ပြောတတ်တော့ လုပ်သက် သိပ်မရှိတာတောင် IT Support ဆိုပြီး ခန့်သေးတာဘဲ..
တိုတိုပြောရရင် တကယ်တတ်ဖို့ရယ်၊ ကိုယ့်ဘာသာ ယုံကြည်မှုရှိဖို့ရယ်၊ ကိုယ်ဘာလုပ်နိုင်ကြောင်း (မလုပ်ဖူးရင်တောင်မှ) လည်လည်၀ယ်၀ယ် ပြောတတ်ဖို့ရယ် လိုပါကြောင်း ..။
webmaster ရယ်၊ web developer ရယ်ဆိုပြီးကြားဖူးပါတယ်။ ဘယ်လိုကွာလဲဆိုတာသိချင်ပါတယ်။
webmaster ဖြစ်ဖို.ဘယ်အပိုင်းတွေ တတ်ထားရမယ် ၊ web developer ဖြစ်ဖို.ဘယ်အပိုင်းတွေ တတ်ထားရမယ်ဆိုတာသိချင်ပါတယ်။ MZက အစ်ကိုများသိရင် ဖြေပေးကြပါ။
:106:(Microsoft Exam) သင်တန်းတက်ချင်လို့ပါဆိုပြောမသွားဘူး။ လုပ်ပါဗျာ တကယ်တက်ချင်လို့ပါ။ ပြီးတော့ ကျွန်တော့်ကို network websites(myanmar) တွေပေးခဲ့ပါ အကြံပေးလို့ကျေးဇူးပါ :103:
မရှင်းလို့ 1 ခုတော့ကူညီပါ။
Web Design and Web Application ဘာများကွာတာလဲဟင်။:P:P
Web Design က ဘာသင်တန်းတွေတက်ရလဲ:D
Web Application ကဘာတွေတက်ရမလဲ
သိချင်ပါတယ်။
ပြီးတော့
ပိုက်ဆံ က ဘယ်ဟာကပိုရမလဲသိချင်ပါတယ်။(ဟီး ဟီး):)):))
ဟုတ်ကဲ့ မင်္ဂလာပါဗျာ...
ရှိတော့ ရှိတယ်ဗျာ.. မမှတ်မိတော့ဘူးဖြစ်နေတယ်...
[email protected] ကနေဆက်သွယ် မေးမြန်း မျှေ၀နိုင်ပါတယ်...
Microsoft Exam) တွေကတော့ အများကြီးပါ...
တစ်ခုတော့ရှိတယ်.. Microsoft က networking ကိုတော့ အဓိကမထားပါဘူး
အပေါ်ယံနည်းပညာတွေလောက်သာ ပြသသွားတာ များပါတယ်..
ဆွေးနွေးနိုင်ပါတယ်...
webmaster ဆိုတာက ကုပ္မဏီတစ်ခု၊ အဖွဲ့တစ်ခုရဲ့ web site ကြီးကို ထိမ်းသိမ်းစောင့်ရှောက်၊ လိုတာပြုပြင် (သေးသေးမွှားမွှားများကို၊ အများကြီးပြင်ရမယ်ဆို သူများကို ပေးလုပ်တယ်)၊ အမြဲတမ်း web site ကျမ်းမာရေးကောင်းနေအောင်၊ စသဖြင့် ဂရုစိုက်ရတယ်။ ဆိုတော့ကာ သူက နယ်ပယ်ကျယ်တယ် နဲနဲချင်းစီသိထားပြီး လိုအပ်ရင် လုပ်နိုင်ရမယ်
၁) Web Programming သိရမယ် (ကိုယ့် ၀က်ဘ်ဆိုဒ်က ဘာသုံးလဲ အပေါ်မှာ မူတည်တယ် HTML/PHP/ASP/CSS/.NET/Javascript/SQL/MySQL/Oracle ... စသဖြင့်ပေါ့)
၂) Graphic Tools တွေကအစ သိရမယ်၊ လိုအပ်ရင် ကိုယ်တိုင် ပြင်ရမှာဆိုတော့
၃) Networking နဲနဲ သိထားရမယ် (server restart ချတာ
၄) Hardware တွေ အကြောင်း၊ နည်းပညာတွေ အကြောင်း up to date ဗဟုသုတရှိရမယ်၊ ကိုယ့် ကုပ္မဏီ ၀က်ဆိုဒ်ကို တိုးချဲ့ချင်ရင် ကုပ္မဏီမှာ ရှ်ိတဲ့ Hardware Resources တွေနဲ့ ကိုက့်ပါ့မလား အကြံပြုနိုင်ရမယ်။
၅) လိုအပ်ရင် Web Site Visitors Behavior Analysis (၀က်ဆိိုဒ်ကို လာသူများ ဘာတွေကြည့်ကြတယ်၊ ဘာတွေစိတ်၀င်စားတယ်၊ ဘာတွေပြင်ရင်ပိုကောင်းမယ်၊ ဘာတွေဖြုတ်ရင်ကောင်းမယ်) လဲလုပ်နိုင်ရမယ်
ဒါက ယေဘူယျပြောတာပေါ့
Web Developer ဆိုတာကတော့ web site ဖြစ်အောင် ရေးမယ့် Programmer ပေါ့ဗျာ၊ ကိုယ်လုပ်တဲ့ ကုပ္မဏီအပေါ်မူတည်ပြီးတော့ Programming Language တတ်ထားရင် ရတယ်၊ ဥပမာ၊ ၊ IBM မှာ လုပ်မယ်ဆိုရင် Java/DB2/Poetlets စသဖြင့်သိရင်ဘဲရပြီ၊ သူတို့က .NET မသုံးတော့ မတတ်လဲရတယ်၊ Opensource သုံးတဲ့ ကုပ္မဏီမှာ လုပ်ရင် PHP/MySQL စသဖြင့် အလကားရတဲ့ Programming Language တွေတတ်ရင် ရတယ်၊ မိုက်ခရိုဆော့မှာ လုပ်မယ်ဆိုရင်တော့ .NET/SQL/WPF/Work Flow ... စသဖြင့်တတ်ထားရမယ်၊ အခြေခံ ဖြစ်တဲ့ HTML/CSS/Javascripts စတာတွေကတော့ သိထားရမယ်ပေါ့။
ပြောရရင် web developer ဆိုတာက ကိုယ်ရေးမယ့် product ကိုလိုက်လိို့ ရေးရတာဖြစ်ပြီးတော့ web master ကတော့ ၀က်ဘ်ဆိုဒ်များကို ထိမ်းသိမ်းစောင့်ရှောက် ရသော တာ၀န်များ ဖြစ်ပါကြောင်း ဖြေကြားလိုက်ရပါတယ်။
အဲလာဦးမယ် ဘာလုပ်ရင်ကောင်းမလဲလို့ ... အင်း ..အဲဒါကတော့ ၀ါသနာအရပေါ့ဗျာ .. အမြဲတမ်း စိမ်ခေါ်မှုတွေကိုမြတ်နိုးပြီးတော့ နည်းပညာ အသစ်တွေနဲ့ အမြဲထိတွေ့ နေချင်ရင် Web Developer/Sr Developer/Technical Architect/ CTO စသဖြင့် လမ်းကြောင်း အတိိုင်းသွားပြီး .. အေးအေးဆေးဆေး နှပ်ပြီး ငြိမ့်တော့ မယ်ဆိုရင်တော့ web master လုပ်ပေါ့ဗျာ။
ဟူး .... :18:
ကျွန်တော့် Boss ကို သွားမပြောနဲ့နော်...:d:d
ကျွန်တော်ကတော့ တစ်ခုပဲ..သတိပေးချင်ပါတယ်....(ကလော်များ အတုတ်ခံရမလား မသိဘူး...)
ကွန်ပျူတာနဲ့ပတ်သတ်တာလုပ်မယ်ဆိုရင်တော့ ကွန်ပျူတာတစ်လုံးဝယ်ရန် မမေ့ဖို့လည်း လက်တို့ပါရစေ...(မတတ်နိုင်ဘူးဆိုရင်တောင်မှ စျေးပေါပေါလေး တစ်လုံးလောက်ကိုတော့ မဖြစ်ဖြစ်အောင် ကြိုးစားပြီး ဝယ်စေချင်ပါတယ်...ဆားဗစ်ခတော့ လာမတောင်းနဲ့နော်..)
ကွန်ပျူတာမရှိခင်ကနဲ့ ကွန်ပျူတာဝယ်ပြီးနောက်ပိုင်း ဘယ်လောက်တောင် ကွာခြားလည်းဆိုတာ အတွေ့အကြုံရှိ နောင်တော်ကြီးများကိုလည်း လက်တို့ကြည့်ကြပါ...
မဟုတ်လို့ကတော့ သင်တန်းဖိုးသာကုန် ခေတ်သစ်မောင်ပုံ အိုင်တီမတတ် ဖြစ်ပါလိမ့်မယ်...
ကျွန်တော် speakingကို ကောင်းကောင်းပြောတတ်ချင် ၊ အခုဟာက ကိုယ်ကတော့ နည်းနည်းပြောတတ်တယ် ၊ Foreignerက ပြန်ပြောတဲ့ စကားကျတော့ နားမလည်တော့ဘူး အဲဒီလိုဖြစ်နေတယ်။ ပြီးတော့ English Speaking သင်တန်းတွေကိုလည်း သွားမတတ်ချင်ဘူး ၊ ကျွန်တော့်မှာလည်း ကွန်ပျူတာက ရှိနေတော့ CDခွေ ၀ယ်ပြီးတော့ interactive video ခွေမျိုးလေးများရှိလားလို့ပါ။ ရှိရင်လည်း ညွှန်းပေးကြပါဦး၊ လေ့လာဖို့ ကောင်းမယ့်ခွေလေး၊ Speaking နဲ့ပက်သက်တဲ့ စာအုပ်တွေ ၀ယ်ဖတ်ရင်ရော အဆင်ပြေနိုင်မလား၊ မဖြစ်ဘူး သင်တန်းတတ်မှရမယ် ဆိုရင်လည်း ပြောပေးကြပါဦး ဘယ်မှာကောင်းလည်း မန္တလေးမှာနော်၊ ရန်ကုန်မဟုတ်ဘူး။ သင်တန်းတတ်တာနဲ့ CD ခွေ ဘယ်ဟာ ပိုပြီးထိရောက်လည်းဆိုတာကို နားလည်အောင် ရှင်းပြပေးပါဦင်္း။
ကောင်လေး
ကောင်လေးရေ...အကောင်းဆုံးနဲ့ လက်တွေ့ အကျဆုံး နည်းကို ပြောပြမယ်။
Listening skill တက်အောင် စာတမ်းထိုးပါတဲ့ DVD တွေများများကြည့်ပေး။
American accent ကိုနားလည်ချင်ရင်၊ american ကားတွေများများကြည့်
DVD က Hearing Impair Subtitle ကိုဖွင့်ပြီး သူတို့စကားပြောတွေကိုနားထောင်ရင်း
Subtitle ဖတ်ရင်၊ နောက်ပိုင်း Subtitle မလိုပဲနားလည်လာပါလိမ့်မယ်။
နောက်ဆုံးထုတ် DVD တွေကြည့်ရင် Slang တွေ၊ Idioms တွေ၊ Rapper တွေပြောတဲ့
စကားတွေပါ နားလည်လာပါလိမ့်မယ်။ English accent ကိုနားလည်ချင်ရင် English ကားတွေ
များများကြည့်ပေါ့။ ကြာလာရင် English နဲ့ USA accent, Irish accent ကိုပါခွဲခြား
နိုင်လာပါလိမ့်မယ်။ နားရည်၀လာရင်၊သူတို့ပြောသလိုပါ ပြောလာနိုင်မှာပါ။
ဟုတ်ကဲ့ အခုလို၀င်ရောက် ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် kotharthar ရေ ၊ တစ်ခြားသော သူများရဲ့ဆွေးနွေးမှုများကိုလည်း စောင့်မျှော်နေပါမယ်။
Microsoft Certificate.exams..တွေဖြေဖို ့ကြိုးစားနေတာမို ့ပါ...
MCTS..လေ...thank u bros...:6:
လမ်းညွန်ပေးကြပါအုံး...:105:
နားပူလို့။ အဟီး ဒါကြောင့်ထင်တယ် အင်္ဂလိပ်လိုဆို ကိုယ်ရွှေ ကိုယ်မျိုးခြင်းပြောလဲမရ ၊
နိုင်ငံခြားသားနဲ့ပြောလဲမရ ၊ နားလဲမလည်။ အီးဘွတ်ဖတ်မယ်ဆိုလဲ အဘိဓါန် တွေဘေးမှာ
တသိန်းခြောက်သောင်းလောက် နဲ့ဖတ် ။ တခါပြီးလို့ နောက်တခါပြန်ဖတ်လဲ နောက်တခါ
ထပ်ရှာရ။ မုန့်လုံးစက္ကူကပ်နေတယ်။ အကြံပေးကြပါအုံး။ ဒါမှမဟုတ်လဲ english ကနေ မြန်မာ
တန်းပြန်ပေးတဲ့ converter software တခုလောက် ရေးပေးကြပါလား ..အဟဲ ebook က copy
ယူ software ထဲမှာ paste ချလိုက်တာနဲ့ မြန်မာလိုတန်းပြောင်းပေးတာမျိုးလေ။ ချတာနော် ..
ချိတ်ချိုးနဲ့ ..
အရင်ဆုံးတော့ ကိုယ်ဖြေမယ့် စာမေးပွဲနံပတ်ကို ရှာကြည့်လိုက်ပေါ့။ ဥပမာကွာ 70-528 အဲ့လိုမျိုးပေါ့။ ပြီးရင် အဲ့ဒီ စာမေးပွဲနံပတ်အတိုင်းကို www.examcollection.com နဲ့ www.4shared.com တို့မှာ ရှာကြည့်လိုက်နော်။ ကျွန်တော့်မှာတော့ 70-528 နဲ့ 70-536 ရဲ့ file တွေရှိတယ်။ လိုချင်ရင်တော့ private message ပို့ထားလိုက်နော်။
စာမေးပွဲအောင်ဖို့အတွက်ဆိုရင်တော့ exam kit တွေကို အလွတ်ကျက်ပြီးဖြေရင် ရပါတယ်။
*ေ ကျး ဇူး တင် ပါ တယ်
:103::68:
ဟေ့ အဲ့လိုမနောက်ရဘူးလေ။ သူနော် လူဆိုး :P :P :P
ဒါပေမယ့် လုပ်ဖြစ်ရင်တော့ပြောနော်။ share လုပ်မယ်။ အောင်မြင်ရင်တော့ အတော့်ကို၀င်ငွေရမယ့် အလုပ်လေ။ ကမ္ဘာမှာ မလှချင်တဲ့လူမှ မရှိတာ