MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

explorer.exe

edited September 2008 in Antivirus & Virus
ဒီမနက်ဆိုင်မှာ ကွန်ပျူတာကို ဖွင့်လိုက်တော့ desktop wallpaper ကြီးပဲတက်လာတယ်ဗျာ ။ ကျွန်တော်က loading လုပ်နေတယ်ထင်တာ ဘယ်ဟုတ်မလဲဗျ ။ မသင်္ကကာလို့ Task Manager ခေါ်ကြည့်တော့မှာ အားလားလား user name နဲ့ run နေတဲ့ explorer ပဲတွေ့တယ် ။ ကျန်တဲ့ process တွေတစ်ခုမှမတွေရပါ ။ အဲဒါ ရှိနေတဲ့ explorer ကို end process လုပ်ပြီး explorer ကိုပြန် run မှာ ကျန်တာတွေပေါ်လာပါတယ်။ သူကစက်ကိုတော့ခုထိဘာမှဖြစ်အောင်တော့မလုပ်သေးပါဘူး။ဖြေရှင်းနည်းလေးပေးပါဦး။ :63::63::63:
Pq1PlwgA.jpg

မှတ်ချက်များ

  • edited September 2008 Administrators
    အဲဒါ အကောင်လေ... အကောင်...။ ဒါပေမယ့် သူက အေးဆေးပါ...။ Icon က Zip ဖိုင်ပုံလေးမဟုတ်လား။ ထုံးစံအတိုင်း msconfig နဲ့ regedit အောက်မှာ ၀င်ရှင်းလိုက်ပါ။
    ပြီးရင် သူက နည်းနည်းလယ်တယ်။ windows\ အောက်မှာ backup ဆိုပြီး folder တစ်ခုဆောက်လိုက်ပြီး၊ သူ့ရဲ့ explorer.exe ရယ် autorun.ini ရယ်ကို ထည့်ထားသေးတယ်။
    ဒါကြောင့် မူရင်း explorer.exe ပျက်မသွားတာပေါ့။ အဲဒီ နာမည်တူ အကျင့်ယုတ်ကောင်တွေကို ဖျက်ပစ်လိုက်မှ ဇာတ်သိမ်းမှာ။ ကြာပါပြီ ဒီကောင်ပေါ်နေတာ။ ခု ဘယ်လို တစ်ပတ်ပြန်လည်လာတာလဲ
    မသိဘူး။ အဲ.. C:\ အောက်မှာလဲ တစ်ဖိုင် ရှိဦးမယ်ထင်တယ်။ သိပ်မမှတ်မိတော့လို့...။
    safemode ကနေ လုပ်ရမှာကိုတော့ မပြောလဲ သိမှာပါနော်...။ :)
  • edited September 2008 Administrators
    အော်အဲဒါ အကောင် ကိုး... အကောင်ကအေးဆေးဆိုတော့ နောက်မှပဲအေးအေးဆေးဆေး အမျိုးဖြုတ်တော့မယ်။ ကျေးဇူးကိုတွီတီရေ.. :d
Sign In or Register to comment.