MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

မြန်မာကွန်ပျူတာ အသင်းချုပ် ၁၀ နှစ်ပြည်&a

edited November 2008 in Tech News
မြန်မာကွန်ပျူတာအသင်းချုပ် ၁၀နှစ်ပြည့် ဆော့ဝဲပြပွဲကို မြန်မာ အင်ဖိုတက် main building တွင် ၇ ရက် ၈ ရက် ၉ ရက် နေ့များတွင် ပြသသွားမည်ဖြစ်သည်။ အခုဒီသတင်းကို အင်ဖိုတက် ဗဟိုအဆောက်အအုံ ထဲကနေ wireless ခိုးသုံးပြီး တင်ပြနေတာဖြစ်ပါတယ်။

စည်သူအောင်(MZ)

မှတ်ချက်များ

  • edited November 2008 Administrators
    ဟုတ်ကဲ့ လက်ရှိပြသနေတဲ့ ဆို်င်တွေကတော့ Softcom,Alpha,MBC Software,iNtegra System,Assembler Computer Center,Creative Web Studio,Fuji Xerox,eTrade,Bizsoft,MBC,MTG,Defined,KMD,XMessx,MCC,CICT,MIT နှင့်တစ်ခြား ပြခန်းမျိုးစုံ ဖွင့်လှစ်ပြသထားပါသည်။
  • edited November 2008 Administrators
    ကျွန်တော်နဲ့ exiter ကတော့ Alpha ပြခန်းမှာ ခြေချုပ်မိနေကြပါတယ်။ အခု ဓါတ်ပုံတွေ တင်သွားပါ့မယ်။ SANY2825.JPG

    ဒါကတော့ Main Building ထဲက Room 205 မှာပြသနေတဲ့ KMD က ပြခန်းတစ်နေရာပါ။
  • edited November 2008 Administrators
    MCC ကပြခန်းတစ်နေရာ ဖြစ်ပါတယ်။ SANY2826.JPG

    အခု ကျွန်တော်တို့ ဒီ Photo တွေ တင်နေတဲ့အချိန်မှာ ထမင်းကြွေးဖို့ ပြင်ဆင်နေပါတယ်။ ကျွန်တော်တို့ ဗိုက်ကလေးကလဲ ဂွိဂွိနဲ့ ဆန္တပြနေပါပြီ။

    စည်သူအောင်(MZ)
  • edited November 2008 Administrators
    ပြခန်းတစ်နေရာမှာတော့ စက်ရုပ်ကလေးလားမသိဘူးဗျ ပြတော့ပြနေတယ်။ စေတန် ကင်မရာလာပေးမှ ရိုက်ပြီ ပြန်ပြပါ့မယ်။
    Assembler Computer Center ကနေပြနေတာဖြစ်ပါတယ်။
  • edited November 2008 Registered Users
    live update ဟ..
    နိပ်ကွာ.. f5 ကီးလေးနှိပ်ပြီးတော့ကို ထိုင်စောင့်ရုံပဲ.. :P
  • edited November 2008 Administrators
    ရ ရက် ၈ ရက် ၉ ရက်နေ့ များတွင် မနက် ကိုးနာရီမှ ညနေ လေးနာရီအထိ ပြခန်းများဖွင့်လှစ်ပြသသွားမည် ဖြစ်သည်။ ထို့ အပြင် နည်းပညာ ဟောပြောပွဲများလဲ ပါရှိမည်ဖြစ်သည်။

    မန်း Alpha က MCF မှ ချီးမြှင့် သော ဒုတိယဆုကိုရရှိခဲ့ပါသည်။

    exiter မှ ဖြည့်စွက် တင်ပြသွားပါလိမ့်မယ်။

    စည်သူအောင်(MZ)
  • edited November 2008 Administrators
    ဒါကပြခန်းလမ်းညွှန်ပါ။
    ကျွန်တော် AAA logo creator နဲ့အမြန်ရေးပြီး တင်လိုက်တာပါ။ :d

    10%20year.jpg
  • edited November 2008 Registered Users
    ကို c2 ဘာကြွေးမှာလဲပြောအုံး အဲဒါအရေးအကြီးဆုံးပဲ
  • edited November 2008 Administrators
    istein wrote: »
    ကို c2 ဘာကြွေးမှာလဲပြောအုံး အဲဒါအရေးအကြီးဆုံးပဲ
    အင်းမနက်ကတော့ မုန့်သုံးခုနဲ့ ကော်ကော်တစ်ခွက်တိုက်ပါတယ်။
    နေ့လည်ပိုင်းအစီအစဉ်ကတော့ ဘာလာမလဲမသိသေးပါ။
    ပန်းကန်တွေထပ်ထားတာတော့ မြင်နေရပါတယ်... :d
  • edited November 2008 Registered Users
    sithu015 wrote: »
    မြန်မာကွန်ပျူတာအသင်းချုပ် ၁၀နှစ်ပြည့် ဆော့ဝဲပြပွဲကို

    စည်သူအောင်(mz)



    " အသင်းချုပ် " ကြီးပေါ့လေ:d ဟိဟီ
  • edited November 2008 Administrators
    queenW wrote: »
    " အသင်းချုပ် " ကြီးပေါ့လေ:d ဟိဟီ
    စာရေးတာလောသွားလို့ဖြစ်ပါလိမ့်မယ်.... :d
  • edited November 2008 Registered Users
    ကိုစည်သူ အရင်ဆို Programming Competition ပါတတ်လို့ ခုရောပါလာလို့ သိပါရစေ။ အလွမ်းပြေ မေးကြည့်တာပါ။

    Zack!
  • edited November 2008 Administrators
    စည်သူရေ.. ငါ ပင်ပန်းပြီး အိပ်ချင်နေလို့... ခဏနေမှ လာခဲ့မယ်.. အဲဒီ အချိန်မှ camera ယူခဲ့မယ်

    ပြိုင်ပွဲတွေတော့ ရှိပါတယ်.... ဘာပြိုင်လဲတော့ သေသေချာချာမသိပါဘူး.. ဒီနေ့မှာ MCPA ရဲ့ Member Access Center ကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။
  • edited November 2008 Registered Users
    မနက်ဖြန် လာခဲ့မယ် စောင့်နေ နော် ကိုစူသီကြီး
    ကိုစေတန် တို့ရော
    ဘယ်အချိန်သွားမှာလဲ
    ဖြစ်နိုင်ရင်တူတူသွားရအောင်လေ........................
  • edited November 2008 Registered Users
    လုပ်ဟ......သူငယ်ချင်းရေ...
Sign In or Register to comment.