MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

MZ Edu ပြောင်းလဲမည်။

edited December 2008 in Project
Gipsy ရေးထားပြီးသားပါ။ ကျွန်တော့်အနေနဲ့ moodle ကနေ wiki ကို ပြောင်းလဲတာကို ထောက်ခံမခံ ကို ဒီ thread မှာထည့်လိုက်ပါတယ်။

မှတ်ချက်များ

  • edited December 2008 Administrators
    မပြောတတ်ဘူး။ အသင့်တော်ဆုံးကတော့ လက်ရှိဟာဘဲ။ ကျွန်တော်ကိုယ်တိုင်လဲ သုံးရတာ အဆင်မပြေသေးဘူး။ ဒါကြောင့် ၀င်သင်ဖို့တောင် တော်တော် ခေါင်းမူးတယ်။ mz ထဲမှာဘဲ နဲနဲချင်းရေးမလားတောင် စဉ်းစားတယ်။ ၀ီကီ ပုံစံနဲ့တော့ လိုက် မလိုက်မသိပါ။ ကောင်းမယ်ထင်ရင် လုပ်ကြပါ။
  • edited December 2008 Administrators
    Yes.... me too... moodle is good but something messy and too slow. I like MZ fourm style as Mr. DBA. MediaWiki may more complicated than Moodle.
  • edited December 2008 Registered Users
    အတို တို့ mz edu အသစ် ပြောင်းရင် အနော် တိ့ု login အသစ် ပြန်လုပ် ရ မှာ လား ဟင် ။ ပြီးတော့ course တွေက ရှေ.ပြန်ရောက်တွား မှာ လား ဟင် ။ ဖြေပေး ပါအုံးနော် :77:။ ဘာပဲ ဖြစ်ဖြစ် Mzedu ကို အားပေးပါတယ် :6:
  • edited December 2008 Registered Users
    လိုဘူးလို့ထင်ပါတယ် .... အဲလိုသာပြောင်းရရင်သေပြီပေါ့ ... ဟုတ်ဘူးလား:39:
  • edited December 2008 Registered Users
    ကျနော့် အထင်တော့ Wiki ပုံကြီးတော့ ကောင်းဘူးထင်တယ်။
  • edited December 2008
    ပြောင်းသင့်တယ်လို့ ကျွန်တော်ထင်တယ် ... ဒါပေမယ့် Wiki ပုံစံကို မပြောင်းသင့် ပြောင်းသင့်တော့ မပြောတတ်ဘူးဗျ ... ကျွန်တော့် အမြင်အရတော့ Wiki ပုံစံကို သိပ်မကြိုက်ဘူးဗျ .... ဒီလိုပဲ moodle ကိုလည်း ကြိုက်ဘူး ... :D
  • edited December 2008 Administrators
    အခုလက်ရှိက လူတိုင်းဝင်သင်ဖို့မလွယ်ဘူးလေ။ ဘာသုံးသင့်လဲ။ wiki ကတော့ ဆရာဆရာမတွေ သင်ဖို့လွယ်မယ်ထင်လို့ပါ။ တစ်ခြား ဘာတွေ သုံးသင့်သေးလဲ။
  • edited December 2008 Registered Users
    Change! Yes, we can! Change happens!
    We can do it! :D:D:D:D
  • edited December 2008 Registered Users
    MZ-Edu က Learning Site ဖြစ်လို့ Moodle လို E-Learning site နဲ့သင့်လျှော်ပါတယ်။
    ဒါပေမယ့် Moodle ကိုသုံးရာမှာ MZ org က Fully structured Education အဖွဲ့လည်းမဟုတ်၊
    ပြီးတော့ Moodle ရဲ့ learning curve နဲ့ interface က post ရေးတင်သလို တင်ချင်တဲ့
    သင်တန်းပို့ချသူတွေအတွက် မလိုအပ်တဲ့ step တွေပါ၀င်နေပါတယ်။ တိုတိုပြောရင် Moodle
    ကကောင်းတော့ ကောင်းတယ်၊ ကောင်းလွန်းနေတယ်၊ အသုံးမချတဲ့၊ မလိုအပ်တဲ့ Feature တွေ
    နဲ့ ရှုပ်ထွေးနေတယ်။

    Wiki ပုံစံနဲ့သင့်၊ မသင့်တော့ မပြောတတ်ဘူး။ Edu site နဲ့ ရည်ရွယ်ပုံ နည်းနည်းလွဲနေလားလို့။
  • edited December 2008 Administrators
    ကိုသာသာပြောတာမှန်ပါတယ်... Moodel က အပြည့်စုံလွန်နေတယ်.. ကျွန်တော်တို့က ...အပြည့်သုံးတာမဟုတ်ဘူး။ ကျွန်တော့်အထင်ကတော့... MZ forum မှာလိုပဲ... ဆရာက post အရှည်ကြီးတစ်ခုနဲ့ သင်စရာရှိတာကိုသင်သွားလိုက်... အောက်က ဆွေးနွေးချင်သူတွေက ၀င်ဆွေးနွေးလိုက်၊ ဆရာလုပ်တဲ့သူက ပြန်ဖြေစရာလိုရင် quote လေးနဲ့ ပြန်ဖြေလိုက်... အဲဒီလို interactive ပုံစံလေးနဲ့ သင်တဲ့စံနစ်ကပဲ ကျွန်တော်တို့ရဲ့ လက်ရှိအခြေအနေနဲ့ လိုက်ဖက်မယ်ထင်ပါတယ်။
    ကိုင်း ... ဆက်ဆွေးနွေးပေးကြပါဦး...။
  • edited December 2008
    ကိုသာသာပြောတာမှန်ပါတယ်... Moodel က အပြည့်စုံလွန်နေတယ်.. ကျွန်တော်တို့က ...အပြည့်သုံးတာမဟုတ်ဘူး။ ကျွန်တော့်အထင်ကတော့... MZ forum မှာလိုပဲ... ဆရာက post အရှည်ကြီးတစ်ခုနဲ့ သင်စရာရှိတာကိုသင်သွားလိုက်... အောက်က ဆွေးနွေးချင်သူတွေက ၀င်ဆွေးနွေးလိုက်၊ ဆရာလုပ်တဲ့သူက ပြန်ဖြေစရာလိုရင် quote လေးနဲ့ ပြန်ဖြေလိုက်... အဲဒီလို interactive ပုံစံလေးနဲ့ သင်တဲ့စံနစ်ကပဲ ကျွန်တော်တို့ရဲ့ လက်ရှိအခြေအနေနဲ့ လိုက်ဖက်မယ်ထင်ပါတယ်။
    ကိုင်း ... ဆက်ဆွေးနွေးပေးကြပါဦး...။

    ဟုတ်တယ် အဲဒီအတိုင်းပဲ ကောင်းမယ် ... ဖိုရမ်ပုံစံအတိုင်းပဲကောင်းမယ်ထင်တယ် ... ဒါပေမယ့် တစ်ခုရှိတာက ဒီဖိုရမ်နဲ့ တွဲထားလို့တော့ မသင့်ဘူးထင်တယ် ... ရှုပ်ထွေးကုန်လိမ့်မယ်။ နောက်အသစ်တစ်ခု လုပ်မှဖြစ်မယ် ... ပြီးတော့ vBulletin ကို မသုံးပဲ phpbb ကို သုံးသင့်တယ် ဒါမှ ပိုက်ဆံ မကုန်မှာ ....
  • edited December 2008 Administrators
    အင်း.. အဲဒါလည်းကောင်းတယ်... ကျွန်တော်တို့တွေ အတွက် moodle က ကောင်းပေမယ့် နှေးနေတယ်.. အဲဒါက အဓိက ပြသနာ.. နောက်ပြီး ဆရာတွေနဲ့ ရင်းနှီးမှုမရှိတဲ့ GUI , သင်ကြားတဲ့လူတွေ ကျောင်းသားတွေအတွက် အဆင်ပြေပေမယ့် ဖွင့်ရတာ နှေးနေတာ ဆိုးတာဗျ... phpbb သုံးမယ်ဆိုလည်း မဆိုးဘူးဗျ...
  • edited December 2008
    phpbb က MMEnglish မှာ သုံးထားပါတယ် ... MZ က feature အကုန်နီးပါးရပါတယ် .. တစ်ခုပဲ ပြောစရာရှိတာက Editor ပါ ... သူကလည်း ဘီတာ အနေနဲ့တော့ ထွက်နေပါပြီ ... နောက်ဆို ထွက်လာမည့် သဘောရှိပါတယ် ...
  • edited December 2008 Administrators
    ကျနော်ကတော့ ဘာပဲဖြစ်ဖြစ်ကြိုက်ပါတယ်။
    တခါတလေတော့လဲအပြောင်းအလဲလေးတွေက ပိုပြီးကောင်းသွားတတ်ပါတယ်။ :)

    ပြောင်းပါ ... ပိုကောင်းသွားမယ်လို့မျှော်လင့်ပါတယ် ... :6:
  • edited December 2008 Registered Users
    phpcrazy wrote: »
    ဟုတ်တယ် အဲဒီအတိုင်းပဲ ကောင်းမယ် ... ဖိုရမ်ပုံစံအတိုင်းပဲကောင်းမယ်ထင်တယ် ... ဒါပေမယ့် တစ်ခုရှိတာက ဒီဖိုရမ်နဲ့ တွဲထားလို့တော့ မသင့်ဘူးထင်တယ် ... ရှုပ်ထွေးကုန်လိမ့်မယ်။ နောက်အသစ်တစ်ခု လုပ်မှဖြစ်မယ် ... ပြီးတော့ vBulletin ကို မသုံးပဲ phpbb ကို သုံးသင့်တယ် ဒါမှ ပိုက်ဆံ မကုန်မှာ ....

    ဟုတ်တယ် ကျွန်တော်လည်း ကို phpCrazy ပြောသလို forum ပုံစံမျိုးနဲ့ သွားစေချင်တယ်။:)
  • edited December 2008 Registered Users
    ဟုတ်ပါတယ် ဝီကီလည်းကောင်းပါတယ် ဖိုရမ်လည်းကောင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့ ဆရာတွေမအားတဲ့အခါ ကျရင် တခြားလူတွေက ဝိုင်းပြီးအဖြေရှာ ရတာပေါ့
  • edited December 2008 Administrators
    မဆိုးဘူးဗျ... ကျွန်တော် စမ်းကြည့်ပါ့မယ်... အရေးကြီးတာကတော့ မြန်ဖို့နဲ့ စာသင်ရလွယ်ဖို့ပါ...
  • edited December 2008 Registered Users
    မလုပ်နဲ့အစ်ကိုရေ
    ကျွန်တော်လည်း စမ်းကြည့်ပြီးသွားပြီ သေးသေးလေးဗျ မကောင်းဘူးမစမ်းနဲ့ ကျေးဇူးတွေလည်း စွပ် မတင်နဲ့ဦးဗျို့
  • edited December 2008 Administrators
    Gipsy wrote: »
    မလုပ်နဲ့အစ်ကိုရေ
    ကျွန်တော်လည်း စမ်းကြည့်ပြီးသွားပြီ သေးသေးလေးဗျ မကောင်းဘူးမစမ်းနဲ့ ကျေးဇူးတွေလည်း စွပ် မတင်နဲ့ဦးဗျို့
    ဘာလဲ သေးတယ်ဆိုတာ... ဘာကိုသေးတယ်လို့ပြောတာလဲ။ ရှင်းရှင်းလုပ်ပါ။ phpbb က powerful ဖြစ်ပါတယ်။
  • edited December 2008 Registered Users
    မဟုတ်ပါဘူးဗျား အဲဒါကိုပြောတာမဟုတ်ဘူး စိတ်ကြီးပဲ ပထမ ကျွန်တော်ပေးတဲ့လင့်ကိုပြောတာပါ
  • edited December 2008
    ကျတော်ကတော့အခုပုံ ပဲကြိုက်တယ်ဗျာ
    forum ပုံ စံဖြစ်သွားရင် ပွထသွားမလားလို့
    လိုရင်းခေါင်းစဉ်အောက်ကနေ အခွဲတွေအများကြီးဖြစ်သွားမလားလို့
    ဘာမှနားမလည်သေးတဲ့စပီးတော့သင်မဲ့သူအတွက် ခေါင်းစဉ်ကွဲလေးတွေများနေရင် မလွယ်ဘူးထင်တယ်
    ကျတော်နားလည်သလိုပြောတာနော်
    မှားချင်လဲမှားမယ်ပေါ့
    ဘာပဲဖြစ်ဖြစ် အခုလက်ရှိသင်ခန်းစာတွေရပ်နေတာကြာလှပီနော်
    ဆရာတွေမအားတာလဲသိပါတယ် ကျေးဇူးလဲတင်ပါတယ်
    ဆရာတို့ အဆင်ပြေသလို ကြိုက်သလိုလုပ်ပါ ကျတော်က တော့သင်တန်းကို တက်နေမှာပဲ
    နှေးတာကတော့အမှန်ပဲ ပြောင်းသင့်မပြောင်းသင့် ကတော့မပြောတတ်ပါ
    ဆရာတို့ကောင်းသလိုလုပ်ပေးပါ သင်ရရင်ပီးတာပါပဲ
    အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ
Sign In or Register to comment.