MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.
Phone
မြန်မာနိုင်ငံမှာ ဖုန်းတွေ စျေးပေါပေါနဲ့ ကိုင်နိုင်ဖို့ ဆင်းကဒ်တွေ တစ်ကဒ် ၆သောင်းနဲ့ ရောင်းတော့မယ်ဆို။ သူငယ်ချင်း တစ်ယောက်က ပြောပြတာပါ။ MZ က member တွေရော ဒီသတင်းကြားလားမသိဘူး။
ဖုန်းကဒ်ကတော့ စျေးသက်သာပေမဲ့ အသုံးပြုခက စျေးကြီးတယ်ပြောတယ်။ FEC နဲ့ ရှင်းရမယ်ပြောတယ်။ အထွက် call ကို တစ်မိနစ် 0.3 FEC တဲ့။ အ၀င် call ကိုတော့ သေချာမသိဘူး။ ဒီသတင်းက အမှန်လား ခင်ဗျာ....
ဖုန်းကဒ်ကတော့ စျေးသက်သာပေမဲ့ အသုံးပြုခက စျေးကြီးတယ်ပြောတယ်။ FEC နဲ့ ရှင်းရမယ်ပြောတယ်။ အထွက် call ကို တစ်မိနစ် 0.3 FEC တဲ့။ အ၀င် call ကိုတော့ သေချာမသိဘူး။ ဒီသတင်းက အမှန်လား ခင်ဗျာ....
မှတ်ချက်များ
December 12 to 16 မေမြို.မှာပြမယ့် IT Show မှာစပီးရောင်းမယ်လို.တော့ပြောကြတာပဲ
တစ်လုံးကိုFEC 50 ပါခင်ဗျာ
အ၀င်ကောအထွက်ကောပေးရမှာပါ
အ၀င်ကတော့ FEC 0.05 ပဲကျမှာပါ
အထွက်ကတော့ FEC 0.30 ပါ
International call အတွက်က FEC 1.5 တဲ့
SMS ကတော့တစ်စောင်ကို FEC 0.05 ပါတဲ့ခင်ဗျာ
သူကကိုကြိုက်တဲ့Handsetနဲ့လဲသုံးလို့ရ တယ်တဲ့ဗျ
အင်းphoneတစ်လုံကို ခြောက်သောင်းလောက်နဲ.ကိုင်ရမယ်ဆိုတော့
ကောင်မလေးနဲ.ရန်ဖြစ်လို့ handphone ကိုကောက်ပေါက်လိုက်တဲ့ ကိုရီးယားမင်းသားကိုမြင်ရောင်လာသဗျာတကယ်:P:P
လောလောဆယ်ရှိနေတဲ့ ဖုံးလိုင်း တွေတောင် အမြဲကြပ်ညပ်ပီးအော်ဟစ်နေရတာ
နောက်ထက်serviceတာမပေးနိိူင်လို့ကတော့
သေချာပါတယ်ခင်ဗျာအနော်တို.တွေဖုံးပြောရင်Repeaterတိုင်အောက်ကိုပြေးရမယ်ထင်ပါတယ်
ကျနော်သိသလောက်လေးချရေးလိုက်တာပါလိုတာမှားတာရှိလဲပြင်ပေးကြနော:77::77:်
အင်း Wi Fi တဲ့ ဖုံးတစ်လုံးခြောက်သောင်းတဲ့နော်:D:D
GSM လက်ကိုင်ဖုန်း နံပါတ်တပါတည်း ပါရှိသည့် ကြိုတင်ငွေချေကဒ်များကို ယခုလအတွင်း စတင်စမ်းသပ်ရောင်းချသွားခြင်းဖြင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် အရဲစွန့်ခြေလှမ်း လှမ်းလိုက်သည်။
ဖုန်းနံပါတ် sim card တခုပါရှိမည်ဖြစ်ပြီး လက်ကိုင်ဖုန်း Hand set ရှိလျှင် ထိုနံပါတ်ကို တယ်လီဖုန်းအတွင်း ထည့်သွင်းအသုံးပြု ဆက်သွယ်မှု ပြုလုပ်၍ရမည့် GSM ဆင်းကဒ်များကို ဒီဇင်ဘာ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ မန္တလေးတိုင်း ပြင်ဦးလွင်အနီးရှိ ရတနာပုံ အိုင်တီစီပြပွဲတွင် Central Marketing Co.Ltd က ဖြန့်ဖြူးရောင်းချသွားမှာဖြစ်သည်။
ကုမ္ပဏီကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကိုယ်စားလှယ်ပေးလိုက်ခြင်းဖြစ်သည်။
FEC ၁၀ နှင့် ၂၀ တန်ဖိုးရှိ GSM ဖုန်း ကြိုတင်ငွေချေကဒ် နှစ်မျိုးကို စမ်းသပ်ကာလအဖြစ် ၃ လ ရောင်းချသွားမှာဖြစ်ကြောင်း ကုမ္ပဏီ စျေးကွက်မန်နေဂျာ ကိုစိုင်းက ပြောသည်။
ပြပွဲတွင် ကဒ် တသောင်းခန့် ထုတ်လုပ်နိုင်ဖွယ်ရှိသည်ဟု မြန်မာ့ဆက်သွယ်ရေးဌာနမှ အိုင်တီအင်ဂျင်နီယာချုပ် ဗိုလ်မှူးဇော်မင်းဦးက ပြောသည်။
FEC 10 တန် ကဒ် အသုံးပြုနိုင်သည့် သက်တမ်းမှာ စတင်အသုံးပြုချိန်မှ ရက်သတ္တ ၂ ပတ်နှင့် FEC 20 တန်မှာ တလဖြစ်သည်။ ကဒ်၀ယ်ယူရာ၌ နိုင်ငံခြားသားဖြစ်ပါက ပတ်(စ)ပို့ ပြရမည်ဖြစ်ကာ မြန်မာနိုင်ငံသားဖြစ်ပါက မှတ်ပုံတင်ပြ၍ ၀ယ်ယူရမည်။
ခေါ်ဆိုခ ကျသင့်နှုန်းထားများမှာ ပြည်တွင်း တယူနစ်လျှင် FEC 00.30 ဖြစ်ပြီး၊ နိုင်ငံခြားသို့ ခေါ်ဆိုနှုန်းထားမှာ မည်သည့် နိုင်ငံမဆို တယူနစ်လျှင် ဒေါ်လာ FEC 1.50 ကျခံရမည်ဖြစ်ကာ ဖုန်းလက်ခံ ပြောဆိုနှုန်းကို ပြည်တွင်းရော ပြည်ပကိုပါ တမိနစ်လျှင် FEC 00.05 အဖြစ် သတ်မှတ်ထားသည်။ ထို့အပြင် SMS စာတိုလည်း ပေးပို့/လက်ခံနိုင်ပြီး အ၀င်အထွက်လျှင် FEC 00.05 ပေးဆောင်ရမည်။
Source: မဇ္စျိမ
ပြီးရင်လမ်းဘေးဖုန်းကိုသွား။
နောက်ပြောလိုက် ... ငါ့ကိုဘာလုပ်ဖို့ဆက်တာလဲ.. လို့
၀င်ရင်ပါပေးရမယ်တဲ့.. ကိုအိုင်းစတိုင်းပြောသလိုရည်းစားရှိတဲ့လူဆိုရေတောင်သောက်ရမှာမဟုတ် :d
အင်တာနက်မှာလည်း အဲဒီလိုပါပဲ။ မကောင်းဘူး ကျွန်တော်တို့တွေ အော်နေလို့လည်း ကွန်နက်ရှင်က ကောင်းလာမှာ မဟုတ်ဘူး။ ပြောမနေနဲ့တော့ ပြောရင် အာညောင်းတယ်။ မကောင်းတဲ့ ကွန်နက်ရှင်မှာ အကောင်းဆုံး ဖြစ်အောင် ဘယ်လိုသုံးမလဲဆိုတဲ့ နည်းကို ပြောတာက ပိုပြီး သဘာ၀ ကျလိမ့်မယ် ထင်ပါတယ်။ အင်တာနက် ကွန်နက်ရှင်မကောင်းတာ မှန်ပေမဲ့လည်း လုံး၀ ကွန်နက်ရှင် မကောင်းတာထက် စာရင် ခံသာပါသေးတယ်။ ကျွန်တော်ကတော့ ဒီလိုပဲ တွေးတယ်။
မင်းမခံဘူးလို့ ပြောတယ်တော့ မထင်ပါနဲ့။ ကျွန်တော် လက်ရှိသုံးနေရတဲ့ နေရာက voice တော် ကောင်းကောင်းပြောလို့ မရပါဘူး။ ဒါပေမဲ့ လုံး၀ မသုံးရတာထက်စာရင်တော့........
ဘယ်လိုတွေပြောင်းလဲအုန်းမှာလဲ.. ဟင်..:2::2::2: ဒီထက်တော့ပိုမစိုးသွားလောက်ပါဘူးနော်... :d:d:d အကို..ဖုန်းရုံးကငနဲကို..ထပ်ပြီးအစ်ကြည့်ပါအုန်းလား... အခြားဘားတွေများပိုသိလာအုန်းမလဲလို ့... ပြောင်းလဲမှုရှိရင်ပြောပြအုန်းနော်... :101::101::101:
အဲဒါဆိုရင်တော့ လုပ်ဖို့ကသေချာသလောက်ဖြစ်သွားပါပြီ။:d
aroZif ကတော့ အဲဒီ ဖုန်းကို ကပ်စီးနည်းတဲ့ သူတွေ မသုံးစေချင်ဘူး။
တော်ကြာ ဖုန်းပြောရင်း နဲ့ တက်နေမှာစီုးလို့:D:D:D:D:D
aroZif ကတော့ အဲဒီ ဖုန်းကို ကပ်စီးနည်းတဲ့ သူတွေ မသုံးစေချင်ဘူး။
တော်ကြာ ဖုန်းပြောရင်း နဲ့ တက်နေမှာစီုးလို့:D:D:D:D:D
အမကြီး once more ။ နှစ်ခေါက်ပဲရှိသေးတယ် နောက်တခေါက်လောက်။:D
__________________________________________________________
အားလုံး မင်္ဂလာပါဗျာ.... ဖြေမှာပဲနော်(ကြိုး)...... :71::71::71:
ကို istein (ကြိုး) မှား ဖြေ ရင် problem ဖြစ်မယ်နော်.:D:D:D:D:D
Offline ဖတ်ချင်ရင်မြန်မာတိုင်မ်းနှင့် အင်တာနက်ဂျာနယ်တွင်လညး်ရသည်။
အခုအတိုင်းဆိုရင်တော့ ပိုက်ပိုက် ချမ်းသာတဲ့ လူတွေကတော့ အဆင်ပြေတာပေါ့။
ဘောစိ ကြီးတွေဆိုရင်ထတောင် က အုံးမှာ။ ဟိုချစ်ချစ် အတွက် တလုံး ဒီချစ်ချစ် အတွက် တလုံး။ ဟီ ဟီ
"ဟောဒီက ဂျီလေးတွေရမယ် ဂျီလေးတွေ။ တစ်ပိဿာ မှ 60000..... အဲ မှားလို့
တစ်လုံးကိုမှ 60000 ထဲ ဟင်းဟင်း။ ဂျီ တစ်လုံးကို သူဌေးသား တစ်လစာ Phone Bill ထဲနဲ့ရမှာနော်။
ဒါပေမဲ့ ပြည်တွင်း Call တစ်မိနစ် က သူများ ပြည်ပ တစ်မိနစ် နဲ့ Equal To နော်။ ဟဲဟဲ...
အရင်တုန်းကကျပ် ပဲရှာခဲ့သမျှ fec ပဲလိုက်ရှာနေရတော့မှာ:d
အရင်တုန်းကကျပ် ပဲရှာခဲ့သမျှ fec ပဲလိုက်ရှာနေရတော့မှာ:d
စဉ်းစားလေ အဖြေဆိုတာရှိလေပဲ...တစ်ကယ်သုံးမယ်ဆိုရင်လဲ
သေချာစဉ်းစားပါအုံးနော်။။ mz သူငယ်ချင်းတွေကို တစ်ကယ်ချစ်လို့ပါ ဗျာ။
အထွက်ကတော့ fec 0.30
သေချာစဉ်းစားပါဦးနော့် .... :39:
ကိုယ်က ဖုန်းခေါ်ဖို့နေနေသာသာ ....
ကိုယ့်ဆီ ဖုန်း၀င်မှာတောင်ကြောက်နေရမဲ့ အနေအထားနော် ......
တော်ကြာ ဖုန်းခွန်မဆောင်နိုင်မှ ... ဒန် ဒန့် ဒန် တွေဖြစ်နေဦးမယ် ....
Also Who will talk the Expensive phone?? The service is so Expensive !!! In Asia many countries is very cheap in FEC 60.. you will get the Free Handset and you will get 2 Months monthly fees. (Limited Talk Time Free)..
well good news for the Myanmar let see how the FEC GSM will rock the cross counrty..
:101: Hello..
ဘာလဲဟိုဟာ 50 FEC card ကိုပိုပြီးအဆင့်မြင့်မယ်ဆိုလား
ကျွန်တော်ထင်တာ စျေးပိုတောင်မလို့ထင်တယ်
သူငယ်ချင်းတို့ ဂျာနယ် ရှာနေရမှာ ဆိုး ကော်ပီကူပြီးတော့ တင်ပေးလိုက်တယ်နော်......:68:
:6:......................................+........................................:6:
နိုင်ငံတကာ၌အသုံးပြုနေသည့် ကတ်ဖုန်းများကဲ့သို့ဂျီအက်စ်အမ်ကြိုတင် ငွေပေးချေကတ်(GSM Prepaid Card)ကုန်သွားပါက အသစ်ငွေထပ်ဆောင်းခြင်းဖြင့် ဖုန်းနံပါတ်သက်တမ်းတိုးအသုံးပြုနိုင်သည့် SIM ကတ်များ ရောင်းချမည့်အစီအစဉ်ကိုရွှေ့ဆိုင်းထားကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တရား၀င်ဖြန့်ချိရောင်း၀ယ်ခွင့်ပြုထားသည့် စင်ထရယ်လ်မာကတ်တင်းကုမ္ပဏီ မှ အထွေထွေမန်နေဂျာဦးစိုင်းခင်မောင်အေးကပြောကြားခဲ့သည်။
ယခင်က အသစ်ငွေထပ်ဆောင်ခြင်းဖြင့်ဖုန်းနံပါတ်သက်တမ်းတိုး အသုံးပြုနိုင်သည့် ဂျီအက်စ်အမ်ကြိုတင်ငွေပေးချေကတ် (GSM Prepaid Card) များကို ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိကျင်းပမည့် ရတနာပုံ အိုင်တီပြပွဲကြီး၌ စတင်မိတ်ဆက်ရောင်းချနိုင်ရန် စီစဉ်ထားခဲ့သော်လည်း ယခုအခါအကြောင်းအမျိုးမျိုးကြောင့် အဆိုပါ SIM ကတ်များရောင်းချခြင်းကို ရွှေ့ဆိုင်းထားကြောင်းသိရှိရသည်။
''အရင်က ရတနာပုံဆိုက်ဘာစီးတီးမှာ မိတ်ဆက်ရောင်းချဖို့စီစဉ်ထားတဲ့ prepaid ကတ်အမျိုးအစားကနိုင်ငံတကာမှာအသုံးပြုနေတဲ့ prepaid ကတ် အမျိုးအစားပါ။FEC 50 (ငွေကျပ် ၆ သောင်း၀န်းကျင်)နဲ့ ၀ယ်ယူနိုင်ပြီး ဂျီအက်စ်အမ်ဖုန်းနံပါတ်တစ်ခုပါရှိတဲ့ SIM ကတ် တစ်ခုကိုရရှိမှာဖြစ်ပါတယ်။ အဲဒီကတ်မျိုးက ကြိုတင်ငွေအသစ်ထပ်ဆောင်းပြီး လက်ရှိအသုံးပြုနေတဲ့ ဖုန်း နံပါတ်ကိုပြန်ပြီးအသက်သွင်းလို့ရပါတယ်။ ဒီလိုကတ်မျိုးရောင်းချမှုကိုတော့ လတ်တလောအချိန်မှာရွှေ့ဆိုင်းထားပါတယ်''ဟုမြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ တာ၀န်ရှိသူတစ်ဦးကပြောကြားခဲ့ပါသည်။
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ရှိ ရတနာပုံမြို့သစ်တွင်ကျင်းပမည့် ခုနစ်ကြိမ်မြောက် မြန်မာအိုင်စီတီရက်သတ္တပတ်တွင် စတင်မိတ်ဆက်ရောင်းချမည့် ကြိုတင်ငွေပေး စနစ်သုံးဂျီအက်စ်အမ် SIM ကတ် အမျိုးအစားများမှာ FEC 10 (ကျပ်ငွေ တစ်သောင်းနှစ်ထောင်၀န်းကျင်)နှင့် FEC 20 (ကျပ်ငွေနှစ်သောင်းလေးထောင်၀န်းကျင်) တန်ဖိုးရှိ တစ်ခါသုံး SIM ကတ်များဖြစ်ကြောင်း သိရှိရသည်။ ရောင်းချမည့် SIM ကတ်အရေအတွက်ကိုလည်း ၀ယ်လိုအားပေါ်မူတည်၍ ရောင်းချသွားမည်ဖြစ်ပြီး ခန့်မှန်းခြေ ၂၀၀၀၀ ၀န်းကျင်အထိ ရောင်းချသွားရန်အစီ အစဉ်ရှိကြောင်း သိရှိရသည်။
အဆိုပါ SIM ကတ်များကို ၀ယ်ယူသူများအနေဖြင့် ဖုန်းနံပါတ် ၀၉၄၄...... ဖြင့်စတင်မည့်ဂဏန်း ရှစ်လုံးပါဂျီအက်စ်အမ်ဖုန်းနံပါတ် တစ်ခုကိုရရှိမည်ဖြစ်သည်။ဖုန်းခေါ်ဆိုခများကို ပြည်တွင်းပြည်ပမှ အ၀င်လက်ခံမှုများအတွက်တစ်မိနစ်လျင် FEC 0.05 ယူနစ်(ငွေကျပ် ၆၀ ၀န်းကျင်)နှင့် ပြည်တွင်းအထွက်ခေါ်ဆိုမှုများအတွက် တစ်မိနစ်လျင် FEC 0.30 ယူနစ် (ကျပ် ၃၆၀ ၀န်း ကျင်)နှုန်းဖြင့်ကောက်ခံသွားမည်ဖြစ် ကြောင်းသိရှိရသည်။
''င်္FEC 10 တန် 20 တန်ကတ် ကို၀ယ်ပြီး GSM handset ထဲ ထည့် သုံးနေမယ်။ FEC 10 တန်ဆိုရင် SIM ကတ်စထုတ်ပေးတဲ့နေ့ကစပြီး နှစ်ပတ်အတွင်း ကတ်တန်ဖိုးကုန်အောင်အသုံးပြုရပါမယ်။ FEC 20 တန်ဆိုရင် တစ်လအချိန်ရပါတယ်။ ဒီအချိန်အတွင်းဖုန်းကတ်ကို တန်ဖိုးကုန်အောင်သုံးစွဲကြရပါမယ်။FEC 10 တန်ကတ်ကို ပြည်တွင်းအထွက်ခေါ်ဆိုမှုချည်းပဲသုံးမယ်ဆိုရင် ခန့်မှန်းခြေ မိနစ် ၃၀ ကျော်အသုံးပြု နိုင်မယ်။ မိနစ် ၃၀ ကျော် အသုံးပြုပြီးလို့ SIM ကတ်ရဲ့ သတ်မှတ်တန်ဖိုးကုန်သွားရင်လည်း ဒီဖုန်းနံပါတ်က အလိုအလျောက်ပိတ်သွား မှာပါ''ဟု မိုဘိုင်းဖုန်းအရောင်းဆိုင်မှ တာ၀န်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
ထိုပြင်ကြိုတင်ငွေပေးချေစနစ်သုံး SIM ကတ်များကုန်သွားပါက သုံးစွဲသူအနေဖြင့် ကြိုတင်ငွေ အသစ်ထပ်ဆောင်းပေးခြင်းဖြင့် နံပါတ်သက်တမ်းတိုးနိုင်မည်မဟုတ်ဘဲ ၄င်းစနစ်ဖြင့်ထပ်မံအသုံးပြုလိုပါက နောက်ထပ်နံပါတ်အသစ်တစ်ခုပါရှိသည့် SIM ကတ်တစ်ခုကိုသာ ထပ်မံ၀ယ်ယူသုံးစွဲရမည်ဖြစ်ကြောင်း သိရှိရသည်။
''ကနဦး တပ်ဆင်ခတွေ၊ ငှား ရမ်းသုံးစွဲခတွေ သက်သာပေမယ့် Prepaid card တွေရဲ့ ခေါ်ဆိုခစျေးနှုန်းတွေက နိုင်ငံတကာကတ်ဖုန်းစျေးနှုန်းတွေနဲ့ယှဉ်ရင်များနေပါသေးတယ်။ အခုစတင်မိတ်ဆက်မယ့် Prepaid card အရေအတွက်ကလည်း အများကြီးဖြစ်လာဦးမှာ မဟုတ်တဲ့အတွက် မိုဘိုင်းဖုန်းစျေး ကွက်ကိုတော့ သက်ရောက်မှုသိပ်မရှိ နိုင်ပါဘူး'' ဟု မိုဘိုင်းဖုန်းအကျိုးဆောင်တစ်ဦးကပြောပြခဲ့ပါသည်။
now i am ICT show to wait to busy card ph
ရန်ကုန်သား ဆိုသူရေ ဘယ်လိုဆက်သွယ်ရမယ်ကိုမသိလို့ ခွင့်မတောင်းပဲနဲ့ တင်လိုက်တာကို ခွင့်လွတ်နိုင်မယ်လို့ မျှော်လင့်လျက်....တော်တော်လေးကိုတိုင်ဆိုင်နေလို့ပါ
ကျွန်တော်တို့နှင့် မိုဘိုင်းလ်ဖုန်းရောဂါ
မြန်မာငွေ ကျပ်ခြောက်သောင်းမျှ ရှိရုံမျှနှင့် ဖုန်းကိုင်နိုင်တော့မည်။ ထိုသတင်းသည် တောမီးပမာ ပြန့်နှံ့သွားပြီးနောက် ဟိုနေရာလဲ ဒီအကြောင်း၊ ဒီနေရာလဲ ဒီအကြောင်းနှင့် ဆွေးနွေးစရာ သတင်းခေါင်းစဉ်ကောင်းတစ်ခု ဖြစ်လာလေတော့သည်။ အားလုံး သိပြီးဖြစ်တဲ့အတိုင်း နာမည်ကြီး ဂျာနယ်တစ်စောင်က အဲဒီ့သတင်းကို မျက်နှာဖုံးတင်ပြီး ဖွခဲ့ရာကစသည်။ လူတွေများ ဘယ်လောက်တောင် Hand Phoneရောဂါ ထနေကြလဲမသိ။ ဂျာနယ်ထွက်သည့်နေ့ နေ့လည်ခင်းမှာပဲ ဂျာနယ်တွေ ပြိုက်ကနဲ ကုန်သွားတဲ့အကြောင်း လက်ပွေ့ရောင်းသူတွေက ဆိုသည်။ ၀ယ်လိုအားနဲ့ ရောင်းလိုအားက မမျှတော့။ ဒီတော့ အဲဒီသတင်းကို A4စာရွက်မှာ Copyဆွဲပြီး တစ်ရွက်နှစ်ရာနှင့် ရောင်းသည်ဟူသတည်း။ အဆိုပါ စာရွက်ကလေးများပင် ရောင်းမလောက်ဖြစ်ကာ မိတ္တူဆိုင်တွေ ထိုနေ့က အတော်လေး စီးပွားဖြစ်သွားခဲ့ကြသည်။
ထိုအကြောင်းများ ကြားရတော့မှ “သြော် … ရန်ကုန်မှာ Hand Phoneလေး ကိုင်ချင်တာ ငါတစ်ယောက်တည်း မဟုတ်ပါလား”ဆိုတာ သိရတော့သည်။ GSMဖုန်းများကို အစိုးရက လိုင်စင်ချပေးနေသည့်တိုင် မဲစနစ်နှင့်ဆိုတော့ လျှောက်တိုင်းလည်း မပေါက်။ အပြင်စျေးဖြင့် ၀ယ်ကိုင်ဖို့ကြတော့လဲ ရုန်းကန်နေရသည့် ဘ၀အခြေအနေတွင် သိပ်ပြီးအဆင်မပြေ။ ဒီတော့ လူတွေက လမ်းဘေးက ဆက်သွယ်ရေးဖုန်းလေးတွေကိုသာ အားကိုးနေခဲ့ကြရသည်။ ခုတော့ ငွေခြောက်သောင်းလောက်နဲ့ Hand Phoneလေး ခါးချိတ်ခွင့် ရကြတော့မည်ဆိုတော့ … အဟဲ၊ ဘာပြောကောင်းမလဲ။ ၀မ်းသာမိတာမှ အတိုင်းထက်အလွန်ပေါ့ဗျာ။
ဂျာနယ်မှာ ရေးထားတာက ရတနာပုံ Cyber Cityတွင်သာ အဆိုပါဖုန်းစနစ်ကို လူကိုယ်တိုင် လာရောက်၀ယ်ယူသူများအား ရောင်းချပေးမည် ဆိုပဲ။ ကတ်ဖုန်းစနစ်ဖြစ်ပြီး ပထမဆုံး ကတ်၀ယ်ယူပြီးပါက သက်တမ်းအလွယ်တကူ တိုးနိုင်မည်တဲ့။ သွား၀ယ်ရမည့်နေရာက ရန်ကုန်နှင့်ေ၀းသော်လည်း လူတွေက တက်ကြွနေကြသည်။ ဖုန်းကိုင်ရတော့မှာကိုး။ FEC (၅၀)ပေးသွင်းရမည်ဆိုတော့ FECနှင့် မြန်မာကျပ်ငွေ ကြိုလဲတဲ့လူတွေက လဲသည်။ အောင်မာ … ကောလဟာလ သတင်းအချို့အရ ပြင်ဦးလွင်ဘက်သွားမည့် ရထားလက်မှတ်၊ ကားလက်မှတ်တွေတောင် နှစ်ဆထိ စျေးတက်သွားတယ်ဆိုပဲ။ သြော် … မဟာရန်ကုန် လူထု၏ မိုဘိုင်းလ်ဖုန်းရောဂါက တော်တော်လေးကို ကြီးနေတာပဲ။
မန္တလေးက လူတွေကတော့ ပြင်ဦးလွင်ဘက်နှင့်နီးသဖြင့် ပိုပြီးကျေနပ်နေကြသည်။ သူတို့က ခရီးလမ်း အနေအထားအရ ရန်ကုန်သားတွေထက် တပမ်းသာသည်။ နေ့ချင်းပြန်သွားပြီး မှတ်ပုံတင်လေးပြ၊ FECလေးသွင်း၊ ဖုန်းကတ်လေးထုတ်ပြီး ပြန်လာရုံပဲ။ နောက်တော့ Hand Setလေး၀ယ်ပြီး ကတ်လေးထည့်။ အဟ … အတွေးနဲ့တင် ကြည်နူးစရာဖြစ်သည်။ နောက်ဆိုရင် Hand Phoneဆိုတာ လူချမ်းသာများသာ ကိုင်နိုင်သည့် ဇိမ်ခံပစ္စည်း မဟုတ်တော့ပေ။ ကိုရီးယားဇာတ်ကားတွေထဲကလို သူဌေးကြီးတွေအစ၊ အိမ်သာသန့်ရှင်းရေး လုပ်တဲ့သူတွေအဆုံး အသုံးပြုခွင့်ရမည့် ဆက်သွယ်ရေး ကိရိယာလေး ဖြစ်လာတော့မည်။ ဘယ်လောက်ကောင်းသလဲ။
ထိုသတင်းအား လူတန်းစားအစုံက ကြိုဆိုကြသည်။ ပွဲစားတွေ၊ ကျောင်းဆရာ၊ ဆရာမတွေ၊ အစိုးရ၀န်ထမ်းတွေ၊ ကုမ္ပဏီလုပ်သားတွေ၊ ITကျွမ်းကျင်သူတွေကအစ ဆိုက်ကားသမားတွေ၊ ဟင်းရွက်သည်တွေအဆုံး အားလုံးက စိတ်၀င်စားကြသည်။ နောက်ဆိုရင် ညနေပိုင်း ယမကာဆိုင်မှာ ပုံမှန်မှီ၀ဲတာလေးလျှော့ပြီး ပိုက်ဆံစုမှဟု တွေးသူတွေကတွေးသည်။ ငွေခြောက်သောင်းဆိုတာ ပြောပလောက်တဲ့ ပမာဏမှ မဟုတ်တာ။ နော့။ အသောက်လေးလျှော့ပြီး ငွေစုကာ Hand Phone၀ယ်ကိုင်မည်ဟု တွေးသူတွေက တွေးကြသည်။ လက်ဖက်ရည်ဆိုင်တွေမှာလည်း ဒီအကြောင်းက ပြောမဆုံးတော့။ ဆိုက်ကားသမားကြီးတစ်ဦးက သူဆိုက်ကားနင်းပြီး ပင်ပန်းလာချိန်တွင် ထမင်းပွဲကို ငါးပိရည်၊ တို့စရာ ဖွယ်ဖွယ်ရာရာ ကြိုပြင်ထားရန် ဖုန်းဆက်ပြီး မိန်းမကို လှမ်းမှာထားမည်ဟု ဘ၀တူ ဆိုက်ကားသမားတွေကို အော်ကြီးဟစ်ကျယ် ပြောနေသည်။ ချစ်သူစုံတွဲလေးများ တွတ်ထိုးနေရာတွင်လည်း “နောက်ဆို ကိုကိုဘယ်ရောက်နေလဲ၊ ဘာလုပ်နေလဲဆိုတာ ဖုန်းဆက်ပြီး Checkingလုပ်လို့ရပြီ”လို့ ကောင်မလေးက ပြောသည်။ နောက်ပြီး ဖုန်းHand Setရောင်းတဲ့ဆိုင်တွေကလဲ ကတ်ဖုန်းတွေ ပေါ်လာချိန်တွင် Hand Setများ ရောင်းအားတက်လာမည်ကို ကြိုတင်တွက်ဆပြီး Hand Setအသစ်တွေ မှာယူဖို့ပါ ပြင်ဆင်လာကြသည်။ မနက်ခင်း လည်ရောင်းသော ပဲပြုတ်သည်ကြီးပင် “ဟောဒီက ပဲပြုတ်”ဆိုတာကို ယောင်ပြီးတော့ “ဟောဒီက ဟန်းဖုန်း”ဆိုပြီး အော်မိတာမျိုးတွေ ဖြစ်လာတော့သည်။ ထိုမျှလောက်ကို လူတွေအတွက် ထိုသတင်းက အရေးပါခဲ့လေသည်။
သို့သော်လည်းပေါ့နော်။ အဟဲ။ ဘာတွေဘယ်လို မှားသွားသည်မသိ။ သတင်းက တဖြည်းဖြည်းနဲ့ အင်အားလျော့ပါးလာသည်။ FECလဲထားသူတွေလဲ မျက်လုံးလေးတွေ ကလယ်ကလယ်နဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့။ ဟိုဟာလိုလို၊ ဒီဟာလိုလိုနှင့် ချီတုံချတုံတွေ ဖြစ်လာကြသည်။ နောက်တော့မှ ထိုဂျာနယ်ကပင် ထပ်ပြီးသတင်းပါလာပြန်သည်။ တစ်ပါတ်တိတိ ကြာချိန်မှာပေါ့။ တကယ်ပဲ ကတ်ဖုန်းတွေ ရောင်းမည်။ သို့သော်လည်း မူလက ဖော်ပြမှုတွေနှင့် ကွဲလွဲမှုတွေ ပါလာသည်။ ကတ်အမျိုးအစား (၂)မျိုးကို ရောင်းပေးမည်။ တစ်မျိုးက (၁၀)FECတန်ဖြစ်ပြီး သက်တမ်းတစ်ပါတ်ကြာမည်။ အဲ နောက်တစ်မျိုးကတော့ (၂၀)FECပေးဆောင်ကာ သက်တမ်း(၁)လခံမည်။ အဲဒီအတောအတွင်း သတ်မှတ်ခေါ်ချိန်ပြည့်အောင် ဖုန်းခေါ်ချင်ခေါ်၊ မခေါ်လျင် အဲဒီကတ်ကို အဆုံးခံပေတော့။ ဖုန်းအ၀င်၊ အထွက်အတွက် ၀န်ဆောင်ခ ပေးဆောင်ရမည်ဖြစ်ပြီး txt messageအတွက် သတ်မှတ်ထားသည့် ငွေကြေးမှာလည်း သာမန်GSMတွေထက် များနေသေးသည်။
ကဲ … ဘယ်လိုတွေ ဖြစ်ကုန်တာတုန်း။ သတင်းဆိုတာ အဲလိုပဲ ချက်ချင်းပြောင်းတတ်သလား။ အခုသတ်မှတ်လိုက်တဲ့ စနစ်ကရော မြန်မာလူထုနဲ့ ကိုက်ညီနိုင်ပါ့မလား။ စဉ်းစားစရာတွေ ဖြစ်လာသည်။ မြန်မာတွေထဲတွင် ဖုန်းဆက်ချင်လို့ ဖုန်းလိုချင်ကြသော အရေအတွက်ထက် ဖုန်းကိုင်ချင်လို့ ဖုန်းလိုချင်သည့် လူဦးရေက အဆပေါင်းများစွာ ပိုများပါသည်။ ပြောရရင် လောက်လောက်လားလား ဖုန်းဆက်စရာ မရှိပေမယ့် Hand Phoneလေး ခါးချိတ်ထားချင်ကြသည်။ အဲလိုမျိုးလေး ခါးချိတ်ခွင့်ရရင်တောင် လူဖြစ်ရကျိုးနပ်ပြီဟု တွေးနေသူတွေက မနည်းလှပေ။ FEC(၅၀)ပေးပြီး ဖုန်းကတ်လေးများ ၀ယ်ဖြစ်ခဲ့ရင် ဖုန်းမဆက်ဖြစ်ပေမယ့် “ဖုန်းကိုင်ထားတယ်ကွ”ဆိုပြီး မာနကြီးလိုက်မကွာ ဆိုတဲ့အတွေးမျိုးနဲ့ မျှော်လင့်ခဲ့ကြသည်။ ကဲ … ခုတော့ ကတ်ဖုန်းတွေ ပေါ်လာပြီလေ။ တကယ်ပဲ မျှော်လင့်တဲ့အတိုင်း ဖြစ်လာပါသလား။
တော်တော်လေး ၀မ်းနည်းစရာကောင်းပါသည်။ ကိုယ့်အနေနဲ့ ဖုန်းကတ်လေး၀ယ်ထားသော်လည်း ဆက်ဆက်၊ မဆက်ဆက် သက်တမ်းကုန်ရင် သုံးမရတော့ပါဆိုသည့် Durationကန့်သတ်ချက်ကြီးက လူတွေရဲ့ Hand Phoneမျှော်လင့်ချက်ကြီးကို ရင်၀ဆောင့်ကန်လိုက်ပါတော့သည်။ ဖုန်းသုံးသူတစ်ယောက်သည် ကိုယ်ဖုန်းပြောပြော၊ မပြောပြော တစ်လကို FEC(၂၀)သွင်းရတော့မည်။ ဧကန္တတော့ ထိုသို့သက်တမ်း သတ်မှတ်ထားခြင်းမှာ မုန့်တွေ၊ စားစရာတွေမှာ Expire Dateသတ်မှတ်ပေးထားတာမျိုး အကြာကြီးနေမှ သုံးမိရင် ဖုန်းကတ်ကြီး သိုးသွားနိုင်တာမို့ ဖြစ်နိုင်ပါသည်။ ခုတော့ပေါ့ဗျာ။ လူတွေလဲ တော်တော်လေး နောင်တရနေကြပါပြီ။ ညနေပိုင်းလေး နေညိုရင် လေအပြိုကို ကြိတ်မှိတ်ခံပြီး ပိုက်ဆံစုထားခဲ့တဲ့ (၇)ရက်တာ ကာလလေးကို နှမျောနေကြသည်။ ထိုစနစ်မျိုး ယခင်က ဘယ်နိုင်ငံက ကတ်ဖုန်းစနစ်မှာများ အဲဒီလောက် သက်တမ်းတိုတိုလေး အသုံးပြုနိုင်မယ့် ကတ်ဖုန်းစနစ်ကို တီထွင်ခဲ့ဖူးလဲ မသိပေ။ ဘယ့်နှယ်ဗျာ။ ကိုယ်တစ်ခါမှ ဖုန်းမဆက်လဲ တစ်လတစ်ခါ သက်တမ်းကုန်မယ်ဆိုတော့ သူများမိန်းမကို မယားစရိတ် ထောက်ပံ့သလို ဖြစ်နေတော့မပေါ့။ ကိုယ်မသုံးရပဲ ပုံမှန်ပိုက်ဆံပေးနေရတာကို ဆိုလိုတာပါ။
ကဲ … ကျွန်တော်ကတော့ ရူးခဲ့ဖူးပါသည်။ ငွေခြောက်သောင်းလောက်နဲ့ Hand Phoneလေး ခါးချိတ်ရမယ့်အရေး ပျော်ပျော်ကြီးတွေးပြီး အိပ်မက်ထဲထိ စွဲလန်းခဲ့ဖူးပါသည်။ ရည်းစားဦးကိုတောင် စားလဲဒီစိတ်၊ သွားလဲဒီစိတ်ဖြစ်တဲ့ထိ တမ်းတမ်းစွဲ မဖြစ်ခဲ့ဖူးပါ။ ခုတော့ ကျွန်တော်သဘောပေါက်ပါပြီ။ Hand Phoneဆိုတာ ကျွန်တော်နဲ့ လားလားမှ မအပ်စပ်ပါ။ ကျွန်တော့်လိုမျိုး စိတ်ကူးနဲ့ ပျော်ခဲ့တဲ့လူတွေနဲ့လဲ မအပ်စပ်ကြောင်း သတိလေး ပေးပါရစေ။ ခုတော့ ကိုရီးယားကားထဲမှာ လမ်းဘေးအမှိုက်ကောက်တဲ့ ၀န်ထမ်းတွေ Hand Phoneပြောနေကြတာလေးပဲ ငေးနေကြပါစို့။ ကျွန်တော်တို့လဲ တစ်နေ့နေ့တော့ အဲဒီအခွင့်အရေးလေး ရလာနိုင်ကောင်းပါသည်။ အင်း … တစ်နေ့နေ့ပေါ့နော်။ ။
ဖတ်ရတာ တော်တော်လေးစိတ်မကောင်းဖြစ်မိတယ်။ :2:
ဒီလောက်သက်တမ်းတိုတိုလေးပေးတာကတော့ သက်သက်ခေါင်းပုံဖြတ်တာပဲ။
သူများနိုင်ငံမှာဆိုရင် ကိုယ့်မှာ credit လေးရှိနေသေးတယ်ဆိုရင် expired ဖြစ်မသွားပါဘူး။
အဲကိုယ့်မှာ credit လဲတစ်ပြားမရှိ၊ recharge လဲထပ်မလုပ်မှ ၆လ တစ်နှစ်ကြာရင် expired ဖြစ်တာမျိုးတော့ရှိတယ်။ အနည်းဆုံးတော့ 10 FEC တန်ကို credit ထပ်မဖြည့်ပဲသုံးရင် ၆လ လောက်တော့ပေးသင့်ပါတယ်။ လုံး၀ expired မဖြစ်ရင်တော့အကောင်းဆုံးပေါ့။
လူတိုင်း ဖုန်း၀ယ်သုံးနိုင်တဲ့ price & duration ဆိုရင် လူတိုင်း၀ယ်ကြပြီး သူတို့တောင် စီးပွါးဖြစ်အုံးမယ်။ ငန်းမကြီးဆီကနေ ရွှေဥတစ်လုံးချင်းမယူပဲနဲ့ ငန်းမကြီးဗိုက်ကိုခွဲချင်ကြတဲ့ မတောက်တခေါက် စီးပွါးရေးသမားတွေ .. :14:
ကျနော်လဲ အဲလို မျှော်လင့်ပါတယ်ဗျား။ :67:
ကဒ်ဖုန်းမှာ လက်ကျံငွေကိုဘယ်လိုရှာရမှာကို....
ရှာနည်းကတော့
*124# ကိုနှိပ်ပီး call ခလုပ်ကိုနှိပ်လိုက်.......
ပြားနဲ့ ကျံငွေကိုပြတာ......
ပီးတော့ ကုန်မယ်နေ့ ကောပြတရ်....:77::77::77:
ကျနော် နည်းနည်းအကောင်းမြင်ကြည့်မယ်နော်။:D
1 min =0.3 FEC = 300 Kyats
တနေ့ တနာရီဖုန်းပြောမယ်နော်
တနေ့စာဖုန်းခ 300*60 = 18000 kyats
တလစာ ဖုန်းခ 18000*30 = 540000 kyats (ငါးသိန်းလေးသောင်းကျပ်)
တနှစ်စာ ဖုန်းခ 540000*12 = 6480000 (ခြောက်ဆယ့်လေးသိန်း ရှစ်သောင်းကျပ်)
ဂစ်ဂစ်ဂစ် (တက်နေတာ မဟုတ်ဘူးနော် ပေးပါလို့ Eng လိုပြောနေတာ။)
သဌေးတွေပဲ ပြောနိုင်မယ်နဲ့တူတယ်။ :d:d:d အားပါး....နဲ့တဲ့ ပိုက်ပိုက်မှမဟုတ်တာ။ ဒီနှုန်းနဲ့သာဆို ကိုအိုင်းစတိုင်းပြောသလို ရေမသောက်ရုံတင်မကတော့ဘူး။:d အိမ်ပါ ပေါင်ရတော့မယ်။:d:d:d
ရတနာပုံ ဆိုက်ဘာစီးတီး၏ အိုင်စီတီ နည်းပညာပြပွဲတွင် တခါသုံး GSM ဖုန်းကဒ်ကို FEC 10/20 တန်ကြေး (ကျပ်ငွေ ၁၂၀၀၀ နှင့် ၂၄၀၀၀) ဖြင့် ရောင်းချပေးနေစဉ် ပြင်ပစျေးကွက်တွင် GSM 20 တန်မှာ ကျပ်ငွေ ၃၅၀၀၀ မှ ၄၀၀၀၀ အထိ စျေးပေါက်နေခြင်း ဖြစ်သည်။
"၁၀ တန်က လောလောဆယ် ကုန်နေတယ်။ မနက်ဖြန်မှပဲ ရမယ်။ အခုက ၂၀ တန်ပဲ ရှိတယ်။ အရောင်းသွက်တယ်။ ကျနော်တို့က ၅၀၀၀ ပဲ အမြတ်တင်တာ" ဟု တခါသုံး GSM ဖုန်းကဒ် ရောင်းနေသည့် ပွဲစားတဦးက မဇ္ဈိမကို ပြောသည်။
ယခုကဒ်များကို ရတနာပုံ အိုင်စီတီ နည်းပညာပြပွဲတွင် ယခုလ ၁၂ ရက်နေ့က စတင်၍ မိတ်ဆက်ရောင်းချပြီး ၃ ရက်အကြာတွင် ပြင်ပတွင် မိုဘိုင်း Handset အရောင်းဆိုင်များတွင် တဆင့်ခံ ရောင်းချနေခြင်း ဖြစ်သည်။
"တရား၀င်ဆိုလို့ အိုင်စီတီက ဆိုင်ပဲ ရှိတယ်။ အပြင်က လူတွေ အားလုံးလိုလိုက သူတို့ကနေတဆင့် ၀ယ်ရောင်းနေကြတာ" ဟု မိုဘိုင်းပွဲစားကပင် ဆက်ပြောသည်။
ရန်ကုန်တိုင်း တာမွေမြို့နယ်ရှိ နာမည်ကြီး Mobile King မိုဘိုင်းအရောင်းဆိုင်တွင် handset ၀ယ်ယူသူများကို တခါသုံး GSM ဖုန်းကဒ်များပါ ၀န်ဆောင်မှုတခုအနေဖြင့် ရောင်းချပေးနေသည်။
Mobile King ဆိုင်တာ၀န်ခံတဦးက "ကျနော်တို့ဆိုင်က Handset ၀ယ်တဲ့သူတွေကို အရင်းအတိုင်းပဲ (FEC 20) ရောင်းပေးတယ်။ ၀န်ဆောင်မှုတခုအနေနဲ့ လုပ်ပေးတာပါ။ handset မ၀ယ်ရင်တော့ FEC 28 နဲ့ပဲ ရောင်းပေးတယ်" ဟု ပြောသည်။
တခါသုံး GSM ဖုန်းကဒ် FEC 10 တန်ကို သုံးစွဲနိုင်သည့် သက်တမ်းမှာ ၁၄ ရက်ဖြစ်ပြီး၊ FEC 20 တန်ကို သက်တမ်း တလ အထိသာ သတ်မှတ်ထားသည်။
ယခုလို သက်တမ်း ကန့်သတ်ချက်များ ရှိသော်လည်း ၀ယ်ယူအားပေးသူ များပြားနေရခြင်းသည် အစိုးရမှ ချပေးထားသည့် GSM မိုဘိုင်း စျေးနှုန်းနှင့်ယှဉ်ပါက သာမန်ပြည်သူများ ၀ယ်ယူ သုံးစွဲနိုင်ခြင်းကြောင့် ဖြစ်သည်ဟု သူက ပြောသည်။
သူက "အစိုးရထုတ်တဲ့ GSM တွေကို မတိုးနိုင်ကြတော့ တခါသုံးဆိုပေမယ့် ၀ယ်သုံးချင်တဲ့သူတွေက ရှိနေတော့ ၀ယ်ကြတယ်" ဟု ပြောသည်။
သူတို့ဆိုင်တွင် GSM မိုဘိုင်း Handset ကို တနေ့လျှင် အလုံး ၂၀ ကျော် ရောင်းအားရှိသည်။
source: မဇ္ဈိမ
အရှိကိုအရှိအတိုင်း အမှန်ကိုအမှန်အတိုင်း မြင်တတ်သော
Istein
************************************************
Hay Istein you are too much about Gandi but I think may be you are right if Gandi were US president war may be won by Germany. But now we are praying Ba pha yar as our god father in everywhere. U see what I mean.:)):)):)):)):)):))
အခုကနံပါတ်ကတခါကဒ်၀ယ်တိုင်းတခါပြောင်းမယ်ဆို...:39:10 တန်၀ယ်ရင်နှစ်ပါတ်တစ်ခါနံပါတ်ပြောင်းမှာပေါ့နော်...:)
ပြီးတော့ အထွက်ဆိုရင်...မိနစ် 30 ရမယ်ဆိုတော့....နှစ်ပါတ်လည်းပြည့်သွားရော
သယ်ရင်းတွေကို...နံပါတ်အသစ်အကြောင်းကြားလိုက်တာနဲ့ မိနစ်သုံးဆယ်ကုန်သွားမှာပဲ....အနော်သာဆိုရင်ပေါ့..:p
သယ်ရင်း..ငါဖုန်းနံပါတ်ပြောင်းသွားပြီ...မှတ်ထားဦးနော်...ဖုန်းနံပါတ်အသစ်က...@#$@%@%@ အဲလိုလေ...
သယ်ရင်းကအယောက်သုံးဆယ်ထား...တစ်ယောက်ကိုတစ်မိနစ်.....:d
ဒီမှာက နက်က ဘယ်ကနေ သုံးသုံး ဗျာ သုံးလို့ ရတယ်...
စျေးအနေနဲ့ ယှှဉ်ကြည့်ရင်တော့အစ်ကိုရေ နာရီ 20 မှ ၁၀၀ ဘတ် (3500ကျပ်)ဘဲပေးရတယ်ဗျာ.....
web browser ပါတဲ့ဘယ်ဖုန်းမဆို internet ကကြည့်လို့ရတယ် ဗျာ....
အရမ်း ကိုသဘောကျ စရာမကောင်းဘူးလား...
ကျွှန်တော်မြန်မာ ကဒ်ဖုန်းတွေ ထုတ်ပေးတယ် ဆိုတော့ ဝမ်းသာလိုက်တာ ...
ဟင်း.........:O:O:O
စျေးနှုန်းကြည့်တာ နဲ့ တင်ငိုချင်စိတ် ပေါက်သွားတယ်...
လားလား.... ဖုန်းခေါ်ဆိုနှုန်းက စျေး ကြီးလိုက်တာဗျာ ဒီကြား ထဲ အထွက် ပါပေးရအုံးမယ်တဲ့ သက်တမ်းကလည်းနဲ ..
မျှော်လင့်ချက်လေးတောင်ဘယ်ပျောက်သွားလည်းမသိဘူးဗျာ ....
တကယ်ပါ...:102:
ဒီမှာက နက်က ဘယ်ကနေ သုံးသုံး ဗျာ သုံးလို့ ရတယ်...
စျေးအနေနဲ့ ယှှဉ်ကြည့်ရင်တော့အစ်ကိုရေ နာရီ 20 မှ ၁၀၀ ဘတ် (3500ကျပ်)ဘဲပေးရတယ်ဗျာ.....
web browser ပါတဲ့ဘယ်ဖုန်းမဆို internet ကကြည့်လို့ရတယ် ဗျာ....
အရမ်း ကိုသဘောကျ စရာမကောင်းဘူးလား...
ကျွှန်တော်မြန်မာ ကဒ်ဖုန်းတွေ ထုတ်ပေးတယ် ဆိုတော့ ဝမ်းသာလိုက်တာ ...
ဟင်း.........:13::13::13:
စျေးနှုန်းကြည့်တာ နဲ့ တင်ငိုချင်စိတ် ပေါက်သွားတယ်...
လားလား.... ဖုန်းခေါ်ဆိုနှုန်းက စျေး ကြီးလိုက်တာဗျာ ဒီကြား ထဲ အထွက် ပါပေးရအုံးမယ်တဲ့ သက်တမ်းကလည်းနဲ ..
မျှော်လင့်ချက်လေးတောင်ဘယ်ပျောက်သွားလည်းမသိဘူး ဗျာ ....
တကယ်ပါ...:102:
ဘယ်တော့ များမှ ဒီဘဝ ရောက်မလဲမသိဘူးနော်....
:14::14::14:
ဘန်းကျော်မှာတော့ ကိုယ့်နံပါတ်အဟောင်းပြန်ရချင်ရင် ဘယ်လိုလုပ်ပေးနိုင်လဲတော့ ကျနော်မသိဘူး။ တကယ်တမ်းလက်တွေ့မှာ SIM card အသစ်၀ယ်တယ်ဆိုရင် ကိုယ့် SIM card အဟောင်းရဲ့နံပါတ်ကို ပြန်သွင်းပေးလို့ရတယ်။ SIM card အသစ်၀ယ်တဲ့ဆိုင်မှာပဲ ပြောပြီးလုပ်ခိုင်းလို့ရတယ်။ ကျနော့်နံပါတ်အဟောင်းပြန်လိုချင်တယ်လို့ ပြောလိုက်ရင်လုပ်ပေးပါတယ်။ အဲတစ်ခုရှိတာက SIM card အဟောင်းရဲ့ကုမ္ပဏီနဲ့ SIM card အသစ်ရဲ့ကုမ္ပဏီတစ်ခုတည်းဖြစ်ဖို့လိုတယ်။ ဥပမာ ကိုယ့်လက်ရှိသုံးနေတဲ့ GSM service က T-mobile service ဆိုရင် နံပါတ်အဟောင်းလဲပြန်ရချင်တယ်ဆိုရင် T-mobile service ကိုပြန်ယူပြီး သူ့ဆီက SIM card အသစ်ကိုပြန်၀ယ်ရင် ကိုယ်လက်ရှိသုံးနေတဲ့ နံပါတ်အဟောင်းကိုပြန်ယူလို့ရပါတယ်။ ဥပမာ O2 က SIM card အသစ်ကို၀ယ်ရင်တော့ ကိုယ်လက်ရှိသုံးနေတဲ့ T-mobile ရဲ့နံပါတ်ကိုပြန်ပေးနိုင်မှာ မဟုတ်ပါဘူး။
ခင်ဗျားပြောသလိုလဲ SIM card အသစ်၀ယ်တိုင်း နံပါတ်အသစ်ကိုင်ရမယ်ဆိုရင် သေရော။ သူငယ်ချင်းတွေဆီကို "ငါနံပါတ်အသစ်ရထားတယ်ဟေ့" လို့ပြောရင်း မွဲမှာ။
နောက်ပြီး Internet Banking လုပ်တဲ့နေရာမှာလဲ ကိုယ့်ရဲ့ mobile number ကအရေးပါတယ်။ transaction တစ်ခုလုပ်ပြီးဆိုရင် အဲဒီ transaction complete ဖြစ်ဖို့ authorization code ပေးရပါတယ်။ အဲဒီ code ကို bank ကနေပြီး ကိုယ့် email ထဲ (ဒါမှမဟုတ်) mobile ထဲကို မိနစ်အတွင်း လှမ်းပို့ပါတယ်။ mobile ထဲလှမ်းပို့ခိုင်းတဲ့ option ကိုယူကြတာများပါတယ်။ အဲဒီ code နဲ့ ကိုယ့် transaction completed ဖြစ်အောင် လုပ်ဆောင်ရတာဆိုတော့ ကိုယ့် mobile number ပြောင်းလို့ရှိရင် bank ကိုသွားပြီး ပြန်ပြောင်းခိုင်းရရင် ပြောင်းတဲ့အတွက် အဖိုးအခထပ်ပေးရနဲ့ ကြာရင် အဲဒါနဲ့တင် မွဲသွားလိမ့်မယ်။
အဲဒါတွေပါ ထည့်သွင်းစဉ်းစားပြီး ဘန်းကျော်ရဲ့ telecommunication တောက်ပြောင်အောင် စွမ်းဆောင်ကြပါ ဆရာတို့ရေ။ :67:
Kyats 60,000 is excluding handset. You need to think about buying a handset which will cost approximately 100,000 Kyats. Anyhow, be happy! Cheapper GSMs are coming.
Cheer