MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

သနားစရာကောင်းသော Jerry Yang

edited December 2008 in Tech News
Yahoo CEO ဖြစ်သူ Jerry Yang သည် Yahoo ကို 1995 April တွင်ပူးတွဲတည်ထောင်ခဲ့သည်။
သို့သော် သူသည် 2008 နို၀င်ဘာတွင် Wall Street Journal တွင်ဖော်ပြချက်အရ Jerry သည် Yahoo CEO အဖြစ်မှနုတ်ထွက်သွားကြောင်းနှင့် Yahoo အနေဖြင့် CEO တစ်ယောက်ရှာဖွေနေကြောင်းသိရှိရသည်။ သို့သော် Jerry Yang သည် Alibaba, the Asian Pacific Fund, Cisco and Yahoo! Japan, တို့တွင် Board of Directors အဖြစ်ဆက်ရှိနေမည်ဖြစ်ကြောင်း သိရှိရသည်။
သူသည် CEO အဖြစ်မှနူတ်ထွက်ရသည် အကြောင်းအရင်းများစွာရှိသည်။ အဓိကတစ်ချက်မှာ May လတွင် Microsoft မှ ၀ယ်ယူရန်ကမ်းလှမး်ချက်ကိုပယ်ချခြင်းကြောင့် အခြားသော ရှယ်ယာရှင်များက မကျေနပ်ကြပေ။ ထိို့ပြင် Google နှင့် commercial search advertising သဘောတူညီချက်ကို Google ဘက်မှပယ်ဖျက်လိုက်ခြင်းသည်လည်း အခြားအကြောင်းအရင်းတစ်ခုဖြစ်သည်။ထို့ကြောင့် ရှယ်ယာစျေးနူန်းများကျဆင်းကုန်သည်။
နောက်ဆုံးတွင် ရှယ်ယာရှင်များ၏ ဖိအားပေးမှုကြောင့် နို၀င်ဘာ 17 ရက်နေ့တွင် Yahoo CEO အဖြစ်မှ နူတ်ထွက်သွားခဲ့သည်။ သူကိုယ်တိုင်တည်ထောင်ခဲ့သော
Ref:http://en.wikipedia.org/wiki/Jerry_Yang

မှတ်ချက်များ

  • edited December 2008 Registered Users
    အင်း...အများပိုင်ဖြစ်လာတော့လည်း...အများသဘောပေါ့ဗျာ။
    ဘယ်သူတည်ထောင်တယ်၊ ဘယ်သူပြုစုပျိုးထောင်ခဲ့တယ်၊ ဆိုတာထက်.....
    အရင်းရှင်တွေရဲ့ စိုးမိုးချယ်လှယ်မှုက နောင်လည်းဆက်ရှိနေဦးမှာပါပဲ။
  • edited December 2008 Registered Users
    kotharthar wrote: »
    အင်း...အများပိုင်ဖြစ်လာတော့လည်း...အများသဘောပေါ့ဗျာ။
    ဘယ်သူတည်ထောင်တယ်၊ ဘယ်သူပြုစုပျိုးထောင်ခဲ့တယ်၊ ဆိုတာထက်.....
    အရင်းရှင်တွေရဲ့ စိုးမိုးချယ်လှယ်မှုက နောင်လည်းဆက်ရှိနေဦးမှာပါပဲ။

    ဟုတ်ပါတယ် ခင်ဗျ အရင်းရှင်တွေကြောင့် ကဘာကြီးက ဆင်းရဲချမ်းသာ ကွာဟနေရတာပါ။ ကွန်မြူနစ်နဲ့ ဆိုရှယ်လစ်တွေ ဝင်အုပ်ချုပ်မှသာ အားလုံး သာတူညီမျှ တပြေးညီ ဆင်းရဲသားတွေ ဖြစ်ကြပါလိမ့်မယ်။:d
  • edited December 2008 Registered Users
    istein wrote: »
    ဟုတ်ပါတယ် ခင်ဗျ အရင်းရှင်တွေကြောင့် ကဘာကြီးက ဆင်းရဲချမ်းသာ ကွာဟနေရတာပါ။ ကွန်မြူနစ်နဲ့ ဆိုရှယ်လစ်တွေ ဝင်အုပ်ချုပ်မှသာ အားလုံး သာတူညီမျှ တပြေးညီ ဆင်းရဲသားတွေ ဖြစ်ကြပါလိမ့်မယ်။:d
    နိုင်ဂျံရေးတွေပါနဲ့လေ။:d
  • edited December 2008 Registered Users
    kotharthar wrote: »
    နိုင်ဂျံရေးတွေပါနဲ့လေ။:d

    နိုင်ငံရေး မပါဘူးလေ စီးပွါးရေးအကြောင်းပြောနေတာပါ ကိုသာသာရဲ့။:d
  • edited December 2008 Registered Users
    ကွန်မြူဝါဒီ လို တပြေးညီ အတူတူတက်ကြမယ်ဆိုရင်၊ တရုတ်တောင် သူ့ရှိတဲ့ သန်းတစ်ထောင်ကို တစ်ယောက်ကို ပေါက်စီတစ်လုံးနှူန်း ဝေနိုင်လားမေးကြည့်ပါလားဗျ။ :d
    ဘုရားတောင် လူတွေကို ဆင်တူ မဖန်ဆင်းထားတာ အကြောင်းရှိမှာပေါ့ဗျ။:39:
  • edited December 2008 Registered Users
    mm_legend, I believe what Istein posted was sarcasm.
Sign In or Register to comment.