MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Intel ၏ Core i7 လာပါပြီ။

edited December 2008 in Tech News
နို၀င်ဘာလနောက်ဆုံးပါတ်တွင် Intel မှ Core i7 ကိုတရား၀င်ထုတ်လုပ်လိုက်ပါပြီ။
Core i7 processor သည် desktop နှင့် laptop များတွင် အသုံးပြုမည်ဆိုပါက ပိုမိုမြန်ဆန်စွာ လုပ်ဆောင်နိုင်မည်ဖြစ်သည့် အပြင် ပါ၀ါစားလည်းသက်သာမည်ဖြစ်သည်။ အစပထမတွင် Intel မှ ပါ၀ါသုံးစွဲမှုများသော desktop နှင့် work station များအတွက်ရည်ရွယ်ကာ ထုတ်လုပ်ခဲ့သော်လည်း နောက်ပိုင်းတွင်မူ Core i7 ကို Laptop များအတွက်ပါ အသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။ Core i7 သည် Intel ၏ muticore processor ဖြစ်သော “ Nehalem ” ရဲ့ first generation ဖြစ်သည်။ Nehalem သည် Hyper-Threading နည်းပညာဖြစ်သော Core တစ်ခုကို threads နှစ်ခုနှင့် ဆောင်ရွက်ပေးနိုင်သည်။ ထို့ကြောင့် Core 8 နဲ့ Nehalem သည် core 16 ခုနှင့် အလုပ်လုပ်ပေးနိုင်မည့်သဘောဖြစ်သည်။ ထို့ပြင် Core i7 တွင် ယခင် Core2 Extreme platform ၏ နည်းပညာဖြစ်သော Memory Bandwidth ကို နှစ်ဆတိုးမြင့်နိုင်သော Quick Pack နည်းပညာနှင့်ပါ ချိတ်ဆက်ထားသည်။ Graphic Card, Solid State Drive များကဲ့သို့အခြားသောအရာများနှင့် တွဲဖက်အသုံးပြုပါက ပိုမိုမြန်ဆန်စွာ အလုပ်လုပ်နိုင်မည်ဖြစ်သည်။ အထူးသဖြင့် Video Editing သမားများနှင့် Gamer အတွက်အချိန်ကုန်သက်သာကာ performance အပြည့်အ၀ရရှိစေမည်ဖြစ်သည်။ စျေးနှုန်းမှာ ၉၉၉ ဒေါ်လာကျသင့်မည်ဖြစ်သည်။
Ref:[url]www.http://en.wikipedia.org/wiki/Intel_Core_i7[/url] နှင့် အမျိုးမျိုးသော မြန်မာနိုင်ငံထုတ် ဂျာနယ် များ

မှတ်ချက်များ

  • edited December 2008 Administrators
    Core2Quad တောင် mm မှာ ကောင်းကောင်းမ use နိုင်သေးဘူးနော် ... :2:

    Core i7 အတွက်က Motherboard လဲ မတူဘူးဗျ။ အဲဒီအတွက်လဲထပ်ကုန်ဦးမှာ ....

    ဒီလကုန်ရင်ထွက်မဲ့ အောင်ဘာလေထီပေါက်ရင်တော့ Alexander မျှော်လင့်ချက်လေး ခပ်ရေးရေးရှိမယ် ထင်ပါဧ။်။ :39:

    :71:
  • edited December 2008 Registered Users
    QPI = Quick Path Interconnet အကြောင်းလေး ပြောပါအုံး။
    LGA = LandGridArray
    LGA 1366 အကြောင်းလဲ သိချင်တယ်
  • Intel Core i7 အတွက် Chart ကလေးထည့်ပေးလိုက်တယ်။
    ၀ယ်တဲ့ အခါကြရင်အစဉ်ပြေအောင်လို ့...........:)
    IntelCorei7-965.png
    IntelCorei7-940-920.png
    တခြား Intel CPU တွေအကြောင်းသိချင်ရင် ဒီမှာ သွားကြည့်လိုက်ပါ.........
Sign In or Register to comment.