MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

မကြာခင်လာတော့မည့် Gigabit Wi-Fi နည်းပညာအသစ်

edited January 2009 in Networking
IEEE Group(International Electrical and Electronic Engineering Group) သည် range 100MB per second ရသော IEEE 802.11n Standard ကိုအဆုံးသတ်ကာ 1GB per second (1024MB per second)ရရှိနိုင်မည့့်် Standard အသစ်ကို စတင်တော့မည်ဟုသိရသည်။ ထိုနည်းပညာအတွက် အသုံးပြုရန် IEEE Group သည် frequency band နှစ်ခုကိုစိတ်၀င်စားနေသည်။ တစ်ခုမှာ အသုံးမပြုသော လှိုင်းတွေအများအပြားရှိရာ 60GHz band ကို အနီး range များအတွက် အသုံးပြုရန်စိတ်၀င်စားနေသည်။ ထို့ပြင် အခြား band တစ်ခုမှာ 6GHz အောက်ရှိ band ဖြစ်ပြီး ယနေ့အသုံးပြုနေကြသော IEEE 802.11a, 802.11n 5GHz တို့နှင့်ဆင်တူသည်။ ပြောင်းလဲရသည့်ရည်ရွယ်ချက်မှာ web-link တစ်ခုအတွက် အမြင့်ဆုံးလိုအပ်သော mode သည် 500 MB per second ဖြစ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် 1GB per second ကျော်မှသာ အဆင်ပြေမည်ဟု ဖော်ပြထားသည်။ ဒီ standard သည် လက်ရှိနည်းပညာများဖြစ်သော 802.11i နှင့် 802.11s တို့နှင့် အဆင်ပြေဖို့လိ်ုအပ်သည်။
Ref: PCWorld
IEEE 802.11 Standard များအကြောင်းသိရှိလိုပါက http://en.wikipedia.org/wiki/IEEE_802.11 တွင်လေ့လာနိုင်ပါသည်။

မှတ်ချက်များ

  • edited December 2008 Administrators
    နဲနဲပိုပြီး အသေးစိတ်ရေးပေးရင် ပိုကောင်းမယ်ထင်တယ် ကိုပြုံးရေ ... :)

    ဒီတိုင်းဆိုတော့ သာမန်လူနားလည်ဖို့မလွယ်ဘူး ....... :o
  • edited December 2008 Registered Users
    WI-FI(Wireless Fidelity) ဟာကြိုးမဲ့ ကွန်ယက် ဆက်သွယ်မှူစနစ်ဖြစ်တယ်။ ကမ္ဘာအနှ့ံမှာ အသုံးပြုကြတယ်။ 802.11 ဆက်သွယ်မှူ စံနှူန်းကို အခြေခံထားတဲ့၊ Wireless Local Area Network(WLAN) အသုံးပြုလို့ရတဲ့၊ မည်သည့် ပစ္စည်းကို မဆို Wi-Fi လို့သတ်မှတ်လို့ ရပါတယ်။ ဆယ်လူလာဖုန်း၊ တယ်လီဗီးရှင်း နှင့် ရေဒီယို ကဲ့သို့ပဲ wifi ဟာလည်း ရေဒီယိုလှိူင်း အသုံးပြူထားသော ကြိုးမဲ့ ဆက်သွယ်ရေးကွန်ရက် တစ်ခုဖြစ်ပါတယ်။ နှစ်လမ်းသွား ရေဒီယို ဆက်သွယ်မှူပုံစံဖြစ်ပါတယ်။
    အလုပ်လုပ်ပုံ
    ၁။ ကွန်ပြူတာမှာ wireless adapter သေးသေးလေတပ်လိုက်ရင် သူကနေ data တွေကို radio လှိူင်းပုံစံ ဘာသာပြန်ပြီးတော့ အန်တန်နာက နေတစ်ဆင့် လွှင့်လိုက်တယ်။
    ၂။ အဲဒီ လွှင့်လိုက်တဲ့ လှိူင်းကို router ကပြန်ဖမ်းတယ်၊ ဒေတာ သင်္ကေတပုံစံ ပြန်ဖော်ပေးတယ်။ အဲ router ကတစ်ဆင့် သတင်းအချက်အလက်တွေကို Ethernet လို ကြိုးပါသောဆက် သွယ်မှူဖြင့် အင်တာနက်ထဲကို ပြန်ပို့ပေးတယ်။
    wireless adapter ကဒီလိုပုံလေ။
    wireless-network-new-5.jpg
    router က ကြတော့ဒီလိုပုံစံပါ။
    linksys-wrt100-rangeplus-router.jpg

    wifi-phone-3.jpg
    wifi-web.jpg
    အဲ အင်တာနက်က နေ သတင်းအချုက်အလက်ကို လဲ အပေါ်ကပြောတဲ့ ပုံစံရဲ့ပြောင်းပြန် လုပ်ပါတယ်။ အင်တာနက်နေ router ကိုလာမယ်၊ router ကနေ radio လှိူင်းပုံစံလုပ်ပြီး adapter ကိုဆီပို့ပေးမယ်။
    wifi ရေဒီယိုလှိူင်းတွေကို 2.4 GHz သို့ 5 GHz ကနေလွှင့်ရပါတယ်။ အဲဒီကြိမ်နှူန်းတွေဟာ ဆဲလ်ဖုန်း၊ ဝေါကီတော့ကီ လှိူင်းတွေထက်မြင့်ပါတယ်။ frequency မြင့်နိုင်လေလေ၊ ဒေတာ များများ သယ်နိုင်လေလေပါ။
    802.11 ဆိုတဲ့ ကွန်ယက် စံကိုသုံးပါတယ်။ 802.11 မှာပဲ လေးမျိုးထက်ခွဲထားသေးတယ်။
    802.11a - frequency 5GHz ကနေလွှင့်တယ်။ ဒေတာတွေကို တစ်စက္ကန့်ကို 54 magbits နှူန်းနဲ့ ရွေ့နိုင်တယ်။ သူက orthogonal frequency-division multiplexing (OFDM) ဆိုတဲ့ receiver ကိုမရောက်ချင် စပ်ကြားမှာ ရေဒီယိုလှိူင်းတွေကို ထက်ပြီး နောက်ထက် signal မူကွဲတွေ အဖြစ် လုပ်ပြီး လွှင့်တဲ့ နည်းပညာပါတယ်။ အဲဒီနည်းက နှောင့်ယှက်လှိူင်းတွေကို တစ်ကယ်လျော့ချပေးပါတယ်။
    802.11b - ကတော့ အနှေးဆုံး နဲ့ စျေးအသက်အသာဆုံး စံနှူန်းဖြစ်တယ်။ 2.4 GHz frequency သုံးပြီးလွှင့်တယ်၊ 11 megabits of data per second နှူန်းနဲ့ ဒေတာတွေကို သယ်တယ်။
    802.11g - သူက 802.11b နဲ့ အတူတူပဲ။ ဒါပေမယ့် ပိုမြန်တယ်။ မြန်နှူန်းက 54 megabits of data per second ရှိတယ်။ OFDM နည်းပညာသုံးထားလို့လေ။
    802.11n - အသစ်ဆုံးတဲ့ တော်တော်များများ နေရာမှာ သုံးလို့ ရတဲ့စံဖြစ်တယ်။ data transfer ကို 140 megabits per second လောက်အထိ ရနိုင်တယ်။ သူက 2.4GHz ကော 5 GHz ကော နှစ်ခုလုံးသုံးလွှင့်လို့ရတယ်။
    The Institute of Electrical and Electronics Engineers (IEEE) က 2009 မှာ 802.11n ကိုပဲ စံအဖြစ်ထားဖို့ အတည်ပြုလိမ့်မယ်။
    ထက်သိချင်ရင် အောက်မှာဖတ်ကြပါ။
    http://computer.howstuffworks.com/wireless-network1.htm
    မှတ်ချက်။ ။ နောက်ပိုင်း ထုတ်တဲ့ Laptop အများစုက wireless adaptor မလိုတော့ဘူး။ စက်ထဲမှာ built-in အနေနဲ့ ထည့်ပေးထားတယ်။ Wi-fi Certified လျှပ်စစ်ပစ္စည်းဆို အောက်ကလိုဂိုပုံစံ ပါလိမ့်မယ်။
    wifiLogo.gif
    Wifi Logo
  • edited December 2008 Administrators
    သေချာရှင်းပြပေးသွားတာ ... ကျေးဇူးတင်ပါတယ် ... mm_legend ရေ ....

    Earth_Legend ဖြစ်လာပါစေ ... :63::63:

    :6::D:6:
  • edited January 2009 Registered Users
    802.11 n ဟာ MIMO ကို supporting လုပ်ပါတယ်... ဆိုလိုတာကတော့ Multi output နဲ့ Input ပါ အဲဒါဟာ 802.11 n တိုင်းမှာ ပါချင်မှ ပါပါလိမ့်မယ်..... 802.11 n ရဲ့ range ကတော့ ရိုးရိုး router ထက် 4 x မြန်ပါတယ်.... အဲဒါကလဲ သူရဲ့ 802.11n adapter နဲ့ လှမ်းချိတ်မှလို့ ကျွန်တော်ထင်တယ်....... 4x ဆိုတော့ မြန်မာလိုပြောရင် 8 ဆကျယ်ပါတယ်..... စမ်းကြည့်သလောက်တော့ တော်တော်ေ၀းေ၀းကြီးကိုပြေးပါတယ်.... ဒါပေမဲ့ 802.11G ကလည်း သိပ်မညံလှပါဘူး.... နောက်တစ်မျိုး super G ဆိုပြီး 108 ကို supporting လုပ်တာထွက်ပါသေးတယ်... သူကတော့ router တွေမှာ 54G မှာကို ပဲ 108 supporting လုပ်တဲ့ router မှာပဲရပါတယ်.... 108 လုပ်ပြီး 54 ကိုသွားဖမ်းရင် မရတတ်ပါဘူး......
  • edited January 2009 Registered Users
    ခုလို အသေးစိတ် ရှင်းပြတာ ကျေးဇူးတင်ပါတယ်....
    နောက်ထပ်လည်း အသစ် အသစ် များ.ရှိရင် ဖြန့်ေ၀ပါအုံးနော်........
  • edited January 2009 Registered Users
    ဝိုင်ဖိုင် အသုံးပြုလို့ ရတဲ့နေရာ အားလုံးကို၊ ကော်နက်ရှင်မိနေတဲ့ နေရာအားလုံးကို wi-fi hotspots တွေလို့ ခေါ်တယ်။
    Wi-fi က Wireless Local Area Network(WLAN) လဲပြောသေးတယ် ဘာလို့ တစ်မြို့လုံးရနေတာလဲလို့ မေးနိုင်တယ်။ ဘာလို့ တစ်မြို့လုံး ရနေလဲ ဆိုတော့ wi-fi booster ဘယ်လောက် သုံးမလဲ အဲဒီလောက် အထိ ကွန်ယက်က ကျယ်သွားမှာပဲ။ ဥပမာ။ ။ ပင်မ Routerနဲ့ ပေ၂၀၀ အတွင်းမှာပဲ ဝိုင်ဖိုင်ရတယ်လေ။ ဒါဆို အဲဒီ ပေ ၂၀၀ မကုန်ခင် အတွင်းမှာ အဲဒီ လိုင်းကို ထက်ချဲ့ပေးသူ(booster) ခံလိုက် ရင် ပိုကျယ်သွားကော။
    ကျနော်တို့ ဆယ်လူလာဖုန်းတွေလိုပေါ့။ ကော်နက်ရှင် ပိုကောင်းအောင် တာဝါတိုင်တွေ များများ ထောင်ပေးရတဲ့ သဘောပဲလေ။

    2jcsw49.jpg
    ဒါကတော့ စည်ပင်က wifi-booster

    WiFi_Bi_Directional_Booster.jpg
    အဲဒါကြတော့ အိမ်တွင်းသုံးအတွက်။
Sign In or Register to comment.