MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.
Permission to use MZ Dictionary
ညီအစ်ကိုတို့ရေ
MZ Dictionary ကို Myanmar Geeks ရဲ့ Project လေးတစ်ခုမှာ သုံးခွင့်ပြုစေချင်ပါတယ် ခင်ဗျာ။
GTalk မှာ English စာလုံး ရိုက်ရင် မြန်မာ အဓိပါယ်ပြန်ပေးတဲ့ Dictionary Bot Project ပါ။
Coding ကိုလဲ OpenSource လုပ်မှာပါ။
ဘယ်လို သဘောရကြပါသလဲ ...
MZ Dictionary ကို Myanmar Geeks ရဲ့ Project လေးတစ်ခုမှာ သုံးခွင့်ပြုစေချင်ပါတယ် ခင်ဗျာ။
GTalk မှာ English စာလုံး ရိုက်ရင် မြန်မာ အဓိပါယ်ပြန်ပေးတဲ့ Dictionary Bot Project ပါ။
Coding ကိုလဲ OpenSource လုပ်မှာပါ။
ဘယ်လို သဘောရကြပါသလဲ ...
မှတ်ချက်များ
ဒီ အဘိဓါန်ကို သုံးလို့ရရင်ပဲ တော်တော်လေး ကူညီပြီးသား ဖြစ်နေပါပြီ။
လောလောဆယ် SVN က ရှိသလောက်စာလုံးတွေဘဲသုံးထားတယ်။
နောက်ထပ် စာလုံးတွေများလာရင် update လုပ်မယ်ဗျာ။
မကြာခင် coding ပြီးလို့ project release လုပ်ရင် အသိပေးပါဦးမယ်။
ဒီလိပ်စာကိုသာ GTalk မှာ add လိုက်ပါ။
en2mm AT mmgeeks.org
English word ရိုက်ထည့်လိုက်ရင် မြန်မာလို ရှင်းပြချက် မြင်ရမှာပါ။
Open Source လုပ်မည်လို့ ကျနော်ပြောခဲ့ပါတယ်။ Subversion မလုပ်ရသေးတဲ့ အတွက် Forum/Download link ကိုဘဲ အရင်ပေးထားပါဦးမယ်
http://www.mmgeeks.org/forum/viewtopic.php?f=91&t=916
အစ်ကို အက်လိုက်ပါပြီဗျာ.....
ဒါပေမဲ့ သိပ်မစုံသေးဘူးလို့ထင်ပါတယ်ခင်ဗျာ... ဘာများ ကူညီပေးရမလဲခင်ဗျာ.... ကူညီနို်ုင်ရင် ကူညီပါ့မယ်ခင်ဗျာ...
MZ dictionary တစ်ခုထည်းကိုဘဲ သုံးထားတာမို့ MZ ကစာလုံးတွေများလာရင် GTalk bot ဘက်မှာလည်း များလာမှာပါ။
ဘာကူညီရမလည်းဆိုတာကတော့ MZ Dictionary Project ကညီအစ်ကိုတွေကို မေးပါခင်ဗျာ။
/add Myanmar noun မြန်မာ
ဒီလိုထည့်ထားတယ့် စာလုံးတွေကို temporary text file တစ်ခုမှာ သိမ်းထားမှာဖြစ်ပါတယ်။
ပြီးရင် MZ က လူတွေ approve လုပ်ပြီး main dictionary ထဲ ထည့်လို့ရတယ်။
ဘယ်လိုထင်ကြတုန်း။
အခုတော့ dictionary သွား၀ယ်လိုက်အုံးမယ်။ :P
မြန်မာကနေ english ကိုကော
GTalkDict V2.0.zip
Zack!
ဒီနေ့မှာတော့ နောက်ထက် version 0.2 ကို အပြီးသတ်လိုက်ပါတယ်။
http://mmlt.googlecode.com/files/en2mm_0.2.zip
Warning: 23 MB download
MZ dictionary မှာ စာလုံးတွေထပ်များလာမည့် အချိန်ကို စောင့်နေပါတယ်ခင်ဗျား။
အင်း ... Dictionary ရှိရင် ရတာပေါ့ဗျာ။
မရှိသေးလို့ ခက်နေတာ။
Auto accept ရော Manual invite ပါ မရတော့ဘူး။
Google account ရဲ့ limit လိုလို ထင်မိပါတယ်။
သုံးချင်တဲ့လူတွေက နောက်ထက်ရှိနေသေး တော့ ဘယ်လိုဖြေရှင်းရမလဲ စဉ်းစားနေတုန်းပါဘဲ။
ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
Google နဲ့ပဲ ဆက်သွားမယ်ဆိုရင်တော့ bot email account တွေအများကြီးထားပြီး
email နဲ့ invite ကိုလက်ခံ auto reply မှာ available ဖြစ်သေးတဲ့ bot ရဲ့ email
လိပ်စာကိုပြန်ပို့ပေး။ ဒါကို invite လုပ်တာလက်ခံ။
ဒီနည်းလည်း သိပ် အကောငး်ကြီး မဟုတ်ဘူးဗျ။
Unknown contact ကို reply ပြန်ဖို့ XMPP အတွက် မဖြစ်နိုင်ဘူးလို့ထင်ပါတယ်။
Jabber Server ကိုကိုယ့်ဖာသာ ထောင်မှရမယ်ထင်တယ်။
ကိုအောင်ကျော်ထက်ရဲ့ bot ကိုအားကျလို့ ကျွန်တော်တောင် ruby နဲ့စမ်းရေးကြည့်ထားသေးတယ်။
တော့ပစ်ချော်ပြီဗျို့။
MZ Dict ကို TextFile ကနေ SQLite ကိုပြောင်းပြီး english word column ကို index
လုပ်ထားပြီး ရှာတာပိုမြန်တာကိုတွေ့ရပါတယ်။ ဒါပေမယ့် import လုပ်တုံးက UTF8 ကို
set လုပ်ဖို့မေ့ပြီး အားလုံး ????? တွေချည်းဖြစ်သွားလို့ အဲဒါလေးပြန်လုပ်ရဦးမယ်။
မြန်မာလို reverse search ကို database နဲ့လုပ်ကြည့်ပါတယ်။ Burmese word ကို
လက်ရှိ data တွေထဲကနေ farm လုပ်နိုင်ရင် ရိုက်ရသက်သာမယ်ထင်တယ်။
ကျွန်တော့်ရဲ့ bot ကတော့ အောက်မှာပြထားတဲ့အတိုင်း တစ်ဖိုင်တည်းပဲဗျို့။ ခင်ဗျားအားကျလို့လက်တည့်စမ်းတာ ရပ်လို့မရတော့ဘူး။
ရရင်တော့အာနော့်ကိုလည်းပေးနော်:67:
...ဘယ်နှယ့်လုပ် ခုမှ တစ်ရေးနိုးနေရတာတုံး။
internet ဂျာနယ်ထဲပါလာလို့လားမသိဘူး
en2zh တို့ဘဲပေါ်တော့တယ်
ကျွန်တော်က "မွေးစကလေး" ဗျ။:O
ကျွန်တော်နားလည်အောင် ရှင်းပြကြပါ။ please.:((
ကျနော်လဲ မွေးစကလေးပါဗျာ။ ရှင်းပြကြပါဦး။ ဘာမှနားမလည်တော့လို့ပါ။ :d
ဂျာနယ်ထဲမှာ ပါလားဗျ။ ဘယ်မှာဖတ်လို့ရလဲ။
မိုက်တယ်ဗျာ။ SQLite နဲ့သုံးတာ ပိုမြန်မယ်လို့ မစဉ်းစားမိဘူး။
ဇန်န၀ါရီလ ၂၂ ရက်နေ့ထုတ် အင်တာနက်ဂျာနယ်မှာပါခင်ဗျ။ခေါင်းကြီးပိုင်းမှာပါပါတယ်။အတွဲ ၁၀ အမှတ် ၄ ပါ
http://www.myanmarinternetjournal.com မှာက အတွဲ ၉ ဘဲဖော်ပြပါသေးတယ်
သို့သော်လည်း ပြီးပြည့်စုံခြင်းတော့ မရှိသေးပါဘူး။
တကယ်လို့ en2mm AT mmgeeks.org ကိုအရင်ကတည်းက add လို့မရခဲ့ဘူးဆိုရင်
en2mm2 AT mmgeeks.org ကို add လိုက်ပါ။
en2mm ကို Google က deactivate လုပ်ထားတဲ့သဘောရှိပါတယ်။
ဒါကြောင့် လုံး၀ စလို့မရသေးပါ။ en2mm2 နဲ့ en2mm3 ဘဲရပါတယ်။
ဒါကြောင့် en2mm ကိုအကောင့်ထဲကဖျက်ပြီး en2mm2 သို့မဟုတ် en2mm3 AT mmgeeks.org ကို add လုပ်ကြပါခင်ဗျာ။
လုပ်တဲ့လူတွေက လုပ်ပေးနေတာကို..
ကျေးဇူးအရမ်းကို တင်ပါတယ်ခင်ဗျာ....
ခင်ဗျားတို့ရဲ့ ငါဘာကောင်လဲ ဘယ်သူဘာကောင်လဲကို မေ့ထားပြီး ဒီလိုအဖွဲ့ ၂ ဖွဲ့ တိုင်တိုင်ပင်ပင်နဲ့ ပူးပေါင်းလုပ်တာ တွေ့ရတော့ ကျနော်တို့မြန်မာလူငယ်တွေ အနာဂတ်အတွက် အရမ်းကို အားတက်မိပါတယ်...ညီအစ်ကိုတို့ရေ...........
MMGeeks ကော် MZ ကော အဓွန့်ရှည်ပါစေ.....
Nstar...
အခု EN2MM bot version က 0.4 ဖြစ်သွားပါပြီ။
Bot ၃ ခုလုံး အချင်းချင်း ချိတ်ထားတဲ့ distributed design ပါ။
အလွယ်လိုက်တာမဟုတ်ပါဘူး ဒီလိုလုပ်လိုက်ရင် မရိုက်ရတော့ပိုမြန်မလားလို့
အခုonline မှာလည်း eng-myan dictionary ဆိုက်တွေအများကြီးတွေ့နေရပါတယ်
ဘာကွာလို့လည်းခင်ဗျာ
စသည်ဖြင့်တွေ့ရပါတယ်
နောက်ထပ်လည်းရှိပါသေးတယ် အဲ့ဒါတွေကနေကော ကူးယူခွင့်မရှိဘူးလားခင်ဗျာ
dictionary မှာစာလုံးတစ်လုံး ပြီးပြည့်စုံအောင် ရိုက်ဖို့ဆိုတာမလွယ်ပါဘူး MZ Dictionary အတွက် ကျွန်တော်လည်း ကူညီပေးဖူးပါတယ် ဒါကြောင့်ရိုက်ရတာကြာမှန်းသိတာပါ
(တစ်ရေးနိုးလို့ ထွက်လာတဲ့အကြံပေးတာ စိတ်မဆိုးရဘူးနော်:68:)
(တခြားဟာတွေ ဘာကွာလည်းမသိပေမယ့် dictionary ကိုလုပ်သူတွေရဲ့ စေတနာကတော့ပိုမယ်ထင်တယ်)
(MZ Dictionary ဖြစ်လာအောင်လုပ်တဲ့ သူအားလုံးကိုလေးစားပါတယ်)
(နောက်ထပ်လည်းမရှိသေးတဲ့ chi-myan လုပ်ဖို့လည်း ကူညီပါဦး)
ကျွန်တော် စဉ်းစားထားတာကတော့
အဲဒီ CSV ကို ကြိုက်တဲ့ နေရာမှာသုံး။ profit ပဲ ဖြစ်ဖြစ် Non profit ပဲဖြစ်ဖြစ်သုံးပေါ့။ ဒါပေမယ့် MZ dict ကိုသုံးထားတယ်ဆိုတဲ့ credit တော့ ပေးရမယ်။ အဲဒါက စဉ်းစားဆဲပေါ့။ အကုန်လုံးနဲ့ ပြန်ပြီး တိုင်ပင်ရအုံးမယ်။ သေချာတာကတော့ CSV file ပြန်ထုတ်ပေးမယ်ဆိုတာပဲ။
အခြား dictionary link တွေ အတွက် ကျေးဇူးပါဗျာ
online ပြန်ဖြစ်သွားပါပြီ။
EN2MM:This account is full and does not accept users anymore.
Please add [email protected] instead and start using EN2MM.
When i tried [email protected], it redirects me to [email protected]
ဘာပဲဖြစ်ဖြစ် အားပေးပါမယ်ဗျာ။