MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

ကျွန်တော်နားမလည်သောကျော်လှော်ခြင်းမ&#415

edited March 2009 in Networking
တကယ်မသိလို့ပါခင်ဗျာ ။ကျွန်တော်တို့ ပုံမှန်သွားလို့မရတဲ့ "web page address"
တစ်ခုကို လိုရာခရီးရောက်ဖို့သွားတဲ့အခါ your freedom,u89,freegate, တို့စသည်
ဖြင့်သုံးပြီးသွားသူကသွား/ proxy pass လုပ်တဲ့ web page လေးတွေသုံးပြီး
သွားကြတယ်လေ/အဒီလို သွားတဲ့အခါ နည်းပညာသဘောအရ ဘယ်လိုပုံဘယ်
လိုနည်းနဲ့လို ရာခရီးရောက်တယ်ဆိုတာလေးကို သိချင်ပါတယ်ခင်ဗျာ
ကျွန်တော်ဆိုလိုတာကတော့ အရှင်းဆုံးပြောရရင် proxy ကျော်ခြင်းဆိုသည်
မှာ အဘယ်သို့အလုပ်လုပ်သွားခြင်းဖြစ်ပါသနည်းပေါ့.....ဟီး
အစ်ကိုတို့..အမတို့...အနော်သိချင်တာလေးကို....၀ိုင်းပြောပေးကြပါအုံးနော်
ဒီမေးခွန်းလိုThread ရှိအုံးမယ်မထင်လို့မေးလိုက်တာပါ
ရှာကြည့်ပါသေးသည် ခင်ဗျာ
အနော်သိအရမ်းသိချင်လို့ပါခင်ဗျာ..........................................:D:O:((

မှတ်ချက်များ

  • edited February 2009 Moderators
    ကျနော်တို့ရဲ့ ISP များမှာ Sever နှစ်ခု ရှိပါတယ်ခင်ဗျာ DNS Server နဲ့ Proxy Server ဆိုပြီးတော့ပေါ့......
    DNS Server ဆိုတာကတော့ မဆိုင်လို့မပြောတော့ပါဘူးခင်ဗျာ........ (အမှန်က သိကိုမသိတာ :P)
    ဥပမာဗျာ.... ကျနော်တို့ Google ကို ကြည့်ချင်တယ်ဆိုရင် Google server ကိုလှမ်းပြီး request လုပ်ရပါတယ်...... Google Server က Europe မှာဆိုရင် Europe အထိ request လှမ်းလုပ်ရတာပေါ့ဗျာ...... အဲဒီအတွက်အချိန်ကြာလာပါတယ်ခင်ဗျာ.....အဲဒီတော့ ISP မှာ Proxy Server ဆိုပြီး လုပ်ထားပါတယ်....... ကျနော်တို့ request လုပ်လိုက်ရင် proxy server ဆီအရင်ဆုံးရောက်ပါတယ်..... အဲဒီမှာ ပြသာနာစတော့တာပဲဗျ......... ဥပမာပေါ့ဗျာ... www.youtube.com ဆိုပြီး Bagan ကို request လုပ်လိုက်ရင် မရတာကိုလူတိုင်းသိမှာပါ........
    အဲဒီလိုမျိုးဆိုက်တွေကို ISP တွေက ဘန်းထားပါတယ်ခင်ဗျာ.....
    Vtunnel တို့ Utunnel တို့နဲ့ကျော်ရင်တော့ အဲဆိုက်ရဲ့ proxy တစ်ခုတည်းကိုပဲ သုံးတာဖြစ်လို့ ISP က မသိတော့တာပါ.....

    ဖတ်ဖူးတဲ့ တစ်နေရာက မှတ်မိသလောက်ပြန်ပြောခြင်းဖြစ်ပါတယ်ခင်ဗျာ.......

    အမှားပါရင်ခွင့်လွှတ်ပါခင်ဗျာ........
  • edited February 2009 Registered Users
    သိသလောက်လေးဝင်ရွှီးကြည့်မယ်ဗျာ
    ဥပမာဗျာ
    ခင်ဗျားရန်သူက ခင်ဗျားခြံရှေ့မှာခင်ဗျားကိုဆော်မလို့စောင့်နေတယ်
    ခင်ဗျားကလဲသွားစရာရှိတယ်

    အဲဒီတော့ ရန်သူမမြင်အောင် မြေအောက်က ဥမင်ဖောက်သွားတာပေါ့:p

    အခုဟာကလဲဒီသဘောပါပဲ:):)
    (အများနားလည်အောင်လို့ လိုတိုရှင်း ရှင်းပေးလိုက်တာနော်)
    (pro တွေဝိုင်းမဆဲကြနဲ့နော်)
  • edited February 2009 Administrators
    ဒီပုံလေး ကြည့်ရင်နားလည်နိုင်မလားပဲ ...........

    အခြေခံအကျဆုံး ... ရိုးရိုးရှင်းရှင်းလေးပါပဲ ..........

    yourfreedom ရဲ့ပုံလေးပေါ့ .......:)

    [URL="javascript:close();"]yf1.gif[/URL]
  • edited February 2009 Registered Users
    Alexander wrote: »
    ဒီပုံလေး ကြည့်ရင်နားလည်နိုင်မလားပဲ ...........

    အခြေခံအကျဆုံး ... ရိုးရိုးရှင်းရှင်းလေးပါပဲ ..........

    Yourfreedom ရဲ့ပုံလေးပေါ့ .......:)

    [url="http://javascript<b></b>:close();&quot;]yf1.gif[/url]

    အကိုရေ.. ပုံမပါလာဘူးဗျ... လုပ်ပါဦး :((
  • edited February 2009 Registered Users
    အခုလို၀င်ရောက်ဆွေးနွေးပေးတဲ့အစ်ကိုတို့အစ်မတို့ကိုကျေးဇူးပါဗျို့။
    proxy ကျော်တဲ့ ဆိုဒ်လေးတွေကကောဘယ်လိုအလုပ်လုပ်သွားကြတာလဲ
    ဆိုတာလေးလဲသိချင်ပါတယ်။နောက်တခါ ISP က ဘန်းတဲ့အခါမှ IP အတိ
    အကျနဲ့ ဘန်းတာလား၊domain address နဲ့ပဲ ဘန်းတာလား၊ဘန်းပုံဘန်းနည်း
    ဘယ်နှစ်ခုလောက်ရှိတယ်ဆိုတာလေးလဲပြောကြပါအုံးဗျာ။ မသုံးစေချင်တဲ့စာလုံး
    တစ်လုံးပါရုံနဲ့ ဘန်းလို့ကောရလား။စိတ်ရှည်ရှည်လေးထားပြီး၀ုိင်းပြောပေးကြပါအုံးဗျို့။
  • edited March 2009 Registered Users
    This depands on their mind.
    Technically, they can ban by all ways.
    1. IP address
    2. Domain name
    3. URL links
    4. Contents in webpages such as keywords: porn,xxx,and etc...
    5. Protocol
    High end proxy firewall can detect even tunneling.:68:


    Netlynker
Sign In or Register to comment.