MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Microsoft & Cracks

edited March 2009 in Help Desk
Crack တွေကို Microsoft က ပီပီပြင်ပြင်ကိုင်တွယ်တော့မယ်ဆိုပြီး မနွယ်နီစိုးပြောတုနး်က ပေါ့ပေါ့ပဲ နေလိုက်မိတာ။ တဖြည်းဖြည်းနဲ့ အဲဒီပြဿနာနဲ့ ကိုယ်နဲ့ နီးစပ်လာပြီလို့ ထင်ပါတယ်။
ခြင်္သေ့ကျွန်းမှာ ဟိုတုန်းက အဲဒီ Crack တွေကို လွယ်လွယ်၀ယ်လို့ရနိုင်သလို သုံးလည်း သုံးလို့ရပါတယ်။ အခုလည်း ညစျေးလိုမျိုးမှာ ရသေးတယ်လို့ ပြောတဲ့လူတွေက ပြောပါတယ်။ ဒါပေမယ့်.........
အခု ရုံးက ကွန်ပျူတာမှာ anti-virus အတွက် ဆိုပြီး ဆိုင်က Norton တင်ပေးသွားတာ crack ပါ။ Windows ကလည်း 2003 Crack ပါပဲ။ အင်တာနက်သုံးတဲ့အခါ update/upgrade တွေ မလုပ်မိဖို့လည်း အချင်းချင်း သတိပေးထားရပါတယ်။ ကြမ္မာငင်ချင်တော့... Norton ကို updating လုပ်မပေးတော့ဘူးဆိုပြီး သက်တမ်းကုန်ကြောင်းပြနေပါလေရော။ အလကားရတဲ့ AVG ပဲ ပြောင်းတင်ကြတာပေါ့ကွာဆိုပြီး AVG 7.5.485 ကို တင်လိုက်တယ်။ အဲဒီမှာတင် Windows Crack နဲ့ စ ငြိပါတယ်။ .dll တွေကို AVG က malicious ဖြစ်နေပါတယ်ဆိုပြီး ဖြုတ်သွားပါလေရော။ ဒါနဲ့ တခြား မှေးသုံးလို့ရသေးတာလေးတွေ သုံးနေပါသေးတယ်။ MS Office/ AutoCAD ဒါမျိုးတွေအပြင် IE လည်း သုံးလို့ရနေပါသေးတယ်။ ဒါပေမယ့် ထူးထူးခြားခြား အိမ်က Crack မှာ Genuine Notification ကြီးက ၀င်နေပါရောဗျား။ သတိမထားမိတဲ့လူက အဲဒီ Update ကို လက်ခံလိုက်ရာကနေ အခုတော့ နောက်ထပ် ဘာကိုမှ လက်မခံတော့တဲ့အဆင့် ဖြစ်သွားပါပြီ။ ရုံးကလည်း IE, MS Office, Network ဘာဆိုဘာမှ ဆက်လုပ်လို့ မရတော့တဲ့ဘ၀။ သွင်းသမျှ Windows Crack၊ Application အကုန် ကို့လို့ကန့်လန့်ဖြစ်။ Data တွေ အချိန်မီ Back Up လုပ်ထားနိုင်လို့သာ သက်သာတာပါ။
အခု ဉာဏ်မီသလောက်လေး Troubleshoot လုပ်ထားတာကတော့
၁) Crack ကို Microsoft ရဲ့ Sensitive ဖြစ်တာ ပိုများလာတာ
၂) Antivirus တွေနဲ့ Trojan/Spyware တွေ ငြိတာ များလာတယ်
၃) အလကားရတဲ့ Crack ကို download လုပ်ချင်တော့ နောက်ဆက်တွဲ အကောင်ဗလောင် (virus) ပြဿနာ ပိုများလာတယ်
၄) ပိုက်ပိုက်ပေးသုံးဖို့အတွက် တွက်ကြည့်တဲ့ ဘတ်ဂျက်က opensource သုံးတတ်အောင် အချိန်ပေးရမယ့်ဒုက္ခကို compensate ဖြစ်ဖို့/မဖြစ်ဖို့ စဉ်းစားရဦးမယ်။
အဲဒါ အခုဖြစ်နေတာလေးကို ထင်ရာမြင်ရာတွေးကြည့်တာပါဗျား။ မှားနေတဲ့အချက်တွေကို ကူညီထောက်ပြပေးကြပါ၊ ကျေးဇူး အထူးတင်ပါကြောင်း။

မှတ်ချက်များ

  • Crack တွေကို Microsoft က ပီပီပြင်ပြင်ကိုင်တွယ်တော့မယ်ဆိုပြီး မနွယ်နီစိုးပြောတုနး်က ပေါ့ပေါ့ပဲ နေလိုက်မိတာ။ တဖြည်းဖြည်းနဲ့ အဲဒီပြဿနာနဲ့ ကိုယ်နဲ့ နီးစပ်လာပြီလို့ ထင်ပါတယ်။
    ခြင်္သေ့ကျွန်းမှာ ဟိုတုန်းက အဲဒီ Crack တွေကို လွယ်လွယ်၀ယ်လို့ရနိုင်သလို သုံးလည်း သုံးလို့ရပါတယ်။ အခုလည်း ညစျေးလိုမျိုးမှာ ရသေးတယ်လို့ ပြောတဲ့လူတွေက ပြောပါတယ်။ ဒါပေမယ့်.........
    အခု ရုံးက ကွန်ပျူတာမှာ anti-virus အတွက် ဆိုပြီး ဆိုင်က Norton တင်ပေးသွားတာ crack ပါ။ Windows ကလည်း 2003 Crack ပါပဲ။ အင်တာနက်သုံးတဲ့အခါ update/upgrade တွေ မလုပ်မိဖို့လည်း အချင်းချင်း သတိပေးထားရပါတယ်။ ကြမ္မာငင်ချင်တော့... Norton ကို updating လုပ်မပေးတော့ဘူးဆိုပြီး သက်တမ်းကုန်ကြောင်းပြနေပါလေရော။ အလကားရတဲ့ AVG ပဲ ပြောင်းတင်ကြတာပေါ့ကွာဆိုပြီး AVG 7.5.485 ကို တင်လိုက်တယ်။ အဲဒီမှာတင် Windows Crack နဲ့ စ ငြိပါတယ်။ .dll တွေကို AVG က malicious ဖြစ်နေပါတယ်ဆိုပြီး ဖြုတ်သွားပါလေရော။ ဒါနဲ့ တခြား မှေးသုံးလို့ရသေးတာလေးတွေ သုံးနေပါသေးတယ်။ MS Office/ AutoCAD ဒါမျိုးတွေအပြင် IE လည်း သုံးလို့ရနေပါသေးတယ်။ ဒါပေမယ့် ထူးထူးခြားခြား အိမ်က Crack မှာ Genuine Notification ကြီးက ၀င်နေပါရောဗျား။ သတိမထားမိတဲ့လူက အဲဒီ Update ကို လက်ခံလိုက်ရာကနေ အခုတော့ နောက်ထပ် ဘာကိုမှ လက်မခံတော့တဲ့အဆင့် ဖြစ်သွားပါပြီ။ ရုံးကလည်း IE, MS Office, Network ဘာဆိုဘာမှ ဆက်လုပ်လို့ မရတော့တဲ့ဘ၀။ သွင်းသမျှ Windows Crack၊ Application အကုန် ကို့လို့ကန့်လန့်ဖြစ်။ Data တွေ အချိန်မီ Back Up လုပ်ထားနိုင်လို့သာ သက်သာတာပါ။
    အခု ဉာဏ်မီသလောက်လေး Troubleshoot လုပ်ထားတာကတော့
    ၁) Crack ကို Microsoft ရဲ့ Sensitive ဖြစ်တာ ပိုများလာတာ
    ၂) Antivirus တွေနဲ့ Trojan/Spyware တွေ ငြိတာ များလာတယ်
    ၃) အလကားရတဲ့ Crack ကို download လုပ်ချင်တော့ နောက်ဆက်တွဲ အကောင်ဗလောင် (virus) ပြဿနာ ပိုများလာတယ်
    ၄) ပိုက်ပိုက်ပေးသုံးဖို့အတွက် တွက်ကြည့်တဲ့ ဘတ်ဂျက်က opensource သုံးတတ်အောင် အချိန်ပေးရမယ့်ဒုက္ခကို compensate ဖြစ်ဖို့/မဖြစ်ဖို့ စဉ်းစားရဦးမယ်။
    အဲဒါ အခုဖြစ်နေတာလေးကို ထင်ရာမြင်ရာတွေးကြည့်တာပါဗျား။ မှားနေတဲ့အချက်တွေကို ကူညီထောက်ပြပေးကြပါ၊ ကျေးဇူး အထူးတင်ပါကြောင်း။
    အဲဒါကတော့အမှန်ပါပဲနောက်ပိုင်းထုတ်လာတဲ့ Anti Virus တွေဟာ Crack တွေကိုပိုပြီးသိသိလာပါတယ်။နောက်ပြီးတော့ Anit Virus Crack သုံးရတာကလဲစိတ်မချစရာတွေ အများကြိးဖြစ်လာခဲ့ပါပြီ။တတ်နိုင်ရင်တော့ အမှန်ဝယ်ကြတာပေါ့။အတတ်နိုင်ရင် Avast,AVG,Bit Defender(Trial),BKAV(Trial) စတာတွေကိုပဲပြန်သုံးကြည့်စေချင်ပါတယ်။Avast ဆိုရင် One Year Free ပေးပါတယ်။ထို့အတူပဲ NOD 32 ဆိုရင်လဲပေးထားတာတွေရှိနေပါတယ်။နောက်ပြီး Anti Vir ကလည်း Free ပေးထားတာတွေရှိနေပါတယ်။ဒါကြောင့် Crack ကိုသိပ်ပြီးသုံးကြရင်ကောင်းမယ်ထင်ပါတယ်။နောက်ပိုင်းဆိုရင် Window Crack ဆိုတာကလည်းစိတ်သိပ်မချရတော့ပါဘူးဗျာ။:106:
  • edited March 2009 Registered Users
    ကျွန်တော်လည်း Windows XP SP2 crack version သုံးနေတာပါ။
    အခုချိန်ထိ update လုပ်လို့ရပါတယ်။

    အဓိက ကတော့ ကျွန်တော်တို့က ခွေဝယ်ပြီးရင် Product Key ကို ဒီတစ်ခုထည်းသုံးကြလို့ပါ။
    Product Key ပြောင်းသုံးကြည့်ပါလား။

    နောက်ပြီး crack တွေမှာ virus တွေပါတယ်ဆိုတာကတော့ ဘယ်ဆိုဒ်မှာတင်ထားလဲဆိုတာရှိပါတယ်။ ဘယ်သူတွေလုပ်တာလဲဆိုတာရှိပါတယ်။
    နာမည်ကြီးတဲ့ cracker (Team Embrace, Hack The Paradise စတဲ့သူ)တွေကတော့ virus တွေမထည့်ပါဘူး။

    နောက်ပြီး antivirus တွေမှာ false alarm ဆိုတာရှိပါတယ်.
    virus မဟုတ်တာကို virus လို့ပြောတာပါ။

    တစ်ချို့ crack တွေက ဖိုင်ဆိုဒ်ကြီးနေတော့ ချုံ့ချင်လို့ runtime packer တွေသုံးထားတယ်။
    တစ်ချို့ virus တွေကလဲ အဲဒီ runtime packer တွေဘဲသုံးပါတယ်။
    အဲဒါကြောင့် antivirus တွေက မခွဲတတ်တာပါ။

    virus ဟုတ်မဟုတ်သိချင်ရင် www.virustotoal.com မှာတင်ပြီးစစ်ကြည့်ပါ။
    ရှိသမျှ antivirus တွေက virus ဆိုရင်တော့ သေချာပါတယ်။ :68:
    နှစ်ခုသုံးခုလောက်ကသာပြတာဆိုရင် မဟုတ်ပါဘူး။ :67:
    တစ်ဝက်လောက်ကပြတာဆိုရင်တော့ သုံးသင့် မသင့်ကို စဉ်းစားပေါ့။ :39:

    :103:
Sign In or Register to comment.