MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Question for Blog ..

edited April 2009 in Blog
Google အကောင့်တစ်ခုတည်းကနေ Blog တစ်ခုထက်ပိုပြီး ဖန်တီးချင်လို့ပါ။ လုပ်လို့ ရမရလေး
သိပါရစေ ခင်ဗျာ။

ကျေးဇူး
ဖိုးချစ်

မှတ်ချက်များ

  • edited April 2008 Administrators
    ရပါတယ်... login ဝင်ပြီးတော့ ထိပ်နားမှာ New Blog ဆိုပြီးလုပ်လိုက်ရုံပါပဲ.. Google Account တစ်ခုတည်းနဲ့ blog တွေ တစ်ခုထက်ပိုလုပ်နိုင်ပါတယ်....
    အရင်ဆုံး www.blogger.com မှာ login ဝင်လိုက်ပါ...
    Manage Your Blogs ဆိုတဲ့နေရာမှာ Create a Blog ဆိုတာလေးရှိပါတယ်...
  • edited April 2008 Registered Users
    ကိုယ့် blog မှာလာသွားတဲ့ သူတွေရဲ. ip ကိုဘယ်လို သိအောင်လုပ်လဲမသိဘူးခင်ဗျ။ အားကိုးပါတယ် MZ အဖွဲသားများအားလုံးကို။ ကျေးဇူးတင်ပါတယ်။ :77:
  • edited April 2008 Registered Users
    saiaung wrote: »
    ကိုယ့် blog မှာလာသွားတဲ့ သူတွေရဲ. ip ကိုဘယ်လို သိအောင်လုပ်လဲမသိဘူးခင်ဗျ။ အားကိုးပါတယ် MZ အဖွဲသားများအားလုံးကို။ ကျေးဇူးတင်ပါတယ်။ :77:
    ဒါများဗျာ..ဒီလင့်အတိုင်းသွားပြီး..ကိုယ်ကြိုက်တဲ့ gadget ကို ဘလော့ထဲမှာထဲ့လိုက်ရင်ရပါတယ်..
    http://www.google.com/ig/directory?num=24&synd=open&q=ip+trace&btnG=Search+Google+Gadgets
  • edited April 2008 Registered Users
    Wordpress.org ကကျတော့ Email တစ်ခုကို Blog တစ်ခုပဲရတယ်ထင်တယ်။
    ကွန်ဖမ်းလုပ်ပေးကြပါ။
  • edited April 2008 Registered Users
    kkawave wrote: »
    ဒါများဗျာ..ဒီလင့်အတိုင်းသွားပြီး..ကိုယ်ကြိုက်တဲ့ gadget ကို ဘလော့ထဲမှာထဲ့လိုက်ရင်ရပါတယ်..
    http://www.google.com/ig/directory?num=24&synd=open&q=ip+trace&btnG=Search+Google+Gadgets

    ဟုတ်ကဲ့ခင်ဗျ ခုလိုပြောပြတာကျေးဇူးတင်ပါတယ်ဗျာ ဒါပေမဲ.ကျွန်တော်မေးတာ နည်းနည်းလိုသွားတယ်ဗျ။ ဘာလို့လဲဆိုတော့ ကျွန်တော်သိချင်တာက cbox ထဲဝင်ရေးသွားတဲ့ လူတွေရဲ. IP ကိုသိချင်တာခင်ဗျ။ ဥပမာဗျာ ဒီဖိုရမ် မှာ မှတ်ပုံတင်ရင် mail ပြန်ပို့တဲ့ အချိန်ကြရင် အသုံးပြုသူရဲ. IP ကဘယ်လောက်ဆိုတာ ဖော်ပြပေးတယ်လေ အဲလိုလေးသိချင်တာပါ။ ဘယ်လိုလုပ်ရမလဲဗျ။ သိရင်ဖြေပေးကြပါအုံးဗျာ..........
  • edited April 2008 Administrators
    saiaung wrote: »
    ဟုတ်ကဲ့ခင်ဗျ ခုလိုပြောပြတာကျေးဇူးတင်ပါတယ်ဗျာ ဒါပေမဲ.ကျွန်တော်မေးတာ နည်းနည်းလိုသွားတယ်ဗျ။ ဘာလို့လဲဆိုတော့ ကျွန်တော်သိချင်တာက cbox ထဲဝင်ရေးသွားတဲ့ လူတွေရဲ. IP ကိုသိချင်တာခင်ဗျ။ ဥပမာဗျာ ဒီဖိုရမ် မှာ မှတ်ပုံတင်ရင် mail ပြန်ပို့တဲ့ အချိန်ကြရင် အသုံးပြုသူရဲ. IP ကဘယ်လောက်ဆိုတာ ဖော်ပြပေးတယ်လေ အဲလိုလေးသိချင်တာပါ။ ဘယ်လိုလုပ်ရမလဲဗျ။ သိရင်ဖြေပေးကြပါအုံးဗျာ..........
    cbox မှာ သုံးသွားတဲ့ ip ကို cbox မှာ Login ဝင်ပြီး ပို့ထားတဲ့ message တွေမှာ ကြည့်လိုက်လို့ရပါတယ်...
  • edited April 2008 Registered Users
    saturngod wrote: »
    cbox မှာ သုံးသွားတဲ့ ip ကို cbox မှာ Login ဝင်ပြီး ပို့ထားတဲ့ message တွေမှာ ကြည့်လိုက်လို့ရပါတယ်...
    ဟုတ်ကဲ့ ကျေးဇူး ကိုစေတန်ရေ မသိတော့လဲ ဘယ်မှာ ရှာ ရမှန်းမသိဖြစ်နေတယ်။ ခုတော့ အဆင်ပြေ သွားပါပြီ။ :67:
  • edited June 2008 Registered Users
    ကျွန်တော် blog က archieve ဆိုတဲ့နေရာမှာ categories ပြောင်းချင်ရင်ဘယ်လိုပြောင်းရ
    လဲသိချင်လို့ပါ
    အခု blog မှာက post တွေကို category ခွဲလို့မရလို့ပါ
    ကျေးဇူး
  • edited June 2008 Registered Users
    MZ user တစ်ယောက်ရဲ့ MZ မှာရေးထားတဲ့ blog ကို MZ user မဟုတ်တဲ့ public က direct access လုပ်လို့ရလား
    ရရင် ဘယ် address ကိုရိုက်ထည့်ရလဲဟင်။
    ဘာမှာမသိသေးလို့ပါနော်:D:D:D
  • edited June 2008 Administrators
    လွယ်ပါတယ်..
    http://www.mysteryzillion.com/forums/blog.php?u=950
    forum မှာ ကိုယ့် user name ကို ကိုယ်ကြည့်လိုက်... ဒါမှမဟုတ် user id သိရင်ဖြစ်ပါတယ်..
    mega ရဲ့ (စာလုံးရှည်လို့ တိုတိုပဲ :D ) user id က 950 လေ... ဒါကြောင့် blog.php?u=950 ဖြစ်နေတာပါ
  • edited June 2008 Administrators
    aung.24 wrote: »
    ကျွန်တော် blog က archieve ဆိုတဲ့နေရာမှာ categories ပြောင်းချင်ရင်ဘယ်လိုပြောင်းရ
    လဲသိချင်လို့ပါ
    အခု blog မှာက post တွေကို category ခွဲလို့မရလို့ပါ
    ကျေးဇူး
    blogspot မှာနဲ့ တူတယ်.. ကျွန်တော်ကတော့ blogspot မသုံးတာ ကြာတော့ သေချာမသိတော့ဘူး... ရဖို့တော့မလွယ်ဘူးဗျ... သူက support ကို ပေးမထားသေးဘူးနဲ့တူတယ်...
  • edited June 2008 Registered Users
    saturngod wrote: »
    blogspot မှာနဲ့ တူတယ်.. ကျွန်တော်ကတော့ blogspot မသုံးတာ ကြာတော့ သေချာမသိတော့ဘူး... ရဖို့တော့မလွယ်ဘူးဗျ... သူက support ကို ပေးမထားသေးဘူးနဲ့တူတယ်...

    ဟုတ်ပါတယ် blogspot မှာပါ
    ဒါဆို ဘယ် host မှာ category ခွဲလို့ရလဲ အကို
    ကျွန်တော် က category ခွဲတာရယ် template edit လုပ်တာရယ်လုပ်ချင်တာပါ
    မြန်မာ font ကိုလဲ သုံးချင်သေးတယ်
    အဲဒါဆို ဘယ်မှာလုပ်ရင်ရတယ်ဆိုတာသိချင်လို့ပါ
    ကျေးဇူးတင်ပါတယ်
  • edited July 2008 Registered Users
    ကျွန်တော် ဘလော့ လေး ကို Main Page မှာ ၆ Post လို့ထားလိုက်ပြီး
    Older Post ဆိုပြီးတော့လုပ်လို့မရပါ။
    ကူညီကြပါဦး
    MZ က အစ်ကိုတို့ရေ
    :((:((:((:((
  • edited July 2008 Registered Users
    aung.24 wrote: »
    ကျွန်တော် blog က archieve ဆိုတဲ့နေရာမှာ categories ပြောင်းချင်ရင်ဘယ်လိုပြောင်းရ
    လဲသိချင်လို့ပါ
    အခု blog မှာက post တွေကို category ခွဲလို့မရလို့ပါ
    ကျေးဇူး
    ကိုအောင်ရေ
    blog မှာ archieve ဆိုတဲ့နေရာမှာ categories လို့ပြင်ချင်ရင် Layout ထဲက archieve = Editမှာ categories လို့ ပြင်လို့ရပါတယ်။ (နောက်တာနော်) :D
    ဒါလားမသိဘူး.
    Layout - Add a page Element -Labels-Add to Blog ကို နှိပ်လိုက်ရုံပါဘဲ.
    (categories ဆိုတာ labels ကို ဆိုလိုတာထင်ပါတယ်):106:
  • edited July 2008 Moderators
    Phoe Chit wrote: »
    Google အကောင့်တစ်ခုတည်းကနေ Blog တစ်ခုထက်ပိုပြီး ဖန်တီးချင်လို့ပါ။ လုပ်လို့ ရမရလေးသိပါရစေ ခင်ဗျာ။ကျေးဇူးဖိုးချစ်
    ညီလေးရေ စာရေးဆရာ ကိုစေတန်ကို သွားမမေးပါနဲ့ကွာ အလုပ်များနေတယ်..

    ကိုယ်လဲ ညီလေးလိုပါပဲ ကိုစေတန် ရေးထားတဲ့စာအုပ်ကို ML ထဲ၀င် ဆွဲလိုက်ကွာ..
    အဆင်ပြေမယ်ထင်တယ်... ကိုယ်လည်း ဒီစာအုပ်ကနေတစ်ဆင့်တက်ခဲ့တယ်...
    အဆင်ပြေပါစေဗျာ.. ချစ်သော iceos
  • edited July 2008 Registered Users
    ဘလော့လုပ်တာ..လုပ်လို့မရဘူး..page element တွေပေါင်းထည့်လို့မရဘူး..အရမ်းလုပ်ချင်နေပါတယ်..
  • edited August 2008 Registered Users
    Could you please tell me how can I know the IP of all the visitors of my blog. Not my IP.
    Thank you

    Istein
    :)):)):))
  • edited September 2008 Registered Users
    ရောင်းရင်းများခင်ဗျာ
    ကျွန်တော့် ဘလော့ဒ်မှာ မီနူးလုပ်ချင်လို့
    ဥပမာ အဖွင့်စာမျက်နှာ၊ သီချင်းများ စသည့်ဖြင့် ၊ မူရင်း Template မှာက ပါပါတယ်၊
    အဲ့ဒါတွေကို ကျွန်တော့်ဘလော့ဒ်ထဲ့က စာတွေ၊ သီချင်းတွေကိုပဲ လင့်ချိတ်ချင်လို့ ဘယ်လိုလုပ်ရမလဲ
    ပြောပြပေးပါလားခင်ဗျာ
  • edited September 2008 Registered Users
    blog မှာ တင်ပလိတ်ကို ဘလောက်ဇာနဲ့ ကွက်တိ ကျယ်ချင်ပါတယ် ဘယ်ကုတ်တွေကို ဘယ်လိုလုပ်ရမှာလဲ သိချင်ပါတယ်
  • edited September 2008 Registered Users
    aung.24 wrote: »
    ကျွန်တော် blog က archieve ဆိုတဲ့နေရာမှာ categories ပြောင်းချင်ရင်ဘယ်လိုပြောင်းရ
    လဲသိချင်လို့ပါ
    အခု blog မှာက post တွေကို category ခွဲလို့မရလို့ပါ
    ကျေးဇူး
    အစ်ကို ပိုစ် တင်တဲ့ နေရာမှာ add lebel ဆိုတာရှိတယ်
    အဲဒါလေးကြည့်ကြည့်ပါလား
    ပြီးတော Layout Setting ထဲမှာ Add Gadgets ဆိုတာရှိတယ်
    အဲဒီမှာရှာကြည့် မှန်လားတော့မသိဘူး။
  • edited October 2008 Registered Users
    ဘလော့ မှာ ပို့စ် တင်ရင် မြန်မာလိုရိုက်လိုရ ပါတယ် အဲ english လိုရိုက်ပြီး ရင်တော့ space ခြား လိုက်တာနဲ့ ကုလားစာလိုလို တရုတ်စာလိုလိုတွေ ဖြစ်နေရော ။ ကယ်ကြပါ :77:
  • edited January 2009 Registered Users
    kotharthar wrote: »
    Wordpress.org ကကျတော့ Email တစ်ခုကို Blog တစ်ခုပဲရတယ်ထင်တယ်။
    ကွန်ဖမ်းလုပ်ပေးကြပါ။
    ရပါတယ်ဗျာ။ wordpress ထဲကို log in ၀င်ပြီးတဲ့အခါ Dash Board ကို တန်းရောက်သွားတတ်ပါတယ်။ အဲဒီကနေတော့ လုပ်လို့ မရသေးဘူးခင်ဗျ။ wordpress.com ကို ပြန်သွားရပါတယ်။ အဲဒီမှာမှ ကိုယ့် Profile လေး အောက်မှာ ကိုယ်လုပ်ထားတဲ့ စာမျက်နှာလေးတွေ့မယ်။ အဲဒီအောက်မှာ Register another blog ဆိုတာလေး တွေ့ရင် လုပ်လို့ ရပါပြီခင်ဗျာ။:6:
  • edited April 2009 Registered Users
    ဘလော့မှာ မြန်မာပြက္ခဒိန် ရက်မရွေတော့ဘူး၊ ဘယ်လိုလုပ်မလဲဆိုတာ သိချင်ပါတယ်၊
  • edited April 2009 Registered Users
    ကျွန်တော်လည်း ဘလော့တစ်ခုကိုဘာမှမသိဘဲစမ်းတ၀ါး၀ါးနဲဲ့လုပ်နေပါတယ်။မေးစရာတွေကအများကြီးပါ
    ဖြေပေးကြပါဦး။
    ဘလော့ main page မှာ ကျွန်တော်ရှိစေချင်တဲ့ post တွေဘဲထားမယ်ဆိုဘယ်လိုလုပ်ရမလဲ။
    နောက်တစ်ခု ko nay gyi မေးထားသလို ခေါင်းစဉ်လေးတွေလုပ်ချင်တယ်။
    ပြီးတော့ကိုစေတန်ရဲ့ ဘလော့ရေးနည်းစာအုပ်ရှိတယ်လို့ကြားတယ် ဘယ်လိုရနိုင်မလဲ။
    ကူညီကြပါနော်။ ကိုစေတန်ဆီတောင်းထားတာလဲဘာမှအကြောင်းမပြန်ဘူး ။:77::77:
    :103::103::103::103::103::103:
  • ကိုစေတန်ရဲ့ ဘလော့ရေးနည်း စာအုပ် ရှိတယ်လို့ကြားတယ် ဘယ်လိုရနိုင်မလဲ။

    ကိုစေတန် ရေးထားတဲ့ ဘလော့ရေးနည်း စာအုပ် ကို အောက်က လင့်ခ်တွေမှာ ဒေါင်းနိုင်ပါတယ် ..

    From Direct Link Saturngod.net
    http://www.saturngod.net/?p=155
    

    From Other Link
    http://www.fileden.com/files/2008/11/4/2172771/Myanmar%20Blog%20Making.doc
    

    ဒါက ဟိုးအရင်တုန်းက ကိုစေတန်ရေးထားတဲ့ ဘလော့ရေးနည်း စာအုပ်ပါပဲ ..
    http://www.fileden.com/files/2008/11/4/2172771/Making%20Blog.pdf
    

    အဆင်ပြေပါစေ

    မနောသား
  • blog မှာ တင်ပလိတ်ကို ဘလောက်ဇာနဲ့ ကွက်တိ ကျယ်ချင်ပါတယ် ဘယ်ကုတ်တွေကို ဘယ်လိုလုပ်ရမှာလဲ သိချင်ပါတယ်

    တန်းပလိတ်ကို Width change ချင်တယ်ဆိုရင် ပထမဆုံးတန်းပလိတ် ကုဒ်တွေကို ကြည့်လိုက်ပါ။ ပြီးရင်အောက်မှာပြထားတဲ့ကုဒ်တွေကိုရှာပါ။
    #outer-wrapper {
    width: 660px;
    margin:0 auto;
    padding:10px;
    text-align:left;
    font: normal normal 100% Georgia, Serif;
    }
    #main-wrapper {
    width: 410px;
    float: left;
    word-wrap: break-word; /* fix for long text breaking sidebar float in IE */
    overflow: hidden; /* fix for long non-text content breaking IE sidebar float */
    }
    #sidebar-wrapper {
    width: 220px;
    float: right;
    word-wrap: break-word; /* fix for long text breaking sidebar float in IE */
    overflow: hidden; /* fix for long non-text content breaking IE sidebar float */
    }
    

    #main-wrapper ကပို့စ်အတွက် width သတ်မှတ်ထားတဲ့ div ပါ။ ပို့စ်နေရာကို width
    ပြောင်းချင်တယ်ဆိုရင် အဲဒီ width: 410px; ဆိုတဲ့နေရာမှာ ကိုယ်လိုချင်တဲ့ဂဏန်းကို ပြောင်းပေးလိုက်ပါ။ ဒါပေမယ့် အဲဒီလိုပြောင်းရင် #outer-wrapper ဆိုတဲ့နေရာမှာပါ လိုက်ပြီးပြောင်းပေးရပါမယ်။

    ဥပမာ အထက်ကကုဒ်တွေကိုကြည့်ပါ ။

    #outerwrapper ထဲက width: 660px; ဆိုတာ ပို့စ်နဲ့ဆိုဒ်ဘားနှစ်ခုပေါင်းရဲ့ width ပါ။ 660pixels ရှိပါတယ်။ ပို့စ်အတွက် #main-wrapper မှာက width: 410px နဲ့ #sidebar-wrapper အတွက် width: 220px ဖြစ်ပါတယ်။ နှစ်ခုပေါင်း 630pixels ရှိပါတယ်။ ပိုနေတဲ့ 30pixels ကပို့စ်နဲ့ ဆိုဒ်ဘားအလယ်မှာရှိနေတဲ့ gap ပါ။ တကယ်လို့ ပို့စ်ကို 700px နဲ့ဆိုဒ်ဘားကို 250px ထားချင်တယ်ဆိုပါဆို့ ။
    #main-wrapper {
    width: 500px;
    float: left;
    word-wrap: break-word; /* fix for long text breaking sidebar float in IE */
    overflow: hidden; /* fix for long non-text content breaking IE sidebar float */
    }
    #sidebar-wrapper {
    width: 250px;
    float: right;
    word-wrap: break-word; /* fix for long text breaking sidebar float in IE */
    overflow: hidden; /* fix for long non-text content breaking IE sidebar float */
    }
    
    အဲဒီဂဏန်းတွေကိုပြောင်းလိုက်ပါ။ ပြီးရင်-
    #outer-wrapper {
    width: 780px;
    margin:0 auto;
    padding:10px;
    text-align:left;
    font: normal normal 100% Georgia, Serif;
    }
    

    ဒါဆိုရင်ပို့စ်က 500px ရှိပြီး ဆိုဒ်ဘားကတော့ 250px ရှိနေမှာပါ။ သူတို့ကြားက အကွာအေ၀းကတော့
    30px ပေါ့။ ဒါပေမယ့် header box ကသေးနေပါလိမ့်မယ်။ လိုက်ကြီးချင်တယ်ဆိုရင်တော့ -
    #header-wrapper {
    width:660px;
    margin:0 auto 10px;
    border:1px solid #cccccc;
    }
    

    အဲဒီကုဒ်ကိုရှာပြီး width:660px; နေရာမှာ width:780px; ကိုပြောင်းပေးလိုက်ရုံပါပဲ။

    Ref : မြန်မာဘလော့ဂါဖိုရမ် မှ ကိုေ၀ယံလင်း ရေးသားထားတဲ့ ပို့စ်ကို ပြန်လည်ေ၀မျှခြင်း ဖြစ်ပါတယ် ....:)

    အဆင်ပြေပါစေ

    မနောသား
  • NayGyi wrote: »
    ရောင်းရင်းများခင်ဗျာ ကျွန်တော့် ဘလော့ဒ်မှာ မီနူးလုပ်ချင်လို့
    ဥပမာ အဖွင့်စာမျက်နှာ၊ သီချင်းများ စသည့်ဖြင့် ၊ မူရင်း Template မှာက ပါပါတယ်၊
    အဲ့ဒါတွေကို ကျွန်တော့်ဘလော့ဒ်ထဲ့က စာတွေ၊ သီချင်းတွေကိုပဲ လင့်ချိတ်ချင်လို့ ဘယ်လိုလုပ်ရမလဲ
    ပြောပြပေးပါလားခင်ဗျာ

    ဒီလို ပြောတာလား ..

    dyayxz.jpg

    အပေါ်က အတိုင်းဆိုရင်တော့ လုပ်နည်းတွေ အများကြီးရှိတယ်ဗျ ...ကျွန်တော်လုပ်တုန်းကတော့ CSS Tab Designer ကို သုံးပါတယ် ..အသုံးပြုပုံကလဲ လွယ်တယ် ..
    • အောက်မှာပေးထားတဲ့ Soft ကို ဒေါင်းပြီး Install လိုက်ပါ ..
    • ပြီးရင် ကိုယ့်စိတ်ကြိုက် ဒီဇိုင်း ( တန်းပလိတ်နဲ့ အိုကေတဲ့ဟာပေါ့ ) ကို ရွေးပြီး Tab တွေ လိုသလောက်ထည့်လိုက် ..
    • အားလုံးပြီးပြီဆို Generate HTML ဆိုတာကို Click လိုက်ပါ ..
    • Desktop ပေါ်မှာ html ဖိုင်ရယ် ၊ ဘယ်နဲ့ ညာအတွက် ပုံလေး ၂ ပုံရယ် ရထွက်လာမယ် ..
    • HTML ကို Notepad နဲ့ ဖွင့်ပြီး မြန်မာလို ရေးမယ်ဆို ဇော်ဂျီထည့်ပေါ့ ..
    • ပြီးရင် ဘယ်ညာ ပုံနှစ်ပုံကို Upload တင်ပြီး ကုဒ်တွေထဲမှာ ပြန်အစားထိုး ..( မူရင်းနေရာမှာ )
    • ကုဒ်တွေထဲမှာ အောက်ဆုံးနားမှာ လင့်ခ်တွေ ပြင်ပေးရမယ် ( အစားထိုးပေးရမယ် )

    ဥပမာ -

    Google ဆိုရင် http://www.google.com/ ပေါ့ ..
    စိတ်ကြိုက် ပြင်ပြီးသွားရင် ရလာတဲ့ ကုဒ်တွေကို Blog မှာ သွားထည့်လိုက်ပါ ..ဒါဆို ရပါပြီ ..

    အသုံးပြုချင်တယ်ဆိုရင်တော့ အောက်မှာ ဒေါင်းသွားနိုင်ပါတယ် ..
    http://www.fileden.com/files/2008/11/4/2172771/Setup.rar
    

    အဆင်ပြေပါစေ

    မနောသား
  • edited April 2009 Registered Users
    venkawwida wrote: »
    ဘလော့မှာ မြန်မာပြက္ခဒိန် ရက်မရွေတော့ဘူး၊ ဘယ်လိုလုပ်မလဲဆိုတာ သိချင်ပါတယ်၊

    ပြက္ခဒိန် အကြောင်းဒီမှာဆွေးနွေးထားတာရှိပါတယ်ဘုန်းဘုန်း။
    http://www.mysteryzillion.org/forums/showthread.php?t=3311
    
    အသုံး၀င်မယ်လို့ယူဆပါတယ်ဘုရား။
  • venkawwida wrote: »
    ဘလော့မှာ မြန်မာပြက္ခဒိန် ရက်မရွေတော့ဘူး၊ ဘယ်လိုလုပ်မလဲဆိုတာ သိချင်ပါတယ်၊

    ဘုန်ဘုန်းဘုရား အရင်လင့်ခ် -
    http://samerss.myanmarcalendar.com
    

    က အလုပ်မလုပ်တော့လို့ပါ ဘုရား ..ဒါကြောင့် ရက်တွေ မပြောင်းတော့တာပါ ..အခု လင့်ခ်အသစ်ရှိပါတယ် ဘုရား ..
    • Blogger ကနေ Layout section ကို သွားပါ ...
    • Add a Gadget ကို ထပ်ပြီး Click လိုက်ပါ...
    • Add a Gadget Window မှ Feed ကို ရွေးလိုက်ပါ ..
    • Feed Window တက်လာရင် အောက်ကလင့်ခ်လေးကို ထည့်ပြီး CONITUE ကို သွားလိုက်ပါ..
    http://kowunnako.itmgmg.com/
    

    စိတ်ကြိုက် လိုသလို ပြုပြင်ပြီး Save လိုက်ရင် အဆင်ပြေပါပြီ ဘုရား...

    Ref : http://kowunnako.itmgmg.com/

    ရိုသေစွာဖြင့်

    မနောသား
  • edited April 2009 Registered Users
    မင်္ဂလာပါ...:)

    ကျွန်တော် ktlinnstar ပါ။ ကျွန်တော် Wordpress.org မှာ Blog ရေးနေတာ ကြာပါပြီ။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်ပတ်လောက်က စပြီး ကျွန်တော့ blog က လုံးဝဖွင့်လို့ မရတော့ပါဘူး။ ကျွန်တော်ယူထားတဲ့ hosting က http://byethost.com ပါ။ အဲဒီ hosting ထဲကိုလည်း ဝင်လို့မရတော့ပါဘူး။ ဆိုးတာက ကျွန်တော့ blog address ကို ခေါ်လိုက်ရင် http://www.mybookface.com ဆိုတဲ့ Website ပဲ ပေါ်ပေါ်လာတယ်။:2: အဲဒါ ဘယ်လိုဖြစ်တာပါလဲ။ သိတဲ့သူများရှိရင် ဖြေပေးကြပါဦးလို့...........
    သြော်... ကျွန်တော့ blog က http://ktlinnstar.iblogger.org ပါ။

    အဲဒါ ကျေးဇူးပြုပြီး ဖြေကြားပေးစေလိုပါတယ်.......
    ကျွန်တော့ဆီကို Mail နဲ့လည်း ဖြေကြားပေးနိုင်ပါတယ်။ လိပ်စာကတော့ [email protected] ပါ။ :5:

    ကျေးဇူးတင်စွာဖြင့်
    ကိုကျော်သူလင်း
    (ktlinnstar)
  • edited April 2009 Registered Users
    မနောသားရေ..........
    ပြက္ခဒိန်အတွက် အဖြေပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်...
    ဘုန်းဘုန်းဆိုက်ကိုလည်း အလည်လာ ပြီး စာပေများ ဖတ်သွားပါဦး..
  • edited April 2009 Registered Users
    blogspot ဆိုရင်တော့ labels ဆိုတဲ့ name လေးတွေ ပေးခဲ့ရင် အလိုအလျောက် ခွဲပေးတယ်လေ။ Archive ဆိုတာ Categories မဟုတ်ဘူးလေ... ရေးခဲ့တဲ့ အကြောင်းအရာတွေကို အချိန်ကာလ အလိုက်စုစည်း မှုပါ။
  • edited April 2009 Registered Users
    saiaung wrote: »
    ဟုတ်ကဲ့ခင်ဗျ ခုလိုပြောပြတာကျေးဇူးတင်ပါတယ်ဗျာ ဒါပေမဲ.ကျွန်တော်မေးတာ နည်းနည်းလိုသွားတယ်ဗျ။ ဘာလို့လဲဆိုတော့ ကျွန်တော်သိချင်တာက cbox ထဲဝင်ရေးသွားတဲ့ လူတွေရဲ. IP ကိုသိချင်တာခင်ဗျ။ ဥပမာဗျာ ဒီဖိုရမ် မှာ မှတ်ပုံတင်ရင် mail ပြန်ပို့တဲ့ အချိန်ကြရင် အသုံးပြုသူရဲ. IP ကဘယ်လောက်ဆိုတာ ဖော်ပြပေးတယ်လေ အဲလိုလေးသိချင်တာပါ။ ဘယ်လိုလုပ်ရမလဲဗျ။ သိရင်ဖြေပေးကြပါအုံးဗျာ..........

    အဲဒါကတော ့....ကို C-box လုပ်ထားတဲ ့နေရာမှာ...ဝင်ကြည် ့ရတယ်ခင်ဂျ...
    မတွေ ့ရင်စိတ်မဆိုးနဲ ့နော်....ဖေါကြည် ့တာ...အဟီး:D:D:D:D
  • edited April 2009 Administrators
    ktlinnstar wrote: »
    မင်္ဂလာပါ...:)

    ကျွန်တော် ktlinnstar ပါ။ ကျွန်တော် Wordpress.org မှာ Blog ရေးနေတာ ကြာပါပြီ။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်ပတ်လောက်က စပြီး ကျွန်တော့ blog က လုံးဝဖွင့်လို့ မရတော့ပါဘူး။ ကျွန်တော်ယူထားတဲ့ hosting က http://byethost.com ပါ။ အဲဒီ hosting ထဲကိုလည်း ဝင်လို့မရတော့ပါဘူး။ ဆိုးတာက ကျွန်တော့ blog address ကို ခေါ်လိုက်ရင် http://www.mybookface.com ဆိုတဲ့ Website ပဲ ပေါ်ပေါ်လာတယ်။:2: အဲဒါ ဘယ်လိုဖြစ်တာပါလဲ။ သိတဲ့သူများရှိရင် ဖြေပေးကြပါဦးလို့...........
    သြော်... ကျွန်တော့ blog က http://ktlinnstar.iblogger.org ပါ။

    အဲဒါ ကျေးဇူးပြုပြီး ဖြေကြားပေးစေလိုပါတယ်.......
    ကျွန်တော့ဆီကို Mail နဲ့လည်း ဖြေကြားပေးနိုင်ပါတယ်။ လိပ်စာကတော့ [email protected] ပါ။ :5:

    ကျေးဇူးတင်စွာဖြင့်
    ကိုကျော်သူလင်း
    (ktlinnstar)
    hosting က အစ်ကို့ ကိုယ်ပိုင်လား... အခုတော့ ရန်ကုန်မှာ Access Denied ဖြစ်နေတယ်... :D မနက်ဖြန် ကျော်ကြည့်လို့ရရင် ကြည့်ပေးမယ်
  • edited April 2009 Registered Users
    ကျွန်တော် လဲ တစ်ခု လောက် မေးချင်လို ့ပါ.. ကျွန်တော် ကိုစေတန် ဆိုင်ကို လာသုံးတုံးက flash game .swf ဖိုင် တွေကို ခွေကူးသွားပါတယ်.. အဲဒါတွေကို wordpress မှာ ဘလော ့ လုပ်ချင်လို ့ပါ.. လုပ်ချင်တဲ ့ပုံစံ က y8 လို ပုံလေးတင် ပြချင်တာ..ကလစ် နှိပ်မှ ဂိမ်း ကို တစ်ကယ်ဆော ့ချင်တယ်.. ပြီးတော ့ register user မှ ဘဲ ဆော ့လို ့ရချင်တယ်.. အသင်းမ၀င် တဲ ့သူ က မြင် လို ့ဘဲ ရမယ်.. အဲတာ ဘာ plug in သုံးလို ့ရ မလဲခင်ဗျာ..Domain က iblogger ပါ.. hosting က byethost မှာ ဖ၇ီး အကောင ့်နဲ ့လုပ်ထားတာပါ.. ဂိမ်း ဘလော ့ဆိုတော ့ ဘာ plug in တွေများ လိုမလဲ ခင်ဗျာ.. ကလေး မဟုတ်တဲ ့ ကလေးကြီး တွေ အတွက် ပါ..ဟီးးး ... နောက်ထပ် သိချင်တာ ရှိပါတေးတယ် ... အဲတာ ကတော ့ Local host မှာ wp ကို ကလိပြီး host ပေါ်တင်ချင်တာ zip နဲ ့အပိုင်းလေး တွေဖြတ်ပြီး တင်ပါတယ်.. အဲဒီနောက် zip ပြန် ဖြည်ပါတယ်.. ဘာ ဆက် လုပ်ရအုံးမလဲ ခင်ဗျာ.. ကူညီကျပါအုံး...
  • edited April 2009 Registered Users
    blogspot မှာ html example posts တွေ တင်လို့ရအောင်ဘယ်လိုလုပ်ရလဲမသိဘူးနော်...
    ကျနော်... (Quick escape tool) မသုံးချင်ဘူး... ပြောင်းဖို့။တစ်ခါဖတ်ဘူးတယ်...quick
    escape tool မသုံးပဲဘလော့ဂ်မှာ တင်လို့ရတယ်လို့။
  • blogspot မှာ html example posts တွေ တင်လို့ရအောင်ဘယ်လိုလုပ်ရလဲမသိဘူးနော်...

    Code View အနေနဲ့ ပေါ်ချင်တာကို ပြောတာလား .. ?

    အောက်ကလင့်ခ်လေးမှာ သွားဖတ်ကြည့်လိုက်ပါ ..
    http://www.thanlonengal.co.cc/2008/08/post-code-view.html
    

    Install code syntax highlighter on blogspot
    http://www.manawthar.com/2009/04/install-code-syntax-highlighter-on.html
    

    အဆင်ပြေပါစေ

    မနောသား
Sign In or Register to comment.