MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Internet cafe မှာသုံးတဲ့ networking စနစ်ကဘာဖြစ်မှန်းမသိဘူး

edited April 2009 in Networking
ကျွန်တော်က အင်တာနက်နဲ့ပက်သက်ပြီး တကယ်နည်းလမ်းတကျနဲ့ သင်ယူတတ်မြောက်ခဲ့တာတော့မဟုတ်ပါဘူးခင်ဗျာ....
စိတ်ပါ၀င်စားလို့ လေ့လာရင်းနဲ့ဘဲ အခုလောက်လုပ်တတ်နေရခြင်းဖြစ်ပါတယ်...
ကျွန်တော်မသိနားမလည်သေးတာတွေကိုလဲ စိတ်ရှည်သည်းခံ စွာဖြင့် ပြန်လည်ရှင်းပြသင်ကြားကူညီကြစေလိုပါတယ် ....

ကျွန်တော့်ဆီမှာ ဂျီတော့ကနေ private cam လိုမျိုးဗိုင်းရပ်စ်၀င်ရောက်ခဲ့ရင် ဖြေရှင်းနိုင်မဲ့ဆော့၀်ကိုထည့်သွင်းထားချင်နေပါတယ်
ရှာလို့လဲမတွေ့ဘူးဖြစ်နေပါတယ်... ဒီထဲမှာလဲ ရှာကြည့်ပါတယ်... ကျွန်တော်ဘဲမရှာတတ်လို့လဲမသိဘူး.. မတွေ့ဘူးဖြစ်နေပါတယ်....
ဖြစ်နိုင်ရင် clear private cam ဆော့၀်လေးကိုပေးကြစေလိုပါတယ်....

နောက်တခု က ကျွန်တော့်အင်တာနက်ကဖေးမှာ သုံးတဲ့ networking စနစ်ကဘာတွေကြောင်နေမှန်းမသိဘူးဖြစ်နေပါတယ်....
စတင်တပ်ဆင်တုန်းကတော့ သုံးရတာအဆင်ပြေနေပြီး ၁ပတ်လောက်ကြာတော့ server မှာဘဲ အလုပ်လုပ်နေပြီး ကျန်တဲ့ စက်တွေကိုနက်မရတော့တာဘဲဖြစ်နေပါတယ်...
ကြိုးတွေကိုလဲ သေချာစစ်ပြီးပါပြီ... စက်ကိုလဲ window ပြန်တင်လိုက်ပါတယ်

ကျွန်တော်က MPT ကနေ ADSL 256MB ဘဲ ရထားပါသေးတယ်... မြန်နှုန်းတော့တိုးထားဆဲပါ
ကျွန်တော်ဆင်ခဲ့တဲ့ ပုံစံကတော့ မိုဒမ်ကနေ netgear အမျိုးအစား router ထဲကိုထည့်တယ် အဲကြိူးကိုတော့ Lan ကြိုးလို့ အမည်ပေးထားပြီး .. အဲကနေserver စက်ထဲကိုထည့်တယ်... နောက်စက်ရဲ့ အပေါက်တခုကနေ lan 2 ကြိုးနဲ့ 16 port ကိုသွားထားပါတယ်... အဲကနေမှကျန်တဲ့ စက်တွေကိုသွားပါတယ်...

အဲလိုဆင်လိုက်တော့ စစချင်းမှာတော့အိုကေနေပြီး နောက်ကျတော့ server မှာဘဲ သုံးလို့ ၇နေပြီး .... ကျန်တဲ့ စက်တွေမှာနက်သုံးလို့မရတော့ဘူးဖြစ်နေပါတယ်
ကြိုးကြောင့်လဲ မဟုတ်တော့လောက်ပါဘူး... ကြိုးလဲ စစ်ပြီးပါပြီ.... server ဘဲကြောင်နေလို့လားဆိုပြီး စက်ကိုလဲ window ပြန်တင်ကြည့်ပြီးပါပြီ

အခု အဲလိုဆင်တာမရလို့ sharing နည်းနဲ့ ဘဲ ပြန်ထားထားနေရပါတယ်
အဲတာကတော့ မိုဒမ်ကနေ router ကိုသွားပြီး အဲကနေ 16 port ကိုထည့်လိုက်ပါတယ်
အဲကနေမှစက်အားလုံးကိုသွားထားပါတယ်
အဲလိုလုပ်တော့မှဘဲ စက်အားလုံးမှာ နက်သုံးလို့ ၇နေပါတော့တယ်....

ဆိုင်သုံးအနေနဲ့ ပြန်ထားပြီး သုံးချင်ပါတယ်... ဘယ်လိုနည်းနဲ့ ဆောင်ရွက်နိုင်မယ်ဆိုတာလေးကိုသိချင်နေပါတယ်... ဖြစ်နိုင်ရင် အစအဆုံးပြောပြပေးစေလိုပါတယ်
အစအဆုံးပြန်လုပ်ပါ့မယ်....

ကျေးဇူးတင်ပါတယ်...

kzlm
[email protected]
[email protected]

မှတ်ချက်များ

  • edited April 2009 Registered Users
    အစ်ကိုကိုကူညီပါမယ်ကျွန်တော်နောက်တစ်နေ့ကြရင်နားလည်တတ်ကျွမ်းတဲ့သူတွေဆီမှာမေးပြီးတင်ပေး
    ပါမယ်....အစ်ကိုရဲ့ဆိုင်နာမည်ကိုသိလိုရမည်လားခင်ဗျာ.....:103::103::103:
    ဖြစ်နိုင်တာကအစ်ကိုနောက်ထပ်ထည့်တဲ့စက်ရဲ့ network card မကောင်းတာဖြစ်နိုင်ပါတယ်..network card ကိုပြောင်းသုံး
    ကြည့်ပါလား...
  • edited April 2009 Registered Users
    ကျွန်တော့်က အခုမှဆိုင်ကိုစပြီးစမ်းသပ်ဖွင့်နေတာပါ
    ဆိုင်နံမည်ကို စုစံ လို့ပေးထားပါတယ်... တောင်ကြီးကပါ ....
    network card ကြောင်တာပေါ့နော်.... အင်း ... အဲစက်ရဲ့ lan ကဒ်တခုက အရင်ထဲကရှိပြီးသားတခုပါ... နောက်တခုက အသစ်တပ်ထားတာပါ
    ကျေးဇူးပါဘဲ... အဲတာကိုပြန်စမ်းကြည့်ပါ့မယ်...

    KZLM
  • edited April 2009 Moderators
    အင်တာနက် အသုံးပြုခြင်း ကျွမ်းကျင်တာနဲ့ ပတ်သတ်ပြီး ဒီ Mz မှာ ဆောင်းပါး ကောင်းကောင်း Thread တစ်ခုရှိတယ်ဗျ။

    အောက်က link မှာ ဖတ်နိုင်ပါတယ်။တစုံတရာ တော့ ပညာရမှာပါ။
    http://www.mysteryzillion.org/forums/showthread.php?t=3100
    
  • edited April 2009 Registered Users
    မအိအိသိချင်တာက ဘာ software နဲ့Internet share တာလဲ အဖြစ်နိုင်ဆုံးက software ကြောင့် ပါ။ Wingate ဆိုရင် expire ခန ခန ဖြစ်တတ်တယ်။ Winroute ဒါမှမဟုတ် CCproxy
    သုံးကြည့်ပါ ရပါလိမ်မယ်၊ ရန်ကုန်မှာဆိုရင်တော့ လာလုပ်ပေးချင်ပါတယ် တောင်ကြီးကဆိုတော့ သိပ်ေ၀းတယ်
  • edited April 2009 Registered Users
    khinezaw wrote: »


    ကျွန်တော်က MPT ကနေ ADSL 256MB ဘဲ ရထားပါသေးတယ်... မြန်နှုန်းတော့တိုးထားဆဲပါ
    ကျွန်တော်ဆင်ခဲ့တဲ့ ပုံစံကတော့ မိုဒမ်ကနေ netgear အမျိုးအစား router ထဲကိုထည့်တယ် အဲကြိူးကိုတော့ Lan ကြိုးလို့ အမည်ပေးထားပြီး .. အဲကနေserver စက်ထဲကိုထည့်တယ်... နောက်စက်ရဲ့ အပေါက်တခုကနေ lan 2 ကြိုးနဲ့ 16 port ကိုသွားထားပါတယ်... အဲကနေမှကျန်တဲ့ စက်တွေကိုသွားပါတယ်...

    Server မှာ IP 2 ခုရှိမှာပေါ့ ။ Lan 2 ရဲ့ IP က တခြားစက်တွေရဲ့ Default Gateway ဖြစ်ရပါမယ်။ တခြားစက်တွေက Server ရဲ့ LAN2 IP ကို ping လို့ ရရပါမယ်။ Server နဲ့ Client တလုံးလုံးရဲ့ ipconfig /all result လေးများပြနိုင်မလားခင်ဗျာ ? ဒီမှာမတင်ပဲ PM ပို့လဲရပါတယ်။
  • edited April 2009 Registered Users
    server တင်ထားတယ်ဆိုရင်တော့ server administration ကိုနားလည်ဖို့လိုပါတယ်
    လေ့လာပီးတော့ပညာသင်ယူ၇င်းနဲ့စမ်းသပ်စေချင်ပါတယ်
    server ကနေ ip ဘယ်လောက်နဲ့ခွဲထားလဲဆိုတာသိဖို့လိုတယ်
    အဲဒီip ကို client စက်ကနေ ping လုပ်ကြည့်ပါ ping မသွားရင်တော့ server မှာပြင်ရမှာတွေရှိတယ် ဒီတိုင်းပြောပြဖို့ကမလွယ်ဘူး နောက်တစ်ခုက ကဒ်ပျက်တာလဲဖြစ်နိုင်ပါတယ်
    ping မသွားဘူးဆိုရင်ပေါ့ ကြိုးကြောင့်လဲဖြစ်နိုင်ပါတယ်
    ဖြစ်နိုင်တာတွေအများကြီးရှိပါတယ် တစ်ခုခြင်းဆီကိုစမ်းသပ်ကြည့်ရပါမယ်
    ping ရတယ်ဆိုရင်လဲ server မှာ ပြင်ရမှာတွေရှိပါတယ် windows 2003 server တင်ထားတာလား dhcp ပေးထားလား dns နဲ့သွားတာလားဆိုတာလဲရှိသေးတယ်
    အဲဒါကြောင့် server ကိုလေ့လာဖို့ link ပေးလိုက်ပါတယ် pdf file တွေဒေါင်းလုပ်လုပ်ပီးလေ့လာပါလို့အကြံပေးချင်ပါတယ်
    http://www.btebook.com/ebook/8-01a8edbf9d27cebe.htm

  • edited April 2009 Registered Users
    A Sin Pyay thwer p lar ma thi buu norr.........
  • edited April 2009 Registered Users
    အကိုရေ...ကျွန်တော် ပြောကြည့်မယ်နော်.. အကိုက MPT ကယူထားတယ် ဆိုတော့ Modem ကနေ ထွက် ပြီးတော့ Router ဆီ တစ်ခါ သွား သေးတယ် ပြ၊ီးမှ Server က နေ Lan2 ကိုသွား အဲကနေမှ Switch ကို သွားတယ် ဆိုတော့ အဆင့်တွေ က များ မနေဘူး လား ဗျာ... Modem ကနေ ထွက်ပြီးတော့ Router မသုံးပဲ Server ကနေမှ Switch ကို သွား ရင် အဆင်မပြေနိုင်ဘူးလား.. ကျွန်တော် အထင်တော့ Router သုံးထား ရင် Server မလိုလောက်တော့ဘူးထင်တာ ပဲ...ဒါ မှ မဟုတ် Server သုံးထားတယ် ဆိုရင်တော့ Router မလိုလောက်တော့ဘူးလို့ ထင်တာ ပဲ... တစ်ခု ထည်း နဲ့ သုံး ကြည့်ပါလား bro ရယ်..... အဆင်ပြေ လိမ့်မယ်လို့ ထင်ပါတယ.်. ကျွန်တော် တို့ လည်း MPT က ယူထား တာ ပါ Router မသုံးတော့ ပါဘူး Modem က နေ Server ဆီကို တန်း သွားထားတာ ပါ .. အဲဒီကနေမှ Switch က နေမှ.. client တွေ ကို ပေးသုံး ထား တာ တော်တော် လေး ဆင်ပြေ နေပါတယ်.. ဒီထက် ပိုကြွမ်းကျင် တဲ့ MZ က ကိုကို မမ တွေ က နေ ဆက် ပြီးတော့် ပြော ပြပါလိမ့်မယ်...
    ကျွန်တော် ပြောလိုကမတာ အမှာ း ပါ ရင် လည်း .......ခွင့် လွှတ် ပေး ကြနော်... :68::68:
  • edited April 2009 Registered Users
    မအိအိသိချင်တာက ဘာ software နဲ့Internet share တာလဲ အဖြစ်နိုင်ဆုံးက software ကြောင့် ပါ။ Wingate ဆိုရင် expire ခန ခန ဖြစ်တတ်တယ်။ Winroute ဒါမှမဟုတ် CCproxy
    သုံးကြည့်ပါ ရပါလိမ်မယ်၊ ရန်ကုန်မှာဆိုရင်တော့ လာလုပ်ပေးချင်ပါတယ် တောင်ကြီးကဆိုတော့ သိပ်ေ၀းတယ်
    quote.gif


    တစ်ကယ်ပြောတာလား မအိအိ ..... ဟိဟိ
    ...ပြီးတော့လေ တစ်ခုသိချင်သေးတယ်ဗျ ...window7 ့ မှာ network ကနေပြီးတော့ file တွေကို share ပေးလို့မရဘူးဖြစ်နေတယ်ဗျ ...ဘယ်လိုလုပ်ရင် ရနိုင်မလဲဟင် ...
  • edited April 2009 Registered Users
    khinezaw wrote: »
    ကျွန်တော့်ဆီမှာ ဂျီတော့ကနေ private cam လိုမျိုးဗိုင်းရပ်စ်၀င်ရောက်ခဲ့ရင် ဖြေရှင်းနိုင်မဲ့ဆော့၀်ကိုထည့်သွင်းထားချင်နေပါတယ်
    ရှာလို့လဲမတွေ့ဘူးဖြစ်နေပါတယ်... ဒီထဲမှာလဲ ရှာကြည့်ပါတယ်... ကျွန်တော်ဘဲမရှာတတ်လို့လဲမသိဘူး.. မတွေ့ဘူးဖြစ်နေပါတယ်....
    ဖြစ်နိုင်ရင် clear private cam ဆော့၀်လေးကိုပေးကြစေလိုပါတယ်....

    အနော်ကတော ့..network နဲ ့ပတ်သတ်ပြီး..သိပ်မသိလို ့ပါ...
    Private cam နဲ ့ပတ်သတ်လို ့ကတော ့...Fix private cam ဆိုတာရှိပါတယ်..
    MZ မှာ ရှာကြည် ့ပါနော်.....AVG 2007 လည်း သတ်တယ်အကို...
    Norton 2009 လည်းကောင်းတယ်လို ့....ကြားပါတယ်..
    လုပ်ကြည် ့ပါ...အဆင်ပြေပါစေ..
  • edited April 2009 Registered Users
    ကို ခိုင်ဇော် အခုဆင်ထားတဲ့ ပုံက ဒီလိုလား

    (၁) Internet <->DSL Modem <-> Router <-> Switch <-> CLients

    အဲဒါကတော့ router နဲ့ သုံးတဲ့ ပုံစံအမှန်ပဲဗျ
    အဓိကလုပ်ပေးရမှာက router ရဲ့ password ကို ပြောင်းလဲပြီးခိုင်ခိုင်မာမာပေးဖို့နဲ့
    MPT ISP ရဲ့ login password ကို လည်း ခိုင်ခိုင်မာမာထားဖို့ပါပဲ မဟုတ်ရင် ကြိုက်တဲ့ client ကနေ router, ISP Login ကို လှမ်း access လုပ်နိုင်နေလို့ပါပဲ


    (၂) Internet <->DSL Modem <-> Router <-> Server <-> Switch <-> CLients
    ဒါကတော့ အကို ပထမဆုံးဆင်တဲ့ ပုံစံဖြစ်မယ်ထင်ပါတယ်
    ဆိုရင်တော့ proxy software တစ်ခုခု (သို့) connection sharing လုပ်ပေးဖို့လိုပါတယ်
    ဒါပေမယ့် ပြဿနာက routing နှစ်ဆင့် ခံသွားတဲ့အတွက် ရှုပ်ထွေးသွားမယ်လို့ထင်တယ်(ကျနော့်အမြင်)

    အကောင်းဆုံးကတော့ router သုံးချင်တယ်ဆို အပေါ်ဆုံးကအတိုင်းပဲလုပ်ပါ။
    ဆာဗာ ထိုင်ချင်တယ်ဆိုရင်တော့ router မသုံးပါနဲ့

    Internet <->DSL Modem <->Server (ISA/Squid/CCproxy/Wingate)<-> Switch <-> CLients
    ဒီလိုဖြစ်ပါမယ်
    server မှာ ကြိုက်နှစ်သက်ရာ proxy software တစ်ခုတင်ပြီးသုံးပေးရပါမယ်
    xp ပဲသုံးချင်တယ်ဆိုရင်တော့ CCProxy ကအဆင်ပြေပါတယ်
    ISA 2006 တင်မယ်ဆိုရင်တော့ microsoft windows server 2003 sp1 တင်ပေးရပါမယ်
    Squid ကတော့ windows မှာရော linux မှာပါအလုပ်လုပ်ပါတယ် Linux မှာပိုကောင်းတယ်လို့သိရပါတယ်


    ကိုခိုင်ဇော်အတွက် အထောက်အကူပြုမယ်လို့ထင်ပါတယ်:)
Sign In or Register to comment.