MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Zawgyi Normaliztion & Syllable Breaking in Web (PHP , Opensource)

edited April 2009 in Project
လူတစ်ကိုယ်စာတစ်မျိုးဆိုတာ တကယ်ပဲဗျ… တစ်ယောက်တစ်မျိုးရေးကြတာပဲဗျ.. normalization လုပ်လိုက်တော့မှ သိတော့တယ်။ အတတ်နိုင်ဆုံး reduce လုပ်ထားတယ်။ အခုတော့ pattern 51 မျိုးနဲ့ ရသွားတယ်။ အားလုံး အိုကေတယ်ဆိုရင်တော့ ornagai.com မှာ သုံးတော့မယ်။ www.ornagai.com/zgnor မှာ တချက်လောက် စစ်ပေးပါ။
တချို့တွေက U(–့) နဲ့ မရေးပဲနဲ့ Space Y(– ့) နဲ့ရေးကြတယ်။ တချို့တွေက ေ space ဖြစ်ပါနေတတ်တယ်။ တော်တော်များများကို fixed လုပ်ထားပါတယ်။


Zawgyi Normalization နဲ့ syllable breaking ကို ဒီနေ့တော့ RC version လေးပြီးသွားတယ်။ အံဩဖွယ်ရာကောင်းတာက ကျွန်တော် အများကြီးရေးထားတဲ့ pattern တွေကို ၁၀ ကြောင်းတည်းနဲ့ ရေးလို့ရသွားတာပဲ။ ကိုယ့်အချိန်တွေတောင် ကိုယ်နှမြောတယ်။ အတွေ့အကြုံဆိုတာက လက်တွေ့ကနေ ရယူရတာပဲ။ အတွေ့အကြုံရှိမှပဲ လုပ်ရ ကိုက်ရတာ မြန်မှာ။ အခု စုစုပေါင်း pattern 51 ခုနဲ့ ပြီးသွားတယ်။ အမှန်တိုင်းဆိုရင်
ပိသာ = ပိဿာ
ပြသနာ = ပြဿနာ
ေ၇=ရေ
၇ာ=ရာ
၇ွ=ရွ
စတာတွေ ထပ်ဖြည့်ထားတာကြောင့်လည်း ပါတယ်။ အမှန်တိုင်းဆို normalization က တော်တော်အရေးပါတယ်။ အစက ကိုညီလင်းဆက် ပြောတုန်းက အမှုမဲ့အမှတ်မဲ့ပဲလေ။ syllable breaking အကြောင်း ကိုရဲမြတ်သူပြောတုန်းက ဘယ်နေရာမှာသုံးမလဲ သေချာမပြောတတ်ဘူး။ နောက်တော့ ornagai ကိုလုပ်မှပဲ normalization , syllable breaking တွေ အရေးပါတာကို သိတော့တယ်။ ကိုရဲမြတ်သူနဲ့ ကိုညီလင်းဆက် ပြောဘူးတာတွေက တော်တော်လေးကို အထောက်အကူဖြစ်သွားတယ်။ ကိုညီလင်းဆက်ရဲ့ data တွေက အထောက်အကူပေးတယ်။ ယခုလက်ရှိ ရေးထားတာကတော့ ကိုစိုးမင်း python နဲ့ရေးထားတာလောက် မြန်မှာတော့ မဟုတ်လောက်ဘူး။ သူ့မြန်နှုန်းက ကြောက်စရာကြီး ။ 60 MB/s ဆိုလား မသိဘူး။ online မှာကတော့ loading ကြောင့်လား connection ကြောင့်လားတော့ မသိဘူး နည်းနည်းနှေးတယ်။ အခု RC version မှာ ပြဿနာမရှိရင် opensource နဲ့ opentech ချတော့မှာ ဖြစ်လို့ ဝိုင်းစစ်ပေးစေချင်ပါတယ် Syllable Breaking ကို http://myanmarwords.pikay.org/ ကနေ စစ်ဆေးခဲ့ပါတယ်။


အစကတော့ syllable breaking လုပ်ရတာ တော်တော်လေးမူးနောက်နေတာပဲ။ ဟော… အခုတော့ လွယ်လိုက်တာမှ ဖြစ်ခြင်း။ ယုံမလား မသိဘူး။ pattern 10 ခုနဲ့တင် ပြီးသွားတယ်။ အစက အခု ၃၀ လောက်ကနေ အခု ၁၀ ခုနဲ့တင်ပြီးသွားတော့ တော်တော်တောင် အံဩမိတယ်။ အော်.. တော်တော် ညံ့တဲ့ငါပါလားလို့…. အခုတော့ အရင်ထက် မြန်သွားပြီ။ နောက်ပြီး –ဲ|–ံ|–ိ|–ီ|–့|–့ စတာတွေကို duplicat ဖြစ်နေရင် ဖျက်ပေးတယ်။ နောက်ပြီးတော့ –ု|–ူ|–ှ|–ှု စတာတေ ရောနေရင် နောက်ဆုံး ရိုက်ထားတာ ယူလိုက်တယ်။ duplication ဖြစ်နေရင်လည်း ဖျက်ပြီး တစ်ခုပဲ ယူတယ်။ တော်တော်လေးကို ကောင်းမွန်လာပြီ။ ခက်တာက စမ်းရတာ အားမရသေးဘူး။ ထပ်ပြီးတော့ စမ်းအုံးမယ်။ စိတ်ကျေနပ်ပြီဆိုရင် tech ကော source ပါ open ချပေးမှာပါ။

မှတ်ချက်များ

  • edited April 2009 Registered Users
    အားပေးတယ် ကိုစေတန်ရေ။ Thanks button နှိပ်တာ အားမရလို့ ရေးလိုက်တယ်။
    ကိုစိုးမင်းတို့ ကိုညီလင်းဆက်တို့ blog က post တွေမှာ သူတို့ရဲ့ theory တွေချပြထားတာ
    တော်တော် ကျေးဇူးတင်ဖို့ကောင်းတယ်။
    ခင်ဗျား လည်း အချိန်ပေးပြီးလုပ်တာ ကောင်းတယ်ဗျို့။
    ကျန်းမာရေးလည်း ဂရုစိုက်ဦး။
    ကျွန်တော် ကတော့ လက်မရောက်ဘူး။ :D
  • edited April 2009 Registered Users
    ဟုတ်တယ်ဗျာ အဲလို လုပ်လိုက်တာ အရမ်းပဲ ကောင်းသွားပါတယ်။ Open Source ပါပေးမယ်ဆိုတော ့
    တခြားလုပ်ချင်တဲ ့လူတွေ တွက် ပိုကောင်းသွားတာပေါ့ဗျာ.....။ :)
  • edited April 2009 Administrators
    ဟုတ်... အဲဒီ နှစ်ခုပြီးတာနဲ့ wordpress အတွက် plugin လုပ်မယ်.. ornagai မှာ ထည့်မယ်.. မနက်ဖြန်လောက်ဆို ပြီးပါပြီ... ပြီးရင် wordpress အတွက် လုပ်မယ်... wordpress မှာ search ကိုတိုးမြှင့်ဖို့ပေါ့.. ပြသနာ တစ်ရပ်ရှိနိုင်တယ်.. 0 width space ထည့်လိုက်ရင်.. google အနေနဲ့

    ကိုကိုရေ
    ဆိုတဲ့ စာလုံးကို ရှာတဲ့အခါမှာ website ထဲမှာက
    ကို()ကို()ရေ()
    ()= 0 width space
    ဖြစ်နေရင် တွေ့နိုင်မလားဆိုတဲ့အချက်.. အဲဒီအချက်က စိတ်ဝင်စားဖို့ကောင်းတယ်.. စမ်းကြည့်ဖို့ သေချာအချောမသတ်ရသေးလို့...
  • edited April 2009 Registered Users
    တကယ်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ တခြား ဘယ်ဘာသာစကား ဆီကမှ ပုံတူကူးဖို့၊ မှီငြမ်းဖို့ ခက်တဲ့ ကိစ္စတွေပါ။
    မတတ်လို့ ဘေးကနေ အားပေးနေရတာပါ၊ တတ်ရင် ၀ိုင်းကူပေးပါတယ်။ ( ယောကျင်္ားက သဘောတူရင် )
Sign In or Register to comment.