MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Custom Sorting

edited May 2009 in Other
Sorting နဲ့ပတ်သက်ပြီးတစ်ခုလောက်မေးချင်လို့ပါ။ ကျွန်တော်က ရုံး၀န်ထမ်းတစ်ယောက်ပါ။ ကျွန်တော်တို့ဆီမှာ အမည်စာရင်း တွေကိုလုပ်တဲ့အခါ တိုင်းအလိုက်စီရပါတယ်။ ဥပမာ နေပြည်တော် အတွင်းမှာရှိတဲ့သူတွေဆိုရင် ထိပ်ဆုံးက။ အဲဒီနောက် ကိုယ်ကြိုက်နှစ်သက်တဲ့တိုင်းပေါ့။ ဒါကို ကျွန်တော်က Default သတ်မှတ်ပြီးစီချင်တာပါ။ ဒါပေမယ့် Excel က မြန်မာစာကို နားမလည်ဘဲ English အက္ခရာစဉ်အတိုင်းပဲစီပေးပါတယ်။ ဒါကိုကျွန်တော်က Vb တို့ Macro တို့မှာ ရေးပြီးစီရင် ရနိုင်မလားလို့ပါ။ ကျွန်တော်ကတော့ Vb တို့ Macro တို့ကိုနားမလည်ပါဘူး။ နားလည်တဲ့ သူများရှိရင် ကူညီကြပါအုံးဗျာ။ အောက်မှာကျွန်တော် Download ချထားတဲ့ code လေးပါ။ ပညာရှင်များအတွက် ချက်ချင်းသဘောပေါက်နိုင်မှာပါ။ ကျွန်တော် လိုချင်တာတွေရိုက်ထည့်ပြီး စီပေမယ့် English အက္ခရာစဉ်အတိုင်းပဲရပါတယ်။

To use the code, go to Tools>Macro>Visual Basic Editor (Alt+F11) and then to Insert>Module and paste in the code below.
Sub SortArray()

Dim MyArray(10) As String

Dim lLoop As Long, lLoop2 As Long

Dim str1 As String

Dim str2 As String



'Fill array

For lLoop = 0 To 9

If lLoop = 0 Then

MyArray(lLoop) = "Zoo"

Else

MyArray(lLoop) = Choose(lLoop, "Farm", "Paddock", "Sheep", _

"Cow", "Bird", "Mice", "Chicken", "Fence", "Post", "Lamb")

End If

Next lLoop



'Output unsorted array

Range("A1:A" & UBound(MyArray) + 1) = _

WorksheetFunction.Transpose(MyArray)





'Sort array

For lLoop = 0 To UBound(MyArray)

For lLoop2 = lLoop To UBound(MyArray)

If UCase(MyArray(lLoop2)) < UCase(MyArray(lLoop)) Then

str1 = MyArray(lLoop)

str2 = MyArray(lLoop2)

MyArray(lLoop) = str2

MyArray(lLoop2) = str1

End If

Next lLoop2

Next lLoop



'Output sorted array

Range("B1:B" & UBound(MyArray) + 1) _

= WorksheetFunction.Transpose(MyArray)



End Sub

မှတ်ချက်များ

  • edited April 2009 Registered Users
    ကိုယ့်အမေး ကိုယ့်ဘာသာပြန်ဖြေသလိုဖြစ်နေပါပြီဗျာ။ ကျွန်တော်အခုရသွားပါပြီ။ မကျေနပ်လို့ ထပ်စမ်းရင်းနဲ့ sort ကိုပေးလိုက်တော့ option ဆိုတာလေးကို ထပ်နှိပ်လိုက်သော Tool\option ထဲက Custom lists ထဲမှာ ကျွန်တော် Create လုပ်ထားတာလေးကို သွားတွေ့တယ်။ ဒါနဲ့ အဲဒါလေးကိုရွေးပြီး sort ပေးလိုက်တာ OK တယ်ဗျာ။

    တစ်ဆက်တည်း အဲဒီ Custom lists အကြောင်းလေးကို ပြောပြချင်ပါတယ်။ သိပြီးသားလူတွေ လည်းရှိမှာပါ။ Tool/ option မှ Custom Lists tab ကိုနှိပ်ပါ။ ညာဘက်က List entries: ဆိုတဲ့ box ထဲမှာ ကိုယ် series ပေါ်စေချင်တဲ့အကြောင်းအရာတွေကို comma ခံပြီး ရိုက် ထည့်ပါ။
    Built in အနေနဲ့ပါနေတာကတော့ Jan ကိုရိုက်ပြီး အောက်ကိုဆွဲ Series ဆွဲချရင် သူက Dec အထိ Auto ပေါ်ပါတယ်။ အဲဒီလိုပဲ Sun ဆိုပြီးရိုက်ရင် Sat အထိ Auto ပေါ်ပေးပါတယ်။ အဲဒီမှာ ကျွန်တော်တို့က ကျွန်တော်တို့ပေါ်စေချင်တဲ့ အကြောင်းအရာတွေကို ရိုက်ထည့် ထားရင်ရပါပြီ။ ဥပမာ Janunry,February အစရှိသဖြင့်ပေါ့။ ဒါမှမဟုတ်ရင်လည်း တပေါင်း၊တန်ခူူး၊ ကဆုန် ပေါ့ဗျာ။ ဒါကတော့ ကိုယ်အသုံးလိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ရိုက်မထည့်ပဲနဲ့ အလွယ်ဆုံးနည်းလမ်း ကတော့ ကျွန်တော်တို့ Create လုပ်ချင်တဲ့အကြောင်း အရာ တွေကို Excel မှာ ရိုက်ထားပါ။ ပြီးရင် Select လုပ်ထားပြီး Custom Lists ထဲက Import ကို နှိပ်လိုက်ရင် ရပါပြီ။ ဒီမှာ Create လုပ်ထား သမျှတွေကို Sort ရဲ့ option ထဲမှာ ပေါ်နေပါတယ်။ ကိုယ်စီချင်တဲ့ အကြောင်းအရာကိုရွေးပြီး စီလိုက်ရင် ရပြီ။

  • edited April 2009 Registered Users
    ဟီးဟီ တယ်ကောင်းလိုက်တဲ ့အကြံ
  • edited May 2009 Registered Users
    :5:စမ်းကြည့်တာအဆင်ပြေတယ်။ ကျေးဇူးတင်တယ်နော်။:5:
Sign In or Register to comment.