MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Vm ware

edited May 2009 in Other
vm ware မှာ ကျွန်တော် windows 7 တင်ထားပါတယ် ပြီးတော့ 7 အတွက် memory size 1gb ပေးထားပါတယ်
အဲ့ဒါ ram ကို 1gb ပေးထားတယ်ဆိုတော့ ကျွန်တော် vm ware ကိုမသုံးတော့ရင်ရော အဲ့ 1gb က vm ware ယူထားတုန်းပဲလား ဒါမှမဟုတ် vm ware ဖွင့်ထားမှ 1gb စားနေတာလား
ပြီးတော့ ကျွန်တော် vmware မှာတင်ထားတဲ့ windows 7 ကို anti virus တင်ထားဘူးဗျ
အဲ့ဒါ အဲ့ကနေ virus ကူးနိုင်လားဆိုတာလေး ပြောပေးကြပါခင်ဗျာ:D

မှတ်ချက်များ

  • edited May 2009 Registered Users
    VMWare software ကိုဖွင့်ထားရင်လည်း Virtual Machine ကို မ run ထားရင်
    အဲဒီ Virtual Machine အတွက် allocation လုပ်ထားတဲ့ 1GB က လွတ်နေမှာပါ။

    Virtual Machine ကို run နေမှ allocate လုပ်ထားတဲ့ 1GB ကိုသုံးတာပါ။
    ဒီနေရာမှာလည်း ၂ မျိုးရှိပါတယ်။ Desktop Virtualization တွေမှာ
    1GB ပေးထားရင် VM ကို run လိုက်တာနဲ့ သုံးသုံးမသုံးသုံး 1GB လုံးကိုယူထားလိုက်ပါတယ်။

    Server Virtualization တွေမှာကျတော့ flexible ဖြစ်တဲ့ allocation မျိုးပါသုံးနိုင်ပါတယ်။
    Flexible allocation ကိုသုံးရင် 1GB ပေးထားပေမယ့်လည်း VM က 300MB ပဲလိုရင် 300MB ပဲသုံးနေပါတယ်။
    VM ပေါ်မှာ run တဲ့ application တွေလိုရင်လိုသလောက် သတ်မှတ်ထားတဲ့ 1GB ထိ server ကတိုးပေးပါတယ်။

    Virtual Private Server တွေဝယ်တဲ့ အခါ RAM 128MB, bustable to 1GB လို့ရေးထားတာမျိုးတွေ့ရင်
    complete isolated memory ကို 128MB (သုံးသုံးမသုံးသုံး ပေးထားပြီး) လိုအပ်ရင် 1GB ထိ အလိုအလျောက်တိုးပေးပါတယ်။
    1GB ထက်ကျော်ရင် တော့ Monit လို monitor မျိုးက တစ်ခါတည်း process ကိုသတ်လိုက်ပါတယ်။

    OpenSolaris ရဲ့ container တွေမှာ ပိုအဆင့်မြင့်ပြီး robust ဖြစ်တဲ့ memory allocation မျိုးပါပါတယ်။
    အသေးစိတ်တော့ မစမ်းကြည့်ဖူးသေးဘူး။

    VM မှာ Antivirus တင်မထားလို့ Virus ကိုက်ရင် VM ကိုပဲကိုက်မှာပါ။
    ဒါပေမယ့် VM နဲ့ Host နဲ့ဟာ Network Connection ရှိတဲ့အတွက်
    host အတွက် လုံးဝ လုံခြုံတယ်တော့မ ပြောလို့မရနိုင်ဘူးလို့ယူဆပါတယ်။
  • edited May 2009 Registered Users
    ုခုလိုဆုံဆုံလင်လင်ရှင်းလင်းပေးတဲ့အတွက ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ:6:
Sign In or Register to comment.