MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

online dictionary ကလေးတစ်ခု

လေ့လာစမ်းသပ်နိုင်ကြစေဖို့အတွက် online dictionary source code တစ်ခုကို ထည့်ပေးလိုက်ပါတယ်။
ဖိုရမ်တစ်ခုမှာ ရှင်းပြထားတဲ့သဘောတရားကိုအခြေခံပြီး ပြန်စီစဉ်ထားတာပါ။
မနှစ်ကတည်းက စမ်းထားတာဖြစ်ပြီး၊ အခု ကိုစေတန်တို့ dictionary တွေလုပ်နေကြတယ်ကြားတာကြောင့် မနည်းပြန်ရှာရပါတယ်။
ဒါကြောင့် မူရင်းဖိုရမ်ကိုတော့ မမှတ်မိတော့ပါဘူး။
ကျွန်တော်ကတော့ mobile တွေအတွက် လုပ်မလို့ ရည်ရွယ်ရင်း အလုပ်များတာကြောင့် စမ်းသပ်ရုံနဲ့ပဲပြီးသွားပါတယ်။
ဒါကြောင့် own tune တစ်ပိုင်း copy တစ်ပိုင်းလို့ပြောရင်ရပါတယ်။
အင်မတန်ရိုးရှင်းပြီး လွယ်ကူလှတဲ့ php program လေးတစ်ခုပါပဲ။
အပြည့်အ၀ အလုပ်လုပ်ပါတယ်။ မြန်လဲမြန်ပါတယ်။

ဟောဒါကတော့ database လုပ်ဖို့ပါ။

[PHP]CREATE TABLE `words` (
`id` tinyint(4) NOT NULL auto_increment,
`eng` varchar(255) NOT NULL default '',
`mm` varchar(255) NOT NULL default '',
PRIMARY KEY (`id`)
) TYPE=MyISAM AUTO_INCREMENT=1;[/PHP]

phpmyadmin မှာ database အသစ်တစ်ခုလုပ်ပြီး၊ Query ဆိုတာကိုကလစ်လိုက်တဲ့အခါ ပေါ်လာမယ့် SQL Query နေရာမှာ ဟောဒီ code တွေကို ချလိုက်ပါ။
ပြီးရင် go ကိုကလစ်လိုက်ပါ။

ဟောဒါကတော့ main program နဲ့ database ကို ဆက်သွယ်ပေးတာပါ။

[PHP]<?php
$link = mysql_connect ("localhost", "root", "")
or die ("Could not connect to MySQL Database");
mysql_select_db("dict", $link);
?>[/PHP]

အဲဒီမှာ ကိုယ့်ရဲ့ database host ရယ်၊ user name ရယ် passwd ရယ်ကို ထည့်ပေးပါ။ ကျွနတော်ကတော့ localhost မှာ စမ်းတာဖြစ်တဲ့အတွက် "localhost", "root", "" လို့ပဲထည့်ထားပါတယ်။
အဲဒီနေရာမှာ ပြောင်းပေးရမှာပါ။
ပြီးတော့ ခုနက လုပ်လိုက်တဲ့ database နာမည်ကို ထည့်ပေးရပါမယ်။ ကျွန်တော်ကတော့ "dict" လို့ပဲပေးထားပါတယ်။ အဲဒီနေရာမှာ ကိုယ်လုပ်ခဲ့တဲ့ database နာမည်ထည့်ပေးရမှာပါ။
ပြီးရင် အဲဒီစာတွေက်ု todb.inc ဆိုပြီး save လုပ်လိုက်ပါ။


ဟောဒါကတော့ မိန်းပရိုဂရမ်ပါပဲ။

[PHP]<?php
echo("<a href=add.php>Add</a>
");

if(isset($_GET))
{
$do=$_GET;
switch($do)
{
case 'form': show_form();break;
case 'sm' : submited();break;
default : show_form; break;
}

}
else
{
show_form();
}

function show_form()
{
?>
<form name=frm method=POST action="index.php?act=sm">

Word : <input type=text name="word"> <input type=submit name="sbm" value="Submit">
</form>
<small><b><u>Tweety Dict</b></u></small>
<?

}
function submited()
{

require("todb.inc");

$word=$_POST;

$sql="select * from words where eng like '".$word."'";

$result=mysql_query($sql,$link);
if(@mysql_num_rows($result)!=0)
{
while($rows=mysql_fetch_array($result))
{
$mm=$rows["mm"];
}
echo("Word $word in Myanmar is : $mm
");
?>
<form name=frm method=POST action="index.php?act=sm">

Word : <input type=text name="word"> <input type="submit" name="sbm" value="Submit">
</form>
<small><b><u>Tweety Dict</b></u></small>
<?
}
else
echo("Don't know that word !! My database is not update!");

mysql_close($link);

}
?>

[/PHP]
ဒါကိုတော့ index.php ဆိုပြီး save လုပ်ပါ။

ဟောဒါကတော့ ေ၀ါဟာရ အသစ်ထည့်ဖို့အတွက်ပါ။

[PHP]<?php
echo("<a href=index.php>Home</a>
");
if(isset($_GET))
{
$do=$_GET;
switch($do)
{
case 'form': show_form(); break;
case 'sm': submited(); break;
default: show_form();
}

}
else
show_form();
function show_form()
{
?>
<form name=frm method=POST action=add.php?act=sm>
English: <input type=text name="eng"><br>
Myanmar: <input type=text name="mm">

<input type=submit name=sm value="Submit">
</form>

<small><b><u>Tweety Dict</b></u></small>
<?
}
function submited()
{
require("todb.inc");
if(isset($_POST))
{
$eng=$_POST;
$mm=$_POST;
$sql="Insert into words(eng, mm) values('".$eng."','".$mm."')";
$res=mysql_query($sql,$link);
?>
<script language=Javascript>window.location="add.php";</script>
<?

}
else
echo("Insert data !!");
mysql_close($link);
}
?>[/PHP]

ဒါကိုတော့ add.php ဆိုပြီး save လုပ်ပေးပါ။

ဒီတော့ကာ... အခု save လုပ်ထားတဲ့ ဖိုင်သုံးခုစလုံးဟာ folder တစ်ခုထဲရဲ့အောက်မှာပဲရှိနေပါစေ။
ပြီးရင် အဲဒီဖိုဒါဆီကို web browser ကနေသွားလိုက်ရင် online dictionary လေး လှလှပပ အလုပ်လုပ်တာကိုတွေ့ကြပါလိမ့်မယ်။

ကြိုက်သလိုပြင်ပြီးသုံးနိုင်ကြပါတယ်။
အဆင်ပြေကြပါစေ။

မှတ်ချက်များ

  • edited February 2009 Registered Users
    phpmyadmin မှာ database အသစ်တစ်ခု ကို ဘယ်လိုလုပ်ရ မလဲဗျ:((:((:(( ပြောပြကြပါဦး:101::101::101:
  • edited February 2009 Registered Users
    ကိုတီလေး ရေ ကျွန်တော် ကြားဖူးတာလေး ရယ်လုပ်ချင်တာလေးရယ် ပြောပြမယ်နော် ကျွန်တော် ဖတ်ဖူးတာတစ်ခုရှိတယ်ခင်ဗျ ဘယ်လိုလဲဆိုတော့ Mobile Wireless ရတဲ့နေရာတွေမှာ လှမ်းသုံးလို့ရတဲ့ ဟာလေးပါ။ သူက wml (wireless markup language) နဲ့့ရေးတာပါ။ ကျွန်တော်လုပ်ချင်လို့ စာတွေလိုုက်ဖတ်တာ Server ပိုင်းမှာမရေးတက်တော့ အခက်တွေ့နေပါလေရဲ့ဗျား။ ဟိုတစ်ခါက မေးဖူးတယ်လေ Search Form လုပ်ချင်လို့ ဆိုတာဒီထဲမှာထည့်ဖို့ပါ။ ကျွန်တော် ညာဏ်မမှီ လို့ဆက်မလုပ်တော့ပါဘူး။

    ကိုတီလေး လည်း Mobile Wireless ပုံစံမျိုးလုပ်မလို့လားမသိဘူး။
  • phpmyadmin မှာ database အသစ်တစ်ခု ကို ဘယ်လိုလုပ်ရ မလဲဗျ:((:((:(( ပြောပြကြပါဦး:101::101::101:

    ကျွန်တော် သိသလောက်လေး ပြောမယ်နော် ..ကျွန်တော်က EasyWAMP သုံးပါတယ် ..
    Local မှာလား ...အဲဒါဆို Browser ကနေ phpmyadmin ကို ခေါ်လိုက်ပါ ..ဒီလိုတွေ့မယ် ..

    9h57cj.png

    ပုံမှာပြထားတဲ့အတိုင်း Create New Database အောက်မှာ မိမိဆောက်ချင်တဲ့ DB Name ထည့် ..
    Collation မှာ UTF-8 ပြောင်းပေးလိုက် ..( Lang တွေ အများကြီး အသုံးပြုမယ်ဆိုရင်တော့ utf8_unicode_ci ဆိုတာကို ရွေးပေးရပါတယ် )
    ပြီးရင် Create ဆိုတာလေးကို နှိပ်လိုက်ရင် အဆင်ပြေပါပြီ ..

    မနောသား
  • ကျွန်တော် သိချင်တာလေး မေးပါရစေ ကိုTweety ..

    အခု ကိုTweety ပြောသလို လုပ်ကြည့်တာ အကုန်အဆင်ပြေပါတယ် ...ကျွန်တော် သိချင်တာက စာလုံးတွေ အကုန်လုံးကို Add ချင်တယ်ဆိုရင် ဘယ်လို Add မလဲ .. Add ဆိုတာကို နှိပ်ပြီး တစ်လုံးချင်းလိုက်အပ်ရရင်တော့ ....:D:D:D:D နောက်တစ်ခုက ကိုယ် Add ထားတဲ့ စာလုံးတွေကို ပြင်ချင်တယ် ဖျက်ချင်တယ်ဆိုရင်ကော ဘယ်လိုလုပ်ဆောင်ရပါသလဲခင်ဗျာ .. အဲဒါလေး ကျေးဇူးပြပြီး ဖြေကြားပေးပါဦး ..


    ခင်မင်စွာဖြင့်

    မနောသား
  • edited February 2009 Administrators
    တစ်ခုခြင်းဆီ မထည့်ချင်ရင်တော့ phpmyadmin ကနေ import လုပ်လိုက်လေ။ ဖျက်ချင်ရင်တော့ sql နဲ့ delete ကိုသုံးရတယ်။
  • edited February 2009 Administrators
    ဟုတ်တယ်.... သူပြောတဲ့အတိုင်းပဲ :)
  • edited May 2009 Registered Users
    ဟောဒါကတော့ main program နဲ့ database ကို ဆက်သွယ်ပေးတာပါ။

    ကိုကြီးတွီ.. အဲတာ မရှင်းလို ့ဗျ
  • edited May 2009 Registered Users
    တီလေး(ကိုကြီးတွီတီ) ကျေးဇူး အထူးတင်ရှိပါကြောင်း။ Thank button နှိပ်ရတာ အားမရလို့.... :D
  • edited May 2009 Registered Users
    ကိုကြီးတွီ.. အဲတာ မရှင်းလို ့ဗျ

    [PHP] <?php
    $link = mysql_connect ("localhost", "root", "")
    or die ("Could not connect to MySQL Database");
    mysql_select_db("dict", $link);
    ?> [/PHP]

    localhost မှာ စမ်းတဲ့အတွက် host address က localhost
    "root" ဆိုတာက database user name
    "" ဆိုတာက database password
    "dict" ဆိုတာက database name... :P
    သိမ်းတဲ့အခါ todb.inc ဆိုပြီး သိမ်းလိုက်ပါ။ ဒီလောက်ဆို အဆင်ပြေပြီ ထင်ပါတယ်။ ဟီး နှမ်း၀င်ဖြူးတာ... :P
  • edited May 2009 Registered Users
    ဟောဒါကတော့ main program နဲ့ database ကို ဆက်သွယ်ပေးတာပါ။
    
     	PHP Code:
     	 		 			[COLOR=#000000] [COLOR=#0000bb]<?php     
        $link [/COLOR][COLOR=#007700]= [/COLOR][COLOR=#0000bb]mysql_connect [/COLOR][COLOR=#007700]([/COLOR][COLOR=#dd0000]"localhost"[/COLOR][COLOR=#007700], [/COLOR][COLOR=#dd0000]"root"[/COLOR][COLOR=#007700], [/COLOR][COLOR=#dd0000]""[/COLOR][COLOR=#007700])
        or die ([/COLOR][COLOR=#dd0000]"Could not connect to MySQL Database"[/COLOR][COLOR=#007700]);
        [/COLOR][COLOR=#0000bb]mysql_select_db[/COLOR][COLOR=#007700]([/COLOR][COLOR=#dd0000]"dict"[/COLOR][COLOR=#007700], [/COLOR][COLOR=#0000bb]$link[/COLOR][COLOR=#007700]); 
    [/COLOR][COLOR=#0000bb]?>[/COLOR] [/COLOR]
    

    ဟုတ်ဘူး အစ်ကို ရ.. အဲဒီ ကုတ် ကို main.php လို ့တင်ရမှာလား..အဲတာ ပါ ခင်ဗျ..

    local မှာတော ့ easywamp နဲ ့စမ်းနေပါတယ်..ကျွန်တော် ကို က php ပိုင်း သိပ်မသိလို ့ပါ ။
  • edited May 2009 Administrators
    minlwin121 wrote: »
    ဟောဒါကတော့ main program နဲ့ database ကို ဆက်သွယ်ပေးတာပါ။
    
         PHP Code:
                               [COLOR=#000000] [COLOR=#0000bb]<?php     
        $link [/COLOR][COLOR=#007700]= [/COLOR][COLOR=#0000bb]mysql_connect [/COLOR][COLOR=#007700]([/COLOR][COLOR=#dd0000]"localhost"[/COLOR][COLOR=#007700], [/COLOR][COLOR=#dd0000]"root"[/COLOR][COLOR=#007700], [/COLOR][COLOR=#dd0000]""[/COLOR][COLOR=#007700])
        or die ([/COLOR][COLOR=#dd0000]"Could not connect to MySQL Database"[/COLOR][COLOR=#007700]);
        [/COLOR][COLOR=#0000bb]mysql_select_db[/COLOR][COLOR=#007700]([/COLOR][COLOR=#dd0000]"dict"[/COLOR][COLOR=#007700], [/COLOR][COLOR=#0000bb]$link[/COLOR][COLOR=#007700]); 
    [/COLOR][COLOR=#0000bb]?>[/COLOR] [/COLOR]
    
    ဟုတ်ဘူး အစ်ကို ရ.. အဲဒီ ကုတ် ကို main.php လို ့တင်ရမှာလား..အဲတာ ပါ ခင်ဗျ..

    local မှာတော ့ easywamp နဲ ့စမ်းနေပါတယ်..ကျွန်တော် ကို က php ပိုင်း သိပ်မသိလို ့ပါ ။
    todb.inc လို့ save လုပ်ရမှာလေ... သေသေချာချာပြန်ဖတ်ကြည့်ပါဦး။ ပြောထားပြီးသား။:14:
  • edited May 2009 Registered Users
    တစ်ခုခြင်းဆီ မထည့်ချင်ရင်တော့ phpmyadmin ကနေ import လုပ်လိုက်လေ။ ဖျက်ချင်ရင်တော့ sql နဲ့ delete ကိုသုံးရတယ်။
    import က ဘာဖိုင်ကို zip ခြုံပြီး inport လုပ်ရမှာလဲ...
  • edited May 2009 Registered Users
    တောင်းပန် ပါတယ် ခင်ဗျာ..

    ကျွန်တော် သေချာ မဖတ်မိ လို ့ပါ.. :77::77::77:
  • edited May 2009 Registered Users
    phpadmin မှာ Query ကို နှိပ်တာ .. error ဘဲ ကျနေတယ် ခင်ဗျ.. :77:

    ကူပါအုံးဗျာ..
    http://galaxy.22web.net/
    

    အဲတာလေး က ကျွန်တော် လုပ်ထားတာပါ.. ဘာတွေ များ အမှားပါတေးလဲ ခင်ဗျာ..ကူညီပါ...
  • edited May 2009 Registered Users
    http://galaxy.22web.net/
    

    ကျွန်တော် စမ်းကြည့်ကြည့်တာ Could not connect to database ဆိုပြီး error message ပြနေတယ်ဗျ။ User name နဲ့ password ကို တစ်ချက်လောက် ပြန်စစ်ကြည့်ပါအုံး။
  • edited May 2009 Registered Users
    လုပ်ရင်း တန်းလန်းကြီး နဲ ့ဗျာ..

    hosting က ဘန်းလိုက်တယ် နဲ ့တူတယ်..လုပ်တာ ကလဲ free မို ့လို ့ထင်တယ်..ဟီးးး :D

    စာ အနီကြီးဘဲ မမြင်ချင်မှ အဆုံး တတ်တတ်လာတယ်.. အော်..ဒုတ်ခွ..ပါတကား...
  • edited May 2009 Registered Users
    လုပ်ရင်း တန်းလန်းကြီး နဲ ့ဗျာ..

    Hosting က ဘန်းလိုက်တယ် နဲ ့တူတယ်..လုပ်တာ ကလဲ free မို ့လို ့ထင်တယ်..ဟီးးး :d

    စာ အနီကြီးဘဲ မမြင်ချင်မှ အဆုံး တတ်တတ်လာတယ်.. အော်..ဒုတ်ခွ..ပါတကား...

    အပျော်စမ်းလုပ်တာပဲ အကိုရာ... ဘာဖြစ်လို့ အင်တာနက်မှာ စမ်းတင်နေဦးမှာလဲ... လိုကယ်ထဲမှာပဲ စမ်းပေါ့။ အချိန်ကုန်သက်သာတယ်။ အယ်ရာ ရှာရတာလဲ မြန်တယ်။ လိုကယ်အဆင်ပြေမှ အပေါ်တတ်ပေါ့.. :d
  • edited May 2009 Registered Users
    phpadmin မှာ Query ကို နှိပ်တာ .. error ဘဲ ကျနေတယ် ခင်ဗျ.. :77:
    Query ကို မဟုတ်ဘူး။ SQL ကိုလေ....
    တီလေးက ရေးချင်ဇော အားကြီးပြီး အမြန်ရေးမိလို့လေ...
  • edited May 2009 Registered Users
    အိမ်မှာ မီး ပျက်တဲ ့အခါ က များနေတော ့ဆိုင် ကိုဘဲ အားကိုးနေရတယ် အစ်ကိုရဲမာန်ရ..


    ဒါနဲ ့ ကျွန်တော် Local မှာ လုပ်ပြီးဘီဗျာ.. zip နဲ ့ ချုံ ့တယ်..အွန်လိုင်းပေါ်တင်တယ်..

    ဘာတွေ လိုအုံးမလဲ.. MySql database name တွေ ဘာတွေ ပြန်ပြင်ပေးရ မှာလားဗျ..

    အဲဒီအပိုင်း သိပ်မရှင်းလို ့အစ်ကိူ...
  • edited May 2009 Registered Users
    လိုကယ်မှာလုပ်သလို ပဲလေ။ MySql database name တော့ ပြင်ရပါမယ်...
    အွန်လိုင်းမှာ create လုပ်ထားတဲ့ MySql database name ကို ပြင်ထည့်ပေးရပါလိမ့်မယ်....
Sign In or Register to comment.