MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Ftp

edited May 2009 in Networking
ftp အကြောင်းလေး ထဲထဲဝင်ဝင် ပြော ပြပေးကြပါဗျာ။:((:((:((:((:((:((:((:((:((:((

မှတ်ချက်များ

  • edited May 2009 Registered Users
    FTP ဆိုတာကတော့ file transfer protocol ရဲ့အတိုကောက်ပါ။ အဓိကကတော့ online ပေါ်မှာ file တွေကို transfer လုပ်တဲ့အခါမျိုးမှာ သုံးတဲ့ protocol တစ်ခုပါ။ ကျွန်တော်တို့ website တွေကို ၀င်ကြည့်တဲ့အခါကျရင် http ဆိုတဲ့ protocol ကိုသုံးရပါတယ်။ ဒါပေမယ့် website တွေကို update လုပ်မယ်။ file တွေတင်မယ်ဆိုရင်တော့ ftp protocol ကိုသုံးမှ ရပါတယ်။ ftp protocol နဲ့သာ website တစ်ခုကို ၀င်ကြည့်မယ်ဆိုရင် window explore မှာ ကိုယ့်ရဲ့ folder ကိုကြည့်သလိုမျိုး file တွေအကုန်လုံးကိုမြင်ရမှာဖြစ်ပါတယ်။ web hosting တစ်ခု၀ယ် လိုက်ပြီဆိုတာနဲ့ ftp account က တစ်ခါတည်းတွဲပါလာတတ်ပါတယ်။ ဒါပေမယ့် ဒီနိုင်ငံမှာတော့ ftp protocol ကို သုံးချင်တယ်ဆိုရင် bagan မှာလျှောက်လွှာတင်ရပါတယ်။


    p.s ကျွန်တော့်အတွေ့အကြုံလေးကို မျှေ၀လိုက်ပါတယ်။ :67: :67: :67:
  • edited May 2009 Administrators
    - File Zilla

    - Internet Download Manager

    - Gmail Drive

    စတဲ့ Software တွေက FTP Software တွေပါပဲ ... :67:
  • edited May 2009 Registered Users
    FTP က တစ်နေရာကနေတစ်နေရာကို Data Transfer လုပ်လို့ရတဲ့ protocol ပါ... port က ၂၀ နှင့် ၂၁ မှာ လုပ်တယ်. ၂၀ က ထိန်းသိမ်းတဲ့ ဟာ.. ၂၁ က ဒေတာ ပြောင်းရွှေ့ တဲ့ ဟာပါ... FTP site တစ်ခုကို လုပ်လိုက်ပြီဆို.. ကိုယ်က ဘယ်ကသုံးမလဲ.. telnet,browser,command prompt (ကျွန်တော်သိသော ၃ ခု) ကနေလုပ်လို့ရပါတယ်.. အဲဒီ site ကတော့ windows က IIS မှာလုပ်မယ်... (လုပ်ပုံတွေကတော့ forum မှာကျွန်တော်မပြောပြတတ်ဘူးဗျ... သူက လုပ်ပုံ ၃ ခုရှိတယ်.. domain နဲ့ လုပ်ပုံ၊ domain မပါဘဲ လုပ်ပုံ။ ရိုးရိုးတန်း လုပ်ပုံ.... ၃ ခု ရှိတယ်... security အတွက်ပေါ့... server site မှာတော့ ကိုယ်က port ဖွင့်ပေးရမှာပေါ့.. client site မှာတော့ အေးဆေးဘဲပေါ့.. ဘာမှမလိုဘူး... third party နဲ့လုပ်လို့ရတဲ့ဟာတွေကတော့.. သိတဲ့ မန်ဘာများက ၀ိုင်းပြောပေးကြပါလိမ့်မယ်...
  • edited May 2009 Administrators
    ftp ဆိုတာ file transfer protocol ပါ။ ကိုယ့် server ပေါ်ကို data တင်မယ်ဆိုရင် ftp ကို အသုံးပြုရတယ်။ ftp မှာ username နဲ့ pwd ရယ် ftp address ရယ်ရှိပါတယ်။ ftp ကို web ပေါ်ကနေ www.net2ftp.com ကနေ အသုံးပြုနိုင်ပါတယ်။
  • edited May 2009 Registered Users
    saturngod wrote: »
    ftp ဆိုတာ file transfer protocol ပါ။ ကိုယ့် server ပေါ်ကို data တင်မယ်ဆိုရင် ftp ကို အသုံးပြုရတယ်။ ftp မှာ username နဲ့ pwd ရယ် ftp address ရယ်ရှိပါတယ်။ ftp ကို web ပေါ်ကနေ www.net2ftp.com ကနေ အသုံးပြုနိုင်ပါတယ်။

    ကိုစေတန်ရဲ့ဆိုဒ်က limit ရှိနေတယ်ဗျ။ လိုသလိုသုံးရအောင် ဘယ်လိုသုံးရမလဲခင်ဗျ။ ကျေးဇူးပြုပြီးပြောပြပေးပါနော်။ :77::77:
  • edited May 2009 Administrators
    အဲ.. သူက opensource လေ.. download ချပြီး ကိုယ့် host မှာ ကိုယ်သုံးလို့ရပါတယ်။ သုံးရတာလည်းလွယ်ပါတယ်။
  • edited May 2009 Registered Users
    ကိုယ်သုံးမယ့် host မှာသူ့ကို install လုပ်လိုက်ရမှာပေါ့နော်။ ဟီးဟီး ကျွန်တော်က အဲဒါကိုမယုံရဲလို့ပါ။ ကိုစေတန်တို့သုံးနေတာဆိုတော့ တင်ပြီးစမ်းကြည့်လိုက်ဦးမယ်။ ကျေးဇူးပါပဲကိုစေတန်။:D:D
  • edited May 2009 Registered Users
    saturngod wrote: »
    ftp ဆိုတာ file transfer protocol ပါ။ ကိုယ့် server ပေါ်ကို data တင်မယ်ဆိုရင် ftp ကို အသုံးပြုရတယ်။ ftp မှာ username နဲ့ pwd ရယ် ftp address ရယ်ရှိပါတယ်။ ftp ကို web ပေါ်ကနေ www.net2ftp.com ကနေ အသုံးပြုနိုင်ပါတယ်။
    ကိုစေတန် အဲဒီဆိုဒ်မှာ ညီ ကို password တောင်းလို ့ထည် ့လိုက်တာတာ..ဒါကြီးကျလာတယ်....ညီ site ကို host မှာတင်တဲ ့ လမ်းကြောင်းအတိုင်း..
    ဘာဖြစ်တာလဲ ဟင်အဲဒါ.
    Warning: ftp_ssl_connect(): php_network_getaddresses: getaddrinfo failed: Name or service not known in /srv/www/htdocs/net2ftp.com/includes/filesystem.inc.php on line 53     		 [B]An error has occured[/B]
    
       		Unable to connect to FTP server [B]b15_2253675[/B] on port [B]21[/B].
    
    Are you sure this is the address of the FTP server? This is often different from that of the HTTP (web) server. Please contact your ISP helpdesk or system administrator for help
    

    ပြောပြပေးပါအုံးနော် :77::77::77:
  • edited May 2009 Registered Users
    kemose wrote: »
    ....................်.. အဲဒီ site ကတော့ windows က iis မှာလုပ်မယ်... (လုပ်ပုံတွေကတော့ forum မှာကျွန်တော်မပြောပြတတ်ဘူးဗျ... သူက လုပ်ပုံ ၃ ခုရှိတယ်.. Domain နဲ့ လုပ်ပုံ၊ domain မပါဘဲ လုပ်ပုံ။ ရိုးရိုးတန်း လုပ်ပုံ.... ၃ ခု ရှိတယ်... Security အတွက်ပေါ့... Server site မှာတော့ ကိုယ်က port ဖွင့်ပေးရမှာပေါ့.. Client site မှာတော့ အေးဆေးဘဲပေါ့.. ဘာမှမလိုဘူး... Third party နဲ့လုပ်လို့ရတဲ့ဟာတွေကတော့.. သိတဲ့ မန်ဘာများက ၀ိုင်းပြောပေးကြပါလိမ့်မယ်...


    iis ကဘာကိုဆိုလိုတာလဲဗျ။
    ိလုပ်ပုံလေးတွေကိုလဲ ပြေပြပါဦးအကို။:):):)
  • edited May 2009 Registered Users
    love8ack3r wrote: »
    iis ကဘာကိုဆိုလိုတာလဲဗျ။
    ိလုပ်ပုံလေးတွေကိုလဲ ပြေပြပါဦးအကို။:):):)
    IIS is internet information service. သူက web site တွေကို host တင်တာပါ.. သူက web site, ftp အဲဒါတွေ လုပ်တဲ့ server ပါ... သူက web site ဆို .net နဲ့ရေးထားတာ.. တင်လို့ရတယ်.. php နဲ့ဆိုရင်တော့ file တစ်ခုထပ်တင်ပြီး IIS မှာ allow ပေးလိုက်ရင် ရပါတယ်.. ရှင်းရှင်းပြောရရင် web site တင်တဲ့ server application ပေ့ါ.. IIS ကို windows server ပေါ်မှာ တင်ပြီးရင် add remove windows component ထဲကနေ IIS service ကို install လုပ်ရမှာပါ..
  • edited May 2009 Registered Users
    FTP cannot upload in Myanmar.

    But you can try with Dreamweaver ftp function if you have the ftp account.

    You can upload only with Dreamweaver.

    I let you know, be patience because the connection is very slow but finally you can get.

    Try now!

    :6:
  • edited May 2009 Registered Users
    Ko_Pyae wrote: »
    ftp cannot upload in myanmar.

    တရား၀င် ဖြစ်ချင်တယ်ဆိုရင်တော့ ပုဂံ မှာသွားပြီးလျှောက်လို့ရပါတယ်။ ဒါပေမယ့် နည်းနည်းတော့ ကြာတယ်။ :d :d :d
  • edited May 2009 Registered Users
    file transfer protocol ကိုသုံးပြီး internet cafe က server မှာ website hosting လုပ်လို့ရလားဗျ။
  • edited May 2009 Registered Users
  • edited May 2009 Registered Users
    love8ack3r wrote: »
    file transfer protocol ကိုသုံးပြီး internet cafe က server မှာ website hosting လုပ်လို့ရလားဗျ။
    ညီလေးရေ မဖြစ်နိုင်ပါဘူး.... တော်တော်လေးကိုလေးမှာပါ.. ဘာလို့လဲဆိုတော့ တို့ internet speed က တော်တော်လေးကို လေးနေတဲ့ အတွက်ပါ... အဲ local အတွက်ဘဲ ဆိုရင်တော့ နဲနဲ ဖြစ်နိုင်ပါတယ်.. သူငယ်ချင်းတွေကို ပေးသုံးပေါ့... အဲဒါကျတော့... intranet ပေါ့ကွာ... ကိုယ့် server မှာ hosting ထိုင်ချင်ရင်တော့ IP,Domain name အဲဒါတွေလိုမယ်.. ညီလေး...
  • edited May 2009 Registered Users
    kemose wrote: »
    ညီလေးရေ မဖြစ်နိုင်ပါဘူး.... တော်တော်လေးကိုလေးမှာပါ.. ဘာလို့လဲဆိုတော့ တို့ internet speed က တော်တော်လေးကို လေးနေတဲ့ အတွက်ပါ... အဲ local အတွက်ဘဲ ဆိုရင်တော့ နဲနဲ ဖြစ်နိုင်ပါတယ်.. သူငယ်ချင်းတွေကို ပေးသုံးပေါ့... အဲဒါကျတော့... intranet ပေါ့ကွာ... ကိုယ့် server မှာ hosting ထိုင်ချင်ရင်တော့ IP,Domain name အဲဒါတွေလိုမယ်.. ညီလေး...

    ကျွန်တော်သိထားတာက ဘယ်မှာမှ server ထောင်ခွင့်ရှိဘူးလို့ ထင်လို့ပါ။ public server တွေကို ကိုယ်ပိုင် ရုံးတွေအိမ်တွေမှာမထားရဘူး MICT မှာပဲထားရမယ် (နေရာမသေချာပါ) လို့ဆက်သွယ်ရေးက ညွှန်ကြားချက်ထုတ်ထားတယ်လို့ ထင်ပါတယ်။

    သိသူများရှိရင်လဲပြောပြစေချင်ပါတယ်။
  • edited May 2009 Registered Users
    Yaung Sein wrote: »
    ကျွန်တော်သိထားတာက ဘယ်မှာမှ server ထောင်ခွင့်ရှိဘူးလို့ ထင်လို့ပါ။ public server တွေကို ကိုယ်ပိုင် ရုံးတွေအိမ်တွေမှာမထားရဘူး MICT မှာပဲထားရမယ် (နေရာမသေချာပါ) လို့ဆက်သွယ်ရေးက ညွှန်ကြားချက်ထုတ်ထားတယ်လို့ ထင်ပါတယ်။

    သိသူများရှိရင်လဲပြောပြစေချင်ပါတယ်။

    ထောင်ခွင့်ရှိပါတယ်... ကိုယ်စီမှာလဲ ထားခွင့်ရှိပါတယ်... လုပ်မယ့်ပုံနဲ့ server ကို ပြောပြီး ကိုယ့်စီမှာထားလို့ရပါတယ်.. လျှောက်လွှာတော့ တင်ရတာပေါ့... ကိုယ့်စီမှာ.. mail server ထိုင်ပြီး bagan mail ကို မသုံးဘဲ domain ၀ယ်ပြီး သီးသန့်တောင်လုပ်လို့ရသေးတယ်ဗျာ... bagan မှာ server တစ်လုံး ကိုယ့်စီမှာ တစ်လုံး အဲလိုထားပြီးသုံးလို့ရပါတယ်...ခွင့်ပြုချက်တော့ ယူရတာပေါ့နော်...
  • edited May 2009 Registered Users
    ဒါနဲ့.....mysteryzillion server က ဘယ်မှာထိုင်တာလဲဗျ။
  • edited May 2009 Moderators
    love8ack3r wrote: »
    ဒါနဲ့.....mysteryzillion server က ဘယ်မှာထိုင်တာလဲဗျ။



    ကိုစေတန်ဆိုင်မှာလားမသိဘူး :39::39::39:
  • edited May 2009 Administrators
    ကျွန်တော်တို့ US က mediatemple မှာထိုင်ပါတယ်။ အင်တာနက်ဆိုင်တွေမှာ server ထိုင်လို့မရပါဘူး။ မြန်မာနိုင်ငံမှာ စက်တစ်လုံးကို IP တွေက တစ်ယောက်တစ်ခုမရတဲ့အတွက် server ထိုင်ဖို့ အဆင်ပြေမှာမဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ ထိုင်လိုလျှင်တော့ ဟံသာဝတီ gateway နှင့် bagan မှာ သွားရောက်စုံစမ်းနိုင်ပါတယ်။ စျေးလည်း များပါတယ်။ တကယ်လို့ hosting ယူလိုလျှင်တော့ lunarpages, hostmonster အပြင် အခြား စျေးသက်သာတဲ့ hosting တွေ ရှိပါတယ်
  • edited May 2009 Registered Users
    ကိုစေတန်ရေ..ကျွန်တော်တစ်ခုလောက်မေးချင်လို့ပါ..ကျွန်တော်ဆိုက်တစ်ခုတင်တယ်ဆိုရင် hosting ဝယ်ပြီးတင်တယ်နော်...
    site ရဲ့ server ဆိုတာ hosting ရှိတဲ့နေရာကိုပြောတာလားခင်ဗျာ
  • edited May 2009 Administrators
    hosting တစ်ခုဝယ်ရင် Domain name တစ်ခုနဲ့ FTP account ပါရပါတယ်။ ကိုယ်လိုသလောက် FTP account ဖွင့်နိုင်တယ်။ domain နာမည်ပေါ်မှာမူတည်ပြီး ftp account username , password တွေ hosting ရဲ့ panel ကနေ ထိန်းချုပ်ဖန်တီးနိုင်ပါတယ်။ server ဆိုတာလည်း hosting ကို ပဲ ရည်ရွယ်ပြီး သုံးနေကြတာပါ။
  • edited May 2009 Registered Users
    saturngod wrote: »
    မြန်မာနိုင်ငံမှာ စက်တစ်လုံးကို ip တွေက တစ်ယောက်တစ်ခုမရတဲ့အတွက် server ထိုင်ဖို့ အဆင်ပြေမှာမဟုတ်ပါဘူး။်

    စက်တစ်လုံးကို တစ်ခုမရတော့ ဘယ်လိုခွဲ ပေးလဲဗျ။
  • edited May 2009 Administrators
    router , switch စတာတွေနဲ့ ခွဲပေးလို့ရတယ်... local network ကနေ IP တစ်ခုနဲ့ bagan or MPT or RedLink ဆီထွက်တယ်။ အဲဒီကမှ နောက်ထပ် IP တစ်ခုနဲ့ အင်တာနက်ပေါ်ကို ထပ်ထွက်တယ်.. love8ack3r အနေနဲ့ network ပိုင်းကို အခြေခံကစပြီး လေ့လာသင့်တယ်ဗျ... တစ်ခုခြင်းဆီ မေးနေရင် တဖြည်းဖြည်း နားမလည်တာတွေ ပိုပိုများလာမယ်.... ပိုပြီး မေးစရာတွေ များလာမယ်... network အခြေခံကို အရင်လေ့လာစေချင်ပါတယ်... ဒါဆို network တွေ ဘယ်လို ချိတ်ရမလဲ.. IP တွေ ဘယ်လိုပေးရမလဲ စတာတွေ နားလည်လာမှာပါ...
  • edited May 2009 Registered Users
    saturngod wrote: »
    router , switch စတာတွေနဲ့ ခွဲပေးလို့ရတယ်... local network ကနေ IP တစ်ခုနဲ့ bagan or MPT or RedLink ဆီထွက်တယ်။ အဲဒီကမှ နောက်ထပ် IP တစ်ခုနဲ့ အင်တာနက်ပေါ်ကို ထပ်ထွက်တယ်.. love8ack3r အနေနဲ့ network ပိုင်းကို အခြေခံကစပြီး လေ့လာသင့်တယ်ဗျ... တစ်ခုခြင်းဆီ မေးနေရင် တဖြည်းဖြည်း နားမလည်တာတွေ ပိုပိုများလာမယ်.... ပိုပြီး မေးစရာတွေ များလာမယ်... network အခြေခံကို အရင်လေ့လာစေချင်ပါတယ်... ဒါဆို network တွေ ဘယ်လို ချိတ်ရမလဲ.. IP တွေ ဘယ်လိုပေးရမလဲ စတာတွေ နားလည်လာမှာပါ...

    ဟုတ်ကဲ့ ကိုစေတန်...ကျွန်တော်လေ့လာနေပါတယ်ခင်ဗျ။
    ...ဒါဆို မြန်မာနိုင်ငံ ကွန်ယက်တစ်ခုလုံးက sealed network လိုဖြစ်နေပြီး
    internet ကို mpt,mtp တို့ထဲကနေပြီး တိုးထွက်သွားရတဲ့ပုံပေါ့နော်။
    mpt တို့ mtp တို့ကပဲ perminant ip ရှိပြီးတော့ ကျန်တဲ့ မြန်မာနိုင်ထဲက computer တွေက
    LAN ထဲက computer တွေလိုပေါ့နော်....ဟုတ်လားဗျ...၊:65::65::65::65::106::106::106::77::77::77::77::65::65::65:
Sign In or Register to comment.