MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Clustering အကြောင်း

edited May 2009 in Open Source
ကျွန်တော်သိတာလေးတွေ ...

Clustering အမျိုးအစားများ

1. High Availability (HA) Cluster
2.Load Balancing Cluster
3.High Performance Computing (HPC) Cluster
4.Grid Computing

မှတ်ချက်များ

  • edited May 2009 Registered Users
    HPC နဲ့ Grid ကိုစာပဲဖတ်ဖူးတယ်။ နားလည်သလိုပြန်ပြောရရင်ဗျာ Process တစ်ခုကို computer တွေအများကြီးကို distributed ပြန်လုပ်ပြီး process တစ်ခုကိုပဲ computer အများကြီးကဝိုင်းဖြေရှင်းပေးတလိုပေါ့။

    HA ကတော့ 99.99% uptime ဆိုတာမျိုးဖြစ်အောင်လုပ်တာပါ။ Web server ဆိုရင်ဗျာ နှစ်လုံး Active - passive လဲဖြစ်နိုင်တယ်။ Active-active load balanced လဲဖြစ်နိုင်တယ်။ Server တစ်လုံး down သွားရင်တောင် site ကမ down ဘူးပေါ့။ Server တစ်လုံး down တာနဲ့ နောက်တစ်လုံးက Standby ကနေ Active ဖြစ်သွားတာမျိုးပေါ့။ HA ကို load balancing နဲ့တွဲသုံးတာများပါတယ်။ Mysql cluster နဲ့ load balance လုပ်တာမျိုး DRBD နဲ့ Active - passive လုပ်တာမျိုးတွေလဲရှိပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ High Availability 99.99% uptime ဖြစ်ဖို့သုံးပါတယ်။

    Concurrent usage များရင်တော့ load balance လုပ်ကျတယ်။ တစ်လုံးထက်ပိုတဲ့ server တွေပေါ်ကို load ကိုပြန် distribute လုတ်တာပေါ့။ Grid နဲ့မတူတာက Grid မှာ process တခုကို အားလုံး Share ပြီး process လုပ်တယ်။ ပုံမှန် load balacing ရဲ့ idea ကတော့ process1 က server1 ကိုသွား process2 က server2 ကိုသွားဆိုတာမျိုးလုပ်ပါတယ်။ သူကတော့ Concurrent user / usage များရင် server မနိုင်လို့ lag ဖြစ်တာမျိုးကို မဖြစ်အောင် ရည်ရွယ်ပြီးသုံးလေ့ ရှိပါတယ်။

    ကျနော်သိတလောက် လုပ်ဖူးတလောက်လေးပါ။ ဒီထက်ပိုတဲ့ usage တွေရှိအုန်းမှာပါ :67::67:

    ဒါနဲ့ ဒီ post ကနေရာလွဲနေတယ်ထင်တယ်
  • edited May 2009 Registered Users
    Load balancing နဲ့ပတ်သက်လို့တော့
    ကျွန်တော်တော့ လက်တွေ့ Ruby On Rails application တွေကို Mongrel (web server တစ်မျိုး) service
    တွေအများကြီးနဲ့ Apache ကိုရှေ့ကခံပြီး load balancing လုပ်ဖူးပါတယ်။

    Application ကို ကွန်ပြူတာ သုံးလုံးမှာ distribute လုပ်ပြီး တစ်လုံးမှာ Mongrel service ဆယ်ခုဆီ run
    ပြီးတော့ Apache မှာ Mongrel Cluster တစ်ခုဖန်တီးပါတယ်။
    Critical Application Error ကြောင့် mongrel service တစ်ခု သေသွားပြီဆိုရင် ကျန်တဲ့ service တွေ
    အလုပ်လုပ်သေးတဲ့အတွက်ကြောင့် performance မထိခိုက်တာကိုတွေ့ရပါတယ်။
    Mongrel service တစ်ခုဟာ 9 request per seconds လောက်လုပ်နိုင်တာမို့ process အခုသုံးဆယ်
    ဆိုတော့ ~270 request per second လောက် handle လုပ်နိုင်ပါတယ်။

    ဒါပေမယ့် apache ရဲ့ performance ကိုလည်းထည့်စဉ်းစားရပါတယ်။ (အခုနလို စမ်းတုန်းကတော့ apache တစ်ခုထဲပါ။)
    service အားလုံး error တက်ပြီးကျသွားအောင်တော့ ~270 request per second benchmark ကို မစမ်းနိုင်ခဲ့ပါဘူး။
    (အဲ...စမ်းလည်း မစမ်းတတ်ပါဘူး။ DDoS ဆရာကြီးတွေတော့ လုပ်တတ်မလား မသိဘူး :P)
Sign In or Register to comment.