MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

သင်တန်း

edited June 2009 in Other
အခုပြောမှာက ဆယ်တန်းပြီးစ လူငယ်တွေပေါ့.....
ဆယ်တန်းပြီးရင် IDCS တက်ကြတရ် ပုံသေနည်းကိုဖြစ်လို့ :)
တကယ်စိတ် ပါလားမပါလားတော့မသိ တက်လိုက်တာပဲ..သင်တန်းပြီး ပြီးသွားရော...
နောက်တစ်မျိုးက သင်တန်းအပျော်တက်တာ(ဥပမာ ဘော်ဒါဆွယ်လို့ ၊သင်တန်းက ကောင်မလေး
ချောလို့ စသဖြင့်ပေါ့) ဟီး..မောင်ကြည့်ရှောင်သူငယ်ချင်းတစ်ယောက်ဆို ကောင်မလေးတွေ
တက်တာများလို့ တဲ့ Basic ကို ၃ ၄ ခါလားပဲရှိပြီတက်နေတာ...အဲ့ဒါမျိုးတွေလည်းမကောင်းပါဘူး
မိဘ တက်ခိုင်းလို့ သာတက်လိုက်ရတရ် သင်တန်းမှာ စိတ်လည်းမပါဘူးဆို မကောင်းပါဘူး
ဒါကြောင့် ကိုယ် ဘယ်ဟာစိတ်ပါလည်း..ကွန်မျူတာမှာဆိုလည်း ဘယ်လိုင်းကို ကယ်စိတ်၀င်စားလည်း
သေချာစဉ်းစားပြီးမှ သင်တန်းတက်သင့်ပါတရ်....ကျွန်တော်ဆို ဆယ်တန်းပြီးစ က Hardware
ပြီး Programmer လိုင်းလိုက် ခုတော့ Web ပိုင်းကို သေချာလုပ်နေတရ်....အားလုံးသိတာ
ကောင်းပေမယ့် ရေရေ ရာရာ မသိဖူး...ဟိုဟာ သိလားဆိုသိသလိုလို ဒီဟာသိလားဆို သိသလိုလို
အခု လူငယ်တွေကို မဖြစ်စေချင်ဘူး..........

တစ်ချို့ သင်တန်းတွေက လည်း မကောင်းဘူး.....မောင်ကြည့်ရှောင်တက်ဖူးတဲ့ Hardware
သင်တန်းတစ်ခုဆို တစ်ပတ် ၅ ရက်တက်ရတရ် Hardware တာပြောတရ် ၅ ရက်မှာ ၁ ရက်သာ
စက်ကိုင်ရတရ် :D ရေလည်ကိုကျွမ်းကျင်သွားတာပဲ.......အချို့ ဟာတွေကသင်တန်းမှာ သင်တာထက် ကိုယ့်ဘာကိုယ်လေ့လာတာပိုကောင်းပါတရ်.....
ဒါကြောင့်သင်တန်းတက်တော့မရ်ဆို သင်တန်းကောင်းလားမကောင်းလားဆိုတာ စုံစမ်းပြီးမှ
တက်သင့်ပါတရ်.....ကိုယ်စိတ်၀င်စားရာ ကိုယ်ကြိုးစားရင်း ထူးချွန်တဲ့သူတွေဖြစ်ကြပါစေ....

မှတ်ချက်များ

  • edited June 2009 Registered Users
    သင်တန်းနဲ့ ပတ်သတ်လို့ ထင်မြင်ချက်လေးပါ။
    ဘာသာရပ် တစ်ခုလေ့လာဖို့သင်တန်းတက်တော့မယ်ဆိုရင်..
    အဲ.ဒီဘာသာရပ်နဲ့ပတ်သတ်တဲ့ စာအုပ်ကို(သို့)ebook ကိုအရင်ရှာပြီး လေ့လာထားစေချင်တယ်။
    အဲ့ဒါမှ မစီမ်းမှာ။ နောက်ပြီး သင်တန်းပြီးသွားရင်လဲ ဆက်ပြီးလေ့လာသွားပါ။
    သင်တန်းမှာသင်တာက မုန့်ဆိုင်မှာမမြည်းကျွေးသလောက်ပဲ ရှိတယ်ဆိုတာ လူငယ်တွေသိစေချင်ပါတယ်။ ဒါပေမဲ့ သင်တန်းဆရာတွေဆီက အတွေ့အကြုံကို တော့ ပညာယူသင်.တယ်လို့ထင်တယ်။
    လိုအပ်တာရှိရင် အကြံပြုစေချင်ပါတယ်။
  • edited June 2009 Registered Users
    သင်တန်းတက်တယ်ဆိုတာ သီအိုရီလောက်ပဲရတာပါ...ပိုရ ပိုထူးချွန်ချင်ရင်တော့ self-study ကလိုအပ်လာပါပြီ...ကိုယ်ကိုယ်တိုင်လုပ်ကြည့်ှမှ တက်ဖို့ ရာခိုင်နှုန်းပိုများမှာပါ.. သင်တန်းမှာ သင်သမျှကို ပြန်လေ့ကျင့်ပြီး... ပိုကောင်းအောင် ဉာဏ်ကွန့်ကြည့်ကြသင့်ပါတယ်.. ဥပမာ excel ကို သင်တန်းမှာ ပေါင်းတဲ့ ဖော်မြူလာသင်လိုက်ပြီး နှုတ်တာမသင်ရသေးခင်မှာ ကိုယ်ကိုယ်တိုင် စမ်းပြီး နှုတ်ကြည့်သင့်ပါတယ်.. ကိုယ်ကိုယ်တိုင်လုပ်လို့ အောင်မြင်သွားရင် မေ့ခဲပါတယ်.. အွန်လိုင်းမှာလဲ study လုပ်သင့်ပါတယ်.. self-study အတွက်က အွန်လိုင်းက အကောင်းဆုံးပါ... :D
  • edited June 2009 Registered Users
    ဟုတ်တယ်ဗျ...နောက်ပိုင်း လူငယ်တွေက သူများတက်လို့တာ လိုက်တက်လိုက်တာ..ကိုယ်ကိုယ်တိုင်လည်း စိတ်၀င်စားတာမဟုတ်ဘူးလေ...အွန်လိုင်းမှာ ဆိုယင်တောင် အဲဒီလောက်တော့ ရမယ်ထင်တယ်နော်..ဥပမာ...mz ဖိုရမ်လိုပေါ့..:)
  • edited June 2009 Registered Users
    သင်တန်းလား..အင်း ပြောပြအုံးမယ်။ ကောင်းတာရှိသလို မကောင်းတာလဲ ရှိတာပဲ။ ကိုယ့်ကိုယ်ကို အရင်ဆုံးဆန်းစစ် ဘာကြောင့် ဘယ်သင်တန်းကို တတ်မှာလဲပေါ့။ တခါတလေကျ ကိုယ်ကိုယ်တိုင်က ဘာမှမသိဘူး။ အဲ သင်တန်းလည်းတက်လိုက်ရော ကောင်းတယ်၊ ဆိုးတယ် သေချာကွဲကွဲပြားပြားသိသွားရော။ ကို တကယ်စိတ်၀င်စားသလား မစားဘူးလား၊ ကို လုပ်နိုင်သလား မလုပ်နိုင်ဘူးလား ကိုယ်တွေ့သိသွားတာမျိုးလည်း ရှိတယ်။ သင်တန်းလေးတော့ တက်ပါရဲ့ ကိုယ်ကိုယ်တိုင်က သေချာမလေ့လာဘူး၊ စိတ်မ၀င်စားဘူးဆိုရင်တော့ တော်တဲ့သူ ကျွမ်းတဲ့သူဖြစ်မလာနိုင်ပါဘူး။ သင်တန်းမှာက အခြေခံ ဒါမှမဟုတ် Overall ပဲသင်တာမျိုးပါ။ မတက်ခင်သေချာ စုံစမ်းပြီးမှ တက်တောင် ထင်သလောက်မဟုတ်တဲ့ သင်တန်းတွေကြီးပါပဲ။ သင်တန်းတခုတက်မယ်ဆိုရင် အချိန်နဲ့ငွေက ပေးရပြီ။ အဲဒါတော့ ပေးတာနဲ့ တန်အောင်ယူတတ်ဖို့ကတော့ ကိုယ့်အပေါ်မူတည်ပါတယ်။ သင်တန်းတက်ရင် သူ့ရဲ့ Field ထဲကို ၀င်နိင်မယ့်၊ ဒီ Field ထဲက ဆရာတွေ တကယ်ကြိုးစားတယ့် သူတွေရဲ့ လုပ်ပုံကိုင်ပုံတွေ idea တွေကို မြင်နိုင်တဲ့ အခွင့်အရေးတွေ ရှိပါတယ်။ ကိုယ်ဘယ်လိုလေ့လာရင် ရမလဲဆိုတာမျိုးပါ အကြံရတတ်ပါတယ်။ အဲဒီတော့ ပိုက်ဆံပေါရင် အချိန်ရရင်တော့ သေချာစုံစမ်းပြီး တက်သင့်ပါတယ်။ တက်လည်းတက် လုပ်လည်းလုပ်ပေါ့။ ဘာမှမသိသေးတဲ့ သူကျတော့ Self study တယောက်တည်း လုပ်နေလို့ အဆင်ပြေ ခရီးပေါက်မယ် သိပ်မထင်ပါဘူး၊ အချိန်တော်တော်ယူရမှာပေ့ါ၊
Sign In or Register to comment.