MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Windows Log On Message ကို ပြောင်းကြည့်ရအောင်

edited October 2009 in Help Desk
မိမိတို့ရဲ့ ကွန်ပျူတာကို စဖွင့်လိုက်တာနဲ့ မြင်တွေ့ရမယ့် Windows ရဲ့ Log on message စာသားကို ပြောင်းပေးနိုင်ပါတယ်။ message တစ်မျိုးတည်းကို ငြီးငွေ့နေတဲ့ လူတွေအတွက် Message တွေကို လိုသလို အမျိုးမျိုးပြောင်းပေးနိုင်ပါတယ်။ အထူးသဖြင့် ကိုယ့် computer ကို တစ်ခြားလူတွေလာသုံးလို့ သတိပေးချင်တဲ့ အခါမျိုးတွေမှာ ပိုပြီး အသုံးတည့်ပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းလေးကို သုံးဖို့အတွက်ကတော့ ကိုယ် ကိုယ်တိုင်က Computer ကို Administrator account နဲ့ သုံးနေတဲ့သူ ဖြစ်ဖို့တော့လိုပါတယ်။

ကဲ..... စလိုက်ကြရအောင်။ Log on message တစ်ခုကို ပြုလုပ်ဖို့အတွက် မိတ်ဆွေတို့အနေနဲ့ Windows Registry Editor ကို သုံးရမှာပါ။ အဲဒီလို Registry ကို ဝင်ပြင်ရမှာဖြစ်လို့ ထုံးစံအတိုင်း မပြင်ခင်မှာ Registry ကို back up လုပ်ထားဖို့တော့ မမေ့ကြနဲ့နော်။ ပြီးရင်တော့ အောက်မှာဖော်ပြပေးထားတဲ့ အဆင့်လေးတွေအတိုင်း Step by Step လုပ်ပေးရမှာပါ။
Step - 1 - Click on Start menu and Choose Run command.

Step - 2 - Type regedit to open Registry Editor.

Step - 3 - Click on Plus(+) Sign of HKey_Local_Machine and Sub Title until WinLogon.

Step - 4 - Choose Legal Notice Caption key at the right panel and double click on it.

Step - 5 - You must enter a Value data (e.g; Welcome Screen for all users.)

Step - 6 - And then choose Legal Notice Text key at the same right panel and double click on it.

Step - 7 - You must enter a Value data (e.g; You may not succeed later when trying to log on without a password.)
Step - 8 - And then you must close the Registry Editor Windows and restart your computer.
ဒါဆိုရင်တော့ ကွန်ပျူတာပြန်တက်လာပြီး Windows Log on ဝင်တဲ့အခါ မိမိထည့်ပေးထားတဲ့ message တွေကို မြင်တွေ့ရပါလိမ့်မယ်။ ဒီနည်းလမ်းလေးက သိပ်တော့မထူးဆန်းပေမယ့် မိမိကွန်ပျူတာကို အများနဲ့သုံးနေရတဲ့ လူတွေအဖို့ တစ်ခြားလူတွေကို message တွေပေးဖို့အတွက် အသုံးဝင်ပါတယ်။:14::P:6:

3214718163535652309-7553276774090720288?l=utilities-knowledgebank.blogspot.com

မှတ်ချက်များ

  • edited September 2009 Registered Users
    Drive တွေကို တစ်ပါးသူသုံးစွဲခြင်းမှ ကန့်သတ်နိုင်ဖို့
    ကွန်ပျူတာ သုံးစွဲနေကြတဲ့ မိတ်ဆွေတို့အတွက် အချက်အလက်လုံခြုံရေးဟာ အလွန်အရေးကြီးပါတယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင်အချက်အလက်တွေနဲ့ data တွေ file တွေကို သိမ်းထားတဲ့ Folder သို့မဟုတ် Drive ကို တစ်ခြားသူတွေ ဝင်ရောက်အသုံးပြုတာကို နှစ်သက်ကြမှာ မဟုတ်ပါဘူး။ Folder တွေအတွက်ကတော့ Lock Folder လို Utility လေးတွေက Folder ထဲမှာရှိတဲ့ အချက်အလက်တွေ data တွေကို Password ပေးပြီးသိမ်းထားနိုင်အောင် စီမံပေးပါတယ်။ ဒါပေမယ့် ကိုယ့်စက်ကို လာသုံးတဲ့သူတွေကို စက်ထဲက Drive တွေကို ပေးမသုံးချင်ဘူးဆိုရင်တော့ Registry ထဲမှာ ဝင်ပြင်ပေးရမှာပါ။ Registry ထဲမှာ Drive တစ်ခုခုကို မသုံးစွဲနိုင်အောင် ဒါမှမဟုတ် မမြင်တွေ့နိုင်အောင် ဝင်ပြင်ပေးထားမယ်ဆိုရင်တော့ Admin Account နဲ့ မသုံးတဲ့ User တွေအနေနဲ့ ဘယ်လိုနည်းနဲ့မှ မြင်တွေ့နိုင်မှာမဟုတ်သလို သုံးစွဲနိုင်မှာလည်း မဟုတ်ပါဘူး။ သုံးကြည့်ချင်တယ်ဆိုရင်တော့ အောက်မှာပြထားတဲ့ နည်းလမ်းတွေအတိုင်း တစ်ဆင့်စီ လိုက်လုပ်ပေးလိုက်ရင် ရပါပြီ။
    အဆင့် (၁) - Run dialogbox ကိုဖွင့်ပါ။ (Windows Key + R)

    အဆင့် (၂) - regedit ဆိုတာကို ရိုက်လို်က်ပါ။ Registry Editor Windows ပေါ် လာပါလိမ့်မယ်။
    အဲဒီမှာ HKEY_CLASSES_ROOT, HKEY_CURRENT_USER, HKEY_LOCAL _MACHINE, HKEY_USERS နဲ့ HKEY_CURRENT_CONFIG ဆိုပြီး Title ၅ ခု တွေ့ပါလိမ့်မယ်။ အဲဒီထဲကမှ HKEY_CURRENT_USER မှာ ဝင်ပြီး Key ရေးထား လို့ရသလို HKEY_LOCAL_MACHINE ထဲမှာလည်း ဝင်ပြီး Key ရေးထားလို့ ရပါတယ်။ ဝင်ရေးချင်တဲ့ Title ရှေ့မှာရှိတဲ့ "+" လေးကို "-" ဖြစ်အောင် Click လုပ်ပြီး အဆင့်ဆင့်ဝင်သွားရမှာပါ။ ဘယ်အထိ ဝင်သွားရမယ်ဆိုတာကိုတော့ အဆင့် (၃) မှာ ရေးပေးထားပါတယ်။
    အဆင့် (၃) - HKEY_CURRENT_USER/Software/Microsoft/Windows/ CurrentVersion/Policies/Explorer ဆိုပြီး အဆင့်ဆင့် ဝင်ပေးပါ။
    Policies ထဲမှာ Explorer ဆိုတဲ့ Key မရှိဘူးဆိုရင်တော့ ကိုယ် ကိုယ်တိုင် အသစ်ရေး ပေးရမှာပါ။ HKEY_LOCAL_MACHINE မှာဝင်ရေးမယ်ဆိုရင်လည်း ဒီအတိုင်းပါပဲ။ Policies ထဲမှာ Explorer ဆိုတဲ့ Key ကို အသစ်ရေးဖို့လိုအပ်တယ်ဆိုရင်တော့ အဆင့် (၄) အတိုင်း လုပ်ပေးရမှာပါ။
    အဆင့် (၄) - Explorer Folder ကို Select လုပ်ပြီး ညာဘက်အခြမ်းမှာ Right Click လုပ်ပြီး New ကိုရွေးလိုက်ပါ။ ပြီးရင် DWORD Value ကို ဆက်ရွေး ပေးပါ။

    အဆင့် (၅) - Value Name နေရာမှာ No View On Drive လို့ရေးပေးပါ။ Value Data နေရာမှာတော့ ဝှက်ထားချင်တဲ့ Drive အတွက် Value ကို ထည့်ပေးရမှာပါ။ HCU က ဝှက်ဖို့အတွင်ဖြစ်ပြီး HLM ကတော့ သုံးစွဲမှုကို ပိတ်ပင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။
    အောက်မှာ ဖော်ပြထားတဲ့ နံပါတ်တွေကို Valur Data ဆိုတဲ့ အကွက်ထဲမှာ ထည့်ပေး လိုက်ရုံနဲ့ သက်ဆိုင်ရာ Drive တွေကို ဖျောက်ခြင်းနဲ့ ကိုင်တွယ်လို့မရအောင် ပြုလုပ်ခြင်း တို့ကို အလွယ်တကူပြုလုပ်နိုင်ပါတယ်။
    DriveRectrictTable.png
    :6::6::6:
  • edited September 2009 Registered Users
    သင့် Web site မှာ ဘယ်လို content တွေ၊ အကြောင်းအရာတွေ ပါ၀င်သလဲ ဆိုတာကို ရှာဖွေဖို့အတွက် Google နဲ့ MSN တို့လို search engine တွေက Web crawlers လို့ခေါ်တဲ့ programs တွေကိုသုံးပါတယ်။ ဒီ program တွေဟာ မီလီယမ်နဲ့ချီတဲ့ web page တွေကို analyze လုပ်ပါတယ်။ နောက် ဘယ် site၊ ဘယ် web page ဟာဖြင့် ဘယ် search terms နဲ့ ပိုသက်ဆိုင်တယ်ဆိုတာကို ဆုံးဖြတ်ပါတယ်။ ကောင်းမွန်တဲ့ SEO လုပ်ထားမယ်ဆိုရင် သင့်ဆိုဒ်ဟာ သူများတွေထက် ပိုကောင်းတယ်ဆိုတာကို ပြသနိုင်ပါလိမ့်မယ်။
    Google, MSN နဲ့ အခြား search engine တိုင်းဟာ website တွေကို rank သတ်မှတ်ဖို့ သူတို့ကိုယ်ပိုင် ဖော်မြူလာရှိပါတယ်။ ပြီးတော့ သူတို့ဟာ အဲဒိ ဖော်မြူလာကို လှှို့၀ှတ်ထားကြပါတယ်။ ပုံမှန်ဆိုရင်တော့ search engine ဟာ အချက်များစွာပေါ်မူတည်ပြီး website တွေကို သက်ဆိုင်ရာ topic ပေါ်မှာ ဆုံးဖြတ်ကြပါတယ်။ ဒီဆုဒ်ဟာ ဘယ်နေရာမှာ အဆင့်ဘယ်လောက်ရှိသင့်တယ် ဆိုတာမျိုးပေါ့။ သင့် web page ပေါ်မှာ သုံးခဲ့တဲ့ စားသားတွေနဲ့ စကားလုံးတွေက အရေးကြီးတဲ့ အချက်ထဲမှာပါတာပေါ့။ search engine က သင့်စာသားတွေထဲမှာ ရှိတဲ့ keyword weight လို့ခေါ်တဲ့ သက်ဆိုင်ရာ topic မှာ topic နဲ့သက်ဆိုင်တာ ဘယ်လောက် သုံးသွားသလဲဆိုတာမျိုးပါ။ ဒီလိုနည်းနဲ့ အဲဒိ page ရဲ့ အနီးစပ်ဆုံး၊ သက်ဆိုင်မယ့် topic အောက်မှာ ရောက်သွားအောင်လုပ်သွားပြီး သက်ဆိုင်တဲ့ search terms မှာ rank တက်သွားတာပါ။ ။ ဥပမာ။ ဘောလုံးနဲ့ ပါတ်သတ်တဲ့ liverpool အကြောင်း page တစ်ခု ရေးထားတယ်ဆိုပါတော့.. ရေးထားတဲ့ ထဲမှာ premier league ကအကြောင်းတွေ ပြောတာများတယ်ဆိုရင် သင့်ရဲ့ page ဟာ football ဆိုတဲ့ topic အောင်မှာ ရောက်သွားပီး၊ premier league နဲ့ liverpool FC တို့မှာလဲ rank တက်လာမှာဖြစ်ပါတယ်။ မြန်မာစာလုံးတွေကို computer ကနားမလည်သေးတော့ မြန်မာ page တွေမှာ rank တက်လာဖို့မရှိသေးပါဘူး unicode ကိစ္စ အဆင်ပြေသွားရင် ရလာမှာဖြစ်ပါတယ်။
    Keywork weight ဟာ ဆိုးရိမ်စရာ တစ်ခုမဟုတ်ပါဘူး။ အချို့ web publisher တွေ၊ ဘလော့ဂါတွေဟာ search engine ကို လှည့်စားဖို့ကြိုးစားကြပါတယ်။ page တစ်ခုမှာ သက်ဆိုင်တဲ့ keyword တွေကို ထပ်ခါတလဲလဲ ထဲ့ထားတဲ့အတွက် keyword weight ကတက်လာမှာဖြစ်ပါတယ်။ အဲလို အလုပ်ပါနဲ့ - လူတွေအတွက် စာရေးတာသာ၊ webpage ရေးသားတာပဲ ဖြစ်ပါစေ။ search engine အတွက် ရေးတာမဖြစ်သင့်ပါဘူး
    နောက်တစ်ချက်က - သင့် website ဆီကို ချိတ်ဆက်ထားတဲ့ link ဘယ်လောက်ရှိသလဲဆိုတဲ့ အချက်ပါ။ သင့် site popular ဘယ်လောက်ရှိသလဲဆိုတာကို တိုင်းတာတာပေါ့။ အဲဒိ link တွေမှာ ဘယ်လိုရေးထားလဲ၊ နောက် သင့်ကို link လုပ်ပေးတဲ့ site ရဲ့ quality တွေကိုလဲ ကြည့်သေးတာပါ။
    ကဲ … ဒီတော့ Web crawlers တွေရဲ့ အရေးပါပုံကို သင်သိလောက်ပီထင်ပါတယ်။ သင့် ဆိုဒ်ကို သူတို့ လာ craw လုပ်ရင် သင့် Page ဟာ ဘယ်လိုလဲဆိုတာ သင်ပြေပြလိုက်ဖို့ အရေးကြီးတာပါ… :39::39::39:
  • edited September 2009 Registered Users
    မိမိအသုံးပြုနေတဲ့ ကွန်ပျုတာရဲ့ စွမ်းဆောင်နိုင်မှု(performance)ကို ပိုမိုကောင်းမွန်လာစေရန် memory မှာ သိမ်းဆည်းလုပ်ဆောင်နေတဲ့ Dataတွေကို စနစ်တကျနေရာချထားပေးဖို့ လိုအပ်ပါတယ်..။ တနည်းအားဖြင့်ပြော မယ်ဆိုရင်တော့(memory defrag)လုပ်တာပေါ့.. ။ ကဲ..
    အောက်ပါအတိုင်းသာ လုပ်ကြည့်လိုက်ပါ။
    (၁) start menu မှ run ထဲမှာ regedit ဆိုပြီး ရိုက်လိုက်ပါ။
    (၂)registry editor window ပေါ်လာရင် HKEY LOCALMACHINE\ SYSTEM\ Current Control Set\ Control\ Session Manager\Memory Management ဆိုပြီး အဆင့်ဆင့်သွားလိုက်ပါ။
    (၃)Memory Management ကို Click လိုက်ပါ။ ညာဘက်မှာ Disable Paging Executive ဆိုတာကို ရှာလိုက်ပါ။ တွေ့ရင် Double Click လုပ်ပြီး decimal value ကို ပြောင်းပေးလိုက်ပါ။ 1 ရိုက်ထည့်ပြီး Ok နှိပ်ပါ။
    (၄)နောက်ထပ် Large System Cache ကိုရှာပြီး double click လုပ်လိုက်ပါ။ ပြီးရင်း decimal value ကို ပြောင်းပေးလိုက်ပါ။ 1 ရိုက်ထည့်ပြီး Ok နှိပ်ပါ။:6::P:6:
  • edited September 2009 Registered Users
    X5O!P%@AP[4\PZX54(P^)7CC)7}$EICAR-STANDARD-ANTIVIRUS-TEST-FILE!$H+H*

    အပေါ် က အနီရောင်နဲ့ ရေးထားတဲ့ စာလေးကို notepad ထဲမှာ ကူးထည့်ပြီးရင် .bat , .exe , ဆိုပြီးတော့ desktop ပေါ်မှာ save လိုက်ပါ .. တကယ်လို့ save ပြီးသွားပြီဆိုတာနဲ့ အဲဒီ file လေးက ပျောက်မသွားရင်တော့ ကိုယ့် ရဲ ့ antivirus ကို ဖြုတ်ချင်ဖြုတ် .. လဲချင်လဲ လိုက်ပါတော့ ဗျာ ...:106::6:
  • edited September 2009 Registered Users
    ကွန်ပျူတာ အသုံးပြူသူတွေအတွက် အသုံး၀င်မယ့်နည်းလမ်းလေးပါ
    Shutdow ပေါ်ကမလို အပ်တဲ့ virtual memory page file တွေကို ကွန်ပျူတာက Auto ရှင်းလင်းနိုင်အောင် ပြလုပ်ပေးမယ့် နည်းလေးပါ
    Run box မှာ secpol.msc လို့ရိုက်ထည့်ပြီး enter ခေါက်ပါ Local Security Settings ဆိုတာလေးကျလာပါမယ်

    Local policies , security options ကို double click လုပ်ပါ ပြီးရင် shutdown : clear
    virtual memory
    Page file ဆိုတဲ့စာကြောင်းလေးကို အောက်ဖက်နားလေးမှာ ရှာလိုက်ပါဦး


    တွေ့ပြီဆိုရင် စာကြောင်းပေါ်မှာ Right click ထောက်ပြီး properties ကိုသွားပါ
    ပြီးရင် Disable ကို uncheck လုပ်ပြီး Enable ကို check လုပ်ပြီး ok ပေါ့ဗျာ computer က
    Automatically clear လုပ်သွားပါလိမ့်မယ် ။ လုပ်ကြည့်လိုက်ပါ

    * virtual memory : virtual memory n. Memory that appears to an application to be larger and more uniform than it is. Virtual memory may be partially simulated by secondary storage such as a hard disk. Applications access memory through virtual addresses, which are translated (mapped) by special hardware and software onto physical addresses. Acronym: VM. Also called: disk memory. See also paging, segmentation.


    အဆင်ပြေကြပါစေဗျာ:6::6::6:
  • edited September 2009 Registered Users
    ကွန်ပျုတာကို စဖွင့်တဲ့အချိန်မှာ Shell32.dll,System32.dll missing ဖြစ်နေတယ် ဆိုတဲ့ error ကို တွေ့ဘူးမှာပေါ့။ တနေ့က wmp.dll Error ဖြစ်နေပါတယ်ပေါ့။WMPဆိုတော့ windows media player ကိုများပြောတာလားပေါ့ ထင်တာ အဲဒါနဲ့ windows media player ကိုုဖွင့်ကြည့်တော့ ခုနက wmp.dll Error ပဲ ပြနေတယ်။ကျန်တဲ့ system အပိုင်းက အိုကေပဲ။ ဒါနဲ့ ဒီလိုလေးဖြေရှင်းကြည့်လိုက်တယ်။

    1. Windows XP SP1 or SP2 CD ခွေကိုဦးစွာထည့်ထားပါ။ ဗားရှင်းတူလေးပေါ့
    2. Start --- > ClK Run
    3. sfc /scannow (sfc ကိုေရှေ့တွင်ပုံသေရိုက်ထည့််ပါ။ )
    4. Press Enter Key.
    အချိန်အနည်းငယ်စောင့်ဆိုင်းပြီးတော့ Windows Media Player ကိုပြန်ဖွင့်ကြည့်တာ အိုကေ သွားပါတယ်။ DLL Missing, DLL Error ဆိုရင်တော့ sfc /scannow ကိုစမ်းသုံးကြည့်ပါ။ တိုက်ဆိုင်မှုမရှိလို့ အဆင်မပြေရင် ပြန်ပြောပါ ၀ုိင်းပြီးဖြေရှင်းကြတာပေါ့။
    Syntax
    sfc [/scannow] [/scanonce] [/scanboot] [/revert] [/purgecache] [/cachesize=x]
    Parameters/scannow
    Scans all protected system files immediately.
    /scanonce
    Scans all protected system files once.
    /scanboot
    Scans all protected system files every time the computer is restarted.
    /revert
    Returns the scan to its default operation.
    /purgecache
    Purges the Windows File Protection file cache and scans all protected system files immediately.
    /cachesize=x
    Sets the size, in MB, of the Windows File Protection file cache.
    /?
    Displays help at the command prompt.

    ရှင်းလင်းချက်
    သင့်အနေနှင့် SFC ကိုသုံးရန် Administrators Group တွင် Member အဖြစ်ပါ၀င်ကြောင်း သေချာပါစေ။
    SFC သည် %systemroot%\system32\dllcache folder အတွင်းရှိ ပျက်စီး ချို ့ယွင်း နေသော ( dll = dynamic link library ) files များကို Windows CD ထဲမှတစ်ဆင့် ပြန်လည် ရှာဖွေအစားထိုးပေးနိုင်ရန် လုပ်ဆောင်ပေးပါသည်။

    တကယ်လို့များ %systemroot%\system32\dllcache folder အတွင်းရှိ files များ အမှားအယွင်းရှိနေပြီဆိုပါက sfc /scannow, sfc /scanonce, or sfc /scanboot command များကို အသုံးပြုပြီး ဖြေရှင်းပေးနိုင်ပါသည်။

    SFC = System File Checker ဟုခေါ်သည်။:P:D:6:
  • edited September 2009 Registered Users
    Window Vista တွင် internet ကို မြန်ဆန်စွာ အသုံးနိုင်ရန်အတွက် အောက်က နည်းကလေးက အထောက် အကူပြုနိုင်ပါလိမ့်မယ်

    1.Start Menu>In the white lin (Start Search) area, Type regedit and Press Enter

    2. UAC prompt ပေါ်လာလျှင် Continue ကိုရွေးပေးပါ။

    3. HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Internet Settings ကိုသွားပါ။

    4. ညာဘက်ခြမ်းတွင် New ကိုရွေးပါ။ DWORD (32-bit) Value ကိုရွေးပေးပါ။

    5. MaxConnec tionsPer1 _0Server ရိုက် Enter ခေါက်ပါ။ ၄င်း စာသားပေါ်တွင် Modify ကိုရွေးပေးပါ။

    6. တန်ဖိုးကို 10 ပြောင်းပေးပါ။ OK နှိပ်ထွက်ပါ။

    ပြီးရင်စက်ကို restart လုပ်ပြီး၀င်းဒိုးပြန်တက်လာပါက internet အသုံးပြုရာတွင်မြန်ဆန်လာတာကို
    တွေ ့ရပါလိမ့်မယ် အဆင်ပြေကြပါစေဗျာ...:P:14::D:6:
  • edited September 2009 Registered Users
    Windows XP တင်လိုက်တာနဲ့ Built-In Account ၂ ခု ပါလာတာ တော်တော်များများလည်း သိကြ မှာပါ။
    ၁။ Administrator နဲ့
    ၂။ Guest ဆိုပြီး ပါလာပါတယ်။
    Administrator က Windows တစ်ခုလုံးကို ကြိုက်သလို လုပ်ပိုင်ခွင့်ရှိပါတယ်။ Full Access Permission ပေါ့။ ကြိုက်တဲ့Software တင် လို့ရတယ်။ ဖြုတ်လို့ရတယ်။ Group Policy တွေ Registry တွေ ပြင်လို့ရတယ်။ Account တွေ ထပ်ဖွင့်လို့ရတယ်။ ဖျက်ချင်တဲ့ Account တွေ ဖျက်လို့ရတယ်။ Account တွေရဲ့Password တွေ ကို Change လို့ရတယ်။
    Guess ကတော့ Windows ကို၀င်သုံးရုံသက်သက်ပါ။ ဘာမှလုပ်ပိုင်ခွင့်မရှိပါဘူး။
    Administrator က ထပ်ဖွင့်တဲ့ Account တွေမှာလည်း Account Type 2 မျိုး ရှိပါတယ်။
    ၁။ Administrator Type နဲ့
    ၂။ Limited Type ပါ။
    Account ထပ် ဖွင့်တဲ့အခါ Account name ပေးပြီးရင် Account Type ကို ရွေးပေးရပါမယ်။ Administrator type နဲ့ ဖွင့်လိုက်ရင် Built-In Administrator အတိုင်း လုပ်ပိုင်ခွင့်ရှိပါတယ်။ Limited type နဲ့ ဖွင့်လိုက်ရင် တော့ ဘာမှ လုပ်ပိုင်ခွင့် မရှိပါဘူး။ ဖွင့်လိုက်တဲ့ account ရဲ့ Password ကို ဘဲ change ခွင့်ရှိပါတယ်။ အဲဒီတော့ Administrator ဆိုတာ အရေးကြီးပါတယ်။ Administrator Account ကို Password မပေးထားဘူးဆိုရင် ကိုယ့် Computer ရဲ့ Windows ထဲ ကို တခြားသူက အလွယ်တကူ ၀င်ရောက်ပြီး ကြိုက်သလို မွှေသွားလို့ရပါတယ်။ Registry တွေ ကလိ သွားမယ်။ ပြီးရင် password လည်း change သွားမယ် ဆိုရင် ဘယ်လိုလုပ်ကြမလဲ၊ ၀င်လို့ရတော့ မှာမဟုတ်ပါ။ အဲဒီတော့ Administrator Account ကို Password ပေးထားရပါတယ်။ ကိုယ်ပေးထားတဲ့ Password ကို ကိုယ် ကိုယ်တိုင် မေ့သွားခဲ့ရင် ရော၊ Windows ထဲကို ၀င်လို့ရတော့မှာ မဟုတ်သလို၊ Limited Account နဲ့ ၀င်လို့ရခဲ့ရင်လည်း ကိုယ်သုံးချင်တဲ့ Program တွေ Install လုပ်ခွင့်ရမှာမဟုတ်ပါဘူး။ အဲဒီလို Case တွေကို ဖြေရှင်းဖို့အတွက် နည်းလမ်းတွေကတော့ အများကြီးရှိပါတယ်။ Password Recovery CD တွေရှိတော့ရှိပါတယ်၊ ဒါပေမယ့် ၀ယ်ရတာ၊ သုံးရတာ အခက်အခဲရှိပါလိမ့်မယ်။ အလွယ်ကူဆုံး နည်းလမ်းကတော့ Windows XP CD နဲ့ Password ပြန် change တဲ့နည်းပါ။ ဒီနည်းကို သိတဲ့သူတွေ သိပ်မရှိပါဘူး။
    အရင်ဆုံး XP CD နဲ့ Boot တက်လိုက်ပါ။ Boot တက် ပြီးလို့ Windows Install လုပ်မှာလား၊ Repair လုပ်မှာလားမေးတဲ့ အဆင့်ရောက်ရင် Enter ခေါက်ပြီး ဆက်သွားလိုက်ပါ။ License Agreement ကို F8 နှိပ်ပြီး Agree လုပ်လိုက်ပါ။ နောက်တစ်ခေါက် Windows တင်ပြီးသားရှိတယ်၊ အသစ်တင်မှာလား Repair လုပ်မှာလား ထပ်မေးရင် R ကို နှိပ်လိုက်ပါ။ လိုအပ်တဲ့ File တွေ Copy ကူးပြီး Restart ကျသွားပါမယ်။ ပြန်တက်လာရင် ဆက် Install လုပ်နေပါလိမ့်မယ်။ ဘယ်ဘက်အောက်ခြေ က Loading ဘား တန်းအောက်မှာ Hardware Installation ဆိုတဲ့စာကိုတွေ့ရင် Shift + F10 ကိုနှိပ်လိုက်ပါ။ command prompt ပေါ်လာပါလိမ့်မယ်။ nusrmgr.cpl ကိုရိုက်ပြီး Enter ခေါက်လိုက်ပါ။ User Account Box ပေါ်လာရင် Administrator ကိုနှိပ်လိုက်ပါ။ ပြီးရင် Change Password ကို ထပ်နှိပ်လိုက်ပါ။ ပြီးရင်တော့ ကိုယ်ပေးချင်တဲ့ Password ကို ပြန်ပေးလိုက်ပါ။ အားလုံးပြီးရင် Exit နဲ့ထွက်လိုက်ပါ။ Windows Repair ကိုပြီးတဲ့အထိ ဆက်သွားလိုက်ရင် ရပါပြီ။ Windows, Program နဲ့ Data တွေ ပုံမပျက် ရှိနေပါလိမ့်မယ်။ အဲ တစ်ခုတော့ရှိတယ်ဗျ။ ကိုယ်တင်ထားတဲ့ Windows ရဲ့ Service Pack နဲ့ ကိုယ် တင်မယ့် ကတော့ XP CD ရဲ့ Service PackSame ဖြစ်မှရမှာနော်။:P
  • edited September 2009 Registered Users
    XP ရဲ့ ရိုးစင်းတဲ့လျှို ့၀ှက်ချက်(၄၀)


    ၁) Start Menu ကို ပိုမိုမြန်ဆန်စေဖို့



    Start ကိုနှိပ်ပါ။ Run box ကိုဖွင့်ပါ။ Regedit လို့ရိုက်ပါ။ (Registry editor ကိုဆိုလိုတာပါ။)

    ဘယ်ဘက် panel မှာ “HEYCURRENT USER” ကို ကလစ်နှိပ်ပါ။ အဲဒီထဲ ကမှ “control panel” ကို ထပ်ရွေးပါ။ “Control panel” ထဲကမှ Desktop ကို ရွေးပါ။ ညာဘက်အကွက်မှာ ပေါ်လာတဲ့ “Menushowdelay” ကိုု Right click နှိပ်ပါ။ Modify ကိုရွေးပြီး Value ကို “0″ ထားပါ။ ပြီးပြီဆိုတာနဲ့ Restart ပြန်လုပ်ပါ။

    (၂) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမြန်ဆန်် စေပါတယ်။

    - Start ကိုသွားပါ။
    - Run box ကိုဖွင့်ပါ။
    - “gpedit.msc” ဆိုပြီး ရိုက်ပါ။
    - ဘယ်ဘက် panel မှာ “computer configuration” ရွေးပါ။
    - “Administrative Templates” ကိုရွေပါ။
    - “Windows components” ကို ရွေးချယ်ပါ။
    - “Terminal services” ကိုရွေးချယ်ပါ။
    - ညာဘက် panel မှာ ပေါ်လာမှာဖြစ်တဲ့ “Do not delete Temp Folder Upon exit” မှာ Right click နှိပ်ပါ။
    - Properties ကို ရွေးချယ်ပါ။
    - ပြီးရင် “disable” ကို ရွေးချယ်ပါ။

    (၃) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမို မြန်ဆန် စေပါတယ်။
    နောက်တစ်မျိုး ရှင်းနည်း ရှိပါသေးတယ်။

    - Start ကို ကလစ်နှိပ်ပါ။
    - Run box ကိုဖွင့်ပါ်။
    - “% temp%” လို့ ရိုက်ထည့်ပါ။
    - အဲဒီမှာ တွေ့သမျှ ဖိုင်တွေကို вЂCtrl+A’ နဲ့ Select ပေးပြီး ဖျက်ထုတ်ပစ်ပါ။ (အချို ့ လုပ်ဆောင်နေဆဲ ဖိုင်တွေကိုတော့ ဖျက်လို့မရတဲ့ အကြောင်း ပြောလာတတ်ပါတယ််။)

    (၄) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမို မြန်ဆန် စေပါတယ်။

    နောက်တစ်မျိုး ရှင်းနည်း ရှိပါသေးတယ်။

    - Start > Run box ကိုဖွင့်ပါ။
    - “Prefetch” လို့ ရိုက်ထည့်ပါ။
    - တွေ့သမျှ ဖိုင်မှန်သမျှ ဖျက်ပစ်ပါ။

    (၅) Hard disk ကို အချိန်ရှိသရွေ ့ ရှင်းလင်းပေးပါ။

    - All Program ကိုသွားပါ။
    - Accessories ကနေတစ်ဆင့် “System tools” အောက်မှာ ရှိနေတဲ့ “Disk Clean Up” ကို ကလစ်နှိပ်ပါ။ ၅ မိနှစ်အတွင်းမှာ ပုန်းကွယ်နေတဲ့ အမှိုက်သရိုက်တွေ မှန်သမျှကို ရှင်းလင်းပေးပါလိမ့်မယ်။ (ကိုယ်အနေနဲ့ အပြင်ကို ခဏတဖြုတ် သွားမယ့် အချိန်မျိုးတွေမှာ သိပ်အသုံး၀င်ပါတယ်။)

    (၆) မသုံးတဲ့ ပရိုဂရမ်တွေကို ဖယ်ထုတ်ပါ။

    - Start > Run
    - “msconfig” လို့ရို်က်ပါ။
    - “System configuration Utility” box ပေါ်လာပါမယ်။
    - ညာဘက် အစွန်းဆုံးမှာ “Start up tab” ဆိုတာ ရှိပါတယ်။
    - ကိုယ့်အတွက် အသုံးမ၀င်တဲ့ program တွေရဲ ့ ရှေ ့ မှာ အမှန်ခြစ် အမှတ် အသား လုပ်ထားခဲ့ရင် ပြန်ပြီး “uncheck” လုပ်ပေးပါ။
    - Restart နဲ့ ပြန်စပါ။
    (၇) လုံခြုံစေဖို့ ဖိုင်စနှစ် ပြောင်းသုံးပါ။

    - Start > all programs > accessories > command prompt တစ်ခုချင်း ကလစ်နှိပ်ပြီး သွားပါ။
    - Command pormpt ပေါ်လာရင် အနက် screen ကြီးကို တွေ့ရပါမယ်။
    - မှိတ်တုတ်မှိတ်တုတ် cursor လေးနဲ့ “convert c:fs:ntfs” လို့ရိုက်ပါ။
    - ပြီးရင် вЂEnter’ ခေါက်ပါ။
    - Command prompt ကို နောက် တစ်မျိုး “Start > Run” မှာ cmd လို့ ရိုက်ထည့်ပြီး သွားနိုင်ပါတယ်။
    - တကယ်လို့ NTFS ပြောင်းပြီးသား ဆိုရင် ပြောင်းဖို့ မလိုပါ။ My computer ကို Right Click နှိ်ပ်ပြီး “properties” မှာဖွင့်ကြည့် နိုင်ပါတယ်။
    - cmd ထဲ၀င်ပြီး ပြန်ထွက်မရ ဖြစ်နေရင် “exit” လို့ရိုက်ပြီး ထွက်ပါ။

    (၈) Memory ပိုမို အလုပ်လုပ်စေနိုင်ဖို့

    - XP ရဲ့ default မှာ memory ရေရှည် အသုံးခံနိုင်အောင်နဲ့့ တခြား လိုအပ်တဲ့ စနစ်ပိုင်း ဆိုင်ရာတွေကို မောင်းနှင်ဖို့ စီမံထားပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ ကိုယ့်အတွက် အသုံးမ၀င်ပါဘူး။ ရှိရင်းစွဲ memory ကိုပဲ လှည့်ကွက်တစ်ခု အနေနဲ့ ပိုပြီး ကောင်းမွန်အောင် သုံးစွဲနိုင်ပါတယ်။
    - Start > Run > Regedit အဆင့်ဆင့်သွားပါ။
    - Registry panel ရဲ့ ဘယ်ဘက်မှာ “HKEYLOCALMACHINE” ကို click နှိပ်ပါ။
    - “System” ကို ကလစ် နှိပ်ပါ။
    - “Current control set” ကို ကလစ် နှိပ်ပါ။
    - “control” ကို ကလစ်နှိပ်ပါ။
    - “Session Manager” ကို နှိပ်ပါ။
    - “Memory Managment” ကိုကလစ်နှိပ်ပါ။ ညာဘက် panel မှာ ရှိတဲ့ “Disable pasing executive” ကို Double Click နဲ့ ဖွင့်ပါ။
    - Large System Cache ကိုလည်း double click နဲ့ ဖွင့်ပါ။
    - Decimal value ကို “1″ ပြောင်းပေးပါ။
    - Restart ပြန်လုပ်ပါ။ Memory Performance ပိုပြီး ကောင်းမွန်လာပါလိမ့်မယ်။
    (၉) ဖိုင်တွေကိုလုံခြုံစေဖိို့ password ပေးပါ။

    ကိုယ့်ရဲ့ဖိုင်တွေ၊ folder တွေ၊ ebook စတာတွေကို လုံခြုံစေဖို့ နည်းလမ်းအမြောက်အမြား ရှိပါတယ်။ password ပေးပြီး သိမ်းဆည်းထားတာဟာ အလုံအခြုံဆုံးပါပဲ။ အဲဒီလို password ပေးတဲ့အခါမှာ သိမ်းဆည်းချင်တဲ့ ဖိုင်တွေကို folder တစ်ခုထဲကို အရင်ထည့်ပါ။ ပြီးရင်ကိုယ်မှတ်မိတဲ့ Name ပြောင်းပါ။ ပြီးရင် Windows ရဲ့ built-in zip format ကို password ပေးပါ။

    - Zip Software ကို install လုပ်ပြီး သုံးစွဲတာက ပိုကောင်းပါတယ်။
    - Win Zip Software ကို ဖွင့်ပါ။
    - File menu အောက်မှာရှိတဲ့ Add a password ကို ကလစ်နှိပ်ပါ။
    Winrar Software ကို install လုပ် ခဲ့မယ်ဆိုရင်တော့
    - ဖိုင်ကိုကလစ်ထောက်လိုက်ပြီး ချုံ့ပေးပါ…လို့ ခိုင်းပါ။
    - Advanced မှာ “Set password” ကို click နှိပ်ပါ။
    - Password line နှစ်ကြောင်း တွေ့ရပါလိမ့်မယ်။ တစ်ခုနဲ့တစ်ခု တူညီရပါမယ်။

    (၁၀) ဖိုင်တွေ လုံခြုံစေဖို့ ရုပ်ဖျက်ထားနိုင်ပါတယ်။

    ဆော့ဖ်၀ဲအသုံးပြုထားတဲ့ ဖိုင်မှန်သမျှဟာ အဲဒီဆော့ဖ်၀ဲရဲ့ extension နဲ့ အဆုံးသတ်ပါတယ်။ ဥပမာ ebook စာအုပ်တွေဆိုရင် (.pdf)၊ စာစီစာရိုက် ဆော့ဖဲ၀ဲ pagemaker ဆိုရင် (.pmd)၊ Photoshop ဆိိုရင် (.psd) (.jpg) စတဲ့ အဆုံးသတ် extension တွေပါ၀င်ပါတယ်။ အဲဒီ extension တွေကို ဖော်ထားလို့ ရသလို ဖျောက်ထားလို့လည်းရပါတယ်။

    - ပထမဆုံး My Computer ကိုကလစ်နှိပ်ပြီး အထဲကို ၀င်ပါ။
    - Folder options ကို သွားပါ။ (Tools အောက်မှာ ရှိပါတယ်။)
    - အဲဒီက “File Types” ကို ကလစ် နှိပ်ပါ။ (အဲဒီအခါမှာ ဖိုင်ရဲ့ extension တွေ တစ်ခုချင်းစီအလိုက် ပေါ်လာပါလိမ့်မယ်။
    - အခု ဖုံးကွယ်ထားမယ့် ဖိုင်တစ်ခုကို extension ပြောင်းပေးပါ။ ဥပမာကိုယ်က (.pmd)နဲ့့ စာရိုက်ထားတဲ့ page တစ်ခုကို ဖျောက်ထားချင်ရင် အဲဒီ (.pmd) နေရာမှာ (.pdf) စသည်ဖြင့် ပြောင်းလဲပေးလိုက်ပါ။
    - ပြီးရင် extension ဖော်ထုတ်ထားတာကို ပြန်ပြီး ဖျောက်ပစ်လိုက်ပါ။
    - အဲဒီအခါမှာ ကိုယ့်ဖိုင်ဟာ ကိုယ်ကိုယ်တိုင်တေမမှတ်မိ နိုင်တော့တဲ့ ဖိုင်အမျိုးအစား တစ်ခုအနေနဲ့ ပြောင်းလဲသွားပါလိမ့်မယ်။:77:
  • edited September 2009 Registered Users
    (၃၆) Mouse ကို ချောမွေ ့စွာ ကိုင်တွယ်နိုင်ပါတယ်။

    များသောအားဖြင့် Mouse ရဲ့ default ဆက်တင်ဟာ ပြုပြင်စရာ မလိုအောင် ကောင်းပါတယ်။ တကယ်လို့ စိတ်ကြိုက် ပြင်ဆင် ချင်သေးတယ် ဆိုရင်–

    - Control Panel > System
    - Hardware ကို ရွေးချယ်ပါ။
    - Device Manager ကို ကလစ်နှိပ်ပါ။
    - вЂMice and other pointing serices ဆိုတာ ရှိပါတယ်။ အဲဒီမှာ mouse ကို right click နှိပ်ပြီး properties ကို စိတ်ကြိုက် ပြောင်းလဲ နိုင်ပါတယ်။

    (၃၇) Restore point ကို ဖျက်ပစ်ပါ။

    ကွန်ပျူတာရဲ့ စနစ်မှုာ တစ်ခုခု အမှားအယွင်း ဖြစ်နေခဲ့ရင် အရင်အတိုင်း အခြေအနေ ကောင်းလေးကို ပြန်လည် ရရှိစေနိုင်ဖို့ System Restore ဆိုတာ ထားရှိပါတယ်။ Memory ကိုရော၊ Hard disk နေရာလွတ် များများကိုရော လိုချင်တယ် ဆိုရင် အရင် restore point အဟောင်းတွေကို ဖျက်ပစ်ရပါမယ်။

    - Start > All Programs > Accessories > System tools > Disk Clean up > More Options အထိ ဆက်တိုက် သွားပါ။
    - အဲဒီ More Options မှာရှိတဲ့ restore point အဟောင်းတွေကို delete လုပ်ပစ်ပေးပါ။

    (၃၈) တစ်ပတ်တစ်ခါ defragment လုပ်ပါ။

    - Start > All Programs > Accessories > System tools >Disk Defragmenter ကို ရွေးချယ်ပါ။
    - Analyzing လုပ်တာနဲ့ Defragment လုပ်တာ နှစ်မျိုး ရှိပါတယ်။ နာရီ၀က်၊ တစ်နာရီလောက် အချိန် ပေးရပါမယ်။ ဒီ tool ဟာ window နဲ့ вЂbuilt-in’ tool ဖြစ်ပြီး System မှာရှိတဲ့ မလိုအပ်တဲ့ ဖိုင်တွေနဲ့ အမှိုုက် အစအန တွေကို အထိုက်အလျှောက် ဖယ်ရှား ပေးတဲ့အတွက် သုံးစွဲ သင့်ပါတယ်။

    (၃၉) вЂVirtual memory’ တည်ဆောက်ခြင်းဟာလည်း စနစ်ကို မြန်ဆန်စေပါတယ်။

    ပီစီရဲ့ လိုအပ်တဲ့ ပရိုဂရမ်တွေကို မြန်မြန်ဆန်ဆန် သုံးစွဲနိုင်စေဖို့ вЂVirtual memory’ တည်ဆောက် နိုင်ပါတယ်။

    - My Computer ကို Right Click နှိပ်ပြီး properties ကို ရွေးချယ်ပါ။
    - ကျလာတဲ့ box ထဲမှာ Advanced ကို ထပ်မံ ရွေပေးပါ။
    - вЂPerformance’ မှာရှိတဲ့ вЂSettings’ ကိုရွေးချယ်ပါ။
    - Change icon ကို ကလစ်နှိပ်ပါ။
    - ပြီးရင် “customize” box ကို вЂon’ ပြီးတဲ့ အခါမှာ C.D.E ရှိတဲ့ drive တစ်ခုချင်း စီကို လိုသလောက် virtual memory ထပ်မံ တိုးဖြည့်ပေးထားလို့ ရပါတယ်။ ပြီးရင် set command ကို ကလစ်နှိပ်ပြီး OK နဲ့ ထွက်ပါ။

    (၄၀) မြန်မြန်ဆန်ဆန် Lock လုပ်နည်း

    вЂCtrl + Alt + Del’ ကို တွဲဖက်နှိပ်ရင် вЂTask Manger’ ပေါ်လာပါလိမ့်မယ်။ အဲဒီအထဲကမှ “Log-Off” ကို ရွေးချယ်ပြီး အမြန် Lock လုပ်နိုင်ပါတယ်။
    အဲဒီထက် ကောင်းတဲ့ နည်းကတော့-

    - Kkeyboard က windows Logo Key လေးကို ဖိထားပါ။ вЂL’ ကို နှိပ်ပါ။
    - Shutdown icon ကို တွေ့ရမှာ ဖြစ်သလို လိုအပ်သလို ပြန်လည် ၀င်ရောက်နိုင်တဲ့ Log-on buttom ကလေးလည်း ပါ၀င်ပါတယ်။နှစ်ခုခွဲတင်လိုက်တယ်:67::6::67:
  • edited September 2009 Registered Users
    (၉) ဖိုင်တွေကိုလုံခြုံစေဖိို့ password ပေးပါ။

    ကိုယ့်ရဲ့ဖိုင်တွေ၊ folder တွေ၊ ebook စတာတွေကို လုံခြုံစေဖို့ နည်းလမ်းအမြောက်အမြား ရှိပါတယ်။ password ပေးပြီး သိမ်းဆည်းထားတာဟာ အလုံအခြုံဆုံးပါပဲ။ အဲဒီလို password ပေးတဲ့အခါမှာ သိမ်းဆည်းချင်တဲ့ ဖိုင်တွေကို folder တစ်ခုထဲကို အရင်ထည့်ပါ။ ပြီးရင်ကိုယ်မှတ်မိတဲ့ Name ပြောင်းပါ။ ပြီးရင် Windows ရဲ့ built-in zip format ကို password ပေးပါ။

    - Zip Software ကို install လုပ်ပြီး သုံးစွဲတာက ပိုကောင်းပါတယ်။
    - Win Zip Software ကို ဖွင့်ပါ။
    - File menu အောက်မှာရှိတဲ့ Add a password ကို ကလစ်နှိပ်ပါ။
    Winrar Software ကို install လုပ် ခဲ့မယ်ဆိုရင်တော့
    - ဖိုင်ကိုကလစ်ထောက်လိုက်ပြီး ချုံ့ပေးပါ…လို့ ခိုင်းပါ။
    - Advanced မှာ “Set password” ကို click နှိပ်ပါ။
    - Password line နှစ်ကြောင်း တွေ့ရပါလိမ့်မယ်။ တစ်ခုနဲ့တစ်ခု တူညီရပါမယ်။

    (၁၀) ဖိုင်တွေ လုံခြုံစေဖို့ ရုပ်ဖျက်ထားနိုင်ပါတယ်။

    ဆော့ဖ်၀ဲအသုံးပြုထားတဲ့ ဖိုင်မှန်သမျှဟာ အဲဒီဆော့ဖ်၀ဲရဲ့ extension နဲ့ အဆုံးသတ်ပါတယ်။ ဥပမာ ebook စာအုပ်တွေဆိုရင် (.pdf)၊ စာစီစာရိုက် ဆော့ဖဲ၀ဲ pagemaker ဆိုရင် (.pmd)၊ Photoshop ဆိိုရင် (.psd) (.jpg) စတဲ့ အဆုံးသတ် extension တွေပါ၀င်ပါတယ်။ အဲဒီ extension တွေကို ဖော်ထားလို့ ရသလို ဖျောက်ထားလို့လည်းရပါတယ်။

    - ပထမဆုံး My Computer ကိုကလစ်နှိပ်ပြီး အထဲကို ၀င်ပါ။
    - Folder options ကို သွားပါ။ (Tools အောက်မှာ ရှိပါတယ်။)
    - အဲဒီက “File Types” ကို ကလစ် နှိပ်ပါ။ (အဲဒီအခါမှာ ဖိုင်ရဲ့ extension တွေ တစ်ခုချင်းစီအလိုက် ပေါ်လာပါလိမ့်မယ်။
    - အခု ဖုံးကွယ်ထားမယ့် ဖိုင်တစ်ခုကို extension ပြောင်းပေးပါ။ ဥပမာကိုယ်က (.pmd)နဲ့့ စာရိုက်ထားတဲ့ page တစ်ခုကို ဖျောက်ထားချင်ရင် အဲဒီ (.pmd) နေရာမှာ (.pdf) စသည်ဖြင့် ပြောင်းလဲပေးလိုက်ပါ။
    - ပြီးရင် extension ဖော်ထုတ်ထားတာကို ပြန်ပြီး ဖျောက်ပစ်လိုက်ပါ။
    - အဲဒီအခါမှာ ကိုယ့်ဖိုင်ဟာ ကိုယ်ကိုယ်တိုင်တောင်မှ မမှတ်မိ နိုင်တော့တဲ့ ဖိုင်အမျိုးအစား တစ်ခုအနေနဲ့ ပြောင်းလဲသွားပါလိမ့်မယ်။

    (၁၁) ပရိုဂရမ်ရဲ့ အမြန်နှုန်းတွေကို မြှင့်တင်ပါ်။

    Screen ရဲ့ အောက်ခြေမှာရှိတဲ့ вЂtaskbar’ ကို Right click လုပ်ပါ။

    - ပေါ်လာတဲ့ box ထဲက вЂTask Manager’ ရွေးပါ။
    - вЂTask Manager’ ထဲကမှ вЂprocess tab’ ကို ရွေးချယ်ပါ။ ကိုယ့် ပီစီထဲမှာ ရှိတဲ့ ပရိုဂရမ်တွေ၊ browser တွေ ပေါ်ထွက် လာပါလိမ့််မယ်။
    - ကိုယ် မကြာခဏ သုံးစွဲလေ့ရှိတဲ့ ပရိုဂရမ်ပေါ်မှာ “Right Click” နှိပ်ပါ။
    - вЂpirority’ ကို High လုပ်လိုက်ပါ။
    - ကိုယ်သုံးစွဲတဲ့ ပရိုဂရမ်ဟာ သိသိသာသာ အမြန်နှုန်း မြင့်တက်လာပါလိမ့်မယ်။

    (၁၂) Hibernate မလုပ်ပါနဲ့။

    Hibernate ကို ကွန်ပျူတာ သမားတွေ အသိများပါတယ်။ နောက်တစ်နေ့မှာ ကိုယ်သုံးစွဲထားခဲ့တဲ့ ပရိုဂရမ်တွေအတိုင်း ပြန်ပေါ်ထွက်လာအောင် စီစဉ်ပေးထားတာပါ။ ဒါပေမယ့် memory ကို အရမ်းစားပြီး hard disk မှာလည်း မတရား နေရာယူလွန်းပါတယ်။

    - Control Panel ကိုဖွင့်ပါ။
    - Power Options ကို click နှိပ်ပါ။
    - Hibernate ကို ရွေးချယ်ပါ။
    - вЂEnable hibernation’ ကို вЂUncheek’ ပြန်လုပ်ပါ။ (ခွင့်မပြုဘူး ဆိုတဲ့ သဘောပါ။)

    (၁၃) Memory နည်းပါးနေတဲ့ အခါ

    အမြဲလို ကြုံရဘူးပါတယ်။ ဆော့ဖ်၀ဲ နှစ်ခုလောက် အပြိုင်အလုပ်လုပ်တဲ့အခါ вЂMemory Inerupt’ ဆိုပြီး ဆော့ဖ်၀ဲ တစ်ကို ပိတ်သွားတာမျိုး ရှိသူတွေအတွက် လျှော့ချသင့်တဲ့ ပုံစံတွေ ရှိပါတယ်။ XP မှာ အသစ်ပေါင်းထည့်ထားတဲ့ feature အသစ်ဟာ momery ကို အလွန် သုံးစွဲသလို “Thames” တွေကလည်း memory ကို သုံးစွဲပါတယ်။ ဒါကြောင့် Style XP လို “Thames” တွေကို memory မြင့်မြင့်မားမား မရှိဘဲနဲ့ install မလုပ်ပါနဲ့။ Window ရဲ့ ဂန္တ၀င် ပုံစံဟာ memory ကို ချွေတာရာရောက်ပြီး အလုပ် များများရှိတဲ့ လူတွေအဖို့ သင့်တော်ပါတယ်။

    - Control Panel > System
    - Advanced tab ရွေးချယ်ပါ။
    - вЂPerformance’ မှာ ’setting’ ဆိုတာ ပါ၀င်ပါတယ်။ အဲဒီ setting ကို ကလစ်နှိပ်ပြီး вЂAdjust for best performance’ ကို ရွေးချယ််ပါ။
    နောက်တစ်နည်းနဲ့ Start Menu ကို ဂန္တ၀င် ပုံစံပြောင်းလို့ ရသေးပေမယ့် အခုနည်းက OS ကနေ အလိုအလျှေက် ညှိနှိုင်း ဆောင်ရွက်ပေးတဲ့ အတွက် ကောင်းပါတယ်။

    (၁၄) Automatic update ကို ပိတ်သင့်ပါသလား။

    အင်တာနက် ချိတ်ဆက်ထားတဲ့ ပီစီတွေ အဖို့တော့ Automatic update ကို ပိတ်ထားတာဟာ အဆိုးရော အကောင်းရော ဖြစ်စေပါတယ်။ အဆိုးကတော့ browser မှာ ထည့်သွင်းထားတဲ့ вЂadd-ons’ လို update တေ ွမရနိုင် တော့ပါ။ အကောင်းဘက် ကတော့ memory ကို ပိုမို များပြားစွာ သုံးစွဲစေပြီး XP ကို ပိုမြန်စေပါတယ်။

    - Control Panel > System
    - Automatic updating ကို Turn Off လုပ်ပေးပါ။

    (၁၅) ပရိုဂရမ်တွေကို Shortcuts တွေ တည်ဆောက်ထားပါ။

    - Desktop မှာ New Floder ဖန်တီးပြီး вЂApplication’ လို့ အမည်ပေးပါ။
    - ပြီးရင် ပရိုဂရမ် တွေရဲ့ Shortcuts တွေ မှန်သမျှ ထည့်ပေးပါ။
    - Taskbar မှာ Right Click နှိပ်ပြီး toolbar မှာ вЂNew toolbar’ ကို သွားပါ။
    - အခုန တည်ဆောက်ထားတဲ့ вЂApplication’(New Floder)’ ဆီကို ညွှန်းပေးပါ။
    - ပီစီဖွင့်တိုင်းမှာ Shortcuts တွေကနေ တစ်ဆင့် အမြန်ဆုံး အလုပ်လုပ်နိုင်ပါမယ်။

    (၁၆) вЂShut-down’ shortcut ဖန်တီးနိုင်ပါတယ်။

    - Desktop မှာ Right Click နှိ်ပ်ပါ။ New shotcut ကို ဖန်တီးပါ။
    - နာမည်မှာ ’shutdown-s-to’ လို့ အမည်ပေးပါ။
    - ပြီးရင် properties ကို သွားပါ။ Target နေရာမှာ “C:/Windows/system32/shutdown.exe”ကို ရွေးပေးပါ။ (XP.SP2 သမားတွေအတွက်တော့ အလွယ်တကူနဲ့ C > Windows > System32 > “shutdown icon” အထိ သွားပြီး shutcut ဖန်တီးနိုင်ပါတယ်။)

    (၁၇) Keyboard shotcut တွေကိုသုံးပါ။

    Ctrl+A ဆိုတာ Select All ၊ Ctrl+C ဆိုတာ Copy ၊ Ctrl+V ဆိုတာ Paste အဲဒီလိိုိမျိုး မြန်ဆန်စေတဲ့ ကီးဘုတ်ဖြတ်လမ်း နည်းလေးတွေကို သုံးစွဲကြည့် နိုင်ပါတယ်။

    (၁၈) Fonts တွေကို ခဏ ဖယ်ထုတ်ထားပါ။

    ဖြစ်နိုင်ရင်တော့ တချို ့ Fonts တွေဟာ ဥပမာအားဖြင့် ကိုယ်ဟာ စာစီစာရိုက် သမားတစ်ယောက်၊ Web designer တစ်ယောက်မဟုတ်ရင် မလိုအပ်တဲ့ font တွေကို အပြီးတိုင် ဖယ်ထုတ်ထားလို့ ရပါတယ််။ Photoshop လို ပရိုဂရမ်မျိုးဟာ ဖွင့်ချိန် အရမ်းကြာမြင့်တာဟာ သူ့ရဲ့ library ထဲကို အသင့်သုံးပစ္စည်းတွေကို ခေါ်ယူနေတာကြောင့်ပါ။ အဲဒီ လိုမျိုးပဲ တခြားပရိုဂရမ်ေ်တွဟာ ကြာနေတတ်တာဟာလည်း အကြောင်းအမျိုးမျိုး ရှိနိုင်ပြီင်္း အဲဒီထဲက အကြောင်းတစ်ခုက вЂFonts’ တွေကို loading လုပ်နေရလို့့ပဲ ဖြစ်ပါတယ်။

    - Control Panel > Fonts ကို ဖွင့်ပါ။
    - Folder အသစ်တစ်ခု ဆောက်ပါ။ အသုံးမလိုတဲ့ Fonts တွေကို သီးသန့် ပေါင်း စုထားပြီး၊ control panel ကနေ ခွဲထုတ်နေရာ ရွှေ ့ ပစ်လိုက်ပါ။
    - ဒါဟာ ပရိုဂရမ်တွေကို မြန်ဆန်စေတဲ့ လျှို ့၀ှက်ချက် တစ်ခုပါပဲ။

    (၁၉) Font အရွယ်အစား ပြောင်းလဲ ကြည့်နိုင်ရန်

    အင်တာနက် သုံးစွဲ နေတဲ့ အချိန်မှုာ Image ပေါ်မှာ ရေးထားတဲ့ စာလုံးတွေကိုပဲ ဖြစ်ဖြစ် တခြားနေရာ မျိုးစုံက အက္ခရာတွေကိုပဲ ဖြစ်ဖြစ် ပိုမိုသဲကွဲစွာ မြင်နိုင်ဖို့ နည်းရှိပါတယ်။

    - Ctrl ကို ဖိထားရင်း keyboard အပေါ်တန်းက “+” ကို နှိပ်ပါ။ နှိပ်လေလေ font နဲ့ webpage စာမျက်နှာ ကြီးလာလေလေ ဖြစ်ပါလိမ့်မယ်။ အရွယ်အစား လျှော့ချဖို့ ကတော့ вЂCtrl’ နဲ့ အနှုတ်လက္ခဏာကို တွဲဖက်အသုံးပြုပါ။

    (၂၀) Shift + Delete ကို သတိထားပါ။

    ရိုးရိုး Delete ဟာ ဖိုင်တစ်ခုကို ဖျက်ပစ်လိုက်ပေမယ့် အမှိုက်ပုံးထဲမှာ ကိုယ်စားကျန်ပါသေးတယ်။ Shift Key ကို သတိထားပြီး Delete ခလုတ်ကို နှိပ်ချလိုက်မယ် ဆိုရင်တော့ အပြီးတိုင် ဖျက်ပေးသွားပါလိမ့်မယ်။ မလိုလား အပ်တဲ့ အကျိုးဆက်တွေ ဖြစ်စေနိုင်တာမို့ вЂShift + Del’ ကို သတိထားပြီး သုံးစွဲပါ။

    (၂၁) Error report ကို ပယ်ဖျက်ပါ။

    ပရိုဂရမ်တွေ မျိုးစုံ ဖွင့်နေရင်း တစ်ခါတစ်လေမှာ ပရိုဂရမ် တစ်ခုခုဟာ ကြာမြင့်နေတဲ့ အချိန်မှာ hang မသွားခင််မှာ windows ရဲ့ вЂError report’ box တက်လာတတ်ပါတယ်။ အဲဒါကို ဖျောက်ထားပစ်ပါ။

    - Control Panel > System
    - ပြီးရင် Advanced ကို click နှိပ်ပါ။အဲဒီထဲကမှ вЂError Reporting’ Disable ကို ကလစ်နှိပ်ပြီး OK နဲ့ ထွက်ပါ။

    (၂၂) вЂOpen-with’ ဆိုတာ

    ဗီဒီယိုဖိုင်တွေ အတွက်ဆိုရင် вЂOpen-with’ ဟာ အလွန်အသုံး၀င်ပါတယ်။ window media player ကို လက်မခံတဲ့ file extension တွေကို open-with နဲ့ ဖွင့်လှစ်ရပါမယ်။ (အရင်ဆုံး player တချို ့ကိုတော့ install လုပ်ဖို့ လိုပါလိမ့်မယ်။)

    - ဖွင့်ချင်တဲ့ ဖိုင်တစ်ခုက်ို вЂRight Click’ ထောက်ပြီး вЂopen with’ ကို ရွေးချယ်ပါ။
    - вЂBrowser’ လုပ်လိုက်ရင် ပရိုဂရမ်တွေ အစီအရီ ပေါ်ထွက်လာပါလိမ့်မယ်။ စိတ်ကြိုက်တစ်ခုကို ရွေးချယ်ပြီး ဖွင့်လှစ် နိုင်ပါတယ်။ ဘယ်လိုမျှ ဖွင့်ကြည့်လို့ မရဘူးထင်တဲ့ Note pad ပုံစံ ပရိုဂရမ်တွေကို word pad နဲ့့ ဖွင့်လို့ ရပါတယ်။

    (၂၃) Open-with ဟာ ပိုပြီး မြန်ဆန်ပါတယ်။

    Photoshop မှာ (.psd) ဆိုတဲ့ ပရိုဂရမ်ပိုင် extension တွေက လွှဲလို့ တခြားပုံရိပ်တွေကို ဖွင့်ကြည့်ချင်ရင် вЂopen-with’ က ပိုပြီးမြန်ဆန်ပါတယ်။
    Open-with ကနေ вЂImage Viewer’ ကို ရွေးချယ်ပေးပါ။

    (၂၄) Filmstrip နဲ့ ရုပ်ရှင် ကြည့်နိုင်ပါတယ်။

    ကိုယ့်မှာရှိတဲ့ ပုံရိပ်တွေ အားလုံးကို floder ထဲမှာ တစ်စု တစ်စည်းတည်း ထားလိုက်ပါ။ ဓါတ်ပုံတွေ အားလုံးကို ရုပ်ရှင် တစ်ခုကို ကြည့်နေရသလိုမျိုး စီစဉ်ထားနိုင်ပါတယ်။

    - Floder ကို ဖွင့်လိုက်ပါ။
    - ပြီးရင် Menu bar ထဲက вЂView’ မှာ Filmstrip ကို ရွေးချယ်လိုက်ပါ။
    - Ctrl Key ကို ကိုင်ထားပြီး လိုအပ်သလို အကွက်ရွှေ ့လို့ ရပါတယ်။

    (၂၅) IE ရဲ့ homepage ကို Blank လုပ်ထားပါ။

    IE ကို ဖွင့်ရာမှာ တစ်ခါတလေ စိတ်ပျက်ဖို့ ကောင်းပါတယ်။ မိုက်ကရိုဆော့ဖ် ရဲ့ default home page “msn.com” ဟာ ငြီးငွေ့စရာ ကောင်းလောက်အောင်ကို ကြာမြင့်လွန်း တတ်ပါတယ်။ တကယ်လို့ IE ကို ဖွင့်လိုက်စဉ်တိုင်းမှာ အဖြူထည် စာမျက်နှာ ဖြစ်နေတာဟာ ပိုပြီး မြန်ဆန် စေပါတယ်။

    - IE ကို ဖွင့်ပါ။
    - Tools ကို ကလစ်နှိပ်ပါ။ General အောက်မှာ ရှိတဲ့ address box မှာ user blank ကို ကလစ်နှိပ်ပါ။
    - Apply ကို ကလစ်နှိပ်ပါ။ OK ကို ကလစ်နှိပ်ပါ။

    (၂၆) Domain တွေကို key နဲ့ သုံးပါ။

    - www. google.com ကို သွားဖို့ အတွက်် အရှည်ကြီး ရိုက်နေဖို့ မလိုပါဘူး။
    - google ကို ရိုက်ပါ။ ပြီးရင် Ctrl key ကု်ိင်ထားပြီး Enter ခေါက်ပါ။ အဲဒီလို shot-cuts တွေကို လေ့လာရင်း သုံးစွဲရင် ပိုမြန်ဆန် စေပါတယ်။

    (၂၇) вЂAnimated dog’ ဟာ လေးလံပါတယ်။ ပယ်ဖျက်ထားပါ။
    Search box ဟာ အလွန်နှေးပါတယ်။ စက်ကို crash ဖြစ်သွား စေမတတ် ပါဘဲ။ အဲဒီ ခွေးကလေးကို ပယ်ဖျက်ထားပါ။

    - Search window ကို ဖွင့်ပါ။
    - Change preferences ကို click လုပ်ပါ။
    - вЂWithout an animated screen character’ ကို ကလစ်နှိပ်ပါ။
    - Animated object မရှိတော့တဲ့ အတွက် Search box ဟာ ပိုပြီး မြန်ဆန် လာပါလိမ့်မယ်။

    (၂၈) Network အတွင်းလေ့လာ ကြည့်ခြင်း

    ကိုယ့်ရဲ့ network ဧရိယာ များမှာ ဘယ်သူတွေ ရှိနေသလဲ ဆိုတာ ကြည့်ရှုချင်ရင် My Network places ကနေ ကြည့်ရှုလို့ ရပါတယ်။ ပီစီတစ်လုံးကနေ နောက်တစ်လုံး ဆီကို access လုပ်ဖို့ ကို တော့ admin ခွင့်ပြုချက် ဒါမှမဟုတ် password ရယူရပါမယ်။ My Network places မှာ вЂview word group computer’ ကိုရွေးလို်က်။ အဆက်အသွယ် တွေ အကုန်လုံးကို တွေ့ရပါလိမ့်မယ်။

    (၂၉) MP3 သီချင်းတွေကို ကလစ်တစ်ချက်တည်းနဲ့ ဖွင့်နိုင်ပါတယ်။

    - Control panel > Taslbar and Start Menu ကို ရွေးချယ်ပါ။
    - Start Menu ကို ကလစ်နှိပ်ပါ။
    - Customize ကို ကလစ်နှိပ်ပါ။
    - Advanced tab ကို ကလစ်နှိပ်ပါ။
    - My Music ကို ရွေးချယ်ပါ။

    (၃၀) Print Screen သို့မဟုတ် Capture ဖမ်းယူခြင်း

    ကွန်ပျူတာပေါ်က မြင်းကွင်းတစ်ခုခုကို ပုံရိပ်အနေနဲ့့ ကူးယူပြီး ကိုယ့်အတွက် ပြန်လည်၍ အသုံးချနိုင်ပါတယ်။

    - လိုချင်တဲ့ image ဒါမှမဟုတ် webpage ကို ဖွင့်ပါ။
    - Keyboard က вЂprint screen preview’ ကို ကလစ်နှိပ်ပါ။ (ဖွင့်ထားတဲ့ ပုံရိပ် အနည်းငယ်သာ လိုချင်ရင် Alt နဲ့ တွဲနှိပ်ပါ။)
    - ပြီးရင် Start > Run box မှာ вЂmspaint’ဆိုပြီး စာရိုက်ပါ။ (ရိုးရိုး paint program ကို ခေါ်သုံးရင်လည်း ရပါတယ်။)
    - paint ပေါ်လာပြီဆိုတာနဲ့ вЂCtrl+V’ ဒါမှမဟုတ် вЂFile menu’ အောက်က вЂpaste’ ကို ကလစ်နှိပ်ပါ။ (ဤ paint နေရာမှာ အခြား Clipboard ရှိတဲ့ ဓါတ်ပုံ တည်းဖြတ် ဆော့ဖ်၀ဲ တွေ photoshop corel draw စတာတွေ သုံးစွဲ နိုင်ပါတယ်။)

    (၃၁) Screen Saver ကို Slide Show လုပ်နိုင်ပါတယ်။

    - Control Panel > display
    - Display properies box ကျလာရင် ’screen saver tab’ ကို ရွေးချယ်ပါ။
    - နောက်ဆိုရင် Screen Saver ဟာ ရုပ်ရှင်တွေ ပြသလိုမျိုး ပုံရိပ်တွေ တစ်မျိုးပြီးတစ်မျိုး မရိုးနိူင်အောင် ပေါ်လာပါလိမ့်မယ်။
    - (My Picture folder ထဲမှာ ကိုယ်လိုချင်တဲ့ Image တွေကို အရင်ဆုံးထည့်ထားရပါမယ်။ Slide Show မှာ ပုံရိပ်တစ်ခု နဲ့ တစ်ခုအကြား ကြာမြင့်ချိန်က်ုိ စိတ်ကြိုက် ရွေးချယ် ပြောင်းလဲ နိုင်ပါတယ်။)

    (၃၂) Pop-up တွေကို လက်မခံပါနဲ့။

    Firefox browser မှာ pop-up blocker ဆိုပြီး လုံခြုံရေး tool ပါ၀င်တဲ့ အပြင် add-ons တွေနဲ့ အထူး ပိတ်ပင် တားဆီးလို့ ရနိုင်ပါတယ်။ IE ရဲ့နောက်ဆုံးထွက် version7.0 ကို install လုပ်လိုက်မယ် ဆိုရင်တော့ pop-up ပြဿနာဟာ ၇၀% လျှော့ကျ သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် browser မှန်သမျှရဲ့ နောက်ဆုံးထုတ် version ကို ရအောင် ယူထားပါ။

    (၃၃) Toolbar ပြုပြင်ခြင်း

    - firefox မှာ Menubar ပေါ်မှာ Right click နှိပ်ပါ။
    - အဲဒီထဲက ပေါ်လာတဲ့ customize bar ထဲကို ကိုယ်လိုချင်တဲ့ вЂicon’ တွေကို ပေါင်းထည့် ပေးပါ။

    IE အတွက်ကတော့

    - IE ကို ဖွင့်ပါ။
    - View > toolbar > customize
    - အဲဒီအထဲကမှ စိတ်ကြိုက် ပြင်ဆင်နိုင်ပါတယ်။ ဒီလိုပြင်ဆင် ထားတဲ့အတွက် ကိုယ်လိုချင်တဲ့ အချိန်မှာ လိုသလို အသုံးချနိုင်တဲ့ icon တွေ အဆင်သင့် မြန်မြန် ဆန်ဆန် ရှိနေမှာပါ။

    (၃၄) Private data ကို လုံခြုံအောင်ထားပါ။

    - IE ကိုဖွင့်ပါ။ Tools Menu မှာ ရှိတဲံ့ internet options ကနေ Clear History ကို ကလစ်နှိပ်ပါ။ вЂCache’ ကိုရှင်းပါ။ ပိုပြီး အန္တရာယ် ကင်းစေချင်ရင် вЂCookies’ တွေကို ရှင်းပါ။
    Firefox ကို ဖွင့်ပါ။ “Options” ကို ကလစ်နှိပ်ပါ။
    - Privacy ကို ကလစ်နှိပ်တဲ့အခါမှာ box ရဲ့ အောက်ဆုံးမှာ “private data” တွေ့ရပါမယ်။ “Setting” ကို ၀င်ပြီး အမှန်ခြစ်တွေ ပေးထားပါ။ OK နှိပ်ပြီး ပြန်ထွက်ပါ။ “Always Clear my private data when I close firefox” ရှေ ့မှာ အမှန်ခြစ်ပေးပါ။ Cyber cafe မှာ သုံးစွဲဖို့ သင့်တော်စေတဲ့ tool တစ်ခုပါ။

    (၃၅) Entry တွေကို ရှင်းလင်းပါ။

    - Start > Run
    - Regedit လို့ရိုက်ပြီး Enter ခေါက်ပါ။
    - HKEY_LOCAL_MACHINE ကို ကလစ်နှိပ်ပါ။
    - Software ကို ကလစ်နှိပ်ပါ။
    - Microsoft ကို ကလစ်နှိပ်ပါ။
    - Windows ကို ကလစ်နှိပ်ပါ။
    - Current Version ကို ကလစ်နှိပ်ပါ။
    - Uninstall ဆိုပြီးပေါ်လာပါမယ်။အဲဒီထဲမှာ ကိုယ် uninstall လုပ်ခဲ့စဉ်တုန်းက အကြောင်း အမျိုးမျိုး ကြောင့် မပျက်ခဲ့တဲ့ ဆော့ဖ်၀ဲ အကြွင်းအကျန်နဲ့ အစအန တွေကို ရှင်းလင်း ထုတ်ပါ။
    - Restart ပြန်လုပ်ပါ။

    (၃၆) Mouse ကို ချောမွေ ့စွာ ကိုင်တွယ်နိုင်ပါတယ်။

    များသောအားဖြင့် Mouse ရဲ့ default ဆက်တင်ဟာ ပြုပြင်စရာ မလိုအောင် ကောင်းပါတယ်။ တကယ်လို့ စိတ်ကြိုက် ပြင်ဆင် ချင်သေးတယ် ဆိုရင်–

    - Control Panel > System
    - Hardware ကို ရွေးချယ်ပါ။
    - Device Manager ကို ကလစ်နှိပ်ပါ။
    - вЂMice and other pointing serices ဆိုတာ ရှိပါတယ်။ အဲဒီမှာ mouse ကို right click နှိပ်ပြီး properties ကို စိတ်ကြိုက် ပြောင်းလဲ နိုင်ပါတယ်။

    (၃၇) Restore point ကို ဖျက်ပစ်ပါ။

    ကွန်ပျူတာရဲ့ စနစ်မှုာ တစ်ခုခု အမှားအယွင်း ဖြစ်နေခဲ့ရင် အရင်အတိုင်း အခြေအနေ ကောင်းလေးကို ပြန်လည် ရရှိစေနိုင်ဖို့ System Restore ဆိုတာ ထားရှိပါတယ်။ Memory ကိုရော၊ Hard disk နေရာလွတ် များများကိုရော လိုချင်တယ် ဆိုရင် အရင် restore point အဟောင်းတွေကို ဖျက်ပစ်ရပါမယ်။

    - Start > All Programs > Accessories > System tools > Disk Clean up > More Options အထိ ဆက်တိုက် သွားပါ။
    - အဲဒီ More Options မှာရှိတဲ့ restore point အဟောင်းတွေကို delete လုပ်ပစ်ပေးပါ။

    (၃၈) တစ်ပတ်တစ်ခါ defragment လုပ်ပါ။

    - Start > All Programs > Accessories > System tools >Disk Defragmenter ကို ရွေးချယ်ပါ။
    - Analyzing လုပ်တာနဲ့ Defragment လုပ်တာ နှစ်မျိုး ရှိပါတယ်။ နာရီ၀က်၊ တစ်နာရီလောက် အချိန် ပေးရပါမယ်။ ဒီ tool ဟာ window နဲ့ вЂbuilt-in’ tool ဖြစ်ပြီး System မှာရှိတဲ့ မလိုအပ်တဲ့ ဖိုင်တွေနဲ့ အမှိုုက် အစအန တွေကို အထိုက်အလျှောက် ဖယ်ရှား ပေးတဲ့အတွက် သုံးစွဲ သင့်ပါတယ်။

    (၃၉) вЂVirtual memory’ တည်ဆောက်ခြင်းဟာလည်း စနစ်ကို မြန်ဆန်စေပါတယ်။

    ပီစီရဲ့ လိုအပ်တဲ့ ပရိုဂရမ်တွေကို မြန်မြန်ဆန်ဆန် သုံးစွဲနိုင်စေဖို့ вЂVirtual memory’ တည်ဆောက် နိုင်ပါတယ်။

    - My Computer ကို Right Click နှိပ်ပြီး properties ကို ရွေးချယ်ပါ။
    - ကျလာတဲ့ box ထဲမှာ Advanced ကို ထပ်မံ ရွေပေးပါ။
    - вЂPerformance’ မှာရှိတဲ့ вЂSettings’ ကိုရွေးချယ်ပါ။
    - Change icon ကို ကလစ်နှိပ်ပါ။
    - ပြီးရင် “customize” box ကို вЂon’ ပြီးတဲ့ အခါမှာ C.D.E ရှိတဲ့ drive တစ်ခုချင်း စီကို လိုသလောက် virtual memory ထပ်မံ တိုးဖြည့်ပေးထားလို့ ရပါတယ်။ ပြီးရင် set command ကို ကလစ်နှိပ်ပြီး OK နဲ့ ထွက်ပါ။

    (၄၀) မြန်မြန်ဆန်ဆန် Lock လုပ်နည်း

    вЂCtrl + Alt + Del’ ကို တွဲဖက်နှိပ်ရင် вЂTask Manger’ ပေါ်လာပါလိမ့်မယ်။ အဲဒီအထဲကမှ “Log-Off” ကို ရွေးချယ်ပြီး အမြန် Lock လုပ်နိုင်ပါတယ်။
    အဲဒီထက် ကောင်းတဲ့ နည်းကတော့-

    - Kkeyboard က windows Logo Key လေးကို ဖိထားပါ။ вЂL’ ကို နှိပ်ပါ။
    - Shutdown icon ကို တွေ့ရမှာ ဖြစ်သလို လိုအပ်သလို ပြန်လည် ၀င်ရောက်နိုင်တဲ့ Log-on buttom ကလေးလည်း ပါ၀င်ပါတယ်။:P:67::6:နှစ်ပိုင်းနော်:6:
  • edited September 2009 Registered Users
    ကိုယ်မဖွင့်ချင်တဲ့ Website တွေကို ဖွင့်လို ့မရအောင်

    လုပ်ကြည့်ရအောင်ဗျာ။ကိုယ့်ရဲ ့ကွန်ပျုတာကနေ ဘယ် Website ကို

    ပိတ်ထားချင်တယ် ၊ရပါတယ်ခင်ဗျာ ။Gtalk စကားနဲ ့ပြောရရင် Block

    ထားတာပေါ့ဗျာ။ :P ပြန်ဖွင့်လို ့လဲရပါတယ် ခင်ဗျာ။ မိဘတွေကကိုယ့်

    ရဲ ့သားသမီးတွေကို ဒီ Website ကမကောင်းဘူး၊ မကြည့်စေချင်ရင်

    တော့ ပိတ်တားလိုက်ပေါ့ဗျာ။ :) လျှာရှည်နေတာနဲ ့လိုရင်းကိုမရောက်

    တော့ဘူး၊လုပ်ကြည့်လိုက်ရအောင် ခင်ဗျာ။

    လွယ်ပါတယ်ခင်ဗျာ....

    C:\windows\system32\drivers\etc ဆိုတာထိကို သွားလိုက်ပါခင်ဗျာ။
    Noname.bmp

    etc ဆိုတဲ့ folder ထဲမှာရှိတဲ့ hosts ဆိုတဲ့ file လေးကို Notepad နဲ ့ဖွင့်
    လိုက်ပါ ခင်ဗျာ။
    127.0.0.1 localhost ဆိုတဲ့ စာကြောင်းလေးကို တွေ ့ရပါလိမ့်မယ်။
    hosts.bmp

    တွေ ့ပြီဆိုရင် အဲဒီအောက်ကနေ 127.0.0.2 www.silver.com localhost

    ဆိုတာလေးကို ကူးထည့်လိုက်ပါ။ silver ဆိုတဲ့နေရာမှာက ကိုယ်ပိတ်ချင်တဲ့

    Website နာမည်လေးကို အစားတိုးပေးပါ ခင်ဗျာ။ Notepad လေးကို save

    လိုက်ပါခင်ဗျာ။ restart ပေးလိုက်ပါ ။Windows တက်လာတာနဲ ့ကိုယ်မဖွင့်

    ချင်တဲ့ Website လေးကို အခုလို တွေ ့ရပါမယ် ခင်ဗျာ။
    block%2Bview.bmp
    ပြန်ဖွင့်ချင်တယ် တိုရင်တော့ ကျွန်တော်တို ့ကူးထည့်ထားတဲ့ စာကြောင်း

    လေးကို ပြန်ဖျက်၊ file ကို Save ၊restart ပေးလိုက်ရင် ပြန်ပွင့်သွားပါလိမ့်

    မယ်ခင်ဗျာ။:6::6::6:
  • edited September 2009 Registered Users
    156y0p0.png
    အခုပုံက ကျွန်တော် ပြင်ထား ပြတာပါ။ ဘာယ်လို လုပ်သွားလဲ ဆိုတာတော့ အောက်မှာလာမယ် ...

    အဲလိုဖြစ်အောင် ပြုပြီးတော့ ခက်တည်တည် နဲ့ ကွန်ပျူတာ ရဲ့ system info မှာ ကုမဏီ လိပ်စာကြီးတပ်ပြီးတော့ ရောင်းထား ပါလေရော ဗျာ... ကျွန်တော် ပြောပြလို့ ဝယ်တဲ့ ဆီကို သွားပြော တော့လဲ မရတော့ပါ။
    အမခံကတော့ ၂နှစ် ရှိပါတယ်တဲ့ ဗျာ့ ...


    သူတို့ ဘယ်လိုဖြစ်အောင်လုပ်ခဲ့လဲဆိုရင် ...


    ပထမအဆင့်အနေနဲ့ ..... Windows\Performance\WinSAT\DataStore ကို သွားလိုက်ပါ။ အဲတာဆိုရင်
    28sq1zm.jpg
    အဲလိုတွေ့မှာပါ။ အဲတာကို wordpad နဲ့ ဖွင့်လိုက် ရင်
    eg5kt1.jpg
    အဲလိုတွေ့မယ်။ အဲတာကို မိမိပေါ်ချင်သလောက်ပြောင်းရင် ရပါပေါ့။ အဲတာလေးပါဘဲ။
    23kdqnp.png
    အဲတာ က အမှန်တကယ် သူ့ရဲ့ စွမ်းအား နဲ့ တန်ဖိုးကို ပြောင်းလဲလိုက်တာ မဟုတ်ဘဲ။
    လှည်စားချက်လေး တခု အနေ နဲ့ လုပ်ဆောင်ထားချက်တာဖြစ်ပါတယ်။


    ကဲ .. နောက်ဆုံးပြောချင်တာတော့ ဗျာ... ဘယ်လိုဘဲဖြစ်နေပါစေ ... ကိုယ်သိ ထားရင်တော့၊ သူပြောတာ မှန် မမှန် ကိုယ်သိနေရင် တော့ ကိုယ်အတွက် ကောင်း မယ် ထင်ပါတယ်။:6:
  • edited October 2009 Registered Users
    Windows XP, Windows Vista, Windows 7 တို့ကို Memory Stick ကနေ Install လုပ်လိုသူတွေ အတွက် Software လေးတစ်ခု ထွက်ရှိလို့လာပါပြီ။ နာမည်ကတော့ Navicorp WintoFlash ပါ။ အခုမှ Beta version ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ အဆင်ပြေပါတယ်။ File size လည်းသေးပြီး သုံးရတာလည်း အရမ်းလွယ်ကူပါတယ်။ Wizard နဲ့ သွားရုံပါပဲ။
    စမ်းသပ်ကြည့်တဲ့အခါ Prolink 4GB ထဲကို Windows XP ထည့်ပြီး Install လုပ်ကြည့်ပါတယ်။ ဘာ error မှ မရှိပဲ စီဒီခွေနဲ့တင်တာထက် ပိုပြီး လျင်မြန်စွာ install လုပ်သွားပါတယ်။
    တစ်ခုအကြံပေးလိုတာကတော့ Windows တင်ရင် CD/DVD တွေနဲ့ တင်တာကပဲ အကောင်းဆုံးပါ။ အခုလို Memory Stick နဲ့ တင်တဲ့အခါ Stick မှာ read/write cycles တွေ တိုးလာတာမို့ Stick ကို လျင်မြန်စွာ ပျက်စီးစေနိုင်ပါတယ်။ မသုံးမဖြစ် သုံးရမယ့်အခြေအနေမျိုးမှသာ သုံးသင့်ပါတယ်။
    short link:
    http://ifile.it/s3ovf6h
    
    full link:
    http://ifile.it/s3ovf6h/Novicorp%20WinToFlash%200.4.0013%20beta.zip
    
    File size: 2.09 MB
    ရေးသားသူThurein :Pပြသာနာဖြစ်ရင်တော့မပြောနဲနော်ကိုသူရိန်ကိုမေးသူရေးတာတွေလိုတင်ပေးလိုက်တာ:P
  • edited October 2009 Registered Users
    Memory Stick ကို ကွန်ပျူတာမှာ ထိုးတပ်လိုက်တယ်။ ကွန်ပျူတာက ငါသိပါတယ်ဆိုတဲ့သဘောနဲ့ Tray icon မှာ မြှားအစိမ်းလေးပေါ်ပေးတယ်။ အိုကေပေါ့။ My Computer ကို ဖွင့်ကြည့်လိုက်တယ်။ ဟောဗျာ. Removable Disk icon လည်း ပေါ်မလာဘူး။

    အဲဒါ ဟိုတစ်နေ့က ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ စက်တစ်လုံးပေါ့။ စက်က တခြားဘာမှမဖြစ်ဘူး။ MP3, MP4, Digital Camera နဲ့ Memory Stick တွေပဲ သုံးမရတော့တာ။ ကွန်ပျူတာကသိပြီး My Computer မှာ ပေါ်မလာတော့တာ။ (အဲဒီ MP3 တွေ MP4 တွေက တခြားကွန်ပျူတာမှာ သွားတပ်ရင်ကောင်းတယ်)
    အေးကွ အဲဒီလိုဖြစ်ရင် ဒီလိုလုပ်လိုက်ကွာ…
    လို့ ကျွန်တော်မပြောသေးပါဘူး။ ကျွန်တော် ဖြေရှင်းဖို့ ကြိုးစားခဲ့တာလေးကို ရေးပြချင်သေးတယ်။

    ပထမဆုံး ကျွန်တော် Disk Management Console ကို ဖွင့်လိုက်တယ်။ အဲဒီမှာ Stick ကို သိပေမဲ့ Drive Letter ကို Assign လုပ်မထားတာကို တွေ့လိုက်တယ်။ အဲဒါနဲ့ ကျွန်တော်လည်း Stick အတွက် Drive Letter ကို assign လုပ်လိုက်ပါတယ်။ (G: ဆိုပြီးတော့ပါ) ဒါပေမယ့်လည်း My Computer မှာ မပေါ်သေးပါဘူး။

    အဲဒါနဲ့ Run ထဲမှာ G: လို့ရိုက်ပြီး Enter ခေါက်လိုက်တယ်။ G: က ဖျက်ခနဲပွင့်လာပြီး ပြန်ပျောက်သွားတယ်။ နောက်တစ်ဆင့်အနေနဲ့ Command Prompt ကနေ G: ကို access လုပ်ဖို့ ကြိုးစားလိုက်တယ်။ ရတယ်။ ကဲ ဒါဆို Windows Explorer က ဖြစ်နေတာ သေချာသွားပြီပေါ့။

    အဲဒါနဲ့ပဲ Registry Editor ကိုဖွင့်ပြီး ပြင်ဖို့ကြိုးစားပါတယ်။ My Computer မှာပေါ်တဲ့ C: တွေ D: တွေကို MountPoint လို့ သုံးစွဲတယ်လို့ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ခဲ့ဖူးတယ်။ အဲဒါနဲ့ပဲ Registry Editor မှာ MountPoint နဲ့ ပတ်သတ်တဲ့ Value တွေကို လိုက်ရှာကြည့်ပါတယ်။ မသကာင်္တာတွေ့ရင် ဖျက်ပစ်လိုက်ပါတယ်။ ပြီးတော့ စက်ကို Restart လုပ်လိုက်ပါတယ်။
    ဒါလည်း မရသေးပါဘူး။

    တခြား Program တွေကြောင့်များလားဆိုပြီး Install လုပ်ထားတဲ့ Program တွေကို လိုက်ကြည့်လိုက်ပါတယ်။ အဲဒီမှာ Daemon Tools တင်ထားတာကို တွေ့လိုက်ရပါတယ်။ DT က သုံးမှာမို့တင်ထားတာလားလို့ Customer ကို မေးကြည့်တော့ မဟုတ်ဘူး ဘယ်သူတင်ထားမှန်းမသိဘူးလို့ ဖြေတာနဲ့ ကျွန်တော်လည်း Daemon Tools ကို Uninstall လုပ်ပစ်လိုက်ပါတယ်။ ပြီးတော့ စက်ကို Restart လုပ်လိုက်ပါတယ်။
    ဒါလည်း မရသေးပါဘူး။

    ကျွန်တော် ခေါင်းစားရပါပြီ။ အဲဒါနဲ့ပဲ Customer ကို အခုတော့ မရသေးဘူးဗျာ။ ကျွန်တော် အင်တာနက်ထဲ ရှာလိုက်ဦးမယ်လို့ ပြောပြီး ရက်ချိန်ပေးလိုက်ပါတယ်။ ပြီးတော့ အင်တာနက်ထဲ မွှေရတော့တာပေါ့။

    အဲဒီအခါမှာမှ ကိုယ်နဲ့ဘ၀တူတွေအများကြီးပါလားဆိုတာ သိလိုက်ရပါတယ်။ အမလေးဗျာ Forum တွေထဲမှာ မေးတာ ဖြေထားတာတွေ တပုံကြီးပဲ။ သူတို့ရဲ့အမေးအဖြေတွေကို သေချာလိုက်ဖတ်ကြည့်ပါတယ်။ ဒါပေမဲ့ ကောင်းတဲ့အဖြေကို မတွေ့ဘူး။ နောက် နာရီ၀က်လောက်ရှာကြည့်တော့မှ Forum တစ်ခုမှာ တွေ့သွားပါတယ်။ ဖြေတဲ့သူက Daemon Tools (DT) ကြောင့် ဖြစ်တာလို့ ဖြေထားတယ်။ အံကိုက်ပဲလေ။ ကျွန်တော်လည်း DT ကို မသင်္ကာဖြစ်နေတာကိုး။ ပြီးတော့ သူက ဆက်ပြောပါတယ်။ DT ကို ဖြုတ်ပါတဲ့။ ပြီးတော့ DT က install လုပ်တဲ့အခါမှာ Driver တစ်ခုကို C:\Windows\System32\Drivers အောက်မှာ သွားထည့်တယ်တဲ့။ အဲဒါကိုပါ ဖျက်ပါလို့ ပြောပါတယ်။ Driver ရဲ့ နာမည်က sptd.sys တဲ့။ ကိုင်း အိုကေပြီပေါ့ဗျာ။

    နောက်ရက်ကျတော့ ဖြစ်တဲ့စက်ကို ဖွင့်ပြီး DT ကိုဖြုတ်၊ ပြီးတော့ C:\Windows\System32\Drivers အောက်မှာ ရှိတဲ့ sptd.sys ဆိုတဲ့ ဖိုင်လေးကို ဖျက်လိုက်ပါတယ်။ ပြီးတော့ စက်ကို Restart လုပ်လိုက်ပါတယ်။ ပြီးတော့ Stick လေး ထိုးကြည့်လိုက်တယ်။

    ဟော My Computer မှာ ပေါ်လာလိုက်တာမှ ပြူးလို့ဗျာ။
    Ref-www.it.myanmarblogger.org
  • edited October 2009 Registered Users
    registry ကို အစကနေ အဆုံးထိရှင်းပြပေးပါလားဗျာ ကျွန်တော် registry ကိုမရလို ့ပါ တစ်ရက်ကို
    နည်းနည်း နည်းနည်းပြောပြသွားပါလား ကျွန်တော် registry ပိုင်ချင်ပါတယ် စိတ်၀င်းစားပါတယ်
    ဖြစ်နိုင်ရင်တော့ သင်ပေးကြပါဗျာ တစ်ယောက်ထဲက အစကနေအဆုံးထိသင်မပေးနိုင်ရင်လဲ
    နောက်တစ်ယောက်က ရောက်တဲ့နေရာက နေသင်ပေးပေါ့ဗျာ:D:D အားလုံးကိုလေးစားပါတယ်
  • edited October 2009 Registered Users
    yaeloeaye wrote: »
    မိမိတို့ရဲ့ ကွန်ပျူတာကို စဖွင့်လိုက်တာနဲ့ မြင်တွေ့ရမယ့် Windows ရဲ့ Log on message စာသားကို ပြောင်းပေးနိုင်ပါတယ်။ message တစ်မျိုးတည်းကို ငြီးငွေ့နေတဲ့ လူတွေအတွက် Message တွေကို လိုသလို အမျိုးမျိုးပြောင်းပေးနိုင်ပါတယ်။ အထူးသဖြင့် ကိုယ့် computer ကို တစ်ခြားလူတွေလာသုံးလို့ သတိပေးချင်တဲ့ အခါမျိုးတွေမှာ ပိုပြီး အသုံးတည့်ပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းလေးကို သုံးဖို့အတွက်ကတော့ ကိုယ် ကိုယ်တိုင်က Computer ကို Administrator account နဲ့ သုံးနေတဲ့သူ ဖြစ်ဖို့တော့လိုပါတယ်။

    ကဲ..... စလိုက်ကြရအောင်။ Log on message တစ်ခုကို ပြုလုပ်ဖို့အတွက် မိတ်ဆွေတို့အနေနဲ့ Windows Registry Editor ကို သုံးရမှာပါ။ အဲဒီလို Registry ကို ဝင်ပြင်ရမှာဖြစ်လို့ ထုံးစံအတိုင်း မပြင်ခင်မှာ Registry ကို back up လုပ်ထားဖို့တော့ မမေ့ကြနဲ့နော်။ ပြီးရင်တော့ အောက်မှာဖော်ပြပေးထားတဲ့ အဆင့်လေးတွေအတိုင်း Step by Step လုပ်ပေးရမှာပါ။
    Step - 1 - Click on Start menu and Choose Run command.

    Step - 2 - Type regedit to open Registry Editor.

    Step - 3 - Click on Plus(+) Sign of HKey_Local_Machine and Sub Title until WinLogon.

    Step - 4 - Choose Legal Notice Caption key at the right panel and double click on it.

    Step - 5 - You must enter a Value data (e.g; Welcome Screen for all users.)

    Step - 6 - And then choose Legal Notice Text key at the same right panel and double click on it.

    Step - 7 - You must enter a Value data (e.g; You may not succeed later when trying to log on without a password.)
    Step - 8 - And then you must close the Registry Editor Windows and restart your computer.
    ဒါဆိုရင်တော့ ကွန်ပျူတာပြန်တက်လာပြီး Windows Log on ဝင်တဲ့အခါ မိမိထည့်ပေးထားတဲ့ message တွေကို မြင်တွေ့ရပါလိမ့်မယ်။ ဒီနည်းလမ်းလေးက သိပ်တော့မထူးဆန်းပေမယ့် မိမိကွန်ပျူတာကို အများနဲ့သုံးနေရတဲ့ လူတွေအဖို့ တစ်ခြားလူတွေကို message တွေပေးဖို့အတွက် အသုံးဝင်ပါတယ်။:14::P:6:

    3214718163535652309-7553276774090720288?l=utilities-knowledgebank.blogspot.com


    အစ်ကိုပြောတဲ့အထဲက Hkey-Local_Machine> ပြီးတော့ဘယ်ဆက်သွားရမလဲ မရှင်းလို့ခင်ဗျ။
Sign In or Register to comment.