MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

ဒါတစ်ကယ်ရှိတာလား!

edited October 2009 in Antivirus & Virus
ကျွန်တော့ဆီကို အောင်မှာပါတဲ့အတိုင်း Mail တစ်ခု၀င်လာပါတယ်။အဲ့ဒီ ကိစ္စကို တစ်ကယ်ဟုတ်မဟုတ် သိချင်လို့ပါခင်ဗျာ။သိတဲ့လူများရှိယင်ပြောပေးကြပါအုန်း။ရှိခဲ့ယင်လည်း ဘယ်လို ကာကွယ်ရမလဲ၊ပြီးတော့ ၀င်သွားခဲ့ယင်လည်း ဘယ်လိုဖြေရှင်းကြရမလဲ သိချင်လို့ခင်ဗျာ။

အခု CNNက NCC education ရဲ့ director ကကြေညာထားပါတယ်။ ဒီရက်ပိုင်း
(အခုလောက်ဆိုလာလောက်ရောပေါ့)။ Postcard from Beijing ဆိုပြီး attachment
file နဲ့ mail လာပါလိမ့်မယ်။ မေးက ပုံကအရမ်းလှတယ်တဲ့။
အဲဒါကိုဖွင့်လိုက်ရင် Hard disk Drive sector ကို burn တဲ့ virus
၀င်လာပြီးသင့် Hard disk တစ်ခုလုံးကို ပညာပြပါလိမ့်မယ်။
၀င်လာလို့ကတော့ပြင်လို့ရဘူးနော်
။ ရေစက်ချအမျှသာေ၀လိုက်တော့။ ဒီvirus
ကသက်တမ်းတစ်လျှောက်မှာအဆိုးဆုံး
တဲ့ ။ ဒီ virus လာမှာကိုစသိတာက McAfee
company ကပါ။ တကယ်လို့ဒီvirus ၀င်လာလို့ရှိရင်ချက်ချင်းsign out
လုပ်ပြီးrestart ချပါ။ ပြီးသွားရင် မေးကိုပြန်ခေါ်ပြီးဖျက်ပစ်ပါ။ အဲ့တာဆို
OK သွားပါလိမ့်မယ်။ ဒီ mail ကိုကိုယ့်သူငယ်ချင်းတွေဆီ forward လုပ်ပေးပါ
:2:

မှတ်ချက်များ

  • edited October 2009 Registered Users
    ဒါဆိုဘယ်လိုလုပ်ရမှာလဲအကို
    အင်တာနက်ဆိုင်တွေဆိုရင်တော့ သေပြီပေါ့..
    မသိတယ့်သူတွေက ဖွင့်လိုက်ရင် ဆိုင်ရှင်နာတော့မှာပဲ...
    ဘယ်လိုတားရမှာလဲ...
    ကျွန်တော်ကတော့...ဆိုင်မှာပရင့်ထုတ်ပြီးကပ်ထားလိုက်မယ်ဗျာ...
  • edited October 2009 Registered Users
    လာရင် နိပ်ကြည် ့ပါလား..ဟင်
    တကယ်ရှိမရှိ သိ၇အောင်
  • edited October 2009 Administrators
    အဲဒါ 2008 ပေကျင်းအိုလံပစ်ပွဲတုန်းက ထွက်လာခဲ့တဲ့မေးလ်ပါ။ တစ်နှစ်ကျော်ကြာပါပြီ။

    တကယ်ရှိလားမေးရင်တော့ ...... ကျနော် မတွေ့ခဲ့ဖူးပါ။

    Online မှာခုဆို မေးပေါင်းစုံဖြစ်လာပြီ .... လူကိုသိက္ခာချတာ၊ ဆိုင်ကိုသိက္ခာချတာ ... ... ... ... စုံနေအောင်ပဲ။

    ဘာဗိုင်းရပ်ကြီး ညာဗိုင်းရပ်ကြီး ဆိုတာတွေလဲ ခဏခဏပဲ ......

    ချင့်သာယုံကြပါ အရပ်ကတို့ရေ .................... :106:
  • edited October 2009 Registered Users
    ကျွန်တော်တို့ဆီမှာလည်း အဲဒီမေး ..ခဏခဏ ရောက်ရောက်လာပါတယ်. ကြာတာတော့ တော်တော်ကြာနေပါပြီ.. တကယ်ဟုတ်မဟုတ်တော့မသိဘူး.အခုချိန်ထိတော့..ဘယ်သူမှ..ထိတယ်လို့မကြားဖူးသေးပါဘူး...တကယ်ထိလာတော့လည်း
    အမျှေ၀ပြီး ယုံကြည်လိုက်တာပေ့ါဗျာ..... (ကိုယ်က သူများအင်တာနက်ဆိုင်လုပ်တာဆိုတော့..ထိသွားလည်း.ပိုင်ရှင်ရေ..နောက်တစ်လုံးလို့အော်လိုက်ယုံပဲ...ဟဲဟဲ..:p:p) စတာနော်.သွား မတိုင်ကြနဲ့အုံး..သားသားအလုပ်ပြုတ်သွားမှာဆိုးလို့.........:5::5:
  • edited October 2009 Moderators
    ကျွန်တော့ဆီကို အောင်မှာပါတဲ့အတိုင်း Mail တစ်ခု၀င်လာပါတယ်။အဲ့ဒီ ကိစ္စကို တစ်ကယ်ဟုတ်မဟုတ် သိချင်လို့ပါခင်ဗျာ။သိတဲ့လူများရှိယင်ပြောပေးကြပါအုန်း။ရှိခဲ့ယင်လည်း ဘယ်လို ကာကွယ်ရမလဲ၊ပြီးတော့ ၀င်သွားခဲ့ယင်လည်း ဘယ်လိုဖြေရှင်းကြရမလဲ သိချင်လို့ခင်ဗျာ။

    အခု CNNက NCC education ရဲ့ director ကကြေညာထားပါတယ်။ ဒီရက်ပိုင်း
    (အခုလောက်ဆိုလာလောက်ရောပေါ့)။ Postcard from Beijing ဆိုပြီး attachment
    file နဲ့ mail လာပါလိမ့်မယ်။ မေးက ပုံကအရမ်းလှတယ်တဲ့။
    အဲဒါကိုဖွင့်လိုက်ရင် Hard disk Drive sector ကို burn တဲ့ virus
    ၀င်လာပြီးသင့် Hard disk တစ်ခုလုံးကို ပညာပြပါလိမ့်မယ်။
    ၀င်လာလို့ကတော့ပြင်လို့ရဘူးနော်
    ။ ရေစက်ချအမျှသာေ၀လိုက်တော့။ ဒီvirus
    ကသက်တမ်းတစ်လျှောက်မှာအဆိုးဆုံး
    တဲ့ ။ ဒီ virus လာမှာကိုစသိတာက McAfee
    company ကပါ။ တကယ်လို့ဒီvirus ၀င်လာလို့ရှိရင်ချက်ချင်းsign out
    လုပ်ပြီးrestart ချပါ။ ပြီးသွားရင် မေးကိုပြန်ခေါ်ပြီးဖျက်ပစ်ပါ။ အဲ့တာဆို
    OK သွားပါလိမ့်မယ်။ ဒီ mail ကိုကိုယ့်သူငယ်ချင်းတွေဆီ forward လုပ်ပေးပါ
    :2:

    hoax ဖြစ်ချင်လည်းဖြစ်နိုင်ပါတယ်
  • edited October 2009 Registered Users
    ယုံဘူးယုံနဲ့
  • edited October 2009 Registered Users
    Of course, that's totally hoax.
    Find "Postcard from Beijing" in Google and read a few articles at the top of the search results.
    Don't trust all the things come from email.
    I found nearly half of the information received from email are hoaxes. (Believe it or not)
  • edited October 2009 Registered Users
    ကျွန်တော်လဲ မကြားမိဘူးဗျ။
    ပြီးတော့ ကျွန်တော်သိသလောက် (ကျွန်တော်သိတာနော် မှားချင်လဲမှားမယ်) Computer Virus တွေက Software တွေ Data တွေပဲပျက်စီးစေတာလားလို့ ၊ Hardware ကိုပျက်စီးစေတဲ့ Virus မျိုးတော့ မကြုံဘူးသေးဘူးဗျ။

    ချဲချဲ ချာနိုဘိုင်းလေးကိုစမ်းကြည့်မလား။

    486, Pentium MMX (Socket 7) board တွေကိုတော့ကောင်းကောင်းဖျက်ခဲတာ။ KMD ထိုင်ငိုရတဲ့အကောင်လေ :D
  • edited October 2009 Administrators
    ကျွန်တော်သိသလောက် (ကျွန်တော်သိတာနော် မှားချင်လဲမှားမယ်) Computer Virus တွေက Software တွေ Data တွေပဲပျက်စီးစေတာလားလို့ ၊ Hardware ကိုပျက်စီးစေတဲ့ Virus မျိုးတော့ မကြုံဘူးသေးဘူးဗျ။

    Memory ကို Load အများကြီးပေးပြီး ... Memory ကြွသွားရတာမျိုး ....
    Power ကကြိုးကကြောင်ဖြစ်ပြီး ... MainBoard ကြွတာမျိုး ....
    အဲဒါမျိုးတွေတော့ Virus ကြောင့်ဖြစ်တာရှိပါတယ်။ သွယ်၀ိုက်သောနည်းဖြင့် Hardware ကိုဖျက်တာပေါ့။

    ယောင်ယောင်ပြောတဲ့ ချာနိုဘိုင်းဗိုင်းရပ် ( ဆိုဗိယက်ယူနီယံ USSR မပြိုကွဲခင်က ဆိုဗိယက်ပိုင်နက် ယူကရိန်းနယ်ထဲမှာရှိတဲ့ ချာနိုဘိုင်း နူကလီးယားစက်ရုံမတော်တဆဖြစ်မှု အမှတ်တရဗိုင်းရပ် ) တော့ ကျနော်လဲမတွေ့ဖူးတော့မသိဘူး။

    ဗဟုသုတရအောင် ယောင်ယောင်ပဲ ကိုယ့်စက်လေးနဲ့ကိုယ် စမ်းပြပါလား ...နော် ... နော် ..... :D
  • edited October 2009 Registered Users
    ချာနိုဘိုင်း ... ကျနော်လည်း သိ၀ူးဗျ စမ်းချင်ပါတယ် ရှိရင်ပို့ပေးပါနော်...

    [email protected]
    ကျေးဂျူးပါ..
  • edited October 2009 Moderators
    ကျွန်တော်လဲ မကြားမိဘူးဗျ။
    ပြီးတော့ ကျွန်တော်သိသလောက် (ကျွန်တော်သိတာနော် မှားချင်လဲမှားမယ်) Computer Virus တွေက Software တွေ Data တွေပဲပျက်စီးစေတာလားလို့ ၊ Hardware ကိုပျက်စီးစေတဲ့ Virus မျိုးတော့ မကြုံဘူးသေးဘူးဗျ။
    ရှိပါတယ်...ဒါပေမဲ့ software ပိုင်းကို ထိခိုက်စေတဲ့ ကောင်တွေလောက် ခေတ်မစားသလို၊ ဖန်တီးရတာလည်း မလွယ်ဘူး၊ နောက်တစ်ခု Hardware တစ်ခု ပျက်သွားရင် ဘာကြောင့်လည်းပြောပါဆိုရင် ဗိုင်းရပ်ကိုက်လို့ဖြစ်တယ်ဆိုတာသိနိုင်ဖို့က နောက် တစ်ခုအဆုံးခံနိုင်မှလေ..များသောအားဖြင့်တော့ ရေငွေ့ကြောင့်၊ မီးအားကြောင့်၊ ဆိုတာလောက်ဘဲ ဆုံးဖြတ်ကြတာ...မားသားဘုတ်ကို ကစ်တဲ့ကောင်က HDD မှာကျန်နေသေးတယ်ဆိုရင်တော့ ရှာလို့ရနိုင်မယ်လို့ထင်တယ်...သိုပေမဲ့ ဘယ်အကောင်ကြောင့်ဖြစ်တယ်ဆိုတာတော့ မလွယ်ဘူး...ဘာလို့လည်းဆိုတော့ ရီစတတ်မကျ မခြင်း/နောက်တစ်ကြိမ် ပြန်မဖွင့်မခြင်း အလုပ်လုပ်မလုပ်သေးဘဲ နောက်တစ်ကြိမ်ဖွင့်ဘီဆိုရင်တော့ ဟဲဟဲ..တာ့တာဘဲလို့ပြောသွားမှာ...ကဲမိတ်ဆွေ စမ်းကြည့်မလား ဘယ်အန်တီမှလည်း မနိုင်ဘူးနော်....
  • edited October 2009 Registered Users
    Yaung Sein wrote: »
    ချဲချဲ ချာနိုဘိုင်းလေးကိုစမ်းကြည့်မလား။

    486, pentium mmx (socket 7) board တွေကိုတော့ကောင်းကောင်းဖျက်ခဲတာ။ kmd ထိုင်ငိုရတဲ့အကောင်လေ :d
    ရှိတာပေါ့ဗျ။အများကြီးပဲ:5:
  • edited October 2009 Moderators
    ကျွန်တော်လဲ မကြားမိဘူးဗျ။
    ပြီးတော့ ကျွန်တော်သိသလောက် (ကျွန်တော်သိတာနော် မှားချင်လဲမှားမယ်) Computer Virus တွေက Software တွေ Data တွေပဲပျက်စီးစေတာလားလို့ ၊ Hardware ကိုပျက်စီးစေတဲ့ Virus မျိုးတော့ မကြုံဘူးသေးဘူးဗျ။

    ရှိတော့ရှိတယ်ဗျ ဒါပေမယ့်နည်းပါတယ် အကျိုးမရှိလို ့ဘယ်သူမှမရေးဘူးဗျ နိုင်ငံခြားမှာက ဒို ့နိုင်ငံမှာလို ဦးတည်ချက်မဲ့ရေးတာမှမဟုတ်တာ ဟိုကလူတွေက virus တစ်ကောင်သောင်းကျန်းရင်
    information တွေကထောင်နဲ ့သောင်းနဲ ့ချီင်္ပြီးပါပါသွားတာ :D:D:D
  • edited October 2009 Registered Users
    Yaung Sein wrote: »
    ချဲချဲ ချာနိုဘိုင်းလေးကိုစမ်းကြည့်မလား။

    486, pentium mmx (socket 7) board တွေကိုတော့ကောင်းကောင်းဖျက်ခဲတာ။ kmd ထိုင်ငိုရတဲ့အကောင်လေ :d

    ဟင့်အင်း စမ်းဘူး။
    ကိုယောင်ဆိုရင်တော့ တားတားကြောက်ကြောက်။
  • edited October 2009 Registered Users
    တစ်ခါမှမကြားဖူးဘူး။ အဲ့ဒါမျိုး virus..
  • edited October 2009 Registered Users
    ချဲချဲ ချာနိုဘိုင်းလေးကိုစမ်းကြည့် ချင်ပါတယ်ခင်ဗျာ။အဆင်ပြေမယ်ဆိုရင်တော့ တင်ထားပေးပါလား၊တစ်ကယ်ပြောတာပါ။ကျွှန်တော့မှာ စမ်းသပ်စရာ MotherBoard တွေအများကြီးရှိပါတယ်နော်။ဟဲ ဟဲ...ကြုံတုန်းလေးကြွားထားလိုက်တာ။မတောင်းကြနဲ့နော်...ပေးနိုင်ဘူး။
Sign In or Register to comment.