MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Folder Permission များကိစ္စ

edited October 2009 in Help Desk
ကျွန်မ ကူညီပြီးရှင်းပြပေးကြပါရှင်...
ကျွန်မစက်မှာ အကောင့်2 ခုရှိပါတယ်..ကိုယ်ပိုင်အကောင့်နဲ့ အများသုံးနိုင်ဖို့အကောင့်ပေါ့..
D ပါတေးရှင်း လေးတစ်ခုလဲရှိတော့ ..ကိုယ့်ပိုင်data တွေကို D ပါတေးရှင်းလေးထဲမှာထည့်ထားပါတယ်..
အများသုံးအကောင့်ကနေပြီး၀င်တဲ့ user တွေကို D ပါတေးရှင်းထဲက Data တွေကြည့်ခွင့်ကို ပိတ်ထားပါတယ်...ကျွန်မတစ်ခုအခက်အခဲရှိတာက...စက်တခုခုချို့ယွင်းလို့ ကိုယ့်အကောင့်ကို ပြန်လုပ်ပြီး owner permission ကို ပြန်ခေါ်ပေမယ့် ...folder တစ်ခုချင်း...ဖိုင်တစ်ခုချင်းကို လိုက်ပြီး owner ပြန်ခေါ်ပေးနေရပါတယ်...အဲလိုမဟုတ်ဘဲ...အကြီးဆုံး folder ကိုဘဲ ပေးပြီး သူ့လက်အောက်က folder တွေ ဖိုင်တွေအားလုံး owner ပါမစ်ရှင်ပြန်ရတာမျိုး နည်းလမ်းလေးရှိရင် သိချင်ပါတယ်ရှင်..
တစ်ခုချင်းလိုက်ပြင်နေရတော့ ..တော်တော်လေးလက်၀င်လို့ပါ...ကူညီဆွေးနွေးပေးကြပါနော်..

မှတ်ချက်များ

  • edited June 2008 Registered Users
    ကျွန်တော်မရှင်းဘူး အကြီးဆုံး folder ဆိုတာ folder တစ်ခုအောက်က subfolder တွေကိုဆိုလိုချင်တာလား:39::39:။ အဲ့ဒီလိုဆိုရင်တော့ အကြီးဆုံး folder ကို right click နှိပ်ပြီး security tab ကနေ advanced tab ကိုနှိပ်ပါ။ add ကိုနှိပ်ပါ။ advanced ကိုနှိပ်ပါ။ find now ဆိုတာရှိပါတယ်။ အဲ့ဒါကိုနှိပ်ပါ။ ကိုယ်က admin ဆိုတော့ administrator (or) administrators account ကိုရွေးပါ။ ok နှစ်ခါနှိပ်ပြီးထွက်ပါ။ ပေါ်လာသော box မှာ full control ကိုရွေးကြည့်ပါ။ ပြီးရင် ok နှိပ်ပြီးထွက်လိုက်ပါ။ :5::5:ဒါမှအဆင်မပြေသေးရင် အကြီးဆုံး folder ကို right click နှိပ်ပြီး security tab ကနေ advanced tab ကိုနှိပ်ပါ။ owner tab ကို သွားပြီး repalce owner on subcontainers and objects ကိုအမှန်ခြစ်ထည့်ကြည့်ပါ။ အဆင်ပြေသွားပါလိမ့်မည် :67::67:ဟုအာမ မခံပါ။:D:D တတ်သလောက်၀င်ဖောခြင်းသာဖြစ်ပါကြောင်း..................:106::106::106:
  • edited June 2008 Administrators
    Star Lay wrote: »
    အဆင်ပြေသွားပါလိမ့်မည် :67::67:ဟုအာမ မခံပါ။:d:d တတ်သလောက်၀င်ဖောခြင်းသာဖြစ်ပါကြောင်း..................:106::106::106:

    ဟားဟားဟား ရဲရဲတင်းတင်းပေါ့ ကိုစတားလေးရဲ့ ဘယ်သူမှ အပြစ်မပြောပါဘူး .. ဒီလိုပြောပြရဲတာကိုက သေခြာလို့ပေါ့ ... ကျွန်တော်ဆို မနက်ထဲကတွေ့တယ် ဟိဟိ မပြောဖြစ်ဘူး။:39:
  • edited June 2008 Registered Users
    ကိုကြယ်လေးရေ..
    ကျေးဇူးတင်ပါတယ်... အဲဒီ replace check box ကို မ click မိတာက ခံစားနေရတာပေါ့...
    ကျေးဇူးအထူးတင်ရှိပါကြောင်း..မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်ရှင်...
  • edited October 2009 Registered Users
    ကျွန်တော်လဲ permission နဲ့ ဆိုင်မယ်ထင်တဲ့ ကိစ္စလေး တစ်ခုမေးချင်ပါတယ်။

    ကျွန်တော်ရဲ့ Window အဟောင်းက Repair လဲလုပ်မရလို့ပါ။
    အဲ့ဒီ window ရဲ့ အကောင့် တစ်ခုပေါ်က Data ယူစရာလေးကလဲ ရှိနေပါတယ်။
    ဒါ့ကြောင့် ကျွန်တော်က တခြား partition တစ်ခုမှာ၊ Window အသစ်တစ်ခုထပ်တင်လိုက်ပါတယ်။

    အဲ့လို တင်ပြီးတဲ့ အခါ။ မူလ Window က D: ဖြစ်သွွားပါတယ်။ ကျွန်တော်လဲ.. အဲ့ဒီ D ထဲက Doc & Setting ထဲက ယူဇာ အကောင့် ရှိတဲ့နေရာကို ဝင်တဲ့ အခါ access deny ဖြစ်နေပါတယ်။။


    တခြား အကောင့် password မပေးထားတဲ့ အကောင့်ထဲကို က ဝင်လို့ရပါတယ်။ ရှိတဲ့ ဖိုင်တွေကိုလဲ မြင်ရပါတယ်။ ကူးရပါတယ်။

    ကျွန်တော်လို ချင်တဲ့အရာတွေက PASSWORD ပေးထားတဲ့ အကောင့်ထဲ မှာ ရှိနေပါတယ်။ ဖွင့်လို့မရလို့ပါ...။

    ကူညီပေးကြပါဦး။
  • edited October 2009 Registered Users
    Permission နဲ့ ပတ်သပ်လို့ Ownership ကို ဘယ်လို ယူမလဲဆိုတာကို Microsoft ရဲ့ Knowledge Base ဖြစ်တဲ့ အောက်က လင့်ခ်မှာ Reference လုပ်နိုင်ပါတယ်။
    http://support.microsoft.com/kb/308421
    
  • edited October 2009 Registered Users
    ကျေးဇူးတင်ပါတယ်...

    စမေးတဲ့ သူရော ဖြေတဲ့ သူတွေရော..

    အဆင်ပြေသွားပြီ...။ :)
    ခုမှ စိတ်တွေ ဒုံးဒုံးကျတယ်။
Sign In or Register to comment.