MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Mcpa မှသတင်း

edited December 2009 in MZ News
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း
“Search Engine တည်ဆောက်သည့် နည်းပညာ”
ဟောပြောပွဲ နှင့် သင်တန်း ကျင်းပမည်

သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်း (MCPA) မှ ကြီးမှူး၍ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ (၁၇) ရက် (ကြာသပတေးနေ့) နေ့လည် ၂း၀၀ နာရီမှ ၅း၀၀ နာရီအထိ၊ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်ခ်၊ အခန်း (၂၀၅) တွင် ထိုင်းနိုင်ငံ NECTEC အဖွဲ့အစည်းမှ Team Leader ဖြစ်သူ Dr. Choochart Haruechaiyasak မှ “Search Engine” တစ်ခုတည်ဆောက်ရာတွင် အသုံးပြုသော နည်းပညာများဖြစ်သည့် Word Segmentation, Opinion Mining အစရှိသည်တို့ကို ရှင်းလင်း၍ လက်တွေ့သရုပ်ဖော်တင်ပြသွားမည်ဖြစ်သည်။
ထို့ပြင် ဒီဇင်ဘာလ (၁၈) ရက်နေ့ (သောကြာနေ့) နံနက် ၉း၀၀ နာရီမှ ၅း၀၀ နာရီအထိ Search Engine တည် ဆောက်သည့် နည်းပညာနှင့် ပတ်သက်သည့် သင်တန်းတစ်ခုကိုလည်း ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ သင်တန်းတက်ရောက် လိုသူများသည် ကြိုတင်စာရင်းပေးသွင်းနိုင်ပြီး စာရင်းပေးသွင်းသူများထဲမှ သင့်တော်သူကို မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်း (MCPA) မှ ရွေးချယ်ပြီး အခမဲ့ တက်ရောက်ခွင့်ပြုမည်ဖြစ်သည်။ အဆိုပါသင်တန်းတွင် နေ့လည်စာဖြင့် တည်ခင်း ဧည့်ခံပြီး Coffee Break လည်း ပါဝင်မည်ဖြစ်သည်။
ဆွေးနွေးဟောပြောပွဲသို့ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များ၊ Natural Language Processing နှင့် ပတ်သက်၍ စိတ်ဝင်စားသူများ၊ Search Engine နည်းပညာကို စိတ်ဝင်စားသူများ နှင့် စိတ်ပါဝင်စားသူမည်သူမဆို (အခမဲ့) တက်ရောက်ဆွေးနွေးနိုင်သည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄) အခန်း(၄)၊ ဖုန်းနံပါတ် - ၆၅၂၂၇၆ သို့ဆက်သွယ် စုံစမ်းနိုင်သည်။
Speaker Profile[FONT=&quot][/FONT]
For MCPA-General Public Seminar[FONT=&quot][/FONT]
[FONT=&quot] [/FONT]
  1. Date & Time : 17th Dec, 2009 (2:00 – 5:00 PM) [FONT=&quot][/FONT]
  1. Place : Myanmar Info-Tech, Room 205 [FONT=&quot][/FONT]
  1. Speaker Name : Dr. Choochart Haruechaiyasak [FONT=&quot][/FONT]
  1. Education & Qualification : [FONT=&quot][/FONT]
-[FONT=&quot] [/FONT]Doctor of Philosophy in Electrical and Computer Engineering, University of Miami, FL, U.S.A.[FONT=&quot][/FONT]
-[FONT=&quot] [/FONT]Master of Science in Computer Engineering, University of Southern California, CA, U.S.A.[FONT=&quot][/FONT]
-[FONT=&quot] [/FONT]Bachelor of Science in Electrical Engineering, University of Rochester, NY, U.S.A. [FONT=&quot][/FONT]
  1. Current Rank: Team Leader, Intelligent Information Infrastructure section[FONT=&quot][/FONT]
Human Language Technology (HLT) Laboratory[FONT=&quot][/FONT]
National Electronics and Computer Technology Center (NECTEC) [FONT=&quot][/FONT]
  1. Seminar Topic/Title: Research and Development of Thai NLP: NECTEC's Experience
[FONT=&quot][/FONT]
  1. Brief Description of Seminar Topic : [FONT=&quot][/FONT]
Abstract[FONT=&quot][/FONT]
The Human Language Technology Laboratory (HLT) of the National Electronics and Computer Technology Center (NECTEC) under Thailand's Ministry of Science and Technology (MOST) is one of the leading research groups in Thailand, which has long experience in performing R&D in Thai NLP. We have many successful collaborations with domestic and international organizations, both academic and private companies. Our R&D areas include speech technology (speech recognition & synthesis), machine translation, search engine, question answering system, and language resource and tools. The main goal of this talk is to give an overview of our current R&D progress of Thai NLP. In particular, this talk will focus and present details on the following topics: [FONT=&quot][/FONT]
(1)[FONT=&quot] [/FONT]Thai word segmentation competition under BEST (Benchmark for Enhancing the Standard of Thai language processing)[FONT=&quot][/FONT]
(2)[FONT=&quot] [/FONT]LexTo & TLex: Dictionary-based and machine-learning based Thai Word segmentation[FONT=&quot][/FONT]
(3)[FONT=&quot] [/FONT]Sansarn: Thai Open-Source Search Engine[FONT=&quot][/FONT]
(4)[FONT=&quot] [/FONT]ABDUL (Artificial Buddy U Love): a platform for building QA and online help desk systems[FONT=&quot][/FONT]
(5)[FONT=&quot] [/FONT]Opinion mining in Thai language
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း
“Global Data Center”
ဟောပြောပွဲကျင်းပမည်

သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်း (MCPA) မှ ကြီးမှူး၍ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ (၂၃) ရက် (ဗုဒ္ဓဟူးနေ့) နေ့လည် ၁း၀၀ နာရီမှ ၄း၀၀ နာရီအထိ၊ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်ခ်၊ အခန်း (၂၀၅) တွင် Microsoft ၏ Senior System Engineer ဖြစ်သူ U Khin Maung Zaw မြန်မာနိုင်ငံသို့ ကိုယ်ရေးကိုယ်တာကိစ္စဖြင့် အလည်အပတ်ရောက်ရှိစဉ် (Personal Visit) မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း၏ ဖိတ်ကြားမှုဖြင့် ကမ္ဘာကျော် Software ကုမ္ပဏီကြီးတစ်ခုဖြစ်သော Microsoft Corporation ၏ ကောင်းမွန် သော Software Development အတွေ့အကြုံကောင်းများ၊ အလေ့အကျင့်ကောင်းများအား မြန်မာနိုင်ငံရှိ ICT Professionals များ လေ့လာသိရှိနိုင်စေရန် ရည်ရွယ်၍ “Global Data Center” ခေါင်းစဉ်ဖြင့် ဟောပြောမည်ဖြစ်သည်။
ဆွေးနွေးဟောပြောပွဲသို့ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များ၊ IT ကို စိတ်ဝင်စားသူများ၊ Software Developer များနှင့် စိတ်ပါဝင်စားသူ မည်သူမဆို (အခမဲ့) တက်ရောက်ဆွေးနွေးနိုင်သည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄) အခန်း(၄)၊ ဖုန်းနံပါတ် - ၆၅၂၂၇၆ သို့ဆက်သွယ် စုံစမ်းနိုင်သည်။
လေးစားစွာဖြင့်
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း

မှတ်ချက်များ

  • edited December 2009 Administrators
    MCPA အသင်း၀င်တွေဆိုရင်တော့ မေးလ်ရကြမှာပါ။
    အသင်း၀င်မဟုတ်တဲ့သူတွေ ဖတ်နိုင်အောင်တင်ပေးလိုက်တာပါ။

    ကျနော် email ကနေလဲ " ကျနော်ပို့ပေးမယ် " Thread မှာ Request လုပ်ထားတဲ့ Bro, Sis တွေအားလုံးကို Forward ပိုပေးသွားပါမယ်။

    :)
  • edited December 2009 Registered Users
    :O ဟင့် တက်ဖြစ်မှာ ဟုတ်ဘူး။ တက်ချင်ပါတယ်ဆိုမှ။ ဘီလို လုပ်ရပါ့။ :46:ဟင်းးးးး တက်ဖြစ်တဲ့ ကိုကို မမ တွေပဲ ပြန်ပြောပြပေးကြပါ နော် :77: နော်လို့။ Please! Please!
  • edited December 2009 Registered Users
    ကျေးဇူးပဲ အလက်စန္ဒရားရေ :d
  • edited December 2009 Registered Users
    အကိုရေ
    ဘယ်လိုဆွေးနွေးမှာလည်းဟင်
    မြန်မာလိုလား အဂဿငလိပ်လိုလား
    သိချင်ပာတယ်
    ကျွန်တောှက အဂဿငလိပ်လိုဆိုရင် မြွေကိုက်မှာဗျ:d

    သိသလောက်လေးပြောကြည့်တာပာ
  • edited December 2009 Administrators
    mgmgkyaw wrote: »
    အကိုရေ
    ဘယ်လိုဆွေးနွေးမှာလည်းဟင်
    မြန်မာလိုလား အဂဿငလိပ်လိုလား
    သိချင်ပာတယ်
    ကျွန်တောှက အဂဿငလိပ်လိုဆိုရင် မြွေကိုက်မှာဗျ:d

    Phone No. ပါတယ် Bro.
    ဆက်ကြည့် ...... :101:
    :)
Sign In or Register to comment.