MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Gmail နဲ့ Gtalk ကို username နဲ့ password မရိုက်ဘဲဝင်မယ်

kznkzn
edited January 2010 in Sharing
"Gtalk and Gmail login maker" သည် သင်၏ google account name နှင့် password တို့ အသင့်ပါဝင်သည့် ဖိုင်တစ်ဖိုင်ကို ထုတ်ပေးမည်ဖြစ်ပါသည်။ ထိုရရှိသောဖိုင်ကို သင်၏ gmail နှင့် gtalk သို့ အလွယ်တကူ login ဝင်နိုင်ရန် အသုံးပြုနိုင်ပါသည်။
-မိမိကိုယ်ပိုင် USB Stick သို့မဟုတ် MP3, MP4 တစ်ခုခုရှိရန်လိုအပ်ပါသည်။

-Click တစ်ချက်နှိပ်ရုံဖြင့် Gtalk နှင့် Gmail သို့ username နှင့် password ရိုက်ထည့်စရာမလိုဘဲ login ဝင်လိုသူများ
-google account တစ်ခုထက်ပိုရှိပြီး password အမျိုးမျိုးပေးထားသူများ
-key logger ကြောက်သူများ အသုံးပြုနိုင်ပါသည်။

Program အသုံးပြုပုံ
(Program အသုံးမပြုမီ rar ဖိုင်ကို ဦးစွာဖြေထုတ်ရန် လိုအပ်ပါသည်။)
၁။ Program file ကို double click ပြီးဖွင့်ပါ။
၂။ ထို့နောက် သင်၏ google account နှင့် password ကို ရိုက်ထည့်ရပါမည်။ မရိုက်ထည့်မီ အောက်ပါအချက်များကို သဘောတူညီရပါမည်။
(က) ဤ program တွင် warranty မပါဝင်ပါ။
(ခ) ဤ program တွင် သင်၏ password ကို ခိုးယူနိုင်မည့် code များ မပါဝင်ပါ။ သို့သော် အသုံးပြုသူကိုယ်တိုင်၏ ပေါ့ဆမှုကြောင့်ဖြစ်စေ၊ crackers များကြောင့်ဖြစ်စေ၊ အခြားသောနည်းလမ်းများကြောင့်ဖြစ်စေ သင်၏ password ပေါက်ကြားမှုဖြစ်ပွားနိုင်ပါသည်။
(ဂ) မည့်သို့သောအကြောင်းကြောင့်ဖြစ်စေ ဤ program ကို သုံးစွဲခြင်းကြောင့် password ပေါက်ကြားမှုဖြစ်ပွားခြင်း၊ google account အခိုးခံရခြင်းနှင့် အခြားခြားသော ဆုံးရှုံးနစ်နာမှုများအတွက် ဤ program ရေးသားသူမှ (လုံးဝ)တာဝန်ယူလိမ့်မည်မဟုတ်ပါ။
ဤအချက်များကို သိရှိပြီး သဘောတူညီပြီးမှ account name နှင့် password ကို ရိုက်ထည့်ရပါမည်။
-သဘောတူညီချက်ကို ငြင်းပယ်ရန်အတွက် n ကို ရိုက်ထည့်ပြီး Enter နှိပ်ပါ။ Program ပိတ်သွားပါလိမ့်မည်။
-သို့မဟုတ် သဘောတူညီရန်အတွက် y ကိုရိုက်ထည့်ပြီး Enter နှိပ်ပါ။
၃။ သင်၏ google account ကို ရိုက်ထည့်ပါ။ "@gmail.com" ထည့်ရိုက်ရန်မလိုအပ်ပါ။
၄။ သင်၏ google password ကို ရိုက်ထည့်ပါ။ ထို့နောက် ထို password ကို ထပ်မံရိုက်ထည့်ပါ။ password နှစ်ခု တူညီမှုရှိရပါမည်။
၅။ ဤ program တွင် သင်၏ account လုံခြုံမှုအတွက် သင်၏ USB drive, MP3, MP4 ထဲတွင်သာ ဖွင့်နိုင်ရန် function တစ်ခုပါဝင်ပါသည်။
ထို function ကို enable လုပ်ထားပါက သင်၏ USB drive ထဲတွင်သာ Program ကို run နိုင်ပါသည်။
ထို program ကို အခြားနေရာသို့ ကူးထားပါက အလုပ်မလုပ်နိုင်ပါ။
file ကို အခြားသူများ ရရှိသွားပါက အလွယ်တကူ မဖွင့်နိုင်ရန်ဖြစ်ပါသည်။
-function ကို enable လုပ်ရန်အတွက် y ကိုရိုက်ထည့်ပြီး Enter နှိပ်ပါ။
-ထို့နောက် သင့် USB drive ၏ drive letter ကို ရိုက်ထည့်ပါ။ ဥပမာ E:
-တစ်ချို့သော MP3, MP4, USB Stick များတွင် ထို function ကို enable လုပ်၍မရနိုင်ပါ။
-အကယ်၍ မိမိ၏ USB drive ကို format ချလိုက်ပါကလည်း ထိုဖိုင်အလုပ်လုပ်တော့မည်မဟုတ်ပါ။ နောက်ထပ် ဖိုင်တစ်ဖိုင် ထပ်မံပြုလုပ်ရမည်ဖြစ်ပါသည်။
(ထိ်ု protection function ကို disable လုပ်ထားပါက အခြားသူမှ ထိုဖိုင်ကို copy ကူး၍ မိမိ account ကို အလွယ်တကူ ဖွင့်နိုင်ပါသည်။ ထို့ကြောင့် တတ်နိုင်လျှင် enable လုပ်ထားပါ။)
၆။ ထိုအခါ "login for username.exe" ဖိုင်တစ်ဖိုင်ကို ရရှိမည်ဖြစ်ပါသည်။ ထိုဖိုင်သည် ဤ program ရှိနေသည့် folder ထဲတွင်တည်ရှိပါသည်။ မိမိနှစ်သက်သလို အမည်ပြောင်းလဲပေးနိုင်ပါသည်။

-မိမိ၏ account အခိုးမခံရစေရန် ထိုဖိုင်ကို ကူးယူခံရခြင်းမှကာကွယ်ရန်ဖြစ်ပါသည်။
(USB Protection သည် အတိုင်းအတာတစ်ခုအထိသာ ကာကွယ်ပေးနိုင်ပါသည်။ crackers များသည် ထိုဖိုင်မှ username နှင့် password ကို ပြန်လည်ဖြေထုတ်နိုင်ပါသည်။)
-ထိုဖိုင်ထည့်ထားသော USB Stick ကို အခြားသူများအား ငှားရမ်းခြင်းကို ရှောင်ကြည်ပါ။
-password ပေးထားသော zip file, rar file များထဲတွင် ထည့်၍လည်း အသုံးပြုနိုင်ပါသည်။

"login for username.exe" ဖိုင်ကိုအသုံးပြုနည်း
၁။ program ကို double click ဖြင့်ဖွင့်ပါ။ (ထိုဖိုင်အတွက် သတ်မှတ်ထားသော USB drive ထဲတွင် မဟုတ်ပါက ERROR ပြပါလိမ့်မည်။)
၂။ window တစ်ခုပေါ်လာပါမည်။ window ၏ title bar ပေါ်တွင် username ပါဝင်ပါသည်။
၃။ Gtalk သို့ Login ဝင်ရန်အတွက် Gtalk button ပေါ်တွင် click ပါ။ Gtalk program ပွင့်လာပါမည်။ ထို့နောက် username နှင့် password ကို အလိုအလျောက်ရိုက်ထည့်ပြီး Login ဝင်သွားပါလိမ့်မည်။ (Gtalk ကို install မလုပ်ထားပါက error ပြပါလိမ့်မည်။)
၄။ Gmail သို့ ဝင်ရန်အတွက် Gmail button ပေါ်တွင် click ပါ။ Firefox ပွင့်လာပြီး gmail ဖွင့်ပေးပါလိမ့်မည်။ ထို့နောက် username ရိုက်ရမည့်နေရာတွင် click တစ်ချက်နှိပ်ပါ။ username နှင့် password အလိုအလျောက်ရိုက်ထည့်ပေးပြီး login ဝင်သွားပါလိမ့်မည်။
၅။ မေ့လျော့ပြီး program မပိတ်မိခြင်းကြောင့် account အခိုးခံရခြင်း မဖြစ်ရအောင် ၃ မိနစ်ကြာပြီးလျှင် program အလိုအလျောက်ပိတ်မည့် function တစ်ခုပါဝင်ပါသည်။

-မိမိ password ကို လုံခြုံသော နေရာတွင် မှတ်သားထားရန်လိုအပ်ပါသည်။ မရိုက်ရဖန်များလျှင် password မေ့သွားနိုင်ပါသည်။
-password ပြောင်းလဲပါက ဖိုင်အသစ်တစ်ခု ထပ်မံပြုလုပ်ရမည်ဖြစ်ပါသည်။

PS: အဆင်မပြေတာများရှိရင်လဲ ပြန်ပြောပေးကြပါခင်ဗျ။

မှတ်ချက်များ

  • edited January 2010 Registered Users
    Gmail ကို click နှိပ်တော့ ပုံမှန်အတိုင်းပဲ user name နဲ့ password တောင်းတဲ့နေရာကို ပြန်ရောက်သွားတယ်။ Gtalk ကို နှိပ်တော့ အကြာကြီး စောင့်ရတယ် ။ တော်တော်ကြာတယ်။ ဘာ့မှတက်မလာဘူး။ ပြီးတော့ ပျောက်သွားတယ် ။
    ဘယ်လိုဖြစ်တာလဲဟင်။ Ko Kyawzawnaing ပြောသလို Install လုပ်တာပဲ။ ဘာဖြစ်တာလဲဟင် :O

    နောက်ပြီးတော့ USB နဲ့ သုံးပြီး chat တာ mail ဖတ်တာဆိုတော့ ကြာရင် ပူလာပြီး stick အတွက် နဲနဲ အန္တရာယ်ရှိတာပေါ့နော် ... ဟုတ်လား...
  • edited January 2010 Registered Users
    အကိုရေ..
    လင့်ခ်လေးပြန်စစ်ပေးပါဦးနော်. ကျေးဇူးတင်ပါတယ်။
    NooR
  • edited January 2010 Registered Users
    Gmail ကို click နှိပ်တော့ ပုံမှန်အတိုင်းပဲ user name နဲ့ password တောင်းတဲ့နေရာကို ပြန်ရောက်သွားတယ်။ user name နဲ့ password က ရိုက်နေရတုန်းဆိုတော့ .... အရင်လိုပဲ ဖြစ်တာပေါ့နော်။
    Gtalk ကို နှိပ်တော့ အကြာကြီး စောင့်ရတယ် ။ တော်တော်ကြာတယ်။ ဘာ့မှတက်မလာဘူး။ ပြီးတော့ ပျောက်သွားတယ် ။
    ဘယ်လိုဖြစ်တာလဲဟင်။ Ko Kyawzawnaing ပြောသလို Install လုပ်တာပဲ။ Gtalk လဲ install လုပ်ပြီးသားပဲ။ အဲ့ဒါ ဘာဖြစ်တာလဲဟင် :O

    ကိုယ့်ဟာကိုယ်မှားတာဖြစ်မှာပါ....:D

    နောက်ပြီးတော့ USB နဲ့ သုံးပြီး chat တာ mail ဖတ်တာဆိုတော့ ကြာရင် ပူလာပြီး stick အတွက် နဲနဲ အန္တရာယ်ရှိတာပေါ့နော် ... ဟုတ်လား...
  • kznkzn
    edited January 2010 Registered Users
    noor wrote: »
    အကိုရေ..
    လင့်ခ်လေးပြန်စစ်ပေးပါဦးနော်. ကျေးဇူးတင်ပါတယ်။
    NooR

    link က မှန်ပါတယ်ခင်ဗျ။ ပြန်ကြိုးစားပေးကြည့်ပါဦး။
  • kznkzn
    edited January 2010 Registered Users
    yupar wrote: »
    Gmail ကို click နှိပ်တော့ ပုံမှန်အတိုင်းပဲ user name နဲ့ password တောင်းတဲ့နေရာကို ပြန်ရောက်သွားတယ်။ user name နဲ့ password က ရိုက်နေရတုန်းဆိုတော့ .... အရင်လိုပဲ ဖြစ်တာပေါ့နော်။
    Gtalk ကို နှိပ်တော့ အကြာကြီး စောင့်ရတယ် ။ တော်တော်ကြာတယ်။ ဘာ့မှတက်မလာဘူး။ ပြီးတော့ ပျောက်သွားတယ် ။
    ဘယ်လိုဖြစ်တာလဲဟင်။ Ko Kyawzawnaing ပြောသလို Install လုပ်တာပဲ။ Gtalk လဲ install လုပ်ပြီးသားပဲ။ အဲ့ဒါ ဘာဖြစ်တာလဲဟင် :O

    ကိုယ့်ဟာကိုယ်မှားတာဖြစ်မှာပါ....:D

    နောက်ပြီးတော့ USB နဲ့ သုံးပြီး chat တာ mail ဖတ်တာဆိုတော့ ကြာရင် ပူလာပြီး stick အတွက် နဲနဲ အန္တရာယ်ရှိတာပေါ့နော် ... ဟုတ်လား...

    တစ်ခြားစက်တစ်လုံးမှာ စမ်းသုံးကြည့်ပေးပါခင်ဗျ။ အဆင်ပြေမပြေ အကြောင်းပြန်ပေးပါဦး။

    USB နဲ့ သုံးပြီး chat တာ mail ဖတ်တာ မဟုတ်ပါဘူးခင်ဗျာ။ stick အတွက် ဘာအန္တရာယ်မှ မရှိပါဘူးခင်ဗျာ။
Sign In or Register to comment.