MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

window repair command in window XP

edited February 2010 in Idea
အကိုတို့ခင်ဗျာ...window xp ကို repair လုပ်တဲ့အခါမှာသုံးတဲ့ command လေးတွေသင်ကြားပေးပါခင်ဗျာ....
ကျွန်တော်နားမလည်လို့ပါ... cmd ပေါ်ပြီးဘာဆက်လုပ်ရမှန်းမသိလို့ပါ...format လည်းမချချင်လို့ပါ...
နောက်ပြီး.....program တွေကို install လုပ်မရအောင် virus ကပိတ်လိုက်ရင် ဘယ်ကနေပြန်ဖွင့်၇မလဲသိချင်ပါတယ်...:confused:
folder option တို့ group policy editor တို့ regedit တို့တော့ virus ကမပိတ်သေးပါဘူး..ဖွင့်လို့ရပါသေးတယ်...

မှတ်ချက်များ

  • edited February 2010 Registered Users
    အကိုပြောပုံအရဆိုရင် repair လုပ်တဲ့ပုံမှားနေတယ်ထင်ပါတယ်။ဘာပဲဖြစ်ဖြစ်တဆင့်ချင်းပြောပေးပါ့မယ်။
    (ဒါပေမယ့် windows XP service pack ကွာနေရင်၊ လက်ရှိ windows က primary မဟုတ်ရင်တော့ repair မလုပ်လို့မရနိုင်ပါ။)
    အရင်ဆုံး စက်တက်လာရင် BIOS settings ထဲမှ CD ဖြင့် boot တက်ပါ ( windows xp cd ကိုတော့ rom ထဲ ထည့် ထားပေးပါ)
    နောက် press any key boot from cd.. လို့ပေါ်လာရင် keyboard ကနေ တခုခုနှိပ်ပေးပါ။
    ဒါဆိုရင် windows install လုပ်တဲ့ အခြေအနေအတိုင်းဖြစ်နေလိုက်မယ်။(windows set up ဆိုပြီး အပြာရောင် screen ပေါ်နေမယ်)
    နောက်ပေါ်လာမှာက R = recover conscole နဲ့ ENTER = setup windows နဲ့ F3 = quit ပေါ်လာရင်
    Enter ခေါက်ပေးပါ။ ပြီးရင် licenses agreemant ပေါ်လာမယ်။ F8 နှိပ်ပေးပါ။ဒီနေရာမှာပေါ်လာတဲ့စာကိုသေချာဖတ်ပေးစေလိုပါတယ်(အရေးကြီးတဲ့နေရာမလို့ပါ)
    အကယ်လို့ repair ပေးရင် အဖြူေ၇ာင်အကွက်ကစာသားမှာ C:\windows\............... ဆိုပြီးပေါ်နေပါလိမ့်မယ်ဒါဆိုရင်တော့ repair တယ်ဆိုတဲ့ သဘောပါ
    Repair လုပ်မရင် R နှိပ်ပေးလိုက်ပါ အ၀ါေ၇ာင် loading bar ပေးလာရင်တော့ repair စလုပ်နေပါပြီ။
    (မှတ်ချက််။ ။repair မလုပ်ခင်မှာ ၀င်းဒိုး တက်နေသေးရင် antivirus software ၇ှိနေရင် အရင်uninstall လုပ်ပါပေးပါ ဒါမှ error မကြနိုင်ပါ။)
    နောက်တခုကတော့ ခဏက licenses agreemant နေရာပြီးနောက်မှာ C: တို့ D: တို့ partition ပေါ်လာရင်တော့ repair မရနိုင်ဘူးဆိုတဲ့ သဘောပါ
    ဒါဆိုရင်တော့ ပြန်တွက်ချင်ရင် F3 နှိပ်ပြီး ပြန် ထွက်နိုင်ပါတယ်။
    repair ရတယ်ဆိုရင်တော့ ခဏက အ၀ါေ၇ာင် loading bar ပြီးရင် restart ပြန်ကျလိမ့်မယ်။
    ပြန်တက်လာရင်ဘာမှမနှိပ်ပဲစောင့်နေပါ press any key boot from cd.. ကျော်ပြီး အ၇င် windows loading bar ပေါ်လာပြီးလျှင်
    installation အဆင့် 39 minutes ပေါ်လာပါလိုက်မယ်။ရှေ့ကအဆင့်တွေမှန်တယ်ဆိုရင်တော့ ဒါဟာ install အမှန်တကယ်လုပ်နေတာမဟုတ်ပါ
    repair လုပ်နေတာပါ။နဲနဲတော့ ကြာတယ် 33 minutes ေ၇ာက်ရင် Products keys တွေတောင်း၇င် ဖြည့်ပေးလိုက်ပါ..
    ပြီး ရင်အကယ်လို့ driver လိုအပ်ကြောင်း တောင်းလာရင် မလုပ်ပါနဲ့ ပိုကြာလို့ပါ repair ပြီးလို့ windows ပြန်တတ်ရင် driver တွေကပြန်သွင်းလို့ရပါတယ်
    ဒီ 39 minutes ပြီးရင်တော့ repair ပြီးလို့ restart ကျပါလိမ့်မယ် ပြန်တက်လာရင်တော့ repair ပြီးပါပြီ။
    driver တွေတော့ ပြန်သွင်းရမယ်ထင်ပါတယ်။ပြန်စစ်ပေးပါ။ သတိထားရမှာက ဒီလိုအချိန်မှာ DATA တွေကိုအရင်မဖွင့် ကြည့်ပါနဲ့အုံး
    DATA တွေ မှာကပ်နေသေးတဲ့ virus တွေပြန်ထလာတတ်ပါတယ်။အဆင်ပြေပါစေ ...........
    အဆင်ပြေရင်ထပ်မေးနိုင်ပါတယ်။ ကျေးဇူးပါ.......
  • edited February 2010 Registered Users
    ကျေးဇူးပါ brother ...ကျွန်တော်ရွာလည်နေတာ...အဲဒါကို...ကျွန်တော်တောင်ကြီးရောက်ရင် အအေးတိုက်မယ်နော်...ဟီး..
Sign In or Register to comment.